လူမှုဆက်ဆံရေးမှာ အဆင့်မြင့်စွာပြုမူတတ်တဲ့ စုံတွဲနဲ့ အဆင့်နိမ့်စွာပြုမူတတ်တဲ့ စုံတွဲတွေရဲ့ကွာခြားချက်

Difference

            ဒီနေ့မှာ relationship တစ်ခုကို တည်ထောင်ကြတဲ့ လက်တွဲဖော်တွေရဲ့ အတွေးအခေါ်နဲ့ လူမှုရေးပေါင်းသင်းဆက်ဆံရေးတို့မှာ အဆင့်မြင့်စွာ ပြုမူတတ်တဲ့ စုံတွဲနဲ့ အဆင့်နိမ့်စွာ ပြုမူတတ်တဲ့ စုံတွဲတွေရဲ့ ကွာခြားချက်တွေကို ဖတ်ဖူးထားတဲ့ စာပေတွေ့ ကျွန်မပတ်ဝန်းကျင်မှာ တွေ့ရတဲ့ အဖြစ်တွေနဲ့ ပေါင်းပြီးဝေငှ ပြောပြပေးသွားချင်ပါတယ်။

            သောတရှင်တို့ရဲ့ ပတ်ဝန်းကျင်မှာကော ကျွန်မတို့တတွေဖြတ်သန်းနေရတဲ့ လူမှုဝန်းကျင်မှာ ဘယ်သူတွေ့တော့ဖြင့် အားကျစဖွယ် အောင်မြင်သွားတဲ့ စုံတွဲတွေရှိသလို ပျက်စီးယုံယွင်းသွားတဲ့ စုံတွဲတွေကို တွေ့နေရပါတယ်။

            သုတေသနပြုပြီး ရေးသားထားတဲ့ စာအုပ်တွေ့မှာ - အဆင့်နိမ့်စွာရှိတဲ့ စုံတွဲ ၅၀%က အဆုံး သတ်သွားပြီး အဆင့်မြင့်စွာ ပြုမူတဲ့ စုံတွဲတွေကတော့ ၂၀%အဆုံးသတ်သွားပြီး ကျန်တဲ့ အဆင့်မြင့် စွာ ပြုမူတဲ့စုံတွဲတွေကတော့ power couple တွေအဖြစ်နဲ့ အိမ်ထောင်ရေးအထမြောက်ထွန်းကား တာကို တွေ့ရတယ်လို့ ဆိုထားပါတယ်။

            ကျွန်မတို့ ဘယ်လိုအပြုအမူတွေက အဆင့်မြင့်စေတာလဲ အဆင့်နိမ့်စေတာလဲ ကြည်ရ အောင်ပါ။

            အဆင့်မြင့်တဲ့ စုံတွဲတွေမှာ ကိုယ်ပိုင်အတွေးအခေါ်ရှိတယ် ပေါင်းသင်းဆက်ဆံရေး (ဝါ) လူမှုဆက်ဆံရေးကောင်းတယ် သူတို့ကိုယ်သူတို့ တန်ဖိုးရှိအောင်နေတယ်။ အဲ့ဒီတော့ တန်ဖိုးရှိတဲ့ စုံတွဲဖြစ်လာတယ်။ ပြီးပြည့်စုံတဲ့ စွမ်းရည်တွေနဲ့ တစ်ဦးပေါ်တစ်ဦး take care လုပ်ကြတယ်။ အရည် အသွေးတွေကိုယ်စီရှိကြတာမို့ နှစ်ဦးပေါင်းပြီး အစစအရာရာ ဆုံးရှုံးမှုမရှိအောင် နစ်နာမှုမရှိအောင် လုပ်နိုင်တဲ့ စွမ်းရည်တွေရှိကြတယ်။

            အဆင့်နိမ့်တဲ့စုံတွဲတွေမှာကတော့ တစ်ဦးက အစစအရာရာ အမှီပြုတယ်ဆိုပြီး သူတစ်ယောက်ထဲ လိုအပ်ချက်တွေကို ထောက်ပံ့ပေးရလို့ အမြဲအလိုမကျဖြစ်ပြီး ဆူပူကြိမ်းမောင်း တာတွေကို တွေ့နေကြားနေရပါတယ်။

            Relationship တစ်ခုမှာ တစ်ဦးနဲ့တစ်ဦး 50% စီပေးလို့မရပါဘူး။ 100% အပြည့် နှစ်ဦးစလုံး ပေးနိုင်မှ ခိုင်မြဲမှာပါ။

            အဆင့်မြင့်စုံတွဲတွေမှာ အပြန်အလှန်ဖေးမကူညီပေးတယ်။ တစ်ဦးနဲ့တစ်ဦး အပြည့်အဝ နားလည်ပေးကြတယ်။ အမျိုးသားတွေက သူ့ partner ရဲ့ ရိုသေလေးစားတာကို ခံယူချင်ကြတယ်။ အမျိုးသမီးတွေကတော့ ဇနီးအပေါ်မှာ ဘယ်လောက် အနစ်နာခံတယ်ဆိုတာနဲ့ အချစ်လို့ နှိုင်းယှဉ် ကြည့်ကြတယ်။ အမျိုးသားတွေကတော့ အချစ်ဆိုတာ  အိမ်ထောင်စုတစ်ခုကို အားထုတ်ကြိုးစား ဦးဆောင်ထိန်းကျောင်းမှုတွေနဲ့ နှိုင်းယှဉ်တတ်ကြပြီး Love is about results လို့ မှတ်ယူကြပါတယ်။

            အဆင့်နိမ့်စုံတွဲတွေမှာက လက်တွဲဖော်ဆီက တဘက်သတ် ၁၀၀% အပြည့် အရချင်ကြ တယ်။ ရမှ ကျေနပ်တယ်။ အချင်းချင်း အတုန့်အပြန်ဆိုတာမရှိဘူး။ အမြဲပဲ တဖက်သတ် ရသင့် ရထိုက်တာကို  အတင်းအကြပ် တောင်းဆိုတတ်ကြတယ်။ အဲ့ဒီတော့ မကြေနပ်ချက်တွေရှိလာပါ တော့တယ်။

            တချို့သော စုံတွဲတွေက အချင်းချင်း စိတ်အနှောက်အယှက်မဖြစ်အောင် ကြိုးစားကြပြီး အပြန်အလှန် ရိုသေလေးစားမှုရှိကြတယ်။ အဲ့ဒါက အဆင့်မြင့်စုံတွဲနဲ့ အဆင့်နိမ့်စုံတွဲတို့ရဲ့ ကြီးကျယ် တဲ့ ကွာခြားချက်တစ်ခုပဲဖြစ်ပါတယ်။

            တချို့က ချစ်သူရည်းစားဘဝမှာ ချစ်သူအကြိုက်ကြိုးစားပြီး နေခဲ့ပေမယ့် အိမ်ထောင်သက် (၁) (၂) နှစ်လောက်ရလာတဲ့အခါ လက်တွဲဖော်ကို ဂရုမစိုက်တော့ဘဲ ဟန်ဆောင်တာတွေ ပျောက် ကွယ်သွားပြီး မူလစိတ်ရင်းကပေါ်လာပါတယ်။ ဒါက အဆင့်နိမ့်တဲ့ စုံတွဲတွေရဲ့ အတွေးအခေါ် နိမ့်ကျ မှုလို့ပဲ ဆိုရပါမယ်။

            အဆင့်မြင့်တဲ့ စုံတွဲတွေမှာက အရင်တုန်းက ချစ်သူရည်းစားဘဝတုန်းကလိုပဲ မပြောင်းလဲတဲ့ အပြုအမူတွေနဲ့ လက်တွဲဖော်ကို တည်ငြိမ်ရင့်ကျတ်မှုတွေနဲ့ ထောက်ပံ့ပေးတယ်။ အဲ့ဒီတော့ လက်တွဲ ဖော်က ပိုပြီး စိတ်ဓာတ်တက်ကြွစေတယ်။ To make the other person stronger ပေါ့နော်။

            အဆင့်မြင့် စုံတွဲတွေမှာ ပြဿနာတစ်ခုဖြစ်ခဲ့ရင် အခြေခံဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ပြီး အချင်းချင်းညှိနှိုင်းဆွေးနွေးပြီး နောက်တစ်ကြိိမ်ကျရင် ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အဖြေကို ရှာကြ တယ်။

            အဆင့်နိမ့်စုံတွဲတွေမှာက အချင်းချင်းညှိနှိုင်းဖို့ ခက်ခဲတယ်။ အဓိကက ဘယ်အရလည်း လက်တွဲဖော်နဲ့ လေးလေးနက်နက် ပြတ်ပြတ်သားသား လုပ်ရမယ်ဆိုတဲ့ ညှိနှိုင်းမှုက မရှိဘူး။

            အဆင့်မြင့်စုံတွဲတွေမှာ မိသားစု အမြဲမပြတ်တိုးတက်ဖို့ သင်ယူကြတယ်။ စုံတွဲတိုင်းက စိတ်တူကိုယ်တူရှိဖို့ ခက်ခဲပေမယ့် အတတ်နိုင်ဆုံး ကြိုးစားကြတယ်။

            အဆင့်နိမ့်တဲ့ စုံတွဲတွေမှာတော့ ကိုယ်လက်တွဲဖော်ရဲ့  စိတ်ကူးစိတ်သန်းတွေကို ရိုက်ချိုးပစ် တယ်။ ပျက်စီးအောင်လုပ်တယ်။ တိုးတက်ကြီးပွားဖို့ မကြိုးစားကြဘူး။ လက်တွဲဖော်က မဖြေရှင်းနိုင် ပါဘူးဆိုပြီး စိတ်ခံစားချက်နောက်ကို လိုက်ကြတယ်။ အသံကျယ်ကျယ်ပြောမယ်။ ဒေါသတွေရှေ့ ထားမယ်။ မှန်တာ၊ မှားတာကို မစဉ်းစားပဲ လက်လွတ်စပါယ်ဆုံးဖြတ်တတ်ကြပါတယ်။

            အဆင့်မြင့်စုံတွဲတွေကတော့ မိမိရဲ့ လက်တွဲဖော်ကို မိတ်ဆွေသူငယ်ချင်းတွေရှေ့မှာ ဂုဏ်ယူ စွာ ဂုဏ်ဖော်ပြောလေ့ရှိတယ်။ မိမိအိမ်ထောင်စုအတွက် ရည်ရှည်ရည်မှန်းချက်တွေရှိတယ်။ မိသားစု အတွက် ဝင်ငွေကို မရရအောင် ရှာဖွေပံ့ပိုးပေးတတ်ကြပါတယ်။

            အဆင့်နိမ့်တဲ့ စုံတွဲတွေမှာက လက်တွဲဖော်ကို တန်ဖိုးမရှိတဲ့ အသုံးအနှုန်းတွေနဲ့ အမြဲအလို မကျပဲ အနိုင်ယူတတ်ကြတယ်။ ရည်ရှည် Goal ဆိုတာမရှိဘူး တစ်ပါတ်လောက်အတွက်ပဲ တွေး တတ်ကြတယ်။  မိသားစုအတွက် ဝင်ငွေအရဖို့ ကြိုးစားအားထုတ်မှု နည်းကြတယ်။

            သောတရှင်များရှင့် လက်တွဲဖော်ရဲ့ ပုံရိပ်ဟာ တဖက် လက်တွဲဖော်က ရောင်ပြန်ဟပ်ပါတယ်။ လက်တွဲဖော်က ပိုတောက်ပလေ တဖက်လက်တွဲဖော်ကလည်း ပိုပြီး ထင်ပေါ်လေပါပဲ။ ဒါကြောင့် အဲ့ဒီလိုပြုမူကြတဲ့ စုံတွဲတွေရဲ့ အိမ်ထောင်ရေးဘဝရည်မှန်းချက် ရလဒ်တွေကလည်း ကွာခြားသွား တာ မဆန်းသလို အောင်မြင်မှုတွေမှလည်း သိသိသာသာကြီးကို ကွာခြားသွားတတ်ပါတယ်ဆိုတာ ကို မျှဝေပေးရင်း နိဂုံးချုပ်ပါတယ်။

Add new comment

1 + 2 =