လူမှုပေါင်းသင်းဆက်ဆံရေး

အားလုံးဘဲမင်္ဂလာပါ

 အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတပတ်တင်ဆက်ပေးမဲ့အကြောင်းအရာ

လေးကတော့“လူမှုပေါင်းသင်းဆက်ဆံရေး”ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဤဆောင်းပါးအကြောင်းအရာများဟာစာရေးဆရာဦးတင်ဦးရဲ့စာအုပ်ထဲကကိုးကားထားတာဖြစ်ပါ

တယ်။

သော်တရှင်များရှင်-“လူမှုပေါင်းသင်းဆက်ဆံရေး“ဟာလူနေမှုအသိုင်းအ၀ိုင်းမှာအရမ်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။တ

ချို့လူတွေကအရေးမကြီးဘူးလိုတော့ပြောတက်ကြပါတယ်။လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူတစ်ယောက်ဟာဘယ်နေရာဒေသတွေရောက်ရောက်၊ဘယ်လိုလူမျိုးတွေနဲ့တွေ့တွေ့၊ဘယ်လိုအလုပ်အကိုင်တွေမှာဘဲဖြစ်ဖြစ်၊သူအတွက်တော့ခက်ခဲမှုမရှိလောက်ပါဘူး။ဘာကြောင့်လဲဆိုရင်ပေါင်းသင်း

ဆက်ဆံရေးကောင်းမွန်သူဖြစ်တဲ့အပြင်၊ပါးနပ်မှု၊အလိုက်သိမှုတွေရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ကျွန်မတို့အများစုဟာပေါင်းသင်ဆက်ဆံရေးကောင်းမွန်တဲ့သူဆိုရင်သဘောကျတယ်၊ခင်မင်ရင်နှီးချင်ကြတယ်၊မိတ်ဆွေဖွဲ့၊မိတ်ဆွေဖြစ်ချင်ကြပါတယ်။မင်းသား၊မင်းသမီးတွေဖြစ်ဖြစ်၊ဈေးရောင်းသူ၊၀ယ်သူတွေဖြစ်ဖြစ်ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူဆိုရင်အများစုကတော့အားပေးကြပါတယ်။သဘောကျတက်ကြပါတယ်။ပေါင်းသင်းဆက်ဆံရေးညံတဲ့သူတွေကြပြန်တော့မရင်းနှီးချင်ကြတော့ပါဘူး။ဒါအပြင်စည်းကမ်းမရှိသူ၊ကိုယ်ကျင့်တရားမကောင်းတဲ့သူကိုလဲဘယ်သူကမှာပေါင်းသင်းဆက်ဆံချင်မှာမဟုတ်ပါ။ဒါကြောင့်ပေါင်းသင်းဆက်ဆံရေးမှာကိုယ်ကျင့်တရားကောင်းချင်ဟာလဲအရေးကြီးအရာတစ်ခုဆိုတာလည်းသိထားရမှာဖြစ်ပါတယ်။

သော်တရှင်များရှင် လူဆိုတာတစ်ယောက်ထဲနေလိုမရ၊အဖွဲ့အစည်းအသိုင်းအ၀ိုင်းနဲ့နေရမှာဖြစ်ပါတယ်။ဒါကြောင့် မိမိဟာအသိုင်းအ၀ိုင်းအဖွဲ့အစည်းနဲ့နေရတာဖြစ်တဲ့အတွက်မိမိရဲ့ပတ်၀န်းကျင်ရှိပုဂ္ဂိုလ်တွေနဲ့ပြေလည်အောင်ဆက်ဆံဖို့ကလည်းလိုအပ်ပါတယ်။ပတ်၀န်းကျင်ဆိုတာအမျိုးမျိုးရှိတက်ပါသေးတယ်။ကျောင်းသားတစ်ယောက်အတွက်သူရဲ့ပတ်၀န်းကျင်ကအဓိကအားဖြင့်  ဆရာ၊မ များအတန်းသူသူငယ်ချင်းများ အတန်းဖော်များ၊ဒါအပြင် မိဘများနှင့်မောင်နှမများ၊ဖြစ်ပါတယ်။ထိုအတူပါဘဲ အလုပ်သမားတစ်ယောက်ရဲ့ပတ်၀န်းကျင်ဟာအတူလုပ်တဲ့ဘ၀တူအလုပ်သမားတွေ၊ကုမ္ပဏီ၀န်းထမ်းတွေ၊ရုံးအလုပ်မှာဆိုလဲလုပ်ဖော်ကိုင်ဖက်တွေ၊အထက်တာ၀န်ခံအဆင့် ၊ကြီးကြပ်သူအဆင့်ဆင့် ၊ညွှန်ကြားရေးမှုချုပ်၊ရာထူးအဆင့်ဆင့်၊စသည့်ဖြင့်ရှိကြပါတယ်။ရပ်ကွက်ထဲမှာလဲရပ်ကွက်လူမှုပတ်

၀န်းကျင်တွေစသည့်အမျိုးမျိုးရှိကြပါတယ်။လူငယ်တွေအနေနဲ့ဘယ်ပတ်၀န်းကျင်မျိုးကိုရောက်ရှိနေပါစေမိမိရောက်ရှိတဲ့ပတ်၀န်းကျင်မှာမိမိနဲ့ထိတွေ့ရမဲ့သူများနှင့်ဆက်ဆံမှာဆက်ဆံရေးပြေပြစ်ကောင်းမွန်ဖို့လိုပါတယ်။မိမိနေထိုင်တဲ့ပတ်၀န်းကျင်ဖြစ်ဖြစ်၊၊အဖွဲ့အစည်းအသိုင်းအ၀ိုင်းအတွင်းမှာ ဆက်ဆံရေးကောင်းကိုမထူထောင်နိုင်၊ဆက်ဆံရေးပြေပြစ်မှုမရှိရင်အဲဒီအဖွဲ့အစည်းအတွင်းမှာအခြေအနေမကောင်း၊ရလဒ်ကောင်းထူးထောင်နိုင်မှာမဟုတ်သလိုဖန်းတီးနိုင်မှာလဲမဟုတ်ပါဘူး။အလားတူပါဘဲကျွန်မတို့တဦးစီးအနေနဲ့လည်းမိမိနဲ့ထိတွေ့ဆက်ဆံရတဲ့ပတ်၀န်းကျင်မှာဆက်ဆံရေးကောင်းမထူ

ထောင်နိုင်ဘူးဆိုရင်ဘ၀အောင်မြင်မှုတိုးတက်မှုရနိုင်မှာမဟုတ်ပါဘူး။ဆက်ဆံရေးပြေပြစ်ဖို့ဆိုတာလုပ်ငန်းတစ်ခုလုပ်ဖို့ဘဲဖြစ်ဖြစ်၊အလုပ်၀င်ဖို့ရန်လျှောက်လွှာတင်တဲ့အခါဖြစ်ဖြစ်၊တဦးနဲ့တဦးဆက်ဆံရေး

ဟာအရမ်းကိုအရေးကြီးပါတယ်။တချို့ကဆက်ဆံရေးမကောင်းလိုအလုပ်မရလိုက်တာ၊အလုပ်ခန့်မခံရတာဟာအမှန်ဘဲဖြစ်ပါတယ်။လူငယ်တွေအနေနဲ့ဘယ်အဖွဲ့အစည်းမှာဘဲဖြစ်ဖြစ်၊ဘယ်လိုမျိုးပတ်၀န်

ကျင်းအသိုင်းအ၀ိုင်းကြားမှာဘဲဖြစ်ဖြစ်၊နယ်မြေဒေသမတူညီတဲ့နိုင်ငံရပ်ခြားတွေမှာအလုပ်အကိုင်လုပ်

နေကြတဲ့လူငယ်များစွာရှိကြပါပြီ။ဒီလိုစိတ်ဓာတ်အခံ၊အတွေးအခေါ်တွေ၊အယူအဆတွေဟာတဦးနဲ့တ

ဦးမတူညီနိုင်ကြပါဘူးဆိုတာသိထားဖို့လိုပါတယ်။မိမိရဲ့ပတ်၀န်းကျင်မှာမိမိနဲ့မတူတဲ့သူတွေကိုလည်း

တွေရမယ်၊ဆက်လက်ဆက်ဆံနေရအုံးမယ်ဆိုတာကိုအမှန်အတိုင်းပထမဦးစွာလက်ခံထားဖို့လိုပါတယ်။

ကိုယ်ပတ်၀န်းကျင်ရှိသူတွေနဲ့မိမိနဲ့မတူနိုင်တာတွေကိုသဘာ၀လိုဘဲခံယူထားနိုင်မှမိမိနဲ့သဘောထားခြင်းမတူတာကိုနားလည်သည်းခံသွားနိုင်မှာဖြစ်ပါတယ်။အဲလိုနားလည်သည်းခံစိတ်မထားနိုင်ဘူးဆိုရင်

တော့တဦးနဲတဦးဟာထိတွေ့တိုင်းမှာပဋိပက္ခဖြစ်နေမယ်ဆိုရင်မိမိရဲ့လုပ်ငန်း(သို့)ရည်မှန်းချက်_မျှော်မှန်းချက်တို့မှာလဲအောင်မြင်စရာအခွင့်အလမ်းမရှိသလောက်ဖြစ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်သောလူငယ်များအနေနဲ့ဆက်ဆံရေးကောင်းရလိုလျှင်မတူတာတွေကိုနားလည်းသည်းခံ၊လိုက်လျှော့တက်

သောစိတ်ထားမျိုးထားနိုင်တဲ့၊အလေ့အကျင့်ပုံစံလိုထူထောင်ယူကြရမှာဖြစ်ပါတယ်။လူအများနဲ့ဆက်ဆံရာမှာလည်းမိမိဘက်ကိုဦးစားပေးမကြည့်ဘဲတပါးသူဘက်ကိုလည်းကြည့်တက်ဖို့လိုပါတယ်။တခါတရံမိမိဆန္ဒကိုမဖြည့်ပေးလိုမဟုတ်ဘဲဖြည့်ဆည်းပေးချင်ပေးမဲ့လည်းသူမှာအခက်အခဲရှိနေတာမျိုးရှိနေ

တက်ပါတယ်။

နားလည်းပေးတက်ဖို့လိုပါတယ်။လူတွေနဲ့ဆက်ဆံရာမှာသူမှာရှိနေတဲ့အားနည်းချက်၊ချွတ်ယွင်းချက်၊မကောင်းတဲ့စရိုက်လက္ခဏတွေကိုမြင်အောင်ကြည့်တက်ဖို့လိုပါတယ်။အသိအမှတ်ပြုပေးဖို့လည်းလိုပါတယ်။မိမိအကြောင်းကိုသူတပါးအားအမှန်အတိုင်းနားလည်အောင်ပြောပြ

ထားဖို့လိုပါတယ်။ဒါကြောင့်ကျွန်မတို့အချင်းချင်းဆက်ဆံရေးမှာအချင်းချင်းနားလည်နိုင်မှာသာလျှင်ပြေလည်နိုင်မှာဖြစ်လိုနားလည်ပေးခြင်းဟာဆက်ဆံရေးမှာအရေးပါအရာရောက်ပါတယ်။ဆက်ဆံရေး

ကောင်းတဲ့သူ၊နားလည်ပေးတက်သူတွေမှာအပေါင်းအသင်းမရှာပါဘူး။

အနာဂတ်ကိုအလှဆင်ပေးကြမဲ့လူငယ်များရှင်-လူငယ်များလည်းဘယ်အဖွဲ့အစည်း၊အသိုင်းအ၀ိုင်းတွေ

မှာဘဲဖြစ်ဖြစ်စည်းကမ်းရှိပြီး၊ကိုယ်ကျင့်တရားကောင်းတဲ့သူ၊ဘ၀အောင်မြင်အတွက်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ဖို့လိုအပ်ပါတယ်။အခုတင်ဆက်ပေးတဲ့ကြောင်းအရာလေးဟာသော်တရှင်များအတွက်အထောက်အကူဖြစ်စေမဲ့လိုလဲမျှော်လင့်မိပါတယ်ရှင်။ဒီတပတ်အတွက်လူငယ်အစီအစဥ်လေးကိုဒီလောက်နဲ့ဘဲရပ်နားပါရစေ။နားဆင်ကြည့်ရှုအားပေးကြတဲ့သော်တရှင်များအားလုံးကိုဘုရားရှင်

ကောင်းကြီးပေးပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မက စစ္စတာရ်မေရီဒီမ်ပါရှင်။

Comments

Thank a lot.

Add new comment

3 + 3 =