လူတစ်ယောက်ကို အချစ်တစ်ခုတည်းနဲ့ တည်ဆောက်တဲ့ လက်ထပ်ထိမ်းမြားတာ မပြုလုပ်ဖို့

Don't Marry
ဒီနေ့မှာ လူတစ်ယောက်ကို အချစ်တစ်ခုတည်းနဲ့ တည်ဆောက်တဲ့ လက်ထပ်ထိမ်းမြားတာ မပြုလုပ်ဖို့ အကြောင်း ပြောပြပေးချင်ပါတယ်။
ကျွန်မတို့ တည်ဆောက်လိုက်တဲ့ လက်ထပ်မင်္ဂလာမှာ သူနဲ့ပတ်သက်တဲ့ ဓမ္မသတ်နည်း ဥပဒေတွေက ပုဒ်မတွေနဲ့ ရှိနေတာမဟုတ်ပေမယ့် လူလူချင်းပေါင်းသင်းဆက်ဆံတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး ရှင်းရှင်းလင်းလင်းသိမယ်။ မြင်လွယ်မယ်၊ နားလည်အောင်လုပ်ထားမယ်ဆိုရင် လင်မယား ကွဲတာ divorce ဖြစ်တာတွေ မရှိနိုင်ပါဘူး။
တကယ်တမ်းကတော့ relationship အောင်မြင်ချင်ရင် အရေးကြီးဆုံးကတော့ အချစ်၊ ချစ်ခြင်းမေတ္တာပါပဲ။ ဒါပေမယ့် အချစ်တစ်ခုတည်းနဲပ လက်ထပ်လိုက်တဲ့အခါမှာ ဒီအချစ်များစွာတွေ က ထိတ်လန့်တုန်လှုပ်သွားစေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်လွန်းတော့ သဝန်တိုတယ်။ အတ္တဆန်လာတယ်။ မိမိရဲ့ အချစ်ကိုပဲ မိမိကမြင်တယ်။ ဒီတော့ ဒီအချစ်ကြောင့်ပဲ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာပြီး အိမ်ထောင်တွေကွဲသွားကြတာ အများကြီးပါ။
အိမ်ထောင်ကွဲသွားတဲ့ သူတွေကို မေးကြည့်ရင် မိမိအိမ်ထောင်ဖက် ချစ်တော့ ချစ်ပါတယ်။ ဒါပေမယ့် အတူတကွ အတူတကွ မနေနိုင်တော့ဘူး။ အတူတကွ မရပ်တည်နိုင်တော့ဘူးလို့ပဲ ပြောတာများပါတယ်။
ကျွန်မရဲ့သူငယ်ချင်းဆိုရင် အိမ်ထောင်သက် ၄၂ နှစ်ရှိပြီး သားသမီးမြေးတွေနဲ့ တအိမ်ထဲမှာပဲ အတူနေတယ်။ တအိမ်ထဲမှာအတူရှိတယ် နေကြတယ်။ ဒါပေမဲ့ သူနဲ့အတူမရှိတာ၊ ရင်ထဲမှာလည်း မရှိတာ ၅ နှစ်လောက်ရှိပြီတဲ့ သဘောထားချင်းမတိုက်ဆိုင်ဘူးတဲ့ အမြဲတမ်း တစ်ခုခုကို ဆွေးနွေး တော့မယ်ဆိုရင် စကားများတာပဲ အဖတ်တင်တယ်တဲ့။ ငယ်စဉ်ကတော့ ချစ်လို့လက်ထပ်ခဲ့ကြပေ မယ့် ခုချိန်မှာတော့ သဘောထားတွေက ဘယ်လိုမှ ညှိလို့မရဘူးလို့၊ ကျွန်မကို ပြောဖူးပါတယ်။ ဒါက လည်း တအိမ်ထဲမှာ အတူရှိပေမယ့် နှလုံးသားချင်းမနီးစပ်ကြတော့ဘူး Divorce ပဲလို့ ကျွန်မ ထင်ပါတယ်။
အိမ်ထောင်ရေးဘဝဆိုတာ ရှုပ်ထွေးတာ လူတိုင်းသိကြပါတယ်။ ဥပမာလေးတစ်ခုနဲ့ ပြောရရင် မိမိက ဝမ်းဗိုက်ထဲကို စားချင်တာတွေ စားမယ်။ ဗိုက်ထဲကို ထည့်လိုက်မယ်။ မိမိနဲ့မတည်တဲ့ အစား အစာဆိုရင် အန္တရာယ်ဖြစ်ပြီး ဆေးရုံဆေးခန်းသွားရပြီ၊ ပျောက်ကင်းအောင် ကုသရပြီ၊ ဒါကတော့ ခန္ဓာကိုယ်တွင်းမှာ ဖြစ်တာပါ။ အိမ်ထောင်တစ်ခု မှာဆိုရင်တော့ မိမိရဲ့ အလိုဆန္ဒတွေကို မတရားစီမံ မယ်။ ဆိုးဝါးစွာ ဆက်ဆံမယ်ဆိုရင် အမူအကျင့်တွေကို သည်းမခံနိုင်တော့လို့ ရင်ဘတ်ချင်းထပ်တူ မရှိတော့လို့ အိမ်ထောင်က ပျက်စီးသွားနိုင်တာပါပဲ။
ခရိယာန် သမ္မာကျမ်းစာ ပညာ အလိမ္မာကျန်း၊ အခန်းကြီး ၁၄၊ အခန်းငယ် ၃ မှာ ‘‘ဉာဏ်ပညာ နဲ့ အိမ်တဆောင် တည်ဆောက်၍ သိနားလည်ခြင်းဖြင့် ယင်းတို့ကို ခိုင်ခံ့အောင် ထိန်းသိမ်းရ၏’’လို့ ဆိုလိုထားပါသည်။
‘‘အရင်ဦးဆုံးကတော့ အိမ်ထောင်တစ်ခုကို အသိပညာရှိခြင်းနဲ့ပဲ စတင်တာ အကောင်းဆုံးပါ ပဲ၊ အသိပညာကနေတဆင့် ဗဟုသုတတွေကို အသိပေးလာတယ်။ သတင်းပေးလာပါတယ်။ မိမိက relationship မှာ အောင်မြင်ချင်ရင် လက်ထပ်ခါစကို ပြောတာမဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်ပါ။ အိမ်ထောင်ရေး အသိပညာအတွက် အိမ်ထောင်ရေးဗဟုသုတက လိုပါတယ်။ တစ်ခါတစ်လေ အိမ်ထောင်ရေးမှာ စိတ်ဖိစည်းမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဘုရားမှာ ဆုတောင်းကြတယ်။ တကယ် တမ်းကတော့ အိမ်ထောင်ရေးဗဟုသုတရှိဖို့ အဓိကလိုတာပါ။ လေ့ကျင့်ကျွမ်းကျင်မှုတွေ စွမ်းရည် တွေ အသိပညာတွေ လိုအပ်ပါတယ်။ အောင်မြင်တဲ့ အခြေခံ အကြောင်းတရား အကြောင်းရင်းတွေ လိုပါတယ်။ နောက်ပြီး လူသားတစ်ယောက်ရဲ့ သဘာဝ ပင်ကိုယ်အရည်အသွေး (ဝါ)လောကဓာတ် နိယာမတွေ နားလည်ဖို့လည်း လိုအပ်ပါသေးတယ်။
လူတစ်ယောက် မိမိကို ချစ်တယ်လို့ ပြောလာရင် အခုလိုမေးကြည့်ရင်ကောင်းမှာပဲ- မိမိကိုယ်မိမိ လူတစ်ယောက်ကို ချစ်နိုင်ဖို့ ဘယ်လိုပြင်ဆင်ထားပြီးပြီလဲ အချစ်တစ်ခုတည်းနဲ့ပဲ ဆိုရင်တော့ အချစ်ခံရတဲ့သူက အန္တရာယ်ထဲကို ရောက်သွားနိုင်ပါတယ်။ မဟုတ်ဖူးလား။ မိမိက လက်ထပ်ဖို့အတွက် ဘာဗဟုသုတမှ မရှိသေးဘူး၊ အဲ့ဒီလိုပဲ အပြောခံရတဲ့ သူကတော့ လက်ထပ်ဖို့ ဗဟုသုတတွေ မရှိသေးဘူးဆိုရင် ချစ်လို့ လက်ထပ်လိုက်ကြတယ်။ ပျားရည်ဆမ်းခရီးသွားတယ်။ အပြန်မှာ စကားများရန်ဖြစ် ပြန်လာကြတယ်။ ဒါတွေက မသိသေး မလိမ္မာသေးသော relationship တည်ထောင်လိုက်ကြလို့ပဲ မဟုတ်လား။ လက်ထပ်ထိမ်းမြားခြင်းရဲ့ အစပဲရှိပါသေးတယ်။
နောက်တစ်မျိုးကတော့ အိမ်ထောင်ရေးမှာ ဉာဏ်ပညာအသိရှိခြင်းလည်း လိုပါသေးတယ်။ အိမ်ထောင်ရေးဆိုတာ ဉာဏ်ပညာ၊ အသိပညာရှိဖို့ ကြိုးစားအားထုတ်နိုင်ပါတယ်။ နားလည်အောင် လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က နားမလည်တဲ့အရာကို ဘယ်လိုကောင်းအောင် အသုံးချ လို့ရမှာလဲ။ အိမ်ထောင့်သက် ရင့်လာမယ်။ အသက်တွေသာ ကြီးသွာမယ်။ လက်ထက်ထိမ်းမြား အတူတကွနေရင်း တစ်ဦးနဲ့တစ်ဦး ဘယ်လိုပြုမူရမယ်ဆိုတာတွေ မသိသေးရင် အိမ်ထောင်ရေးဉာဏ် အသိမရှိသေးလို့ ဘယ်လိုသာယာတဲ့ အိမ်ထောင်ရနိုင်မှာလဲ၊ အိမ်ထောင်ရေး အသိပညာရှိရင်တော့ relationship မှာ အတွေ့အကြုံနဲ့ အသိပညာ သိခြင်း၊ မြင်ခြင်း၊ တွေက အစားထိုးလို့မရနိုင်ပါဘူး။ အဲ့ဒီလို တစ်ချို့သူတွေက ဉာဏ်ပညာရှိ အသိရှိပေမယ့် သေသေချာချာ အသုံးမပြုကြဘူး။ အသုံးမချ တတ်ဖူး။ နားမလည်ကြဘူး။ တိမ်ဖုံးထားသလို မှုန်ရီ ဝေဝါးနေတတ်ပါတယ်။
တချို့ relationship တွေမှာ self love မိမိကိုယ်မိမိပဲချစ်တတ်တယ်။ friend love သူငယ်ချင်း အချစ်ဆိုတာ အရေးကြီးတယ်ဆိုတာ မသိတဲ့ သူတွေလည်းရှိပါသေးတယ်။
တချို့ကျတော့ အိမ်ဦးခန်းမှာ မင်္ဂလာဆောင်ဓာတ်ပုံလှလှကို ချိတ်ထားကြတယ်။ အိမ်ထောင် ရေးကောင်းမွန်အောင်တော့ မလုပ်ဆောင်နိုင်ကြပါဘူး။
ဒါကြောင့် လက်ထပ်တော့မယ်ဆိုရင် ကိုယ့်လက်တွဲဖော်ကို ချစ်နိုင်ရမယ်။ သူငယ်ချင်းအချစ်ပါ ပေါင်းပြီး ချစ်ရင် ပိုကောင်းပါတယ်။ ကြာရှည်ခဲ့တဲ့ အချစ်တွေရဖို့ ခံစားချက်တွေ နှစ်ဦးစလုံးကောင်းဖို့ လိုပါတယ်။ တစ်ဦးနဲ့ တစ်ဦး ပြုံးပျော်ရွှင်စွာ နဲ့တသက်လုံးရှိဖို့လည်း လိုပါတယ်။ ပြင်းထန်တဲ့ဆန္ဒတွေ မထုတ်ဖော်ဖို့လည်း လိုပါသေးတယ်။
လက်ထပ်ဖူးသူတိုင်းသိပါတယ်။ အိမ်ထောင်ရေးဆိုတာ စိန်ခေါ်မှုတစ်ခုပါ အိမ်ထောင်ရေးမှာ အက်ကြောင်းတွေ မဖြစ်ဖို့ ကြိုးစားကြရအောင်ပါဆိုတာ အိမ်ထောင်ရှင်တို့ကို အသိလေးတစ်ခု ရစေ ချင်ပါတယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

4 + 2 =