လက်ထပ်ပြီးတဲ့ အိမ်ထောင်ရှင်တွေရော စုံတွေတွေပါ အချင်းချင်း ဆက်သွယ်မှုတွေက အရေးပါတဲ့အကြောင်း

Communicate

            ဒီနေ့မှာ လက်ထပ်ပြီးတဲ့ လက်ထပ်ပြီးတဲ့ အိမ်ထောင်ရှင်တွေရော relationship တစ်ခုကို ထူထောင်ထားတဲ့ စုံတွေတွေပါ အချင်းချင်း ဆက်သွယ်မှုတွေက မသိလိုက် မသိဖာသာပေမယ့် အင်မတန်မှ ကြီးကျယ်ပြီး အရေးပါတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။

            ဒီဆက်သွယ်မှုမှာ တစ်ဦးနဲ့တစ်ဦး အထင်အမြင်မှားယွင်းမှုက တစ်ခုတည်းသော အကြီး ကျယ်ဆုံးပြဿနာဆိုရင် မှားမယ်မထင်ပါဘူး။ အမှန်တရားဘက်ကနေ သွေဖယ်သွားနိုင်တဲ့ problem တစ်ခုပါပဲ။

            Communication is the key to human commotion လို့ ပညာရှိတွေကဆိုခဲ့ကြပါတယ်။

            ပရိသတ်ကြီးလည်း မြင်ဖူးတွေ့ဖူးမှာပါ။ ပျော်ရွှင်နေတဲ့အိမ်ထောင်၊ ပျော်ရွှင်နေကြတဲ့ သမီးရည်းစားတွေ ဘာကြောင့် ပျော်ရွှင်နေကြတာလဲ?  သိသာပါတယ်။ အချင်းချင်းထိရောက်တဲ့ ဆက်သွယ်မှုတွေရှိနေလို့ပဲ မဟုတ်လား။

            လင်မယားတွေ ချစ်သူတွေ စကားများရန်ဖြစ်ကြတယ်။ ဘာကြောင့်လဲ? အချင်းချင်း ဆက်သွယ်မှုတွေ ပြိုကွဲနေလို့မဟုတ်လား?

            ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်တဲ့ခါမှာ ရိုင်းပျတဲ့ နည်းတွေနဲ့ကတော့ အဆင်မပြေပါ ဘူး။

            အချင်းချင်းဆက်သွယ်စကားပြောကြတဲ့ခါ လက်တွဲဖော်က ပြောလာတဲ့စကားကို မိမိက အရင်ဖြေလိုက်တာမျိုးမဖြစ်စေပဲ သေသေချာချာ နားလည်အောင် နားထောင်ပေးပါ။ ဒါကလည်း duty of love to listen ပဲ မဟုတ်လား နားထောင်တာက ချစ်ခြင်းတရားရဲ့ တာဝန်ဆိုရင် မမှားပါ ဘူး။ နားထောင်ပေးတယ်ဆိုတာက မျက်နှာချင်းဆိုင်ပဲပြောတာဖြစ်ပါစေ ဖုန်းထဲမှာ ပြောတာလဲဖြစ် ပါစေ၊သေသေချာချာနားထောင်တဲ့သဘောက တဘက်ကပြောတဲ့အကြောင်းအရာကို သေသေချာချာ သိရတယ်။ တဘက်ပြောသူရဲ့ စိတ်ခံစားချက်ကို care လုပ်ပေးတဲ့ သဘော၊ သက်ရောက်စေပါတယ်။ များသောအားဖြင့်က သေသေချာချာ နားမထောင်ကြဖူး ပြောလာတဲ့ စကားကို အမြန်ပြန်ဖြေကြတာ ပဲရှိတယ်။ အဲ့ဒီလို နားထောင်ရင်း တစ်ဆက်တည်းဖြေတဲ့ သဘောက လိမ်ညာတဲ့ သဘော တဖက် က သိသွားနိုင်တယ်။ အမြန်ဖြေတာရယ်၊ သေသေချာချာနားမထောင်တာရယ် ကိုသိသွားစေတယ်။ ဥပမာ TV ကြည့်ရင်းစကားပြောတယ်။ ဟင်းချက်ရင်း ဖုန်းစကားပြောတယ်။ ဂရုပြုပြီး သတိထား နားထောင်တာက လူတစ်ယောက်ရဲ့ စည်းကမ်းပဲမဟုတ်လား။ လူသားနှစ်ယောက် ဆက်သွယ်မှုရှိ တယ်ဆိုတာ Feedback ရှိရမှာမဟုတ်လား။

            မိမိရဲ့ ပြောဆိုတဲ့ လေသံနဲ့ ကိုယ်နေဟန်ထားတို့ကလည်း လူနှစ်ယောက်ဆက်သွယ်မှုမှာ အရေးပါတဲ့ အပိုင်းကပါဝင်ပါတယ်။ မိမိက ကြမ်းတိမ်းတဲ့ ရုန့်ရင်းတဲ့စကားတွေသုံးမယ်။ မိမိက ကြမ်းတမ်းတဲ လေသံနဲ့ ပြောမယ်။ မိမိက ကြမ်းတမ်းတဲ့ လေသံနဲ့ပြောမယ်။ မိမိက ကြမ်းတမ်းတဲ့ လေသံနဲ့ပြောမယ်။ မိမိက ကြမ်းတမ်းတဲ့ ကိုယ်နေဟန်ထားနဲ့ ပြောနေမယ်ဆိုရင် ကိုယ့် Partner ကို စစ်ခင်းတဲ့သဘောသက်ရောက်စေပါတယ်။ မိမိက အဲ့ဒီလို ပြုမူတဲ့အတွက် ရန်ဖြစ်ဖို့ ဖိတ်ခေါ်တဲ့ သဘောသက်ရောက်စေပါတယ်။

            စကားအသုံးအနှုန်းက ၇%

            ပြောတဲ့လေသံက   ၈%

            ကိုယ်နေဟန်ထားက ၅၅% တွေနဲ့ ဆက်သွယ်မှုကို ပျက်ပြားစေတယ်လို့ ပညာရှင်တွေက ဆို ထားပါတယ်။

            I Love You လို့ ပြောလိုက်တဲ့ စကားစုမှာ လေသံ၊ မျက်နှာအနေအထား၊ ကိုယ်နေဟန်ထား တွေက ခိုက်ရန်ဖြစ်စေတဲ့ အရာ တစ်ချက်မှ မပါဘူး။

            သုံးတဲ့လေသံကြောင့် သားသမီးနဲ့ မိဘ သူငယ်ချင်းအချင်းချင်း ဘယ်တော့မှ လက်မခံပါဘူး။ ကြီးသူနဲ့ ငယ်သူ၊ လုပ်ငန်းရှင်နဲ့ လခစားဝန်ထမ်း ဘယ်တော့မှ လက်မခံပါဘူး။ Relationship ကို အရိုအသေ respect ပေးရမှာပါ။

            နောက်ပြီး မိမိလက်တွဲဖော်ကို မိမိနားကနေ ဘယ်တော့မှ ထွက်ခွာမသွားစေဖို့ စိတ်ခံစား ချက်တွေကို ပျက်ပြယ်မသွားစေဖို့ မိမိက ဆင်ခြင်ရမှာပါ။ လက်တွဲဖော်အချင်းချင်း disagree သဘောတူဘူးပြောလို့ရတယ်။ Dismiss ထွက်ခွာသွားစေဖို့ မပြောသင့်ပါဘူး။ စကားအခြေအတင် ဖြစ်နေရင် ယဉ်ကျေးစွာနဲ့ ပြောလို့ရပါတယ်။ စကားများရန်ဖြစ်တာကို မိမိက တဘက်သတ်နိုင် အောင် မပြောသင့်ပါဘူး။ မိမိပြောလိုက်တဲ့ စကားအသုံးအနှုန်း relationship ကို မူလရှိရင်း အခြေ အနေမှာရှိဖို့ ပြန်လည်သင့်မြတ်ဖို့အတွက်ပဲ ဖြစ်သင့်ပါတယ်။

            ရန်ဖြစ်ရင်လည်း အမြဲတမ်း အခြေအနေရဲ့ အလယ်ကနေပြီး စကားကို ပြောရမှာပါ။ ကိုယ်က ဒီ argument မှာနိုင်ရင်လည်း လက်ထပ်ထားတာပျက်သွားနိုင်တယ်။ ကိုယ်က ဒီ argument မှာ နိုင်ပေမယ့် Relationship ဆုံးရှုံးသွားနိုင်တယ်။ ကိုယ်က ကိုယ့် Boss နဲ့ argument မှာ နိုင်ပေမယ့်  အလုပ်လက်မဲ့ဖြစ်သွားနိုင်ပါတယ်။ တချို့ အိမ်ထောင်ရေးမှာဆိုရင် တစ်ယောက် စိတ်အားလျော့ ကျပြီး ဘဝတစ်သက်စာအတွက် ဆုံးရှုံးသွားနိုင်တာတွေ ရှိသွားနိုင်ပါတယ်။

            တချို့သော relationship တွေမှာ စုံတွဲတွေကွဲသွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလယ် မှာနေပြီး ရန်ဖြစ်လို့ရတယ် အလယ်မှာနေပြီး ဒီပြဿနာကို ကြည့်ပြီး ဖြေရှင်းနိုင်ပါတယ်။ ဒါကလည်း လူသားတွေ အတူတကွ နေကြတဲ့အခါ အလယ်ကနေတဲ့ စည်းကမ်းက မိမိအသိဉာဏ်ကို အသိပေးပါတယ်။ ဒါကို မသိကြလို့ပါ။

            ဒီနေ့ခေတ်မှာ ဖုန်းနဲ့ စိတ်ထိခိုက်လွယ်တဲ့ Message တွေ မပို့သင့်ပါဘူး။ မိမိအတွက် အင်မတန်အရေးကြီးလို့ စာတွေအများကြီးရေးပြီး ပို့လိုက်ပမယ့် တစ်ဖက်က Okey ပဲဆိုတော့။ မိမိ အနေနဲ့ ဒီလောက်ပဲ ဆိုပြီး စိတ်ကို ဒေါသထွက်မယ်။ တဘက်ကလည်း အရေးကြီးတာကို လစ်လှူရှု တဲ့သဘော သက်ရောက်နေတယ်။ ဒါကလည်း စစ်ပွဲတစ်ခုလိုပါပဲ Relationship ပျက်သွားနိုင်ပါ တယ်။ တစ်ယောက်နဲ့တစ်ယောက်တွေ့ပြီး ပြောတာက တစ်ယောက်ရဲ့ မျက်နှာအမူအယာ၊ ကိုယ် နေဟန်ထားအားလုံးမြင်ရတဲ့အတွက် relationship က broken up မဖြစ်တော့မှာ သေချာပါတယ်။

            Relationship မှာ အရာအားလုံးကို ဖြေရှင်းဖို့ မသင့်ပါဘူး။ ၆၉%သော ပြဿနာတွေက relationship မှာ မသင့်တော်ဘူး လက်ထပ်ထိမ်းမြားခြင်းမှာလည်း တချို့ issue တွေမှာ ဖြေရှင်းလို့ မရနိုင်တာတွေရှိပါတယ်။ မိမိ Partner နဲ့ ၁၀နှစ်၊ ၂၀နှစ်၊ ၃၀နှစ်၊ အတူနေကြပေမယ့် တချို့သော အရာတွေက ပြောင်းလဲလို့မရတဲ့အတွက် မိမိက လက်ခံရမှာဖြစ်ပါတယ်။  ခရစ်ယာန်သမ္မာကျမ်းစာ ရှင်ယာကုပ်သြဝါဒစာအခန်းကြီး (၁) အခန်းငယ် (၁၉)မှာ လူတိုင်းသည် ကြားနာခြင်းမှ လျင်မြန်ကြ ရမည်။ ပြောဆိုခြင်းနဲ့ အမျက်ထွက်ခြင်း၌ကား နှေးကွေးရမည်’ လို့ပါရှိပါတယ်။

            ဒါကြောင့် ဆက်သွယ်မှုရဲ့ အနှစ်သာရ မကောင်းခဲ့ရင် မိမိကို ချစ်ပြီးလက်ခဲ့မယ့် လက်တွဲ ဖော်ရဲ့ ရင်ထဲက လက်ခံမှာမဟုတ်သလို အိမ်နီးနားချင်းကောင်းတွေလည်း ရနိုင်မှာ မဟုတ်ပါဘူး မိမိ အနားမှာ ဘယ်သူမှ ရှိမှာမဟုတ်ပါဘူးဆိုတာထင်ပြရင်း နိဂုံးချုပ်ပါတယ်။

            I hope you well make you valentine better.  

Add new comment

7 + 4 =