လက်ထပ်ခြင်းနဲ့ အိမ်ထောင်သည်ဘဝ

Marriage and married life
ဒီနေ့မှာ လက်ထပ်ခြင်းနဲ့ အိမ်ထောင်သည်ဘဝအကြောင်းလေးတွေ မျှဝေပေးသွားမှာ ဖြစ်ပါ တယ်။
အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်ကြတယ်။ လက်ထပ်ပြီးသွားတာနဲ့ တပြိုင်နက် အိမ်ထောင်သည်ဘဝကို ရောက်သွားကြပြီ။ နှစ်ဦးတည်ထောင်ကြတဲ့ဘဝဆိုတာ ဘုရားပေးတဲ့ဘဝ ကို ရရှိတယ်ဆိုတာ များသောအားဖြင့် သတိမထားမိကြဘူး။ အမှုမဲ့ အမှတ်မဲ့ဖြစ်နေတတ်ကြတယ်။
ဥပမာ- တချို့ယောကျ်ားလေးတွေ ချစ်သူနဲ့ အိမ်ထောင်ပြုချင်ပြီး၊ ဒါပေမယ့် ချစ်သူက အချိန်ဆွဲနေတယ်။ တချို့ကျတော့ ငါက အိမ်ထောင်ပြုဖို့ အချိန်တန်ပြီး ဒါပေမယ့် ချစ်သူ မရှိဘူး။ သူ့ကို ရွေးချယ်မဲ့သူမရှိဘူး။
ဒါကြောင့် လက်ထပ်လိုက်တယ်ဆိုတာ အိမ်ထောင်သည်ဘဝကို မိမိရည်မှန်းတဲ့ ပန်းတိုင် အောင်အောင်မြင်မြင် ရောက်ရှိဖို့ ခင်ပွန်းကော ဇနီးပါ ရစ်ပတ်နွယ်ဆက်ပြီး အတော်အသင့် နားလည်မှုတွေနဲ့ နှစ်ယောက်စလုံး ဦးဆောင်မှ ကောင်းမွန်တဲ့ အိမ်ထောင်ရေးကို ရရှိမှာပါ။ ဒါ့ပြင် အောင်မြင်တဲ့ relationship ကို ထိန်းသိမ်းနိုင်ဖို့ ချစ်ခြင်းမေတ္တာတွေနဲ့ သည်းခံခွင့်လွှတ်တာတွေက တော့ အဓိက လိုအပ်တာပါ။ ဒီအဓိကအချက်ကို နှစ်ဦးစလုံး မရှိခဲ့ရင်လည်း တစ်ဦးကတော့ သေချာ ပေါက်ရှိမှ နို့မို့ဆိုရင် ကံဆိုးမိုးမှောင်ကျသွားနိုင်ပါတယ်။
တချို့အိမ်ထောင်သည်ဘဝ ရောက်ပြီးခါမှ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လို့ သံသယဖြစ် စကားများ ရန်ဖြစ် ပြဿနာတွေ ဖြစ်ကြတာ။ ဆူပူမှုတွေ ဖြစ်ကြတာ။ ဒါတွေက အဓိပ္ပာယ်မရှိပါဘူး။ အခုလို သံသယဖြစ်မှုတွေနဲ့ စကားများကြတဲ့ အကြောင်းရင်းကိုတော့ ဘယ်တော့မှ ရှာမကြည့်ကြလို့ ပဲ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး တစ်ဦးရဲ့ ခံစားချက်ကို တစ်ဦးက နားလည်ပေးနိုင်မယ် ဆိုရင် တစ်ဦးရဲ့ အားနည်းချက်နဲ့ အပြစ်တို့ကို forgive and forget ဆိုရင် အိမ်ထောင်သည်ဘဝကို ပြည့်စုံစွာနဲ့ နေသွားနိုင်မှာပါ။
အိမ်ထောင်သည်ဘဝဆိုတာ စုံတွဲတတွဲကို စိတ်ရှည်ဖို့ နှိမ့်ချတဲ့ စိတ်နေသဘောထားရှိဖို့ ကိုယ်ချင်းစာတရားရှိဖို့ သင်ပေးတဲ့ လယ်ကွင်းပြင်ကြီးမှာ ရှိတဲ့ ကျောင်းတကျောင်းလိုပါပဲ။ ချစ်ခြင်းနဲ့ နားလည်မှုတွေ နှစ်ဦးနှစ်ဖက် ပေါင်းစပ်ပြီး လိင်နဲ့ဆိုင်တဲ့ အပြန်အလှန် ပတ်သက်မှုတွေ နဲ့ ပြီးပြည့်စုံမှသာ အိမ်ထောင်ရေးက balance မျှခြေရှိပြီး၊ fine and peaceful အိမ်ထောင်ရေးကို ရရှိမှာပါ။
အိမ်ထောင်သက်နှစ်တွေကြာလာလေလေ သဘောထားကွဲလွဲမှုတွေ ပဋိပက္ခဖြစ်မှုတွေများ လာပြီး၊ အချစ်စစ်ဆိုတာ မရှိသလောက် ဖြစ်သွားတယ်လို့ ပြောတာတွေ ကြားဖူးပါတယ်။
ဒီလိုဖြစ်ရတာ နားလည်မှုတွေ တဖြည်းဖြည်း လျော့လာသလို တစ်ဦးနဲ့ တစ်ဦးလည်း နားလည်ဖို့ မကြိုးစားတော့လို့ ထင်ပါတယ်။ စစ်မှန်တဲ့ ရင်းနှီးဆက်နွယ်မှုရဖို့က လူသားတွေရဲ့ ဘဝမှာ အခြေခံအချက်က တစ်ဦးနဲ့တစ်ဦး နားလည်ဖို့ မုချလိုအပ်တဲ့အချက်ပါ။ အမျိုးသားသဘာဝ တွေးခေါ်မြော်မြင်ဆင်ခြင်တတ်တဲ့သဘောနဲ့ အမျိုးသမီးသဘာဝ စိတ်ခံစားချက်ကို မလျော့ဘဲ ဆုပ်ကိုင်ထားတတ်တဲ့အကျင့်ရှိတော့ မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ အပြိုင်ပဲ သွားနေတော့တာ မဆုံဖြစ် တော့သလို၊ မဆွေးနွေးတော့ဘူး။ ဒီတော့ နှစ်ဦးစလုံးမှာ အချစ်မေတ္တာဆိုတာ ရှာမတွေ့နိုင်တော့ဘူး ပေါ့။ ဒီတော့ နှစ်ဦးစလုံး မတူကွဲပြားတဲ့ သဘာဝကို နားလည်သဘောပေါက်ပြီး မိမိတို့စိတ်ကို control လုပ်ပြီး တစ်ဦးကိုတစ်ဦး ကြိုးစားပြီး လက်ခံပေးနိုင်ရင် အကောင်းဆုံးပါပဲ။
အိမ်ထောင်သက်ရင့်လာလေလေ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ အပြည့်ရှိတဲ့ relationship က ရှိတော့ ရှိပေမယ့် အင်မတန်ရှားသွားပါတယ်။ ကိုယ့်လက်တွဲဖော်က ပြောလာတဲ့ ပြဿနာကို ကိုယ်နဲ့ သက်ဆိုင်တဲ့သူ ကိုယ့်မှာ တာဝန်မကင်းဘူးဆိုတဲ့ ရင်ထဲကလာတဲ့စိတ်နဲ့ love and concern ပေါ့နော်။ နားထောင်ပေးရမှာပါ။ အဲဒါဆိုရင် လက်တွဲဖော်ကလည်း ငါ့ရဲ့ပြဿနာကို တကယ် စိတ်ဝင် စားပြီး နားထောင်ပေးပါလားဆိုပြီး သူက care and concern ပဲဆိုပြီး ရင်ထဲမှာ ခံစားလာရမှာပါ။ တစ်ဦးရဲ့ ခံစားချက်ကို respect and admiration ဖြစ်နေရမှာပေါ့နော်။
ကျွန်မ ဖတ်ဖူးတဲ့ စာအုပ်မှာ ဇနီးသည်က ဘုရားတရား ရိုသေကိုင်းရှိုင်းပြီးတော့ စိတ်ရှည် သည်းခံတတ်တယ်။ ချစ်ခြင်းတရားရှိတယ်။ ခွင့်လွှတ် နိုင်တဲ့ အရည်အချင်းတွေရှိရင် သူ့လက်တွဲ ဖော်က ကြမ်းတမ်းအချိုးမပြေနေပေမယ့် ပြောင်းလဲအောင်လုပ်နိုင်တယ်လို့ ဆိုထားပါတယ်။
ဒါကြောင့်မို့ ခင်ပွန်းနဲ့ ဇနီးတို့ကြားမှာ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်နွယ်မှုကို အပြန်အလှန် လေးစားမှုတွေ ချစ်ခြင်းတရားတွေနဲ့ ကိုင်တွယ်ဖြေရှင်းရင် ခရီးပေါက်ပါတယ်။ အဲဒီအချက်တွေက pillar of happy marriage ပဲမဟုတ်ပါလား။ မိမိအိမ်ထောင်သာယာဖို့အတွက် မိမိရဲ့ ကိုယ်ပိုင်ာဏ်စွမ်းနဲ့လည်း ကြိုးစားတည်ထောင်နိုင်ပါတယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါရစေ။

Add new comment

5 + 2 =