လက်ထပ်တော့မဲ့ မိန်းကလေးအတွက် ကြိုတင်ပြင်ဆင်ခြင်း

ဒီနေ့မှာ အိမ်ထောင်ပြုမယ့် မိန်းကလေးတွေအတွက် ကျွန်မဖတ်ဖူးခဲ့တဲ့ စာတွေထဲကနေ မှတ်မိသလောက် ဒီအကြောင်းအရာလေးတွေကို တင်ပြပေးသွားချင်ပါတယ်။
မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုတော့မယ်ဆို ဒီနေ့ခေတ်အလိုက် ပြောရရင် သူ့မှာ ချစ်သူ/ရည်းစားတော့ရှိနေပြီပေါ့။ ကိုယ့်ကိုချစ်မယ့်သူ ကိုယ်ကလည်း ပြန်ပြီး ချစ်နိုင်တဲ့သူနဲ့ ချစ်သူ တွေဖြစ်သွားကြတာပေါ့နော်။
ချစ်သူတွေ မဖြစ်ခင်မှာတော့ လူ့ဘောင်အဖွဲ့အစည်းအရ ယောကျ်ားလေးက မိန်းကလေးကို ပိုးပန်းမယ်။ တဖြည်းဖြည်း မိန်းကလေးက လက်ခံလာရင် သမီးရည်းစားဖြစ်သွားကြမယ်။ နောက် တော့ dating ချိန်းတွေ့ကြမယ်။ နောက်ဆုံးမှသာ ချစ်သူနှစ်ဦး သဘောတူ လက်ထပ်လိုက်ကြ တာပါ။
ချစ်သူတွေဖြစ်သွားတဲ့အခါမှာ နှစ်ယောက်တည်း လျှောက်လည်ကြမယ်။ ချိန်းတွေ့ကြမယ်။ အဲဒီလို နှစ်ယောက်တူသွားလာတဲ့အခါမှာ တစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်စိတ်နေစိတ်ထား တစ်ယောက်ရဲ့အထာတွေ စားသောက်ကြိုက်နှစ်သက်ပုံ စတာတွေ တဖြည်းဖြည်း သိလာပါတယ်။ အချိန်ကာလတစ်ခုကိုတော့ ယူတာပေါ့နော်။ ခုတွေ့ ခုကြိုက် ခုညား ဆိုတာတွေကတော့ မဆိုလိုပါ ဘူး။ အဲဒီလို အတူသွားလာတဲ့အခါမှာ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ရည်းစားရဲ့ ကိုယ် ကြိုက်တဲ့ အပြုအမူတွေကို တွေ့ရသလို ကိုယ်မကြိုက်တဲ့ အပြုအမူတွေကလည်း တပြိုင်နက်တည်း တွေ့ရမှာ မလွဲပါဘူး။
Dating ဆိုတဲ့ ချိန်းဆိုတွေ့ဆုံမှုဟာ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားနိုင်တဲ့အဆင့်ထိ ရောက်နိုင်ဖို့ training ground တစ်ခုအဖြစ် တင်စားလေ့ရှိပါတယ်။ ဒါ့အပြင် နှစ်ဦးသား relationship ခိုင်မာတဲ့ အဆက်အသွယ်ကို တည်ဆောက်နိုင်ဖို့ ဘယ်လိုသက်ဆိုင်မှု ဆက်သွယ် တွေ့ရှိအောင် လုပ်ရမယ်။ ဘယ်လိုနှီးနွယ်အောင် လုပ်ရမယ်ဆိုတဲ့ လက်တွေ့ကွင်းဆင်းတဲ့ ဒီ training ground ကနေပဲ ရယူခဲ့ကြတာပါ။ ဒါကြောင့်မို့ dating ဆိုတာ အင်မတန်မှ တန်ဖိုးရှိတဲ့ အခြေခံ အရင်းအမြစ်ဆိုရင် မမှားပါဘူး။
Dating ကနေ မိန်းကလေးတစ်ယောက်အနေနဲ့ မိမိချစ်သူရဲ့ မိမိမကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေ တွေ့လာရပြီ။ ဒီမိန်းကလေးအနေနဲ့ ငါမကြိုက်နှစ်သက်တဲ့အကြောင်းအရာ တွေကို ပြောတော့ ပြောကြည့်ရမယ်။ မပြောင်းလဲဘူးဆိုရင်လည်း ငါနဲ့သူ လက်ထပ်ပြီးရင် ငါ့ကိုချစ် လို့ ပြောင်းလဲလာမှာပါလို့ တွေးတတ်ကြပါတယ်။
ကျွန်မ ဖတ်ဖူးတဲ့ ဆရာမဂျူးရေးတဲ့ စာအုပ်မှာတော့ ချစ်သူဘဝထဲက ဘီယာ၊ အရက် သောက်တဲ့သူက အိမ်ထောင်ကျပြီးလည်း မိသားစုရှေ့မှာ သောက်နေမှာပါ။
ချစ်သူဘဝထဲက မူးယစ်ဆေးသုံးစွဲလာတဲ့သူဟာ အိမ်ထောင်ကျပြီးလဲ ဆက်ပြီး မူးယစ်ဆေးကို သုံးတာပါပဲ။
ချစ်သူဘဝမှာ လောင်းကစားတပ်မက်တဲ့ ယောကျ်ားက အိမ်ထောင်ကျပြီးတဲ့ခါမှာလဲ မိသားစု စီးပွားရေးထိခိုက်တဲ့အထိ ပြုလုပ်နေအုံးမှာပဲ။
ချစ်သူဘဝမှာ ဆဲတတ်တဲ့ ယောကျ်ားလေးက အိမ်ထောင့်ကျတဲ့ခါမှာလည်း မိသားစုကို ဆဲပါ လိမ့်မယ်။
ချစ်သူဘဝမှာ ဖောက်ပြန်တတ်တဲ့ယောကျ်ားလေးက အိမ်ထောင်ကျတဲ့ခါမှာလည်း သိအောင် တမျိုး မသိအောင် တမျိုး ကျူးလွန်နေမှာပါပဲ။
မိန်းကလေးအနေနဲ့ ငါ့ကိုချစ်ရင် အိမ်ထောင်ကျပြီးရင်တော့ ပြုပြင်လာမှာပါလို့ မတွေးပါနဲ့။ ယောကျ်ားလေးက မင်းကိုရရင် ငါပြုပြင်ပါ့မယ်ဆိုလည်း ၁၀၀% ယုံလို့မရပါဘူး။
ဇနီးသည်ကို ချစ်လို့ ပြောင်းလဲမယ်ဆိုရင်လည်း ခဏပါပဲ။ တချိန်ချိန်မှာ ပင်ကိုယ်စရိုက်က ပြန်ပေါ်လာမှာပါလို့ ဆိုထားပါတယ်။
မိန်းကလေးတစ်ယောက်အနေနဲ့ ယောကျ်ားလေးတစ်ယောက်ကို ချစ်လို့ရပါတယ်။ အချစ် တွေပိုပြီး အပြစ်တွေမမြင်သူမဖြစ်ဖို့သာ လိုတာပါ။ ဘဝလက်တွဲဖော် ရွေးချယ်တာမှားခဲ့ရင် ဒူးနဲ့ မျက်ရည်သုတ်ရမှာက မိန်းကလေးတွေပါ။
ချစ်ခြင်းမေတ္တာဆိုတာ လက်ထပ်ဖို့အတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ မိန်းကလေးနဲ့ ယောကျ်ားလေးတကယ်ချစ်မှသာ ဘဝတသက်စာအတွက် အတူလက်တွဲသွားလို့ ရမှာပါ။
အိမ်ထောင်တစ်ခု တည်ဆောက်တယ်ဆိုတာ လွယ်မယာင်နဲ့ ခက်ပါတယ်။ မိမိရွေးချယ်တဲ့ သူကို အချစ်ကို ဦးစားမပေးဘဲ မှန်ကန်တဲ့ အသိဉာဏ်နဲ့ အချစ်ကို ဆုံးဖြတ်တတ်မှသာ ရည်ရှည် အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခု ရရှိလာမှာပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါရစေ။

Add new comment

4 + 9 =