လူငယ်အမျိုးသားတယောက် ဆွဲဆောင်မှုရှိတဲ့ လူပျိုတယောက်ဖြစ်ဖို့ မိမိကိုယ်မိမိ ဘယ်လို ထုတ်ဖော်ပြသင့်သလဲ

Attractive

            ဒီနေ့မှာ အိမ်ထောင်မကျသေးတဲ့ လူငယ်အမျိုးသားတယောက် မိန်းကလေးတွေ ဆွဲဆောင်မှုရှိတဲ့ လူပျိုတယောက်ဖြစ်ဖို့ မိမိကိုယ်မိမိ ဘယ်လိုပြုပြင် ထုတ်ဖော်ပြသင့်သလဲဆိုတဲ့ အကြောင်းမျှဝေပေးချင်ပါတယ်။

            ပရိသ်ကြီးရှင့် - ကျွန်မ ပတ်ဝန်းကျင်မှာ ဒီလူငယ် လူပျိုတယောက်က သူချစ်တဲ့ ကောင်မလေးကို မရနိုင်ဘူးဆိုတာ တွေ့နေရတယ်။ ဒါနဲ့ ကျွန်မစဉ်းစားကြည့်တယ်။ ဘာဖြစ်လို့ ကောင်မလေးက သူချစ်တာကိုသိရဲ့နဲ့ ပြန်မချစ်နိုင်တာလဲ စဉ်းစားရင်းနဲ့ အခုတင်ပြမယ့်အကြောင်း အရာလေးတွေကို တွေးဖြစ်လာပါတယ်။

            ယောကျ်ားလေးတယောက်ဆိုတာ အနည်းဆုံးတော့ သာမန်အားဖြင့် ကြည့်ပျော်ရှုပျော် ဖြစ်ဖို့ Style ရှိဖို့လိုတာပေါ့နော်။ ဒါ့အပြင် မိန်းကလေးတယောက် (ဝါ) အိမ်ထောင်တခုကို သင့်တင့် လျှောက်ပတ်စွာထားနိုင်မယ့် ဝင်ငွေရှိဖို့တော့ လိုတာပေါ့နော်။ ဒါမှ မိန်းကလေးတယောက်အနေနဲ့ ပြန်ချစ်နိုင်ဖို့ စိတ်ဝင်စားလာမှာလို့ ထင်ပါတယ်။

            မိန်းကလေးတယောက်ပိုပြီး စိတ်ဝင်စားအောင် ပိုဆွဲဆောင်မှုရှိအောင် အခြေခံအချက်လေး တွေ စဉ်းစားထားပါတယ်။

            ဥပမာ - ဒီယောကျ်ားလေးက သူချစ်တဲ့မိန်းကလေးရှေ့မှာ ဖြတ်လျှောက်သွားရင် ဦးခေါင်းကို ငုံ့ထား (ဝါ) ငိုက်စိုက်ချပြီးလျှောက်ရင် မိန်းကလေးက စိတ်ဝင်စားပါ့မလား။ ဦးခေါင်းနဲ့ မျက်နှာကို ရှေ့ကို တူရှုကြည့်ပြီး မေးကိုနည်းနည်းလေးမော့ပြီး လျှောက်မယ်ဆိုရင် မိန်းကလေးတယောက် အနေနဲ့ သူဟာ ခွန်အားရှိတဲ့သူတယောက် မိမိကိုယ်မိမိယုံကြည်မှုရှိတဲ့သူဖြစ်တဲ့အပြင် high dose of testosterone ကျားဟော်မုန်းအပြည့်အဝရှိတဲ့သူအဖြစ် မြင်လာမှာပါပဲ။

            ယောကျ်ားတယောက်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ကိုယ်လုံးကိုယ်ပေါက်ကြည့်ကောင်းမယ် ဆိုရင်လည်း မိန်းကလေးတွေက crazy ဖြစ်မှာပါပဲ။ ကာယဗလမောင်တို့လို မဟုတ်ပေမဲ့ သင့်တင့် လျှောက်ပတ်တဲ့ ခန္ဓာကိုယ်အနေအထားရှိရင်ပိုပြီး ဆွဲဆောင်မှုရှိမှာပါပဲ။ မိမိခန္ဓာကိုယ်နု့ လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုဆိုရင် မိန်းကလေးက ပိုပြီး crazy ဖြစ်လာမှာပါ။

            နောက်ပြီးတော့ မိမိချစ်နှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို မိမိရဲ့ စိတ်ခံစားချက်တွေကို ဃဂနဏ ဖော်ထုတ်ပြောတတ်ရင် ထုတ်ဖော်မပြောတတ်တဲ့ သူနဲ့စာရင် မိမိက ပိုပြီး ဆွဲဆောင်မှု ရှိတဲ့ သူတယောက်ဖြစ်သွားမှာပါ။ Attractive level ကလည်း မြင့်သွားမှာပါ။ ဒါကြောင့် သတိရှိတဲ့ ပြောဆိုတတ်တဲ့ သူတယောက်ဖြစ်ဖို့ကလည်း လိုပါသေးတယ်။

            ဒီ attraction နဲ့ ဆက်စပ်လို့ ကျွန်မတူမ ပြောတာကို သတိရမိတယ်။ သူက ဂျပန်မှာ သွား အလုပ်လုပ်တော့ မနက်ဆို ရထားစီးပြီး အလုပ်ကိုသွားတဲ့ခါ တချို့သော မြန်မာယောကျ်ားလေး တွေက ကြက်သွန်ဖြူအနံ့တွေရပြီး ကိုယ့်ဗမာအချင်းချင်းပေမဲ့ ခပ်ဝေးဝေးမှာ ခွာထိုင်ရတယ်လို့ ဆိုဖူးတယ်။ ဒါကြောင့် attraction ဖြစ်ဖို့ မိမိရဲ့ ကိုယ့်ရနံ့ကလည်း အရေးပါတဲ့အထဲမှာ ပါပါတယ်။ Power of fragrance ဆိုတာ ရှိပါတယ်။ လူတယောက်ရဲ့ သီးသန့်ရနံ့က တဘက်လူကို ဆွဲဆောင် စေပါတယ်။ ဒါကလည်း ထိရောက်တဲ့ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခုပါ။ အနံ့အသက်ဆိုးဝါးမယ်ဆိုရင် confidence လျော့စေတယ်။ မိမိရဲ့ ကိုယ်ပိုင်မွှေးရနံ့ရှိနေမယ်ဆိုရင် မိမိကိုယ်တိုင်လည်း confident ရှိမယ်။ တဘက်သူကိုလည်း ဆွဲဆောင်မှုပေးတယ်။ ဒီတော့ attractive level ကမြင့်သွားပါတယ်။

            မျက်နှာအမူအယာကလည်း တဘက်လူကို ဆွဲဆောင်တဲ့ နေရာမှာ အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိရဲ့ ပျော်ရွှင်တက်ကြွတဲ့အမူအရာ မိမိကိုယ်မိမိ ဂုဏ်ယူတဲ့ မျက်နှာပေး တဘက်သတ် မဟုတ်တဲ့ အမူအယာတို့ကလည်း ဆွဲဆောင်တဲ့နေရာမှာအရေးပါလှပါတယ်။

            ဒီတော့က မိန်းကလေးတယောက်ရဲ့ စိတ်ဝင်စားမှုကို ရချင်ရင် မိမိမျက်နှာကို ဂုဏ်ယူ ဝံ့ကြွားတတ်တဲ့ မျက်နှာပေးဆိုရင် မိန်းကလေးတယောက်ကို အလိုအလျောက် အဆင့်မြင့်တဲ့ ဆွဲဆောင်နိုင်မှုကို ရရှိပါလိမ့်မယ်။

            ဒီထက်ပိုဆွဲဆောင်မှုရှိချင်ရင် လူအများစိတ်ဝင်စားတဲ့ လုပ်ဆောင်မှုတွေမှာ မိမိဝင်ရောက်ပြီး အဲဒီပတ်ဝန်းကျင်မှာ လုပ်ဆောင်ကြည့်ပါ။ မိမိက ကြိုးကြိုးစားစား လုပ်လေ မိမိက ထင်ပေါ်လေပါပဲ။

            မိမိနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံ နှုတ်ခမ်းမွှေးထားတာစသဖြင့်ပေါ့ မိန်းကလေးတွေကို ဆွဲဆောင်စေပါတယ်။ ဟိုးတုန်းက မြန်မာရုပ်ရှင်မှာ ရုပ်ရှင်မင်းသားဝင်းဦးဆိုရင် နှုတ်ခမ်းမွှေးနဲ့ စတိုင်ကျပြီး မိန်းကလေးအများစု စိတ်ဝင်စားခဲ့ကြဖူးပါတယ်။ Great looking ဖြစ်သွားတာပေါ့နော်။

            နောက်တမျိုးကတော့ မိန်းကလေးတယောက် ထင်သာမြင်သာရှိအောင် ကြင်နာမှုတွေ ပေးတာ ချီးမွှမ်းစကားပြောတာကလည်း ဒီစကားတွေရဲ့ နောက်ကွယ်မှာ ဆွဲဆောင်မှုကို ဖြစ်စေါတယ်။

            ဒါကြောင့်မို့ လူငယ်အမျိုးသားများ မိန်းကလေးတယောက်ကို ဆွဲဆောင်မှုရစေဖို့ ဘယ်လိုပုံစံ နဲ့ မိမိကိုယ်မိမိ ပြုပြင်ပြီး ထုတ်ဖော်ပြမှာလဲ မိမိကိုယ်မိမိ ဘယ်လို style ရှိနေမှာလဲ ဆိုတာကို sharing ပေးရင်း နိဂုံးချုပ်ပါတယ်။

Add new comment

1 + 0 =