ရိုသေမှုမရှိတဲ့ ဆယ်ကျော်သက်ရွယ် သားငယ်သမီးငယ်တို့ကို မိဘ တွေက ဘယ်လိုပြုမူပြီး ထိန်းကျောင်းမလဲ

Deal
ဒီနေ့မှာ ရိုသေမှုမရှိတဲ့ ဆယ်ကျော်သက်ရွယ် သားငယ်သမီးငယ်တို့ကို အုပ်ထိန်းသူမိဘ တွေက ဘယ်လိုပြုမူပြီး ထိန်းကျောင်းမလဲဆိုတဲ့အကြောင်း Sharing ပေးသွားချင်ပါတယ်။

ကျွန်မတို့ ပတ်ဝန်းကျင်မှာ မိဘက စိတ်တိုင်းမကျလို့ ဆယ်ကျော်သက်သားသမီးကို ဆူပူနေတာ သားသမီးကလည်း ပြန်ပြီး ပြောနေတာတွေ ကြားနေရပါတယ်။ တခါတလေမှာ မိဘဘက်က မှန်နေသလို သားသမီးဘက်ကြည့်ရင်လည်း မှန်နေတာတွေ ဘေးကနေ မြင်နေ ကြား နေရပါတယ်။ ဒါပေမယ့် သေသေချာချာ နားထောင်ကြည့်ရင် နှစ်ဖက်စလုံးမှာ တစ်ခုခုတော့ လိုနေ တာကို မြင်နေရပါတယ်။

ဒီဆယ်ကျော်သက်သားသမီးက မိဘကို စိတ်ဆိုးပြီး လစ်လျူရှုတာရပ်အောင် ရိုင်းတဲ့ အပြု အမူတွေ ရပ်အောင် မိဘပြောတဲ့စကားကို နားထောင်လာအောင် အဲဒီလို ဘဝအမြင်တွေ ရပ်တန်းက ရပ်အောင် မိဘက ဘယ်လိုပြုမူပြီး ရင်ဆိုင်မှာလဲ?ရိုသေမှုမရှိတဲ့ ဒီဆယ်ကျော်သက်ကြောင့် မိဘက
စိတ်အနှောင့်အယှက်ဖြစ်တာ အမှန်ပဲ။ ပြောလည်း အချည်းနှီးပဲ။ ဒီတော့ မိဘက ဘာဖြစ်လို့
မိဘပြောတာ နားမထောင်တာလဲ စဉ်းစားရတော့မယ်။ ဒီအတိုင်း ဆက်သွားနေလို့ မဖြစ် တော့ ဘူး။ မိဘအနေနဲ့ သိဖို့ လိုလာပါပြီ။မိဘအုပ်ထိန်းသူအနေနဲ့ ဆယ်ကျော်သက် သားသမီးရဲ့ ဦးနှောက်ဖွံ့ဖြိုး
မှုကို သိထားရတော့ မယ်။

ကျွန်မ ဖတ်ဖူးတဲ့ ဒေါက်တာ ဒယ်နီယယ်စီဂဲလ်နဲ့ ဒေါက်တာ တီနာဘရိုင်ဆင် (Dr Daniel Siegel & Dr Tina Bryson) တို့က အခုလို ရှင်းပြထားပါတယ်။ ဦးနှောက်မှာ အရေးကြီးတဲ့ အပိုင်း နှစ်ပိုင်းရှိပါတယ်။
၁။ အပေါ်ထပ်ဦးနှောက်နဲ့
၂။ အောက်ထပ်ဦးနှောက်ဆိုပြီး တည်ဆောက်ထားပါတယ်။
အောက်ထပ်ဦးနှောက်က စိတ်ခံစားချက်တွေနဲ့ ပတ်သက်တဲ့အပိုင်းဖြစ်ပြီး ဥပမာ ဒေါသဖြစ် တာ၊ ကြောက်ရွံ့တာ၊ စိတ်သောကဖြစ်တာတို့နဲ့ ထိုးထွင်းသိမြင်တတ်တဲ့ ပင်ကိုယ်စိတ်တွေနဲ့ တုန့် ပြန်တယ်။ ပြန်ကြားပေးတယ်။ ဒါတွေကို လုပ်ကိုင်ပေးပါတယ်။ အပေါ်ထပ် ဦးနှောက်က ဦးနှောက်ရဲ့ အပေါ်ယံမှာ ရှိပြီး ဒီအပေါ်ထပ် ဦးနှောက်က တွေးခေါ်မြော်မြင်နိုင်တာတွေကို ပိုတွေးပြီး ပိုလုပ်နိုင် တယ်။ plan စီမံချက်ချပြီး လုပ်ဆောင်တာတို့ ပြဿနာဖြစ်ရင် solve problem ဖြေရှင်းတာတို့ စိတ်ခံစားချက်ကို ထိန်းညှိတဲ့ အလုပ် လှုံ့ဆော်တာတို့၊ ထိန်းချုပ်တာ ရေရှည်အလုပ်တွေကို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အလုပ်ကို လုပ်ပါတယ်ဆယ်ကျော်သက်အရွယ်မှာ အပေါထပ်ဦး
နှောက်က မဖွံ့ဖြိုးသေးဘူး။ အောက်ထပ်ဦးနှောက် ပဲ ဖွံ့ဖြိုးသေးတယ်။

အပေါ်ထပ်ဦးနှောက်က အသက် ၂၅ နှစ်လောက်မှ အပြည့်အဝ ဖွံ့ဖြိုးလာတယ်။
ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ အပေါ်ထပ်ဦးနှောက်က အသေအချာ အလုပ်မလုပ် သေးတော့ စိတ်ရဲ့ တိုက်တွန်းစေ့ဆော်မှုတွေနဲ့ ယာယီစိတ်သဘောထားတွေ ဖြစ်စေပါတယ်။ အမှန် တရားဘက်နဲ့လည်း သိပ်မဝေးဘူး။ဒီလိုတွေကြောင့် ဆယ်ကျော်သက်တွေက ဘာကြောင့် လူကြီးမိဘကို
မရိုသေတာလဲဆိုတာ သိသာစေပါတယ်။
ဇီဝနည်းပညာအရ သူတို့ရဲ့ အပြုအမူတွေကို စိန်ခေါ်နေသလို ထင်နေရပါတယ်။
အုပ်ထိန်းသူမိဘနဲ့ ဆယ်ကျော်သက် သားသမီး ပြဿနာဖြစ်ရင် သူတို့ရဲ့ အပေါ်ထပ် ဦးနှောက် ပြန်ထိန်းချုပ်လာတဲ့အထိ ၁ နာရီ ၂ နာရီ ပြန်တည်ငြိမ်သွားတော့မှ သူတို့ရဲ့ စိတ်ခံစားမှု ပုံမှန်ဖြစ်လာတော့မှ သူတို့ပြန်တုန့်ပြန်မယ့် အပြုအမူကလည်း ပုံမှန်ပြန်ဖြစ်လာမှာပါ။ ဒါကို မိဘ အနေနဲ့ လေးလေးနက်နက် ဂရုပြုပြီး ပြန် connect ဆက်နွယ်ဖို့ မလိုဘူးလား။
နောက်ပြီး မိဘရဲ့ အပြုအမူတွေက သားသမီးတွေရဲ့ model အဖြစ် မြင်နေဖို့ လိုပါတယ်။ မိမိရဲ့ ဆယ်ကျော်သက် သားသမီးဆီက ရိုသေဆက်ဆံတာကို ရချင်ရင် ကိုယ့်သားသမီးကိုလည်း ရိုသေတဲ့ ဆက်ဆံမှုမျိုးတွေနဲ့ ဆက်ဆံပေးရမှာပါ။
ငါက မိဘဖြစ်ပြီး သားသမီးကို ရိုသေတဲ့ ဆက်ဆံမှုနဲ့ ဆက်ဆံရမှာလဲလို့ တချို့မိဘတွေက ထင်ကြာမှာပဲ။
ဒီနေ့ ဆယ်ကျော်သက်တွေကို ပြန်ကြည့်လိုက်ရင် သူတို့ဖတ်တဲ့ စာပေတွေ social media တွေ internet ကြည့်တာတွေ စုံလို့။ လူငယ်တွေကို လွှမ်းမိုးထားတာ။ ဒီဆယ်ကျော်သက်လေးတွေကို မိဘတွေက ငယ်သေးတယ်၊ ဘာမှ အသိမကြွယ်သေးဘူးလို့ထင်ပြီး စိုးရိမ်တဲ့ အတွက် အရွယ်ရောက် ပြီး သူတွေထက် ပိုပြီး ပြောဆို ဆုံးမကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိဘကနေ အခြေခံယဉ်ကျေး ပျူငှာစွာ လုပ်ဆောင်ပြပြီး အရိုအသေပေးတဲ့သဘောကို ဆောင်စေပါတယ်။
မိဘအနေနဲ့ စိတ်ဆိုးတဲ့အတွက် ‘‘မင်း’’ဆိုတဲ့ စကားလုံး မသုံးမိစေဖို့ စော်ကားမော်ကား ပြောတာ၊ မခံချိမခံသာအောင်ပြောတာ အရှက်တကွဲဖြစ်အောင် ပြောတာတွေ မပြုလုပ်မိစေဖို့ လိုပါ တယ်။ ဥပမာ-မိမိက တိုက်ပွဲတစ်ပွဲကို နိုင်ချင်ရင် တည်တည်ငြိမ်ငြိမ်နဲ့ စံပြအနေနဲ့ သားသမီးထက် ပိုကောင်းတဲ့ အပြုအမူကို လုပ်ဆောင်ပြလိုက်ပါ။ lecture ရိုက်တာလျှော့ပြီး၊ ဆယ်ကျော်သက် သား သမီးရဲ့ ပြောတာကို ပိုပြီး နားထောင်ပေးလိုက်ပါလို့ ပြောချင်ပါတယ်။
ကိုယ့်ရဲ့ ဆယ်ကျော်သက် သားသမီးလေးတွေကို စိတ်ဓာတ်ခွန်အား powef တွေ ပေးလိုက်ပါ။ ဥပမာ- ကျောင်းမှာက schedule အတိုင်း လိုက်နာရတယ်။ စည်းကမ်းချက်တွေ တသွေမတိမ်း လိုက်နာရတယ်။ ကျောင်းကို အချိန်မီ အရောက်သွားရတယ်။ သင်ခန်းစာတွေကို ကျက်မှတ်ရတယ်။ အိမ်စာတွေ လုပ်ရတယ်။ အိမ်ပြန်ရောက်တော့ အိမ်ရဲ့ စည်းကမ်းကို လိုက်နာရတယ်။ ဥပမာ- အိပ်ယာ ဝင်ချိန်သတ်မှတ်ထားတယ်။ ဖုန်းကိုင်နေတာ ရပ်လိုက်တော့။ TV ကို အဲဒီလောက်မကြည့်နဲ့ ကျောင်း ကပေးလိုက်တဲ့ အိမ်စာတွေကို လုပ်အုံး။ အဲဒီလိုတွေဆိုတော့ ဒီဆယ်ကျော်သက်က ကျောင်းမှာကော အိမ်မှာကော စည်းကမ်းတွေနဲ့ ဘောင်တွေ ခက်ခဲရတော့ သူလုပ်ချင်တာတွေ ဘာတစ်ခုမှ လုပ်လို့ မရ တော့ဘူး။ ဘာမှလည်း ပြန်ပြောလို့မရတော့ သူ့မှာ ဘာပါဝါမှ မရှိတော့ဘူး။ အဲဒီတော့ ခံပြင်းပြီး ဘာမှ လည်း ပြောလို့မရတော့ စိတ်ထွက်ပေါက်အနေနဲ့ လူကြီးမိဘကို ပြန်ပြောမိလိုက်တော့ ဆန့်ကျင်ဘက် တွေလုပ်လာရော၊ သူတို့လိုချင်တာက အတွေးအခေါ် လွတ်လပ်မှုရချင်တာ ကျောင်းမှာကော အိမ်မှာ ကော ပြောသမျှ လုပ်နေရတော့ အာဏာဖီဆန်ပြီး ခိုင်းတာကို မလုပ်တာတွေ ဖြစ်လာပါရော။ မိဘ အုပ်ထိန်းသူက ထိန်းချုပ်တာကို လျှော့ပေးရင် အလိုအလျောက် အာဏာဖီဆန်တာတွေနဲ့ ရိုသေမှု မရှိတာတွေ လျှော့လာမှာ ဖြစ်ပါတယ်။
မိဘအနေနဲ့ ဆင်ခြင်ရမှာက ဒီဆယ်ကျော်သက်ရွယ် သားသမီးကို ‘You’ ‘သင်’ ‘နင်’ ဒီစကား အသုံးအနှုန်းကို ရှောင်ရပါမယ်။ အဲဒီလို ခေါ်ဝေါ်လိုက်တာက ကလေးတစ်ယောက်ကို ဆိုးတဲ့ အမူ အကျင့်တွေကို ပိုပြီးလုပ်ဖို့ တွန်းအားပေးသလို ဖြစ်စေပါတယ်။
နင်က ရိုင်းလိုက်တာ။
နင်က တာဝန်သိတဲ့စိတ် မရှိဘူးလား။
နင်က ပျင်းလိုက်တာ။
အဲဒီလိုပြောရင် မိမိကို ပြောရင် မိမိက ကြိုက်မှာလား? စိတ်ဆိုးမှာပဲ။ ဒေါသဖြစ်မှာပါပဲ။
ဒါကြောင့် ဖုန်းကို အဲဒီလို အကြာကြီး သုံးရင် မကောင်းဘူးထင်တယ်။ ကျောင်းစာတွေကို ရေးချပြီး၊ ကျက်တာက ပိုမှတ်မိမယ်ထင်တယ်။ အတန်းထဲမှာ ပိုပြီး အာရုံစိုက်လိုက်ရင် စာတွေ ပိုပြီး ရလာမှာ။ မနက်ကို ကျောင်းသွားဖို့အတွက် နည်းနည်းစောစောထရင်တော့ အလောတကြီး လုပ်စရာ မလိုတော့ဘူး။ ပြောရင် အကောင်းဆုံးဖြစ်လာမှာပါ။ အုပ်ထိန်းသူမိဘက ‘မင်းက’ ‘နင်က’ ပြောခဲ့ရင် သားသမီးက သူကိုယ်သူ ပြန်ပြီး ကာကွယ်မှာပါပဲ။
ဒါကြောင့်မို့ အုပ်ထိန်းသူမိဘအနေနဲ့ မိမိရဲ့ ဆယ်ကျော်သက် သားသမီးလို စကားပြောရမယ့် အချိန်ကျရင် မိမိရဲ့ ဦးနှောက်ထဲမှာ စည်းကမ်းတစ်ခုထားပြီး ပြောရင်ဖြင့် ဖြောင့်မတ်တဲ့ စည်းကမ်း တစ်ခုနဲ့ သူတို့က လျော့ပြီး အုပ်ချုပ်တာကို ခံစားရတဲ့အတွက် မိဘကိုလည်း ရိုသေတဲ့အပြုအမူ စကား အသုံးအနှုန်းတွေနဲ့ ဆက်ဆံပြောဆိုလာမှာပါဆိုတာ တင်ပြရင်း ရပ်နားလိုက်ပါတယ်။

Add new comment

4 + 0 =