ယဉ်ကျေးသိမ်မွေ့တဲ့အမျိုးသမီးဖြစ်ဖို့ ဘယ်လိုပြောဆိုဆက်ဆံ၊ ပြုမူနေိုင်ရမလဲ

Daily Etiquette

            ဒီနေ့မှာ အမျိုးသမီးတယောက်ရဲ့ နေ့စဉ်ပြောဆိုပြုမူနေထိုင်ပုံတို့ဟာ လူမှုရေးအဆင့်အတန်း မြင့်တဲ့ ဘဝ (သို့) နိမ့်တဲ့ဘဝအဖြစ် ထင်ကျန်ရစ်ခဲ့ နိုင်တယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားချင် ပါတယ်။

            အမျိုးသမီးတိုင်းကတော့ ပညာရှိမှ၊ ဂုဏ်ရှိမှ၊ ငွေကြေးဥစ္စာရှိမှ မဟုတ်ပါဘူး။ နေ့စဉ် မိမိပတ်ဝန်းကျင်မှာ တွေ့ဆုံရတဲ့ သူတွေရဲ့ လောကဝတ်တွေနဲ့ ကျင့်ဆောင်ရင်း အမျိုးသမီး တယောက်ရဲ့ တန်ဘိုးကို တတ်စေသလို ဂုဏ်သတင်းလည်း ကျော်ဇောစေပါတယ်။

            ဒါဟာအမျိုးသမီး တယောက်ရဲ့ ဘဝမှာ အမျိုးကောင်းသမီးဖြစ်ဖို့ အမျိုးသမီးတိုင်း ဖြစ်ချင်ကြတဲ့ ဆန္ဒပါ။ ဒီတော့ အင်မတန် အရေးကြီးပါတယ်။

            အဲဒီတော့ နေ့စဉ်ဘဝမှာ ဘယ်လိုပြုမူနေထိုင်ကြမလဲ? ကျက်သရေရှိအောင် နေမယ်။ တပါးသူကို ကြင်နာတရားထားတတ်တဲ့ စိတ်မွေးမယ်။ မိမိပတ်ဝန်းကျင်မှာ တွေ့ဆုံရတဲ့ သူတွေရဲ့ respect အရိုအသေပေးပြီး ပြုမူမယ်ဆိုရင် အမျိုးကောင်းသမီးဖြစ်သွားမှာပါ။ ဘာမှတော့ မခက်ခဲလှ ပါဘူး။

            နေ့စဉ်ဘဝမှာ ဘယ်လိုအခြေအနေတွေပဲ ရှိနေ၊ ဖြစ်နေပါစေ။ ကိုယ့်ပတ်ဝန်းကျင်က တွေ့ဆုံ ရတဲ့ သူကို ကြင်နာတဲ့ သဘော အရိုအသေပေးတဲ့ သဘောနဲ့ ကျေးဇူးပြု၍ ကိုယ်လိုင်ချင်တဲ့ ပစ္စည်း ကိုယ်လိုချင်တဲ့စကား စကာတွေရပြီးရင် ပြောပြီးရင် ကျေးဇူးပါ ဆိုတဲ့ စကားလုံးက သာမန်လက်ခံရရှိလိုက်လို့ တုန့်ပြန်လိုက်တဲ့ စကားအသုံးအနှုန်းဖြစ်ပေမယ့် အရိုအသေပေးရာ ရောက်သွားတယ်။ တဆက်တည်း အဲဒီသူက မိမိကို လက်ခံတယ်။ ကြိုဆိုတယ်ဆိုတဲ့ သဘောကို သက်ရောက်သွားစေပါတယ်။ ‘‘ကျေးဇူးပြု၍’’ ‘‘ကျေးဇူးတင်ပါတယ်’’ ‘‘သင့်ကို ကြိုဆိုပါတယ်’’ ဆိုတဲ့ အပြုအမူတို့က ကိုယ်တွေဆိုရတဲ့သူကို ကြင်နာမှုနဲ့ အရိုအသေပေးရာ ရောက်သွားစေပါတယ်။

            နေ့စဉ် ကိုယ်တွေ့ကြုံရတဲ့သူတွေကို ကြိုဆိုလက်ခံတဲ့ အနေနဲ့ ပြုံးပြတာ ဖြစ်ပါတယ်။ ကျွန်မ ကြုံဖူးတာလေး တခုပြောပြချင်ပါတယ်။ ကျွန်မက အဲဒီဌာနမှ အလုပ်စဝင်တဲ့အခါမှာ ဌာနတခုထဲက ဝန်ထမ်းချင်းအတူတူ မျက်နှာချင်းဆိုင်တွေ့တဲ့အခါ မပြုံးမရီပဲ ဖြတ်လျှောက်သွားတာ ကြုံခဲ့ဖူးတယ်။ ကျွန်မကို မခင်လို့ ရန်ကြွေးရှိလို့ မဟုတ်ပေမဲ့။ ဒါက သူ့ရဲ့ဝသီ ပင်ကိုယ်အပြုအမူလို့ ကျွန်မမှတ်သား ခဲ့ဖူးပါတယ်။

            ခုချိန်ခါမှာ များစွာသော ကြီး၊ ငယ် မရွေးလူအများက ဖုန်းတခုနဲ့ texting, scrolling or listening music နဲ့မအားကြဘူး။ ကိုယ့်အနားပတ်ဝန်းကျင်မှာ တွေ့ဆုံရတဲ့ သူ။ ကိုယ်က ဖြတ်လျှောက်ရင်း မျက်နှာချင်းဆိုင်ပဲဖြစ်ဖြစ်တွေ့တဲ့သူကို နှုတ်ဆက်ဖို့ ကြိုဆိုဖို့ သူတို့မအားတဲ့ အတွက် မပြုမူနိုင်ကြတာ များနေတာတွေ ရှိပါတယ်။ ဒီလို နှုတ်ဆက်တာကြိုဆိုတာက အရေးကြီး တဲ့ အလုပ် မဟုတ်ပေမဲ့လို့ ကိုယ်နဲ့သိတဲ့ သူ့ကို အသိအမှတ်မပြုဘူးဆိုတဲ့ သဘောသက်ရောက် မသွားဘူးလား? လူ့သဘာဝအရ အသိအမှတ်ပြုတာကို လက်ခံချင်တဲ့ဆန္ဒရှိကြတာပါ။ Hello ပဲဖြစ်ဖြစ်။ Hi ပဲဖြစ်ဖြစ်။ Hey ပဲဖြစ်ဖြစ် ဦးခေါင်းကို အသာလေးငုံ့လိုက်တာပဲဖြစ်ဖြစ် နှုတ်ဆက်လိုက် တာက နှုတ်ဆက်တဲ့သူကော နှုတ်ဆက်ခံရတဲ့သူကော နှစ်ဦးနှစ်ဖက်စလုံး ပျော်ရွှင်နှစ်သိမ့်ကျေနပ် စေတဲ့အရာပါ။ ဒီ ၂ - ၃ စက္ကန့်လေးအတွင်း မိမိရဲ့ အဆင့်ရှိတဲ့ အပြုအမူကျက်သရေရှိမှု တင့်တယ်မှုကို ပြလိုက်တာပါပဲ။

            တခါတလေ ကိုယ့်ရဲ့ အကျွမ်းတဝင်မရှိတဲ့ အဆောက်အဦးတခုဆီကို သွားတယ်ဆိုရင် တခါးဖွင့်ပြီး ဝင်ရတဲ့ခါ ကိုယ့်နောက်မှာ တဦးတယောက်က ရှိနေခဲ့ရင် ကိုယ်က အရင်ဖွင့်ဝင်ပြီး တံခါးကို တစ်စက္ကန့် နှစ်စက္ကန့်လောက်ကိုင်ပေးပြီး အမူအရာနဲ့ အနောက်က သူကိုဝင် စေတာကလည်း ညက်ညောမှုရှိတဲ့ ရည်မွန်တဲ့ အမျိုးသမီးတယောက်အဖြစ် ရောက်စေ ပါတယ်။ အသံအနေအထားကအစ ဒီလိုအပြုအမူတွေက မိမိရဲ့နောက်မှာ တသက်လုံး ကျန်ခဲ့မှာပါ။

            တချို့သော သူတွေမှာက မိသားစုနဲ့ ပတ်သက်တဲ့ အခက်အခဲ သားသမီးနဲ့ ပတ်သက်တဲ့ ခက်ခဲတဲ့ အကြောင်းတွေ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေရှိနေတဲ့အတွက် နှုတ်ဆက် မှုတွေ မလုပ်နိုင်တဲ့ခါ အဲဒီလိုပြုမူတာကတော့ လျော်ကန်တဲ့ အပြုအမူမျိုးတော့ မဟုတ်လှပါဘူး။

            ကျွန်မတို့ လူသားတေွက မိမိကို အဲဒီလို မသိသလို အသိအမှတ်မပြုသလိုမျိုးကြုံတွေ့ရရင် ဒေါသတွေနဲ့ ပြန် revenge လုပ်လိုက်မယ်လို့ စိတ်မှာ ဖြစ်လာတတ်ပါတယ်။ ဒေါသဖြစ်နေမဲ့အစား positive way နဲ့ပဲ မိမိဘဝကို ရှင်သန်ပါ။ အကောင်းဆုံးကတော့ ကြင်နာတဲ့စိတ်ထားပြီး အမှားအမှန်ကို မြင်တတ်သော အသိစိတ်တွေနဲ့ ရှင်သန်ဖြတ်ကျော်ရတာ ခက်ခဲပေမယ့် ကောင်းတဲ့ ထိုက်တန်တဲ့ ရလာဒ် ပြန်လည်ရရှိမှာပါ။

            အဲဒီလို လောကဝတ်တွေရဲ့ ယဉ်ကျေးရည်မွန်ခဲ့မယ်ဆိုရင် ဖြင့် ကိုယ့်ရဲ့ အကျင့်စာရိတ္တနဲ့ ဂုဏ်သတင်းက အဆင့်ရှိတဲ့ အမျိုးကောင်းသမီး classy woman အဖြစ် အမြဲ ကိုယ်စားပြုချီးမွမ်း ဂုဏ်ယူနေကြမှာပါဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါရစေ။

 

Add new comment

2 + 10 =