လူငယ်နှင်တာ၀န်သိတက်ခြင်း

အာလုံးပဲမင်္ဂလာပါ
အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက်နေကြဖြစ်တဲ့သိရီဂေဟာအစီအစဥ်ရောက်ရှိလို့လာပြန်ပါပြီ။ကျွန်မဒီတစ်ပတ်လူငယ်အစီအစဥ်လေးမှာတင်ဆက်ပေးမဲ့အ
ကြောင်းအရာလေးကတော့ “ လူငယ်နှင်တာ၀န်သိတက်ခြင်း “ ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
မိတ်ဆွေလူငယ်မောင်မယ်များတို့ တာ၀န်သိတက်မှုနဲ့ပက်သက်ပြီးကျောင်းနေတဲ့ကျောင်းသူအရွယ်တုန်းကဆရာသမားတွေ၊အကြီးအကဲတွေရဲ့ပြောဆိုဆုံးမပဲ့ပြင်လမ်းညွှန်မှုတွေကိုအမှတ်ရနေမိပါတယ်။အကြီးအကဲဆရာသမားတွေဟာကျွန်မ်တို့တဦးစီကိုအမြဲတမ်းလမ်းညွန်သွန်သင်ပြပေးပါတယ်။အကြီးအကဲတွေရဲ့လမ်းညွှန်မှုများကသားတို့သမီးတို့ကိုငယ်စဥ်ကတည်းကတာ၀န်သိတက်ကြဖို့၊အလိုက်သိတက်ဖို့၊သူ့တပါးအတွက်အသက်ရှင်နေပေးဖို့၊မျက်စိဖွင့်၊နားစွင့်ရမယ်ဆိုပြီဆုံးမစကားတွေကိုပြန်အမှတ်ရနေမိပါတယ်။ပြောဆိုဆုံးမသွန်သင်
ပေးကြတဲ့ဆရာသမားတွေ၊အကြီးအကဲတွေကိုလည်းကျေးဇူးတင်မဆုံဖြစ်မိပါတယ်။နေ့စဥ်အကြီးအကဲဆရာသမားတွေကိုမေတ္တာပို့ဆုတောင်းပေးလျှက်ရှိပါတယ်။ငယ်စဥ◌်ကတော့ကောင်းကောင်းမွန်မွန်သိပ်ပြီမသိလှပါဘူး။အလေးမထားမိဘူး၊ဂရုမစိုက်မိခဲ့ပေမဲ့အခုအချိန်လူငယ်အရွယ်ဘ၀မှာတော့တာ၀န်သိတက်မှုဆိုတဲ့အရာကြီးကတော့တကယ်ကိုအရးပါးအရာရောက်တဲ့စကားလုံးဖြစ်တယ်ဆိုတာသိလာရပါတယ်။တာ၀န်နဲ့ပက်သက်ပြီတကယ်ကိုအရေးကြီးတယ်ဆိုတာသိလာရပါတယ်။တာ၀န်သိတက်မှုဆိုတာလူငယ်ဘ၀တွေမပြောနဲ့လူကြီးတွေမှာတောင်ကျေပွန်ဖို့ရန်ခက်ခဲ့တဲ့အရာပါ။ငယ်စဥ်ကတည်းကစနစ်တကျပြုစုပျိုးထောင်သွန်သင်လမ်းပြမှုမရှိ၊ကြီးလာရင်လည်းကြီးလာတာနဲ့အမျှတာ၀န်သိတက်မှုရှိသူတစ်ဦးဖြစ်ဖို့ခက်ခဲ့မှာအမှန်ပါ။ဒါပြင်မဲ့တစ်ခုတော့ရှိတယ်ဘ၀ရဲ့အတွေ့အကြုံလုပ်ငန်းခွင့်တွေမှာစိန်
ခေါ်မှုဖြစ်တဲ့တာ၀န်သိတက်မှုတွေနဲ့ပက်သက်ပြီးတောင်းဆိုလာရင်တော့ကျွန်မတို့လူငယ်တွေလည်းသူသူဌါဌါတာ၀န်သိတက်လာအောင်ကြိုးစားနေရမယ်လို့ထင်ပါတယ်။ကြိုးစားရမဲ့အရာတစ်ခုဖြစ်လို့ပေါ့။တာ၀န်သိတက်ခြင်းဆိုတဲ့အရာတွေဟာဘယ်သူမှာသင်ကြားပေးတဲ့အရာမဟုတ်ပါဘူး။မိမိရဲ့ပတ်၀န်း
ကျင်ကသူတွေပြုမှုတဲ့အရာများကိုကျွန်မတို့သိတက်တယ်မြင်ရတယ်သင်ကြားသင်ယူလေ့လာခြင်း
အားဖြင့်လည်းဤအရာတွေဟာကျွန်မတို့ကိုသင်ခန်းစာတွေပညာတွေပေးနေတဲ့အရာတွေပါ။ဒါကြောင့်တာ၀န်သိတက်ခြင်းဆိုတဲ့အရာတွေဟာရင့်ကျက်မှုတစ်ခုပါပဲ။အလုပ်တွေအပါ်မှာတာ၀န်ယူတက်တဲ့စိတ်၊တာ၀န်သိတက်တဲ့စိတ်၊အနစ်နာခံတက်တဲ့စိတ်တွေဟာရင့်ကျ၊က်မှုတစ်ခုပါပဲ။တာ၀န်သိတက်ခြင်းဆိုတာအသက်အရွယ်နဲ့တော့မဆိုင်ဘူးလိုထင်ပါတယ်။ကျွန်မတွေ့ဘူးတဲ့လူငယ်မောင်မယ်ငယ်တွေဆိုရင်အလိုက်သိတက်ကြတယ်၊မိမိလုပ်ရမဲ့အလုပ်တာ၀န်တွေကိုအကောင်းဆုံးလုပ်ဆောင်ကြတာကိုတွေ့ရလို၀မ်းသားပိတိတွေဖြစ်မိပါတယ်။အတုယူမိပါတယ်။သူတို့လေးတွေတာ၀န်သိတက်ကြတာဒို့လူငယ်လူလတ်အရွယ်လေးတွေဘာကြောင့်မလုပ်နိုင်မှာလဲဆိုပြီးသူတို့ကိုကြည့်ပြီအားတွေရလာရပါတယ်။ဒါကြောင့်ကျွန်မအပါအ၀င်လူငယ်မောင်မယ်တို့လည်းမိမိလုပ်ဆောင်ရမဲ့အလုပ်တာ၀န်တွေမှာ စေတနာ၊မေတ္တ၊အနစ်နာ၊သစ္စာတရားတွေနဲ့လုပ်မယ့်ဆိုရင် အကျိုးကျေးဇူးနဲ့ကောင်းကြီးတော်များခံစားရမှာ ဖြစ်တဲ့အတွက် အကောင်းဆုံးလုပ်ဆောင်ကြပါလို့ လည်းအားပေးတိုက်တွန်းချင်ပါတယ်။တာ၀န်ယူတက်တဲ့လူငယ်တာ၀န်သိတက်တဲ့လူငယ်တွေဆိုရင်အထက်အကြီးကဲတွေကသဘောကျတယ်။ယုံကြည်တယ်၊စိတ်ချတယ်၊အားကိုးကြတယ်၊မိမိတို့လူငယ်အချင်းချင်းကလည်းလေးစားတာကိုတွေ့ရပါတယ်။အဲတာဘယ်လောက်မွန်မြတ်တဲ့စိတ်ထားတွေလည်းဆိုတာသိကြမှာပါ။တာ၀န်ယူတက်တဲ့လူငယ်တာ၀န်သိတက်တဲ့လူငယ်တွေမှာတကယ်ကိုတာ၀န်ကြီးပါတယ်။ဆရာကြီးအောင်သင်းရဲ့ရေးထားတဲ့စာသားလေးကိုေ၀ဌါပေးပါရစေ။လူတစ်ယောက်ဟာမိုးပျံ
အောင်တော်နေပါစေသူ့မှာတာန်ယူတက်တဲ့စိတ်မရှိရင်ဘယ်နေရာမှအသုံးမ၀င်ဘူးလို့ဆိုထားပါတယ်။အဲလိုပုဂ္ဂိုလ်တွေဟာဘယ်လောက်ပဲတော်နေပါစေ၊ချမ်းသာနေပါစေ၊ဘယ်လောက်ပဲရာထူးဂုဏ်ထူးရှိ
နေပါစေ၊တာ၀န်သိတက်သူ၊တာ၀န်ယူတက်သူမဟုတ်ရင်တော့သူတပါးရဲ့လေးစားကြည်ညိုမှုကိုရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့်လူငယ်မောင်မယ်တို့ကိုအားပေးခြင်းတာကစည်းကမ်းရှိတဲ့သူ၊မိမိကိုယ့်ကိုယုံကြည်မှုရှိတဲ့သူ ၊သူတပါးအားကိုးနိုင်တဲ့လူငယ်တစ်ဦးဖြစ်အောင်ကြိုးစားလေ့လာသင်ယူပါ။တာ၀န်တစ်ခုကိုကျေပွန်နိုင်ကြပါစေ။လူငယ်မောင်မယ်မျာလည်းတာ၀န်သိတက်သူ၊တာ၀န်ယူတက်သူတဲ့လူငယ်များ၊တိုင်းပြည်အကျိုး၊သာသနာအကျိုး၊တွေကိုသယ်ပိုးနိုင်သူများဖြစ်ကြပါစေ။လောကရဲ့အလင်း၊လောကရဲ့ဆားများဖြစ်ကြပါစေလိုဆုတောင်းပေးလိုက်ပါတယ်။ကပ်ဘေးဆိုးကြီးမှာလည်းကင်းေ၀ကြပါစေလိုဆုတောင်း
ပေးလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ စစ္စတာရ်မေရီဒိမ်ပါရှင်။

Add new comment

1 + 1 =