မြေးတွေရဲ့ ဘဝအသက်တာအတွက် အဖိုးအဖွားတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ

Importance

          ဒီနေ့မှာ မြေးတွေရဲ့ ဘဝအသက်တာအတွက် အဖိုးအဖွားတွေဟာ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တယ်ဆိုတာကို တင်ပြပေးမှာ ဖြစ်ပါတယ်။

          မိဘနဲ့ သားသမီးက တိုက်ရိုက် direct ဆက်ဆံရေးဖြစ်ပြီး၊ အဖိုးအဖွားနဲ့ မြေးတွေကျတော့ indirect ဆက်ဆံရေးဖြစ်ပေမယ့် အဖိုးအဖွားတွေကတော့ မြေးတွေအတွက် အရေးကြီးတဲ့နေရာမှာ ပါဝင် နေပါတယ်။

          အခုချိန်မှာ ပရိသတ်ကြီးရဲ့ပတ်ဝန်းကျင်တိုင်း ကျွန်မရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် မနက်မိုး လင်းတာနဲ့ မြေးတွေကို ကျောင်းပို့နေတာ။ နေ့လည်ကျောင်းကြိုပို့သွားနေတာ။ အနည်းဆုံးတွေ့နေရပါ တယ်။ ဒီထက်ဆိုရင် မိဘတွေက လုပ်ငန်းခွင်သွားနေတဲ့အချိန်တွေမှာ မြေးတွေရဲ့ စားရေးအတွက် ချက်ပြုတ်နေကြတာကအစ မြေးတွေကို ထိန်းနေကြတာလည်း တွေ့နေရပါတယ်။ မိဘတွေ မအားတဲ့ အချိန်မှာ မိဘကိုယ်စား ထိန်းကျောင်းပေးနေတာတွေဟာ မြေးတွေအပေါ်မှာ အထူးသြဇာသက်ရောက်သူ တွေ မဟုတ်ပါလား။

          မိဘရဲ့ သားသမီး အရေးကြီးသလို အဖိုးအဖွားနဲ့ မြေးတွေဟာလည်း အရေးကြီးပါတယ်။ အဖိုး အဖွားနဲ့ မြေးတွေနဲ့ အတူရှိနေလို့ မိသားစုတွေ လုံးလုံးလျားလျား ပျော်ရွှင်နေတာ တွေ့နေရပါတယ်။ ဒါကြောင့် အဖိုးအဖွားနဲ့ မြေးတွေ  နီးနီးကပ်ကပ်ရှိလေ ပိုပြီး အကျိုးရှိလေပဲ မဟုတ်ပါလား။

          ဘဝတလျှောက်မှာ အဖိုးအဖွားတွေနဲ့ တေ့တေ့ဆိုင်ဆိုင် တွေ့ဆုံရတဲ့ မြေးတွေဟာ အဖိုးအဖွား တွေရဲ့ ယုံကြည်မှုတွေ အတွေးအခေါ်တွေ တန်ဖိုးထားတဲ့ အရာတွေအားလုံးက အလိုအလျောက် မြေးတွေ အပေါ် သြဇာလွှမ်းမိုးသက်ရောက်သွားစေပါတယ်။

          မြေးတစ်ယောက်ရဲ့ မြင်ကွင်းမှာ သူ့အဖိုးအဖွားလုပ်ဆောင်တာတွေအတိုင်း လုပ်ဆောင်တတ်လာ ပြီး၊ အဖိုးအဖွားတွေ ပုံဖော်သလို ကြီးပြင်းလာကြပါတယ်။ အဖိုးအဖွားတွေရဲ့ စိတ်ခံစားချက်တွေ ထောက်ပ့ံ မှုတွေနဲ့ ရင်းနှီးမှုတွေရတဲ့ မြေးတွေရဲ့ စိတ်ထဲမှာ ဒါဟာ စစ်မှန်တဲ့ positive relationship ပဲဆိုတာ ခံယူလာ ကြပါတယ်။ ဒီတော့ အဖိုးအဖွားတွေကို ပိုပိုပြီးလည်း တန်ဖိုးထားတတ်လာပါတယ်။

          အဖိုးအဖွားတွေက မိမိ မိသားစုမှာ ရှိနေတဲ့သူတွေရဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်တဲ့သူ တွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖိုးအဖွားနဲ့ မြေးတွေဟာ နီးနီးကပ်ကပ် ဆက်ဆံတဲ့အတွက် တနေ့တခြား ပိုပိုပြီး ပူးပေါင်းလာတယ်။ ဒီတော့ depression symptom စိတ်ဓာတ်ကျလက္ခဏာတွေ မရှိ သလောက် ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေးတွေ တွေ့ကြုံရတဲ့ ပြဿနာမှာ အခက်အခဲတွေကို အဖိုးအဖွားတွေ လာဖြေရှင်းပေးနိုင်ခဲ့လို့ပါပဲ။

          မြေးတွေကလည်း အဖိုးအဖွားတွေက တရားမှာ အမြဲရှိတော့ သူတို့နဲ့အတူ ကစားတာတို့ အခက် အခဲလေးတွေ တိုင်ပင်နိုင်တာဟာ မြေးတွေအတွက် အပေါင်းအသင်းကောင်းတွေ ရှိသလို ခံစားရတယ်။ ၇၂% လောက် ဖိုးဖွားတွေက သူတို့မြေးတွေနဲ့အတူ ရှိနေတဲ့အတွက် သူတို့ရဲ့ အသက်အရွယ်ကြီးလာတဲ့ အထီးကျန်မှုတွေကိုလည်း လျှော့ချတယ်။ သူတို့ဘဝအသက်တာမှာလည်း မြေးတွေနဲ့ အတူရှိတဲ့အတွက် ကျေနပ်တယ်လို့ ဆိုကြပါတယ်။

          အဖိုးအဖွားတွေဆိုတာက သူတို့ ဖြတ်သန်းလာရတဲ့ ဘဝမှာ အတွေ့အကြုံတွေက အများကြီးရခဲ့ပြီး သား ဒီတော့ အောင်မြင်မှုကို ရခဲ့အတွေ့အကြုံတွေ အခက်အခဲတွေကို ပြေလည်စေနိုင်မယ့် နည်းလမ်းတွေ အနည်းနဲ့ အများရှိပြီးသား။ ဒီတော့ မြေးတွေကို ပြန် share ပေးနိုင်တာပေါ့နော်။ တခါတလေ မြေးတွေက မိဘရဲ့ စကားကို နားမထောင်ပေမယ့် အဖိုးအဖွားရဲ့ စကားကိုတော့ သေသေချာချာ နားထောင်တတ်ကြ တယ်။ ဒီတော့ အဖိုးအဖွားတို့ဟာ မိသားစုရဲ့ သမိုင်းကြောင်းကို ပြောပြနိုင်တယ်။ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ဆင့်ကမ်းပေးနိုင်တဲ့သူတွေပါ။ အဲဒီတော့ မြေးတွေကလည်း သူတိ့ဘယ်မျိုးဆက်က ဆင်းသက်လာတယ်ဆိုတာတွေကို နားလည်လာပြီး၊ အဖိုးဖွားတွေနဲ့ ပိုပိုနီးနီးကပ်နေ ချင်လာကြပါတော့တယ်။

          အထူးသဖြင့် မိသားစုတွေ ခက်ခဲတဲ့အချိန်တွေမှာ အဖိုးအဖွားတို့က မြေးတွေရဲ့ ဘဝကို မဖြစ်ဖြစ် အောင် ထောက်ပံ့ပေးနိုင်တဲ့သူတွေပါ။ မြေးတွေရဲ့ teenage အရွယ်တွေမှာ မိဘတွေရဲ့ ပြဿနာအဖြစ်ဆုံး အရွယ်တွေ ဖြစ်တယ်။ အဲဒီအရွယ်တွေက စိတ်ခံစားချက်တို့ အပြုအမူတို့က ပေါင်းစပ်ပြီး သက်တူရွယ်တူ တွေရဲ့ ပြဿနာအများဆုံးဖြစ်တတ်တဲ့ အရွယ်တွေဖြစ်တဲ့အတွက် အဖိုးအဖွားတို့က သူတို့ ရင်ဖွင့်လာတဲ့ အသံတွေကို နားထောင်ပေးပြီး သူတို့ရဲ့ emotional problem တွေကို လျှော့ချပေးနိုင်ပါတယ်။ သူတို့ရဲ့ ပွင့်ပွင့်လင်းလင်းရင်ဖွင့်လာတဲ့အကြောင်းအရာတွေ အခက်အခဲတွေကို မြေးတွေ ရောက်ရှိမယ့် ဘေး အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့သူတွေပါ။

          အဖိုးအဖွားတွေက ဘယ်တော့မှ မိမိမြေးတွေအပေါ် ဘယ်လိုအခက်အခဲတွေကိုပဲဖြစ်ဖြစ် No လို့ မပြောဘဲ တတ်နိုင်သမျှ ကူညီပေးကြတာပါ။ တချို့အဖိုးအဖွားတွေဆို baby sitter လို့ပဲ အင်မတန်မှ နုနယ် ငယ်ရွယ်တဲ့ လသားကို ထိန်းကြရတာပါ။ ဒီထိန်းရလို့လဲ မညည်းမညူပဲ လိုလိုလားလားလက်ခံကြတာပါ။ တချို့ ငွေကြေးတတ်နိုင်တဲ့သူဆိုရင်တော့ ကလေးထိန်းကို ငှားထားပြီး အဖိုးအဖွားကို စီမံကြည့်ရှုစေတာပါ။

          ကမ္ဘာပေါ်မှာ စစ်တမ်းကောက်ကြည့်တဲ့အခါမှာ 2.7 သန်းသော ဖိုးဖွားတွေက မြေးတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို စီစဉ်ပေးနေရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

          လေးပုံတပုံ မိခင်တွေက ဖိုးဖွားတွေနေ့စဉ် ကြည့်ရှုပေးလို့ သူတို့လုပ်ငန်းခွင်ကို စိတ်ချလက်ချသွား အလုပ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

          ဘိုးဘွားတွေဆိုတော့ ဒီနေ့ခေတ် ကလေးငယ်တွေ လူငယ်တွေလို မရှိမဖြစ် မြေတောင်မြှောက်ပေး နိုင်တဲ့သူပါ မိဘတွေကလည်း ဒီအဖိုးအဖွားတွေ ကြည့်ရှုစောင့်ရှောက်ပေးတဲ့အရွယ် ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာနဲ့ လုပ်ငန်းခွင်ကို ဝင်နိုင်ကြတာပါ။

          ဒါကြောင့် ဒီလို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် ဂရုတစိုက် ပြုစုစောင့်ရှောက်တဲ့ ဖိုးဖွားတို့တတွေ ဟာ မိသားစုတွင်းမှာ အင်မတန်မှ အရေးကြီးတဲ့သူတွေ မဟုတ်ပါလားဆိုတာကို တင်ပြရင်း

          စက်တင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ ဘိုးဘွားများနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

တင်ဆက် - ဒေါ်ဂျူလီယာ ကြူကြူခင်
တည်းဖြတ် - ပေါလ်

 

 

Add new comment

14 + 1 =