Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လူငယ့်အခန်းကဏ္ဍ
Youth’s role လူငယ့်အခန်းကဏ္ဍ
ဒီနေ့မှာ လူမှုကွန်ယက် အသင်းအဖွဲ့တွေမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အဖိုးတန်တဲ့ ဇာတ်ကောင်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။
လူငယ်တွေမှာ အင်မတန် အဖိုးတန်တဲ့ role ဇာတ်ကောင်တွေရှိပြီး၊ လူမှုပတ်ဝန်းကျင်ကိုလည်း ကောင်းတဲ့ဆီကို ရောက်အောင် စွမ်းဆောင်နိုင်တဲ့ အင်အားတွေ ရှိနေပါတယ်။
ဒါကြောင့် ကျွန်မတို့တတွေ သိသင့်တာက လူငယ်ဆိုတာ အင်မတန်မှ အရေးကြီးတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အသက်က ငယ်တယ်။ ခွန်အားတွေ အပြည့်ရှိတယ်။ ဆင်ခြင်တုန်တရားတွေရှိတဲ့အတွက် သူတို့ရဲ့ အဆုံးစွန်သော ယုံကြည်မှုတွေကို အကောင်အထည်ဖော်နိုင်စွမ်းတဲ့သူတွေ ဖြစ်တယ်ဆိုတာပါပဲ။
လူငယ်တွေမှာ အသက်အရွယ်ကြီးသွားတဲ့သူတွေ ချန်ခဲ့တဲ့ လုပ်ငန်းတွေ ဆက်ပြီး မလုပ်နိုင်တော့ တဲ့ အရာတွေကို သူတို့က ပြန်လည်အားဖြည့်ပြီး နေရာယူနိုင်ဖို့ ကြည့်လိုက်မယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးအတွေးအမြင်တွေ ရွေ့လျားမှုတွေကို ပြောင်းလဲစေနိုင်တဲ့သူတွေ-
လူငယ်တွေက စစ်တပ်တစ်စုရဲ့ အစိတ်အပိုင်းတစ်ခုလိုပဲ။ နိုင်ငံသားတို့ရဲ့ လွတ်လပ်မှုကို ကာကွယ် နိုင်တဲ့သူတွေ
ကိုယ့်တိုင်းပြည်ရဲ့ တိုးပွားကြီးထွားလာတဲ့ နိုင်ငံရေးတို့၊ စီးပွားရေးတို့က ဒီလူငယ်တွေပေါ် မှီခိုလာ တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေဆိုတာ လတ်ဆတ်တက်ကြွတဲ့ ခွန်အားတွေရှိတယ်။ ဒီခွန်အား တွေနဲ့ ပိုမိုကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းကို ထူထောင်နိုင်လို့ပဲ ဖြစ်ပါတယ်။
နောက်ပြီး လူငယ်တွေက ရုပ်ရှင်ဇာတ်ကားတစ်ခုရဲ့ အဓိက ဇာတ်ဆောင်လိုပဲ။ ဇာတ်ကားကို အသက်ဝင်အောင် ကောင်းအောင်လုပ်နိုင်သလို လူမှုအသိုင်းအဝန်းမှာလည်း ဇာတ်ဆောင်နေရာအမျိုးမျိုး ကို ယူလို့ရတယ်။ လုပ်ဆောင်လို့ရတယ်။ အသက်အရွယ်ကြီးလာလို့ အနားယူဖို့ လိုလာတဲ့သူတွေကို take care စောင့်ရှောက်ပေးရမယ့် အလိုအလျောက် လွှဲပြောင်းယူရမယ့်တာဝန်တွေရှိတယ်။
လူငယ်ရဲ့ ပါဝါဆိုတာ ကိုယ်ရည်မှန်းထားတဲ့အရာတွေ goal ကို အထမြောက်အောင် အဆက် မပြတ်
ု လုပ်ဆောင်နိုင်တဲ့ စွမ်းအားတွေရှိတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှု ပြဿနာတွေ ရာသီ ဥတုပြောင်းလဲမှုတွေကို ဒီလူငယ်တွေရဲ့ ပေါင်းစုအင်အားတွေ အသိဉာဏ်ပညာတွေနဲ့ ဒါတွေကို ပြောင်းလဲ နိုင်စွမ်း ပြုပြင်နိုင်စွမ်းရှိတဲ့သူတွေပါ။
အခုလို အသက်အရွယ်ကြီးလာတဲ့သူတွေက အခွင့်အာဏာလုပ်ပိုင်ခွင့်တွေ လွှဲပြောင်းပေးအပ်ခံရ တဲ့ လူငယ်တွေဟာ ကျေးဇူးသစ္စာတရား စောင့်သိတဲ့သူတွေ ဖြစ်ဖို့လိုသလို၊ မိမိတို့ ဖြတ်သန်းရတဲ့ အပ်နှင်း လွှဲပြောင်းခံရတဲ့ လုပ်ငန်းတွေမှာ ပိုပြီး ကောင်းသထက် ကောင်းအောင် လုပ်နိုင်ရတယ်။
ဥပမာ-လုပ်ငန်းရှင်တစ်ယောက်က သူ့အလုပ်သမားကို ပစ္စည်းကိရိယာငွေပေးပြီး သူ့လုပ်ငန်း project ကို ဦးဆောင်ခိုင်းရင် အောင်မြင်အောင် (ဝါ) ဦးဆောင်နိုင်တဲ့သူဖြစ်လာခဲ့ရင် ဒီလူငယ်တစ်ယောက် က ကိုယ့်ရဲက ဦးတည်ချက်နဲ့ အဆုံးအစမရှိတဲ့ အောင်မြင်မှုရလဒ်တွေကို တဆင့်ပြီးတဆင့် ရတော့မှာ ဖြစ် တယ်။ အင်မတန်မှ အဖိုးတန်တယ်လို့ဆိုရမှာပါ။
လူငယ်တွေဆိုတာ လူမှုပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာနေကြတဲ့သူတွေဆိုတော့ အခု ကျွန်မတို့ တိုင်းပြည်က ဆင်းရဲနွမ်းပါးတယ်ဆိုတာ သူတို့သိတယ်။
အဲဒီတော့ လူငယ်တို့က လူကြီးတွေရဲ့ လုပ်ပိုင်ခွင့်အာဏာလွှဲပြောင်းခြင်းခံရတဲ့အခါ ဆင်းရဲ နွမ်းပါးမှုကို လျှော့ချအောင်လုပ်နိုင်မယ်။ အခြေခံ လိုအပ်ချက်တွေကို အသုံးပြုပြီး ပြုပြင်ပြောင်းလဲအောင် လုပ်နိုင်မယ်။ လူငယ်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ကူညီပေးနိုင်မယ်။ ရေရှည်အတွက် ရင်းနှီး မြှုပ်နှံမှုတွေ လုပ်နိုင်မယ်။ ကျွန်မ တိုင်းသူပြည်သားတွေအတွက် စရိတ်သက်သာစွာနဲ့ အားပေးကူညီနိုင်လာ ပါလိမ့်မယ်။
အခြေအနေကောင်းတဲ့ လူငယ်တွေရဲ့ လုပ်ရည်ကိုင်ရည်တွေမှာ မှန်ကန်တဲ့ အတွေးအခေါ်ရှိရမယ်။ မိမိကု်ယ်မိမိ ထိန်းချုပ်တတ်ရမယ်။ မိမိကျွမ်းကျင်တဲ့ အရာတွေကို ဆုံးဖြတ်ချက် ကောင်းကောင်းချတတ် ရမယ်။ ကိုယ်ကျင့်တရားကောင်းမွန်ရမယ်။ လူငယ်အချင်းချင်းဆက်သွယ်မှုတွေလည်း ရှိရပါဦးမယ်။ ဒါမှသာ မိမိလုပ်ပိုင်ခွင့်ရလာတဲ့အခါမှာ မိမိရည်မှန်းထားတာတွေကို ရရှိလာတဲ့ အခွင့်အရေးအောက်မှာ မြင့်တဲ့အတွေးအခေါ်တွေ တီထွင်ဖန်တီးနိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေနဲ့ အောင်မြင်အောင် တီထွင် ဖန်တီး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဒီနေ့ လူငယ်တွေကို သူတို့လှုပ်ရှားမှုတွေကို သူတို့ဘာသာ ရွေးချယ်လုပ်ဆောင်ပါစေ။ သူတို့အရှိန် နဲ့ သူတို့ လုပ်ဆောင်ပါစေ၊ သူတို့ရရှိခဲ့တဲ့ နမူနာတွေနဲ့ သူတို့ဘာသာ ဦးဆောင်ပါစေ၊ လုပ်ပိုင်ခွင့်တွေကို လည်း ဖွင့်ပေးထားပါ။ ဒါဆိုရင် လူငယ်တွေကို လမ်းဖွင့်ပေးရာရောက်သလို ဒီနေ့ ကမ႓ာကြီးမှာလည်း ဒီလိုပုံစံမျိုးတွေနဲ့ လူငယ်တွေ ပိုပြီး active တက်ကြွ လုပ်ဆောင်လာနေတာဖြစ်ပါတယ်။
လူငယ်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့် အာဏာဆိုတာ ကလေးဘဝမှာကတည်းက မယုတ်မလွန်ဖွင့် ပေးထားရမှာ ဖြစ်တယ်။ စနစ်တကျ ဖြည်းဖြည်းချင်း သွားရမှာ ဖြစ်တယ်။ ဒါမှ သူတို့လျှောက်တဲ့ လမ်းမှာ အားပေးအားမြောက်ပြုလာခဲ့တဲ့အတွက် သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေရဲ့ အခြေအနေအရပ်ရပ်ကို မှတ်ကန်တဲ့ ဘက်ကနေ သူတို့ ယုံကြည်ရာကို ဆုံးဖြတ်တတ်လာမယ်။
ဒါကြောင့် လူငယ်တွေဆိုတာ အင်မတန်မှ အသုံးဝင်တဲ့ သူတွေဖြစ်တယ်။ မိမိရဲ့ ကိုယ်ရေး ကိုယ် တာကိုလည်း မိမိကိုယ်တိုင် ဖွံ့ဖြိုးအောင် တိုးတက်အောင် လုပ်ရမှာဖြစ်သလို လူသား/သူငယ်ချင်း အချင်းချင်း ပေါင်းသင်းဆက်ဆံမှုတွေမှာလည်း ကျွမ်းကျင်မှုရှိဖို့လိုပါတယ်။ ဒီလိုအရည်အသွေး အရည် အချင်းတွေရှိမှ မိမိတွေ့ကြုံရမဲ့ ပြဿနာတွေ ဖြေရှင်းနိုင်မှာဖြစ်တယ်။ မိမိကိုယ် မိမိလည်း ယုံကြည်မှုတွေရှိ လာမယ်။ မိမိရဲ့ ကိုယ်ရေကိုယ်သွေးတွေလည်း မြင့်လာမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ လူငယ်ဆိုတာ နိုင်ငံတည်ဆောက်မှုမှာ အင်မတန်မှ အရေးပါတဲ့ သူတွေဖြစ်တယ်။ မိမိရဲ့ လူမှုပတ်ဝန်းကျင်ကို ကောင်းအောင်လုပ်ရမှာ ဖြစ်သလို ကိုယ့်ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းနိုင် ရမယ်။ ကိုယ့်အမျိုးကို မြှင့်တင်နိုင်ရမယ်။ လူငယ်တွေမှာ တာဝန်တွေ အများကြီးရှိပါတယ်။ ဒါဆိုရင် တစ်နေ့ သော အချိန်မှာ ကျွန်မတို့ တိုင်းပြည်ရဲ့ a large number of crimes ရာဇဝတ်မှုတွေ လိင်အကြမ်းဖက်မှု တွေ လူအချင်းချင်း ရောင်းစားခံရမှုတွေကနေ ကင်းဝေးသွားပြီး လူငယ်တိုင်းဟာ အရေးကြီးတဲ့ ကဏ္ဍကနေ ကျွန်မတို့ တိုင်းပြည်ပြန်လည် တည်ဆောက်ရေးမှာ ဘက်စုံကနေ တိုးတက်အောင် စွမ်းဆောင်နိုင်တဲ့ သူများဖြစ်မှာပါ ဆိုတာ တင်ပြရင်း နိဂုံးချုပ််ပါတယ်။
တင်ဆက် - ဒေါ်ဂျူလီယာ ကြူကြူခင်
တည်းဖြတ် - ပေါလ်
Photo Credit - Google Image
Add new comment