လူငယ်တိုင်း ကိုယ့်ရဲ့ရည်မှန်းချက် ပန်းတိုင်ရောက်ရှိဖို့ မိမိရဲ့ အနာဂတ်အိပ်မက်ကို ဘယ်လို တည်ဆောက်မလဲ

To Set Goals

            ဒီနေ့မှာ လူငယ်တိုင်း ကိုယ့်ရဲ့ရည်မှန်းချက် ပန်းတိုင်ရောက်ရှိဖို့ မိမိရဲ့ အနာဂတ်အိပ်မက်ကို ဘယ်လို အကောင်အထည်ဖော်တည်ဆောက်ပြီး ရယူအောင်မြင်နိုင်ဖို့ Sharing လေးပေးချင်ပါတယ်။

            ကျွန်တော်တို့မှာ အိပ်မက်ရှိတယ်လို့ ဒီနေ့လူငယ်တွေ ပြောနေကြတယ်။ ဟုတ်ပါတယ်။ အိပ်မက်ရဲ့အဆုံးမှာ ပန်းတိုင်ပဲပေါ့။

            လူတိုင်းမှာ ကိုယ်စီအိပ်မက်ဆိုတာရှိပါတယ်။ ကျောင်းသားဆိုရင်လည်း မိမိပညာရေးနဲ့ ဆိုင်တဲ့ အိပ်မက်။ Relationship ကိုတည်ဆောက်တော့မယ်သူဆိုလည်း သူ့အိပ်မက်နဲ့ သူ။ သက်လတ်ပိုင်းကျပြန်တော့ သူ့မိသားစု သူ့သားသမီးနောင်တချိန်အတွက် အိပ်မက်တွေ ကိုယ်စီရှိကြ တာချည်းပါပဲ။

            ဒီအိပ်မက်တွေရဲ့ ပန်းတိုင်ရောက်ဖို့ အဆန်းတကျယ်မဟုတ်ပါဘူး။ ရိုးရိုးလေးပါပဲ။ Long range ရေရှည်နဲ့ short range ရေတိုဆိုပြီး နှစ်မျိူးပဲ ရှိတာပါ။

            ရေတိုနဲ့ ပန်းတိုင်ကို ရောက်ဖို့က မနက်ဖြန်လား? နောက်တပတ်လား? နောက်တလလား? ဒီနှစ်အတွက်လား? အမြန်ဆုံးအနာဂတ်ဖြစ်တဲ့အတွက် မိမိကိုယ်မိမိ ခေါင်းဆောင်အဖြစ် မိမိက ဦးဆောင်သူအဖြစ် အချိန်က အင်မတန်နီးကပ်တဲ့အတွက် မိမိကိုယ်မိမိ ပိုအားစိုက် ပိုကြိုးစားပြီး စိတ်ချယုံကြည် လျှို့ဝှက်စွာနဲ့ တည်ဆောက်တဲ့သူဆိုရင် မမှားပါဘူး။ မိမိရဲ့ strong feeling တွေနဲ့ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်တာပါ။

            ရေရှည်ဆိုရင်တော့ နောက် (၅)နှစ်လား? (၁၀)နှစ်လား? စသဖြင့် မိမိရဲ့ အိပ်မက်က ဘာလဲ?

            အမေရိကန်သမ္မတ Ronal Regan တချိန်တုန်းက အခုလို ပြောဖူးပါတယ်။ သူက Republican ပါတီဝင်တယောက်ဆိုတော့ The Republic is a dream and we don’t keep dreaming. We  will lose. လို့ ပြောခဲ့ဖူးပါတယ်။ ရီပတ်ဘလစ်ကင် ဆိုတာ သူတို့အိပ်မက် အိပ်မက်ထဲမှာပဲ နစ်မြောနေရင် ရီပတ်ဗလစ်ကင် အသင်းက ရှုံးသွားမှာလို့ဆိုဖူးပါတယ်။ သမ္မတကျမ်းစာမှာလည်း ခုလို ရေးထားပါတယ်။ Without dreams and vision perish.  You’ve got to go something for inspire the heart and the soul. ကိုယ့်ဘဝအတွက် အိပ်မက်ရဲ့ မြင်နိုင်စွမ်းတွေမရှိရင် လူတွေက ပျက်စီးခြင်းကို ရောက်သွားနိုင်တယ်။ ကိုယ့်ရဲ့ နှလုံးသားနဲ့စိတ်ကို လှုံ့ဆော်နေရမယ်လို့ ဆိုထားပါတယ်။

            မိမိရဲ့ အိပ်မက်တွေနဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ဆိုရင် စနစ်တကျနဲ့ အကောင် အထည်ဖော်ရတော့မယ်။

            အရင်ဦးဆုံး လူသားတိုင်းရဲ့ဘဝမှာ ငွေရေးကြေးရေး economics စီးပွားရေးနဲ့ဆိုင်တဲ့ အပိုင်းက အရေးကြီးပါတယ်။ မိမိက ဝင်ငွေရဖို့ business လုပ်ပြီး အမြတ်များများရဖို့ ရှာမှာလား? အတန်းပညာတွေ အများကြီးသင်ယူပြီး ပညာတတ်ကြီးအဖြစ်နဲ့ ဝင်ငွေရှာမှာလား? Economics plays a major role in everybody’s life. လူတိုင်းရဲ့ဘဝမှာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေတဲ့ အတွက် ခရေစေ့တွင်းကျ plan ချပြီး လုပ်ရမယ်။ ဒီတပတ်အတွက်လား? နောင်ရေရှည် အတွက်လား? ကိုယ့်ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ပျော်ရွှင်မှုရဖို့ planned ချပြီး လုပ်ရတော့မှာပါ။

            နောက်တခုက ကျတော့ မိမိက ဘာတွေဖြစ်ချင်သလဲ။ ဘာတွေလုပ်မှ ရမှာလဲဆိုတဲ့ list အသေးစိတ်စာရင်းဇယား တခုလုပ်ထားဖို့လိုတယ်။ ဒီစာရင်းကို ပြန်ပြီးတော့ checked စစ်ဆေး မယ်။ ဒီ list ထဲမှာ ဘာတွေတော့လုပ်ပြီးသွားပြီ ဘယ်အရာကတော့ ကျန်သေးတယ်။ ဒါကို ဆက်ပြီး ကြိုးစားလုပ်ရအုံးမယ်။ မိမိကိုယ်မိမိ အကျင့်ဖြစ်အောင် ပြန်ကြည့်ပေးဖို့လိုပါတယ်။ List ထဲမှာ ပါတဲ့ အောင်မြင်သွားတဲ့ အချက်ရှိသလို မပြီးသေးတဲ့ အချက်ကို ဆက်ပြီး ကြိုးစားရန် စသဖြင့်ပေါ့ လူသားတိုင်းက ဆုံးရှုံးသွားတဲ့အတွက် ဝမ်းသာပျော်ရွှင်မှုတွေနဲ့ ဒွန်တွဲခံစားရတာပါ။

            ဒါကြောင့် မိမိရဲ့ goal က ဘယ်လိုအမျိုးအစားလဲ? ဘယ်လောက်ကြီးမားသလဲ? ဘယ်လိုသဘောမျိုးတွေလဲ? မိမိရဲ့ ဝတ်စားဆင်ယင်ပုံ၊ စကားအပြောအဆို လူအများနဲ့ ဘယ်လို ပုံစံမျိုးနဲ့ ဆက်ဆံသလဲ? ဒီလိုအပြုအမူတွေက ကိုယ့်ရဲ့ goal ကိုလာပြီး သက်ရောက်စေပါတယ်။ ကိုယ့် goal အတွက် ချင့်ချိန်တွေးဆတတ်ရမယ်။ အခြေခံကျတဲ့ အားကစား၊ အခြေခံကျတဲ့ စီးပွားရေး၊ အခြေခံကျတဲ့ ပညာရေးစသဖြင့် ခေါင်းစဉ်မျိုးစုံမှာ မိမိကိုယ်တိုင်ရဲ့ သဘောတူညီစွာနဲ့ ဆုံးဖြတ်တာတွေချည်းပါပဲ။

            ဒီလို ကိုယ့်ရဲ့ goal ကိုယ့်ရဲ့ အိပ်မက်ကို ကိုယ့်ရဲ့ကိုယ်ပိုင်ဒဿနတွေနဲ့ တည်ဆောက်ရင်း ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ကြပါစို့။ ဒါတွေအားလုံးက the major challenge in our lives ဆိုတာကို လူငယ်ဘဝတွေအတွက် sharing ပေးရင်း အထောက်အပံ့လေးတခုရမယ်လို့ မျှော်လင့်ရင်း နိဂုံးချုပ်ပါရစေ။

 

Add new comment

5 + 3 =