လူမှုဝန်းကျင်မှာ ဖြစ်ပေါ်လာတဲ့ ကိုယ်ကျင့်တရားရဲ့ တန်ဘိုး

Moral Value

            ဒီနေ့မှာ ပြောင်းလဲနေတဲ့ လူမှုဝန်းကျင်မှာ ဖြစ်ပေါ်လာတဲ့ ကိုယ်ကျင့်တရားရဲ့ တန်ဘိုး အကြောင်းကို မျှဝေပေးချင်ပါတယ်။

            ကိုယ်ကျင့်တရားရဲ့တန်ဘိုး ဆိုတာက လူတယောက်ရဲ့ အပြောအဆို၊ အတွေးအခေါ်၊ အပြုအမူ၊ အနေအထိုင်တွေနဲ့ သူ့ဘဝကို တိုးတက်ပြောင်းလဲသွားစေတာပါ။

            လူတယောက်က သူ့ကလေးဘဝမှာစလို့ ကိုယ်ကျင့်တရားရဲ့တန်ဘိုးကို မသင်ပေးခဲ့လို့ မသိခဲ့ဘူးဆိုရင် သူတွေ့ကြုံရမဲ့ ဘဝခရီးမှာ ဘယ်အရာက မှန်တယ်။ ဘယ်အရာကမှားတယ်ဆိုတာ ဘယ်လိုဝေခွဲတတ်မှာလဲ။

            ကျွန်မတို့ မြန်မာ့ယဉ်ကျေးမှုမှာက မိဘက အဓိက မိခင်က သားသမီးကို အချိန်ယူပြီး လိမ္မာဖို့ လူအချင်းချင်း လေးစားဖို့ လူကြီးသူမတွေကို ရိုသေဖို့ သင်ပေးကြစမြဲပါ။

            ကျောင်းမနေခင်မှာက မိခင်က သင်ပေးပြီး ကျောင်းမတက်ရင်တော့ ကျောင်းကနေ ပြည်သူ့နီတိ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ မိမိရဲ့ ကိုယ်ပိုင်တန်ဘိုးတွေကို သင်ပေးနေတာ ကြားဖူးပါတယ်။

            ကလေးတယောက်က သူ့ကိုယ်ပိုင်တန်ဘိုးကို သိလာတဲ့အခါမှာ မိမိရဲ့ ယုံကြည်ချက်တွေနဲ့ အောင်မြင်အောင် ရပ်တည်တတ်လာပါတယ်။

            ကလေးဘဝကနေ လူငယ်ဘဝ ရင့်ကျက်တဲ့ adult ဘဝရောက်လာတဲ့အခါမှာ မိမိဘဝပတ်ဝန်းကျင်မှာ good relationship ကို ဘယ်လို တည်ဆောက်ရမယ် အသက်မွေး ဝမ်းကျောင်းရတဲ့ လုပ်ငန်းခွင်မှာ စနစ်တကျ ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ရမယ် စတဲ့ positive way ကျကျ အပြုအမူအတွေးအခေါ်တွေကိုပဲ ကျင့်သုံးလာတော့မှာပါ။

            ကျွန်မဖတ်ဖူးတဲ့ ကဗျာဆရာ အောင်သင်းရဲ့ ကဗျာလေးကို လူငယ်တွေအတွက် တင်ပြပေးသွားပါ့မယ်။

ခေါင်းစဉ်ကတော့ -

လူငယ်တွေအတွက် မှတ်သားစရာလေးတွေ

            လူငယ်တဦးဖြစ်နေလျက်နဲ့

            အယူသီးလွန်းနေရင်

            အတွေးအခေါ်နည်းရာ ရောက်တယ်

 

            လူငယ်တဦးဖြစ်နေလျက်နဲ့

            အတ္တတွေကြီးလွန်းနေရင်

            အသိဉာဏ်နည်းရာ ရောက်တယ်

 

            လူငယ်တစ်ဦးဖြစ်နေလျှက်နဲ့

            အဃာတတွေ များလွန်းနေရင်

            သဘောထား မပြည့်ရာရောက်တယ်

 

            လူငယ်တစ်ဦးဖြစ်နေလျှက်နဲ့

            ငါ့ကျမှ ကံဆိုးလေခြင်းဆိုပြီး

            တညည်းညည်း၊ တငြူငြူအတွေးတွေနဲ့

            လက်လျော့အရှုံးပေးရင်

            စိတ်ဓာတ်ပျော့ညံ့ရာ ရောက်တယ်

 

            လူငယ်တစ်ဦးဖြစ်နေလျှက်နဲ့

            ဖြစ်သမျှအကြောင်း အကောင်းပေါ့လေဆိုပြီး

            ကံကြမ္မာရဲ့ အမိန့်အောက်မှာ ဒူးထောက်ပေးနေခဲ့ရင်

            ကိုယ့်ဇွဲ လုံ့လ မယုံကြည်ရာ ရောက်တယ်

 

            ပုဇွန်လုံးမှာ ဦးခေါင်းမပါဘူး

            သို့ပေမယ့် ချမ်းချမ်းသာသာနေဖို့အတွက်

            ကိုယ့်တွင်းကိုယ် တူးတက်တယ်

 

            ဦးခေါင်းပါတဲ့လူက

            နေရာတကာ ဟိုလူမို့ ဒီလူမို့ လိုက်လုပ်နေရင်

            ပုဇွန်လုံးကို အားနာဖို့ ကောင်းတယ်

 

            ဘဝဆုတ်ယုတ်လိုတဲ့

            လူငယ်တွေကို အကဲခပ်ကြည့်

            ရှေ့မဆက်နိုင်တဲ့ စိတ်ပျက်နေသူတွေရှိတယ်

            အဆိုး လောကဓံ နှိပ်စက်ခံရလို့

            လက်လျှော့ အရှုံးပေးနေသူတွေရှိတယ်

            တခါရှုံးရုံနဲ့ လုံးဝရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင်

            တိုးတက်ဖို့ အခွင့်ဆိုတာ ပျောက်ကွယ်သွားမှာပေါ့

 

            အတောင်ပံမခတ်တဲ့ ပိုးစုန်းကြူးမှာ

            အရောင်ထွက်ဖို့ ခက်တယ်

            ရည်မှန်းချက်နဲ့ ကြိုးစားမှုမရှိတဲ့ လူငယ်မှာလည်း

            တိုးတက်လာဖို့ ခက်မှာပဲ

 

            လူငယ်တယောက်ရဲ့

            အနှစ်အမြုတေဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ

            ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့

            လူငယ်မှန်သမျှ မက်သင့်ကြတာပေါ့

 

            ထူးချွန်ထက်မြက်တဲ့ လူငယ်ဆိုတာ

            ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို

            သူတပါးရဲ့ ဘဝကိုလည်း

            မြှင့်တင်ပေးနိုင်စွမ်းရှိတယ်

 

            စာနာစိတ်ရှိတဲ့ လူငယ်ဆိုတာ

            တကိုယ်ကောင်းဆန်စိတ်နည်းပါးသလို

            တပါးသူရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း

            မျှဝေခံစားပေးနိုင်တတ်ကြတယ်။

 

            အသားဖြူခြင်း မဖြူခြင်း

            ရုပ်ရည်လှခြင်း မလှခြင်းတွေက

            လူငယ်တယောက်ရဲ့ တန်ဘိုးမဟုတ်ဘူး

 

            ဘယ်လောက်အစွမ်းအစရှိ/မရှိ

            ဘာတွေလုပ်နိုင် မလုပ်နိုင်ဆိုတာကမှ

            လူငယ်တယောက်ရဲ့ တန်ဖိုးပါ။

 

            ဒီကဗျာလေးနဲ့ နိဂုံးချုပ်ပါရစေ။

တင်ဆက် - ဒေါ်ဂျူလီယာ ကြူကြူခင်

တည်းဖြတ် - ပေါလ်

Add new comment

5 + 12 =