ယောကျ်ား ကောင်း ယောကျ်ားမြတ်ဖြစ်လာဖို့

Teaching your son

            ဒီနေ့မှာ ဖခင်တွေဆီကနေ သားတွေအတွက် how to become a man ဆိုတဲ့ ယောကျ်ား ကောင်း ယောကျ်ားမြတ်ဖြစ်လာဖို့ ပြသပေး၊ သင်ပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း မျှဝေပေးချင်ပါ တယ်။

            ဖခင်ဘဝကို ရောက်လာတဲ့ ဖခင်တစ်ယောက်ရဲ့ ရင်ဖွင့်တာလေးတွေကို တဆင့် မျှဝေပေးပါ့ မယ်။

            သူက ဖခင်ဘဝရောက်လာတဲ့သူတစ်ယောက် သူ့ရဲ့နောက်ကြောင်း ငယ်ဘဝ child hood ဘဝ ကို ပြန်ကြည့်ရင် လူကြီးဘဝ manhood ဘဝရောက်ဖို့ သူ့မှာ လိုအပ်ချက်တွေ ရှိခဲ့တယ်ဆိုတာ သူ့ကိုယ် သူ သိနေတယ်လို့ ဝန်ခံထားပါတယ်။ ဒါကြောင့် သူ့သား အလှည့်ကျရင် how to become a man ယောကျ်ားကောင်းတစ်ယောက်ဖြစ်ဖို့ သူသင်ပေးဖို့ အရေးကြီးဆုံး အချက်ပဲဆိုတာ သူသိလာခဲ့တယ်။

            အခုလို စဉ်းစားတယ်။  ငါ့သားက တသက်လုံး ကလေးဘဝမှာပဲ ရှိနေမှာ မဟုတ်ဘူး။ confidence သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့သူဖြစ်အောင် သင်ပေးရမယ်။ အဖေနဲ့ သား တခြားစီ ဖြစ်နေလို့ တော့ မရဘူး။ လူကြီးဘဝ ရောက်ဖို့ အလိုအလျောက် ဖြစ်လာတာ မဟုတ်ဘူး။ သူ့ကို man hood  ဘဝရောက်ဖို့ မြေတောင်မြှောက်ပေးရမယ်။ အဆုံးအစမရှိတဲ့ ချစ်မေတ္တာတွေနဲ့ သား ပြောလာတဲ့ စကားတွေကို နားထောင်ပေးရင်း အားပေးမှုတွေပေးရင်း ညင်သာတဲ့ နည်းပေး လမ်းပြမှုတွေနဲ့ လူကြီးဘဝရောက် အောင် ဆွဲခေါ်ယူရမယ်လို့ စဉ်းစားမိတယ်။

            လူငယ်ယောကျ်ားကောင်းတစ်ယောက်ဆိုတာ လွတ်လွတ်လပ်လပ် သူ့ဘဝကို တည်ဆောက် လို့ ရပေမယ့် ငါက ဖခင်ဆိုတော့ ဖခင်နဲ့ သား ပတ်သက်မှုတွေနဲ့ အမြဲဆက်သွယ်နေရမယ်။ နောက်ပြီး သူဟာ မိဘတွေ ပိုင်ဆိုင်ရာ သားဖြစ်တယ်ဆိုတာကို သူသိနေရအုံးမယ်။ ဒီလိုသိနေမှ သူ့ရဲ့ စိတ်ခံစားချက်က ဖခင်ကို ကျေနပ်နေမှာ။ ငါက သူများထက် သာတယ်ဆိုတဲ့ ရင်ထဲက ခံစားချက်ရှိနေမှာ။ စိတ်ခံစားချက်ကြောင့် သူ့ရဲ့အစွမ်းတွေ စွမ်းရည်တွေက ကြီးထွားဖွံ့ဖြိုးဖို့ ရှိသင့် သလောက် ရှိလာမှာ ဖြစ်တယ်။

            အဖေနဲ့သား ချစ်မေတ္တာတွေနဲ့ ဆက်နွယ်မှုတွေက သားအတွက် အဓိက အကျိုးတရားကို ဖြစ် စေတယ်။ သားရဲ့ စိတ်ခံစားချက်မှာ ငါ့အဖေကဖြင့် အင်မတန်မှ ပါဝါရှိပြီး ငါ့အတွက် လိုအပ်ချက်တွေကို ပြုလုပ်ပေးနိုင်တဲ့သူဆိုပြီး လေးစားနေပါလိမ့်မယ်။ သားယောကျ်ားလေးတွေ ဆိုတာ ဖခင်ဆီကနေ အာရုံစိုက်ပေးမှု သူ့အရည်အချင်းကို မှန်မမှန် စစ်ဆေးနိုင်မှု သားရဲ့ အရည်အသွေးကို အတည်ပြုပေး နိုင်တဲ့သူ ဖြစ်နေရမယ်။ ဒါမှလည်း သားက ငါ့ကို အဖေက အောင်မြင်အောင် လုပ်ပေးနေပါလားဆိုတာ သိလာမှာပါ။

            ဖခင်က အခုလို ဆက်ပြောပါတယ်။ ငါရဲ့သားက ပင်ကိုယ်စွမ်းရည်ရှိပြီးသား။ ဒါကြောင့် သူဖြတ် သန်းလာတဲ့ဘဝမှာ စဉ်းစားဥ ဏ်ကို သုံးပြီး သူ့အတွေ့အကြုံတွေရဲ့ သူအောင်မြင်လာခဲ့ပြီး၊ အားကောင်း  တဲ့ ပါဝါတွေလည်းရှိတယ်။ ရှေ့ဆက်ပြီး အားပေးရမယ်။ သားကလည်း ကြိုးစားမယ်။ အဖေလည်း သား အနားမှာ ရှိမယ်။ ဒါဆိုရင် သားက ကျရှုံးဖို့ဆိုတာ နည်းလာမယ်။ ဒါပေမယ့် သားက အဖေ့ကို သား ဘာတွေလုပ်နေတယ်။ ကြိုးစားနေတယ်ဆိုတာကို ပြောပြပါ။ အဖေ နားထောင်ပေးမယ် ဆိုးတာ ကောင်းတာ အဖေ အတည်ပြုပေးမယ်။

            မိခင်ဆိုတာက သားသမီးကို အင်မတန်ချစ်တဲ့သူ၊ သားသမီးတွေအတွက် မရှိမဖြစ်တဲ့သူ ဖြစ်ပေ မယ့် သားတယောက်ကို ကြီးပြင်းလာအောင် ပျိုးထောင်ပေးတဲ့အခါမှာ ဟာကွက်လေးတွေ ရှိတတ် တယ်။ ဒါကို ဖခင်တွေကသာ ဖြည့်ဆည်းပေးနိုင်တာပါ။

            တခါတလေ သားက ကြိုးစားရင်း ကျရှုံးခဲ့ရင် ဖခင်အနေနဲ့ That is ok to fail and lose once in a while အဲဒီလို အားပေးမယ်။ ကျရှုံးတယ်ဆိုတာက အိပ်မက်တော့ မဟုတ်ဘူး။ ယာယီပဲ။ ပြန်အတည်တကျဖြစ်အောင် ကြိုးစားရမယ်။ နိုးထရမယ်။ အဲဒီလို အားပေးရမယ်။

            အဖေက သားရဲ့ အနားမှာ တသက်လုံးရှိနေမှာ မဟုတ်တော့ သားကို အနိုင်ကျင့်လာနိုင် တဲ့သူတွေ၊ ကိုယ်ထိလက်ရောက် ထိပါးလာရင် ကြီးနိုင်ငယ်ညှင်းဆဲ bully လုပ်တာခံရရင် ပြန်တုန့် ပြန်နိုင်ဖို့ ကိုယ့်ဖာသာကိုယ် ကာကွယ်တတ်ဖို့ သင်ထားပေးရပါအုံးမယ်။ ဒါတွေဟာ သားတစ် ယောက် လူကြီး ဘဝရောက်လာဖို့ သင်ပေးရမယ့် ဖခင်ရဲ့ teaching process တွေပါပဲ။

            ကြီးကျယ်မြင့်မြတ်တဲ့ ဖခင်ဆိုတာ မိမိအိမ်ထောင်အတွက် ငွေရေးကြေးရေး ပြည့်စုံအောင် ရှာပေးနိုင်ရမယ့် အပြင် အခုလို သားအတွက်လည်း သင်ပေးရမယ့် နည်းလမ်းလေးတွေ သူ ကြီးပြင်းလာရမယ့် ဘဝတွေကိုလည်း ပြုစုပျိုးထောင်ပေးရမယ့် တာဝန်တွေ ရှိပါသေးတယ်ဆိုတာ တင်ပြရင်း နိဂုံး ချုပ်ပါရစေ။

           

Add new comment

4 + 14 =