လက်ထပ်ထိမ်းမြားခြင်း မတိုင်ခင် သီးသန့်နေရာမှာ နှစ်ဦးတည်း တွေ့ဆုံချိန်းဆို ချက်တွေမရှိရင် အိမ်ထောင်ရေးက ပိုခိုင်မြဲပြီး အောင်မြင်တယ်

No Dating

ဒီနေ့မှာ လက်ထပ်ထိမ်းမြားခြင်း မတိုင်ခင် သီးသန့်နေရာမှာ နှစ်ဦးတည်း တွေ့ဆုံချိန်းဆို ချက်တွေမရှိရင် အိမ်ထောင်ရေးက ပိုခိုင်မြဲပြီး အောင်မြင်တယ်ဆိုတဲ့ အကြောင်းကို တင်ပြမျှဝေပေး ချင်ပါတယ်။

            အမေရိကန်နိုင်ငံသား ဆောင်းပါးရှင်ရေးသားထားတာကို တဆင့်မျှဝေပေးတာပါ။

            ဒီနေ့ခေတ် ၉၀% သော စုံတွဲတွေကတော့ ခေတ်နဲ့ မဆီလျှော်လို့ ဘဝင်ကျမှာတော့ မဟုတ်ပါဘူး။ ကမ္ဘာကြီးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့လည်း ဒီလိုစုံတွဲတွေ ရှိပါသေးတယ်ဆိုတာ ကိုလည်း အသိပေးချင်တာပါ။

            အခုနားဆင်ဖြစ်တဲ့ သောတရှင်တွေလည်း သေချာပေါက် ဖြစ်နိုင်ပါ့မလားလို့တော့ ထင်ကြမှာပါ။

            ဒါပေမဲ့လို့ အဲ့ဒီလို ပြုမူဆင်ခြင်ကြတဲ့ စုံတွဲတွေဆို အိမ်ထောင်ရေးက ရာနှုန်းပြည့် ခိုင်မြဲတယ် လို့ဆိုပါတယ်။ ကမ္ဘာပေါ်မှာ အိမ်ထောင်ကွဲတဲ့နှုန်းက အိန္ဒိယနိုင်ငံမှာ တစ်ရာရာခိုင်နှုန်းနဲ့ အမေရိကန် နိုင်ငံမှာ ငါးဆယ်ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါသည်။

            ဆောင်းပါးရှင်ရဲ့ လေ့လာတွေ့ရှိချက်အရ အိန္ဒိနိုင်ငံမှာ No Dating  Till Marriage ဖြစ်တဲ့ အတွက် အိမ်ထောင်ရေးရဲ့ လုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စေတယ်။ တစ်ခါမှ  Dating မရှိပဲ အိမ်ထောင်တစ်ခုကို သက်ဆုံးတိုင် ကြီးကျယ်တဲ့ အိမ်ထောင်ရေးအဖြစ် တည်ဆောင်ပြီး ဘဝကို နိဂုံးချုပ်သွားတာကို ကမ္ဘာကနေ ချီးကျူးတဲ့အထိ ဖြစ်ရပါတယ်။

            One man one woman for life ဆိုတဲ့ ဖြစ်စဉ်က ဒီနေ့ခေတ်မှာ ပျောက်ဆုံး ပုန်းကွယ်နေတဲ့ ဒဿနတစ်ခုဖြစ်လို့ နေပါပြီ။

            အမေရိကန်နိုင်ငံသားတွေရဲ့ ယူဆချက်က အိမ်ထောင်တစ်ခုရဲ့ အသုံးစရိတ်ကို အမျိုးသားက ၅၀%၊ လက်တွဲဖော်က ၅၀% တာဝန်ရှိတယ်လို့ဆိုပါတယ်။

            အိန္ဒိယနိုင်ငံမှာ တော့ အိမ်ထောင်ရှင်ခင်ပွန်းက တစ်မိသားစုလုံးရဲ့ ဝင်ငွေ အပြည့်အဝ တာဝန်ယူတဲ့ ဓလေ့ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သူ့အိမ်ထောင်အတွက် ကောင်းဆောင် ကောင်းတစ်ယောက်လိုတာဝန်သိတယ်။ သူတည်ထောင်တဲ့ အိမ်ထောင်ရေးကို သူကိုယ်တိုင် အာမခံ လုံခြုံအောင် ကာကွယ်ပေးတဲံ သဘောကို ဆောင်စေတယ်။ သူကိုယ်တိုင် သူ့ဇနီးအပြင် လောကကြီးဆီခေါ်ဆောင်သွားတယ်။ မွန်မြတ်တဲ့ စကားအသုံးအနှုန်းတွေကို သုံးတယ်။ ဘုရားသွား ကျောင်းတက်ဖို့ သူကိုယ်တိုင် ဦးဆောင်ခေါ်သွားလေ့ရှိတယ်။ သူ့မိသားစုကို လိုအပ်တာအားလုံး တာဝန်ယူစီစဉ်ပေးတယ်။ သူ့ရဲ့ ကိုယ်စွမ်းကိုယ်စကို မိသားစုအပေါ် အကုန်ထုတ်သုံးတယ်။ အဲ့ဒီတော့ ဇနီးသည်ရဲ့ တုန့်ပြန်မှုကိုလည်း အပြည့်အဝရတယ်လို့ ဆိုထားပါတယ်။

            ဥပမာ- ဘောလုံးတစ်လုံးကို bounce ပုတ်လိုက်တဲ့အခါ ဘောလုံက မိမိဆီကိုပဲ ပြန်လာမှာ ဖြစ်သလို လှိုဏ်ခေါင်းတစ်ခုမှာ မိမိက အသံကျယ်ကျယ်အောင်လိုက်ရင် အဲ့ဒီအသံလှိုင်းက မိမိဆီကို  ပြန်ရောက်လာတဲ့ သဘောပါပဲ ခင်ပွန်းတစ်ယောက်က မိမိရဲ့ တာဝန်ကို ၅၀%ပဲ တာဝန်ယူရင် သေချာတာက အဲ့ဒီအိမ်ထောင်ရေါ်က ၅၀% လောက်ပျက်ဆီးသွားတယ်လို့ ဆိုထားပါတယ်။

            အိန္ဒိယနိုင်ငံရဲ့ တစ်မျိုးသားလုံးရဲ့ အယူအဆသဘောထားက အခုလိုပေါင်းဖက်ကြခြင်းဟာ မွန်မြတ်တယ်လို့ ယူဆကြတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)၊ တုန်းကလည်းပဲ၊ အဲ့ဒီလိုပဲ ယူဆခဲ့ ကြတယ်။ မြင့်မြတ်တယ်၊ အကုသိုလ်ကင်းတယ်၊ လက်တွဲဖော်အပေါ် သစ္စာတည်တယ်။ နှစ်ဦး နှစ်ဖက် ပေါင်းစည်းခြင်းကလည်း ပွင့်လင်းမြင်သာမှုရှိတယ်။ မျှတတဲ့ သက်သေ Dating ဆိုတာက သာမန်ကိစ္စလို့ပဲ သဘောထားကြတော့တယ်။ အဲ့ဒီတော့ အိမ်ထောင်ရေးမှာလည်း ယုံကြည်မှုရှိတဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုတာ မရှိနိုင်တော့ဘူး။ နောက်ဆုံးတော့ ပျက်စီးခြင်းကို ရောက်သွားဖို့ များသွားပါပြီ။

            အာရှတိုက်မှာ လက်ထပ်ထိမ်းမြားခြင်းက အောင်မြင်တယ်လို့ ဆိုပါတယ်။ အိမ်ထောင်ဦးစီး က ကောင်းရာကို ညွှန်ပြတဲ့ သူဖြစ်တယ်။ များသောအားဖြင့် အိန္ဒိယမိသားစုတွေဟာ Community values မိမိဆွေမျိုးအဖွဲ့အစည်းရဲ့ အနံဆိုးအလိုက် နေထိုင်ကြတယ်။ မိဘကတဆင့် သားသမီး မြေးမြစ်တွေထိ လက်ဆင့်ကမ်းသယ်ဆောင်သွားကြတာများတယ်။

            သမီးမိန်းကလေးဆိုရင် မိခင်က ထိန်းသိမ်းကြည့်ရှုတယ်။ သမီးချွေးမဆိုရင် ယောက္ခမက သွန်သင်ထိန်းသိမ်းတယ်။ ဒီအတိုင်းပဲ သားယောက်ျားဆိုရင် ဖခင်က တာဝန်ယူကြတော့ ဒီဆုံးမမှုအတိုင်း ပြုမူကျင့်ကြံကြတယ်။

            ဖခင်တစ်ယောက်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ပြုမူနေထိုင်တဲ့အတွက် သား သမီးကလည်း auto guide လမ်းကြောင်းမှန်ပေါ်ရောက်သွားတယ်။

            အမှန်တကယ်တော့ အိမ်ထောင်စုထူထောင်တော့မယ်ဆိုရင် နှစ်နှစ်လောက် အချိန်ယူပြီး တစ်ယောက်အကြောင်း တစ်ယောက်သိအောင် ဥပမာ - upset ဖြစ်နေရင် ဘယ်လိုဖြစ်နေမလဲ ပျော်ရွှင်တဲ့အချိန် ငွေရေးကြေးရေးအဆင်မပြေတဲ့ အချိန် (ဝါ)အဆင်ပြေနေတဲ့ အချိန်တွေမှာ ဘယ်လိုပြုမူတယ်ဆိုတာတွေကို စုံတွဲတွေက အမူအယာတွေကို ပြည့်ပြည့်စုံစုံသိဖို့ လိုတာပါ။

            အောက်ဆုံးစာပိုဒ်မှာ အခုလိုရေးသားထားပါတယ်။ Dating enough does not fix marriage ဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါတယ်။

 

Add new comment

3 + 1 =