မိမိအိမ်ထောင်ရေးကို ဘယ်လိုထိန်းသိမ်းရင်ဖြင့် ဆက်လက်ရှင် သန်နိုင်မလဲ

Save Marriage

ဒီနေ့ခေတ် အိမ်ထောင်ရေးတွေမှာ ဇနီးမောင်နှံတွေကြား relationship တွေက သေသွား နေသလို မြင်တွေ့နေရတဲ့အတွက် မိမိအိမ်ထောင်ရေးကို ဘယ်လိုထိန်းသိမ်းရင်ဖြင့် ဆက်လက်ရှင် သန်နိုင်မလဲဆိုတဲ့ အကြောင်းအရာကို မျှဝေပေးချင်ပါတယ်။

ခုခါမှာ ကျွန်မ ဝန်းကျင်မှာ အိမ်ထောင်ကွဲသွားဖို့ ရည်ရွယ်ချက်မရှိပေမဲ့ relationship အဆုံးသတ်သွားတဲ့ခါ နောင်တကြီးစွာ ရနေတာကို တွေ့နေရတယ်။ တချို့ကျပြန်တော့ အိမ်ထောင်မကွဲပေမဲ့ အဆုံးသတ်ချင်နေကြတယ်။

ဘာဖြစ်လို့ အဆုံးသတ်သွားကြတာလဲ? တချို့ကျတော့ divorce မလုပ်ဘူး။ ဒါပေမယ့် အပေး အယူတွေလုပ်ပြီး မပျော်မရွှင်နဲ့ relationship ကို ဆက်တည်ရှိနေကြတယ်။ Romance အချစ်ဇာတ်လမ်းကတော့ မရှိတော့တာ အမှန်ပါပဲ။ အဲဒီလိုနဲ့ ဆက်လက်ရပ်တည်နေကြတယ်။

တကယ်တမ်းကတော့ အချစ်ဆိုတဲ့အရာကို ပထမနေရာမှာ မထားနိုင်ကြလို့ ထင်ပါတယ်။

စုံတွဲတွေ ခပ်များများကတော့ အမှတ်မထင် (ဝါ) ရည်ရွယ်ထားတာမရှိပဲ။ ချင့်ချိန်စဉ်းစားတာ မရှိပဲ casual sex က တွန်းအားပေးမှုကြောင့် အိမ်ထောင်တခု လက်ထပ်ထိမ်းမြှားပြီး ထူထောင် လိုက်ကြတယ်။ Relationship ကို တည်ထောင်စဉ်က အမျိုးသားအနေနဲ့ ဒီအမျိုးသမီးကို မိမိအိမ်ကို ဖိတ်ခေါ်ထားတယ်။ ဒီအမျိုးသမီးက သူ့ဘဝလိုအပ်ချက်အတွက် သူ့ဘဝလုံခြုံဖို့ ငွေကြေးထောက်ပံ့ ပေးမှုတွေနဲ့ ချမ်းသာချင်လို့ အဲဒီအတွေးတွေနဲ့ တကယ်မချစ်ပေမဲ့ လက်ထပ်လိုက်ကြတယ်။ နှစ်ဦးစလုံး Love ဆိုတဲ့ ချစ်မေတ္တာက ပထမနေရာမှာ မရှိခဲ့ဘူး။ ဒီတော့ အခြေခံအုတ်မြစ်က မခိုင်ပဲ အချစ်တွေက ခမ်းခြောက်သွားပါတယ်။

တချို့ကျတော့ လက်ထပ်ပြီး အိမ်ထောင်တခုကို တည်ထောင်ထားပေမဲ့လို့ မိမိရဲ့ မျှော်လင့်ချက်အမှန်ကို ဘယ်တော့မှ မပြောဘူး။ သူ့ဖာသာ တိတ်တဆိတ်ပဲနေလိုက်တယ်။ တချို့ ကျတော့ in laws တွေနဲ့ အတူနေရတဲ့ခါမှာ privacy လွတ်လပ်မှုမရှိဘူး။ ဒီတော့ မိမိရဲ့ မျှော်လင့်ချက်တွေ မပြောတော့ဘူး။ လက်တွဲဖော်ကလည်း မိမိရဲ့အတွေး မျှော်လင့်ချက်တွေ မသိဘူး။ Marriage အိမ်ထောင်တခုမှာ မျှော်လင့်ချက်တွေကို အချင်းချင်းဖလှယ်ကြပြောကြရမယ် ဆိုတဲ့ ခေါင်းစဉ်တခုရှိပါတယ်။ နောက်ပြန်လှည့်ကြည့်လိုက်ရင်လည်း အိမ်ထောင်သက် ၁၀ နှစ် -  ၁၅ နှစ် ရှိလာပြီး အတွေ့အားလုံး လက်တွဲဖော်ရဲ့လွှမ်းမိုးမှု ဦးစီးမှုတွေနဲ့ပဲရှိနေတော့။ အိမ်ထောင်ရေးကို စိတ်ပျက်လာပါတော့တယ်။ အချိန်ကာလက ဘယ်တော့မှ အိမ်ထောင်ရေးကို fix မလုပ်ပေးပါဘူး။ မိမိကသာ ပွင့်ပွင့်လင်းလင်း မျှော်လင့်ချက်တွေကို ပြောဆိုတင်ပြပြီး fix လုပ်ယူ ရမှာပါ။

စုံတွဲအတော်များများက marriage မှာ ရင်းနှီးမြှုပ်နှံမှုတွေ မရှိကြဘူး။ တယောက်နဲ့ တယောက်အပေးအယူရှိကြရင်ရတာပဲလို့ ထင်ကြတယ်။ Marriage ဆိုတာ မိမိဘဝအတွက် တန်ဖိုးရှိ တဲ့ အလုပ်တခုပါ။ ဥပမာ မိမိက စီးပွားရေးလုပ်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံရတယ်။ စာမေးပွဲအောင်ဖို့ စာတွေကျက်ရတယ်။  ကြိုးစားရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရတယ်။ ဒီလိုပါပဲ အိမ်ထောင်ရေးမှာ တယောက်နဲ့တယောက် အချိန်ပေးအတူရှိနေပေးနိုင်ရမယ်။ တယောက်ရဲ့ အိပ်မက်ကို နှစ်ယောက်ပေါင်းပြီး အကောင်အထည်ဖော်နိုင်ရမယ်။ မျှော်လင့်ချက် ရည်မှန်းချက်တွေ ကြိုးစားပြီး အောင်မြင်အောင် လုပ်ကြရမယ်။ ဒါတွေက တန်ဖိုးရှိတဲ့ အိမ်ထောင်တခုအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပါပဲ။

အချစ်ဆိုတာ တယောက်နဲ့တယောက် အပေးနဲ့အယူပါ။ တယောက်က သစ္စာဖောက် လိုက်ရင် သေချာပေါက် ယုံကြည်မှုက ပြိုကွဲသွားပြီ။ ဒီ marriage ကလည်း ဆက်လက် မရှင်သန် နိုင်တော့ပါဘူး။

တခါတလေ ကိုယ့်လက်တွဲဖော်ရဲ့ အမှားတခုခုကြောင့် စိတ်အနှောက်အယှက်တွေဖြစ် ဒေါသကို ရှေ့တန်းတင်ပြီး ရင့်သီးတဲ့ အသုံးအနှုန်းတွေ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ဒေါသနဲ့ မာနကို ရှေ့တန်းတင်တတ်ကြတယ်။ အဲဒီတော့ တဖက်ကလည်း အံကြိတ်ပြီး တေးထား တာတွေ စိတ်ထဲမှာ မကြေမနပ်ဖြစ်တာတွေက တိုးလာရင်းနဲ့ နောက်ဆုံး ဒီဇာတ်လမ်းက သေဆုံးသွားတတ်ပါတယ်။ ဒါကြောင့် ခွင့်လွှတ်နိုင်တဲ့ အကြောင်းအရာဆိုရင် ခွင့်လွှတ်ပေးလိုက် တာဟာ အချစ်ဆိုတဲ့ ရထားကြီးကို လောင်စာဆီထိုးလိုက်သလိုပါပဲ။

အိမ်ထောင်တခုမှာ တာဝန်ယူတတ်တဲ့စိတ်ထားဟာ တာဝန်တခုလိုပါပဲ။ တကယ်လို့ မိမိက လိုအပ်ချက်တွေ လစ်ဟာခဲ့ရင် တာဝန်သိတတ်တဲ့ စိတ်မရှိခဲ့ရင် marriage ဘဝမှာ ဘယ်သူကမှ ရပ်တည်နိုင်မှာ မဟုတ်တော့ပါဘူး။

နောက်ပြီးမတရားအနိုင်ကျင့်တာပါ။ ကိုယ်ထိလက်ရောက် အကြမ်းဖက်တာ ငွေရေး ကြေးရေးဆိုင်ရာ အကြမ်းဖက်တာ။ စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ အနိုင်ကျင့်မှု Sexual abuse အဲဒီလို မျိုးစုံသော မတရားကျင့် စော်ကားခံရရင် ပျော်ရွှင်တဲ့ marriage life ကို ရနိုင်ပ့ါမလား။

မိမိက ကိုယ်တိုင်စိတ်ဝင်စားမှုနဲ့ partner ကို အချစ်တွေနဲ့ ဖော်ပြရင် အချစ်ပဲ ပြန်ရမှာပါ။

တကယ်တမ်းကတော့ ကိုယ်ကိုယ်တိုင်ဖန်တီးတဲ့ အရာတွေပါဆိုတာ မျှဝေပေးရင်း နိဂုံးချုပ် ပါတယ်။

 

Add new comment

1 + 2 =