လူငယ်များရဲ့အင်အား

အားလုံးပဲမင်္ဂလာပါ
အာဗီအေမြန်မာဘာသာအစီအစဥ်ကနေတဖန်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်လူငယ်အစီအစဥ်ကို “လူငယ်များရဲ့အင်အား”ဆိုတဲ့ခေါင်းစဥ်လေးနဲ့ကျွန်မကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မိတ်
ဆွေလူငယ်များတို့-ဤဆောင်းပါးလေးဟာစာရေးဆရာမောင်မင်းစိုးရဲ့လူငယ်နဲ့အရွေ့စာအုပ်ထဲကနေကောက်
နုတ်တင်ပြထားတာဖြစ်ပါတယ်ရှင်။လူငယ်များရှင်-
လူငယ်တွေရဲ့အင်အားများဟာတိုင်းပြည်အတွက်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလျှောက်တဲအချိန်
မှာအရမ်းကိုပဲအရေးကြီးပါတယ်။လူငယ်တွေစုပေါင်းပြီးလုပ်ဆောင်နေကြတဲ့အသင်းအဖွဲ့အစည်းတွေဟာယခုနှစ်ပိုင်းတွေမှာနေရာအသီးသီးမှာအဟုန်ပြင်းပြင်းနဲ့ချီတက်တိုးတက်လာနေတာကိုအားရစရာကောင်းအောင်တွေ့နေရတယ်အပြင်အောင်မြင်မှုတွေကိုလဲမြင်တွေ့နေရပါတယ်။ခုလိုချိန်မှာကမ္ဘာနိုင်ငံများနှင့်နေရာဒေသအသီးသီးမှာဖြစ်ပွားနေတဲ့ကမ္ဘာကပ်ရောဂါြဖစ်တဲ့ကိုးဗစ်19၊အတွက်ရှေ့တန်းကနေတိုက်ပွဲ၀င်နေကြတဲ့လူငယ်တွေရဲ့ကြိုးစားအားထုပ်မှုတွေ၊အနစ်နာခံတဲ့စိတ်ဓာတ်တွေ၊အများပြည်သူအတွက်၊မိမိရဲ့အသက်ကိုမငဲ့ကွက်ပဲလုပ်ဆောင်ပေးနေကြတဲ့၊လူငယ်မောင်မယ်တွေ၊ဆရာ၀န်တွေ၊ဆရာမတွေနဲ့တာ၀န်ရှိသက်ဆိုင်ရာအကြီးအကဲတွေအပြင်အဖွဲ့အစည်းအသီးသီးမှာလူငယ်မောင်မယ်စွမ်းအား
ရှင်တွေရဲ့ဆက်ကပ်ပေးဆပ်မှုတွေကိုကျွန်မတို့အားလုံးတွေ့မြင်နေတာအမှန်ပါပဲ။ပရဟိတလုပ်ငန်းတွေမှာအခုလိုထဲထဲ၀င်၀င်တာ၀န်သိသိနဲ့ပါ၀င်လာတာဟာပိုပြီးအားရစရာကောင်းလှပါတယ်။ဆက်လက်ပြီးတော့လည်းမိမိစွမ်းဆောင်နိုင်တဲ့ဘက်ကနေထမ်းဆောင်ကြဖို့တိုက်တွန်းအားပေးချင်ပါတယ်။လူငယ်တွေအနေနဲ့ခြေလှမ်းသွက်သွက်နဲ့မဆုတ်မနစ်တဲ့စိတ်ဓါတ်တွေနဲ့ရွက်လွှင့်နိုင်မယ်ဆိုရင်တော့မ
ကြာတော့နဲ့အချိန်မှာတိုင်းပြည်ဟာလူလားမြောက်လာပါတော့မယ်။ခုလိုအချိန်မှာပွင့်လင်းမှုရောင်ခြည်သန်းလာပြီဆိုတော့ဒီလိုပရဟိတလုပ်ငန်းတွေမှာလူငယ်တွေဦးဆောင်ပြီးလုပ်ဆောင်နေခြင်းကိုမကူညီချင်နေပါ၊မနှောက်ယှက်ပါနဲ့လိုဆိုရမှာဘဲဖြစ်ပါတယ်။လူငယ်တွေရဲ့အဖွဲ့အစည်းတောက်ပြောင်လာဖို့
အောင်မြင်လာဖို့အတွက်လူငယ်တွေအနေနဲ့လက်ကိုင်ထားသင့်တဲ့အချက်အလက်လေးတွေကိုအနည်း
ငယ်ပြောပြလိုပါတယ်။ဒီနည်းလမ်းအတိုင်းသွားမယ်ဆိုရင်အောင်မြင်တဲ့အသီးအပွင့်တွေရရှိလာမှာဖြစ်ပါတယ်။အချက်(၅)ချက်ရှိပါတယ်။ ဒီအချက်တွေဟာဘ၀မှာပိုမိုအောင်မြင်လာနိုင်ပါတယ်။ပထမဦးဆုံး(၁) အနေနဲ့ကတော့ ကိုယ်ကျင့်သီလပါပဲ-ကိုယ်ကျင့်သီလဆိုတာလူသားဖြစ်တည်မှုအတွက်အဓိကကျတဲ့လက်နက်တစ်ခုပါပဲ။အကျင့်သီလနဲ့
ပြည်စုံတဲ့သူဟာအလိုလိုရဲ့ရင့်တယ်၊တက်ကြွတယ်၊သတ္တိရှိကြတယ်။ဒါကြောင့်ကိုယ်ကျင့်တရားကောင်းဖို့လိုအပ်ပါလိမ့်တယ်။ဒီတော့လူငယ်တွေအနေနဲ့မိမိကိုယ်တိုင်လုပ်ဆောင်နေတဲ့လုပ်ငန်းအသီးသီးမှာ အောင်မြင်မှု၊ကျော်ကြားမှု၊အများရဲ့ယုံကြည့်အားထားမှု၊လေးစားမှု၊ချစ်ခင်မှုတွေနဲ့အမှန်တကယ်တိုး
တက်ချင်တယ်ဆိုရင်တော့ကိုယ်ကျင့်သီလနဲ့ပြည့်စုံဖို့လိုအပ်ပါတယ်။ဒါကြောင့်လူအဖွဲ့အစည်းကြီးတစ်ခုလုံးမှာလည်းဒီကိုယ်ကျင့်သီလဟာအရေးပါတဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
နံပါတ်(၂)အနေနဲ့ကတောနိုးကြားတက်ကြွမှုရှိခြင်းပါပဲ-ဒါဟာလည်းအောင်မြင်မှုအတွက်လိုက်နာရမဲ့ကျင့်စဥ်တစ်ခုဘဲဖြစ်ပါတယ်။ထိုင်နေလိုတော့ဘာမှာဖြစ်မလာဘူးဆိုတဲ့ဆိုရိုးစကားတစ်ခုလိုပေါ့။ကိုယ်ကျင့်တရားကောင်းရုံလောက်နဲ့လည်းမပြည့်စုံသေးပြန်ပါဘူး။မိမိရဲ့အဖွဲ့အစည်း၊မိမိရဲ့လုပ်ရပ်ထိပ်ကိုရောက်ချင်တယ်ဆိုရင်နိုကြားတက်ကြွမှုဆိုတာလည်းရှိနေဖို့လိုအပ်ပါတယ်။ဒီလိုတက်တက်ကြွကြွမခိုးမကပ်ပဲမိမိကိုယ်တိုင်ဦးဆောင်နိုင်မှာလည်းအောင်မြင်မှုသရဖူကိုဆောင်းနိုင်မှာဖြစ်ပါတယ်။လူငယ်ပီပီထုံထိုင်းမနေဘဲအမြဲစိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာလန်းလန်းဆန်းဆန်းနဲ့နိုးကြားထကြွနေဖို့လိုပါတယ်။ဒါမှသာမိမိလျှောက်ချင်တဲ့ပန်းတိုင်ကိုခဏအတွင်းမှာ
အောင်မြင်မှုတွေတထွေးကြီးနဲ့ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ချစ်သောလူငယ်များရှင်၊တွေးမနေ၊ငေးငိုင်မနေပဲမိမိတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုလန်းဆန်းတက်ကြွမှုတွေနဲ့ဆန္ဒပြင်းပြစွာလျှောက်လှမ်းဖိုလည်းလိုအပ်ပါလိမ့်မယ်။
နံပါတ်(၃)အနေနဲ့ -အကြားအမြင်ဗဟုသုတရှိခြင်း ပါပဲ-ဒါဟာလည်းအောင်မြင်မှုရလိုသူတို့အတွက်လိုအပ်ချက်တစ်ခုဘဲဖြစ်ပါတယ်။လိုက်နာ၊ကျင့်ကြံရမယ်အချက်တစ်ခုဖြစ်ပါတယ်။ယခုလိုတိုးတက်နေတဲ့အင်တာနက်ခေတ်ကြီးမှာလူတိုင်းဟာကိုယ်စီဘ၀ခရီးကိုလျှောက်လှမ်းနေကြပါတယ်။ဒီအထဲမှာသူတပါးရဲ့လှမ်းတဲ့ခြေလှမ်းတွေ၊နည်းလမ်းတွေ၊နမူနာတွေကိုလဲယူနိုင်ရမယ်၊အမှီလိုက်နိုင်ရမှာဖြစ်ပါတယ်။လေ့လာရမယ်၊ဗဟုသုတရှိအောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။အဓိကတော့အောင်မြင်သူတွေရဲ့နည်းလမ်းတွေ၊စံပြထိုက်သူတွေရဲ့အုပ်ချုပ်ပုံ၊စနစ်တကျရှိခြင်းတွေကိုလေ့လာရမှာဖြစ်လိုအဲဒါတွေဟာလောကမှာဗဟုသုတဟင်းလေအိုးကြီးပါ။ဒါအပြင်နေ့စဥ်ထုတ်သတင်းစာတွေ၊ဂျာနယ်တွေ၊မဂ္ဂဇင်းတွေ၊စာအုပ်မျိုးစုံ၊အသိပညာပေးစာပေတွေကိုဖတ်ရှုပြီးသတင်း
ထုတ်လွှင့်မှုတွေ၊ထုတ်ပြန်ချက်တွေကိုမပြတ်နားထောင်ရမှာဖြစ်ပါတယ်။
နောက်နံပါတ်(၄) အနေနဲ့ကတော့ -သဒ္ဒါရှိခြင်းဆိုတဲ့ကျင့်ဆောင်စရာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်ယုံ
ကြည်ချက်ပေါ့။သဒ္ဒါတရားရှိရှိမိမိယုံကြည်ရာကိုဇွဲရှိရှိပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ဘာပဲလုပ်လုပ်မိမိလုပ်ငန်းကိုယုံကြည်ရမှာဖြစ်ပါတယ်။ယုံကြည်ချက်မရှိပဲဖြစ်ချင်ရာအဖြစ်သဘောနဲ့သွားနေရင်တော့ဘယ်လောက်ဘဲကြိုးစားအားထုပ်ပါစေအောင်မြင်မှုဆိုတာခက်ခဲပါလိမ့်မယ်။ယုံကြည်မှုဆိုတာမိမိရဲ့လုပ်ငန်းအပေါ်မှာပတ်၀န်းကျင်အပေါ်မှာ၊လုပ်ဖော်ကိုင်ဖက်တွေ၊အပေါင်းအသင်းတွေ၊အပေါ်မှာတည်ဆောက်ရမှာဖြစ်ပါတယ်။မိမိကိုယ်တိုင်လည်းအများရဲ့ယုံကြည်မှုရအောင်တည်ဆောက်ရမှာဖြစ်ပါတယ်။
နောက်ဆုံးအချက်တစ်ခုအနေနဲ့ကတော့ နံပါတ်(၅) မကောင်းမှုပြုမှုခြင်းမှရှက်ခြင်း၊ကြောက်ရွံခြင်း
ဒါဟာအထူးကိုအရေးကြီးတဲ့အကျင့်တစ်ခုဖြစ်ပါတယ်။ငါးခုမြောက်အနေနဲ့ပြောြပလိုပါတယ်။မ
ကောင်းမှုတွေပြုလုပ်ဖို့ရန်အတွက်ရှက်တက်ကြောက်ရွံတက်မှသာလျှင်မကောင်းမှုတွေကိုမပြုလုပ်မိဘဲရှောင်ရှားနိုင်မှာဖြစ်ပါတယ်။မကောင်းမှုမှန်သမျှကိုမပြုလုပ်မိအောင်မိမိကိုယ်ကိုထိန်းသိမ်းနိုင်တဲ့လူဖြစ်အောင်ပြုမှုဖို့ရန်အရမ်းကိုဘဲအရေးကြီးလှပါတယ်။ပြောရမယ်ဆိုရင်မတရားသဖြင့်လိုချင်တက်
မက်မှုတွေ၊အနိုင်အထက်ပြုလုပ်လိုချင်၊အတင်းဓမ္မသိမ်းပိုက်လိုချင်တွေ၊အောက်လက်ငယ်သားတွေအပေါ်မှာငဲညှာမှုမရှိခြင်း၊ကြင်နာမှုမရှိတာတွေစသည့်တို့ကိုလုပ်ရမှာကိုရှက်ကြောက်နေရမှာဖြစ်ပါတယ်။ဒီလိုမကောင်းသည်အရာမှန်သမျှကိုရှောင်ရှားနိုင်မှာသာလျှင်မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ရှေ့ဆက်ရမဲ့ခရီး
ရှည်ကြီးကိုဖြောင့်မတ်မှန်ကန်စွာလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လူငယ်တွေအနေနဲ့ပန်းတိုင်ကိုရောက်ချင်ရင်၊တိုးတက်မှုတွေရချင်ရင်တော့အထက်ကပြောခဲ့တဲ့အချက်(၅)ချက်ကိုနှလုံးသွင်းပြီး
ကျယ်ကျယ်ပြန့်ပြန့်တွေးတောနိုင်ပြီးကြမှာယုံကြည်တဲ့လမ်းကြောင်းပေါ်ကိုတည့်တည့်မတ်မတ်
လျှောက်လှမ်းကြပါ။နောက်ပြီးမိမိတို့လုပ်ဆောင်နေတဲ့ပရဟိတ္တစတဲ့လူမှုရေးလုပ်ငန်းအသီးသီးနဲ့အတူအမိနိုင်ငံတော်ကြီးငြိမ်ချမ်းရေးရရှိဖို့ရန်နှင့်ဒီမိုကရေစီလမ်းစဥ်ကိုလျှောက်နိုင်ဖို့ရန်ရှေ့တန်းကနေတိုက်ပွဲ၀င်နေကြတဲ့ပုဂ္ဂိုလ်အယောက်စီတိုင်း၊တိုင်းပြည်နဲ့လူမျိုးအတွက်စွမ်းစွမ်းတမံဆောင်ရွက်နိုင်ပြီးတော့
အောင်မြင်မှုသရဖူများဆောင်နိုင်ကြပါစေကြောင်းတိုက်တွန်းအားပေးလိုက်ပါတယ်ရှင်။လူငယ်များအတွက်လဲသုံးသပ်စဥ်စား၊ခွန်အားရစရာ၊အထောက်အကူတစ်စုံတရာရရှိမယ့်လိုလည်းမျှော်လင့်မိလိုေ၀မျှလိုက်ခြင်းဖြစ်ပါတယ်။
လူငယ်များဘ၀တိုးတက်အောင်မြင်နိုင်ပြီအများအကျိုး၊နိုင်ငံနှင့်တိုင်းပြည်အကျိုးကိုသယ်ပိုးနိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မက စစ္စတာရ် မေရီဒိမ် ပါရှင်။

Add new comment

5 + 2 =