မိမိဇနီးနဲ့ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် တည်ဆောက်ရင်း မိမိ အိမ်ထောင်ကို အကောင်းဆုံးတည်ဆောက်ကြရအောင်

Best Friend
ဒီနေ့မှာ ခင်ပွန်းက မိမိဇနီးနဲ့ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် တည်ဆောက်ရင်း မိမိ အိမ်ထောင်ကို အကောင်းဆုံးတည်ဆောက်ကြရအောင်ပါဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။

ကျွန်မတို့ လူသားတွေ မိမိနဲပ ပုလဲနံပသင့်တဲ့သူငယ်ချင်း (ဘော်ဒါ)တွေရှိကြစမြဲပါ။ အဲ့ဒီထဲ ကမှ အချစ်ဆုံးသူငယ်ချင်းဆိုပြီး ရွေးလိုက်တာပါ။ ဒါက ဘာဖြစ်လို့ရွေးချယ်တာလဲ။ ကိုယ့်အပေါ်မှာ သစ္စာရှိလို့ပါပဲ။ ဒီလိုပါပဲ အိမ်ထောင်ရှင်တွေမှာလဲ အရင်ဆုံးတစ်ယောက်ပေါ်တစ်ယောက် သစ္စာရှိဖို့က အဓိကပါ။
ခရစ်ယာန်သမ္မာကျန်းစာ ပညာအလိမ္မာကျမ်း ၁၈:၂၄ မှာ ‘‘အပေါင်းအသင်းများစွာတို့သည် ပျက်စီးခြင်းသို့ ပို့ဆောင်နိုင်၏။ သို့သော် ညီအစ်ကိုအရင်းထက်ပို၍ တွယ်တာရာ စစ်မှန်သော မိတ်ဆွေတစ်ဦးရှိ တတ်၏။’’ လို့ပါရှိပါတယ်။ အဲ့ဒီလိုသူငယ်ချင်းမျိုးကတော့ ညီအစ်ကိုအရင်းထက် ခင်တွယ်တယ်။ အထူးသဖြင့်အခက် အခဲရှိတဲ့
အချိန်မှာဆိုရင် သူငယ်ချင်း အစစ်အမှန် လိုအပ်ပါတယ်။ သူငယ်ချင်းချစ်သူရှိရင်တော့ အရာရာကို နှစ်ယောက် ရင်ဆိုင်သွားနိုင်ပါတယ်။ အချစ်ဆုံးသူငယ်ချင်းဆိုတာ ကိုယ့်ဘေးနားမှာ အမြဲရှိနေမယ်။ ကံဆိုးမိုး မှောင် ကျတဲ့ အချိန် ဆိုရင် ပိုပြီး လိုအပ်ပါတယ်။ အချင်းချင်း ယုံကြည်မှုရှိဖို့ လိုတယ်။ ယုံကြည်မှုကို တိုးတက်သထက် တိုးတက်အောင် လုပ်ယူမယ်။ အထူးအာရုံစိုက်မှု ဂရုစိုက် မှုတွေ လုပ်မယ်။ အဲဒီလိုနဲ့ သစ္စာရှိမှုတွေ ပိုရှိလာပါတယ်။

Friendship ရဲ့ အခြေခံက တစ်ယောက်ပေါ် တစ်ယောက် ယုံကြည်မှုရှိမှုပါပဲ။ သာမန် သူငယ်ချင်းတွေမှာလဲ ယုံကြည်မှုမရှိရင် သူငယ်ချင်းမဖြစ်နိုင်ပါဘူး။ ဒါကြောင့် အိမ်ထောင်တစ်စုကို နှစ်ယောက်တည်ထောင်ကြတဲ့အခါမှာ တစ်ခုသော အကြောင်းအရာက တစ်ယောက်နဲ့ တစ်ယောက် ဖြစ်နိုင်ချေရှိတဲ့ အစွမ်းသတ္တိတွေ လိုမယ်။ တစ်ယောက်အပေါ်တစ်ယောက် နာကြင်မှုတွေ ကင်း အောင် တည်ဆောက်နိုင်ဖို့ပါပဲ။ ဇနီးမယားဆီမှာ ဖြစ်နိုင်ချေရှိတဲ့ အစွမ်းသတိ္တတွေ ရှိတယ်ဆိုတာ ခင်ပွန်းက ယုံကြည်နိုင်ရမယ်။ ဒါကို တချို့သော ခင်ပွန်းတွေက မသိခဲ့ရဘူးဆိုပါတယ်။ အဲဒီလို မသိ တော့ ခဏခဏ ရန်ဖြစ်ကြတယ်။ တဖြည်းဖြည်းနဲ့ အချိန်ကြာလာတော့မှ ဒီခင်ပွန်းက တို့အပေါ် ယုံကြည်မှုတွေရှိလာခဲ့ပါတယ်။ ခင်ပွန်းတစ်ယောက်ရဲ့ အခန်းကဏ္ဍက ဇနီးမယားကို ယုံကြည်မှု ရှိရ မှာပါ။ လုပ်ငန်းရှင်တစ်ယောက်လို မဆက်ဆံဘဲ နားလည်မှုတွေ သဘောတူညီမှုတွေ ရှိရမှာပါ။ လူ နှစ်ယောက် အိမ်ထောင်တစ်ခုကို ထူထောင်လိုက်ကြတာဟာ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှုရှိလို့ပဲ မဟုတ်လား။ အဲဒီလို ယုံကြည်မှုတွေနဲ့ အချစ်ဆုံးသူငယ်ချင်း အိမ်ထောင်ဖက် တွေ ဖြစ်လာတာပါ။

တစ်ယောက်ပေါ်တစ်ယောက် ခုံခုံမင်မင်ရှိတာကလည်း best friend ဖြစ်သွားနိုင်တာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ကွာခြားချက်တွေကို အပြစ်တင်နေမယ်၊ ဝေဖန်နေမယ်၊ ငြင်းပယ်နေ မယ်ဆိုရင် အချစ်ဆုံး သူငယ်ချင်းမပြောနဲ့၊ သူငယ်ချင်းတစ်ယောက်လောက်တောင်မှ မရနိုင်ပါဘူး။ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို လက်ထပ်လိုက်တယ်။ အရာအားလုံးက မိမိနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ ဒီတော့ မိမိနဲ့တူအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဖြစ်နိုင်မလား။ တကယ့်အခြေခံက လူတယောက်ရဲ့ အကျင့်စာရိတ္တနဲ့ တန်ဖိုးပါပဲ။

နှစ်ယောက်ပေါင်းပြီး ဒီဘဝခရီးကို အတူသွားကြမှာလား။ ဘဝတစ်ခုရဲ့ အခြေခံအကျဆုံးကို လိုချင်ကြလား။ အဲဒီအတွက် နှစ်ယောက်စလုံးက တူညီစေတဲ့အချက်တွေ လိုပါတယ်။ ခင်ပွန်းအနေ နဲ့ ဇနီးမယားကို ငါကတော့ ပုံမှန်ပဲ။ သူကတော့ ငါနဲ့လည်း မတူဘူး။ ဒါပေမယ့် ကွာခြားချက်တွေကို လက်ခံနိုင်ရမှာပါ။ ဘဝခရီးတစ်ခုကို အတူတူ သွားကြတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ကြိုးစားပြီး တူနိုင်အောင် လုပ်ကြရမှာပါ။ ဒါပေမယ့် မပြောင်းလဲနိုင်တဲ့ ကိုယ်တိုင် မွေးရာပါ အကျင့် တွေကိုတော့ ဘယ်တော့မှ ပြောင်းလဲလို့ ရမှာ မဟုတ်ဘူးဆိုတာကို သိထားရင် best friend ဖြစ်ဖို့ လွယ်သွားမှာပါ။

တစ်ယောက်နဲ့တစ်ယောက် ဆက်နွယ်မှုတွေမှာ ထိုးဖောက်မြင်သာအောင် မြင်နိုင်ပြီး လက်ခံ တာ အကောင်းဆုံးပါ။ friendship ဆိုတာ တစ်ယောက်ပေါ်တစ်ယောက် ရိုးသားမယ်။ လုံခြုံမှုတွေရှိ အောင် ဖန်တီးပေးမယ်ဆိုရင် တည်မြဲမှာပါပဲ။ ဝန်ထုပ်ဝန်ပိုးလို့မယူဆဘဲ အပြန်အလှန်ထောက်ပံ့ ပေးတာ အကောင်းဆုံးပါပဲ။ မိမိက ဝမ်းသာမှုတွေရှိရင် (ဝါ) ဝမ်းနည်းမှုတွေနဲ့ ကြုံရင် ဘယ်သူ့ကို တမ်းတမလဲ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဘာဖြစ်လို့ အဲဒီလို တမ်းတရတာလဲ။ ကိုယ့်ဘဝအတွက် လုံခြုံနေလို့ မဟုတ်လား။

ခင်ပွန်းနဲ့ ဇနီးမယား friendship ဖြစ်နိုင်ဖို့က ဖြစ်လာတဲ့ ပြဿနာတွေကို ဆုံးဖြတ်ချက် မချ ဘူး။ ဇနီးရဲ့စကားကို နားထောင်ပေးမယ်။ အမြတ်တနိုး တန်ဖိုးထားပေးမယ်။ အဲဒီလို အချိန်တွေမှာ အနားမှာ ရှိနေပေးမယ်။ ဒါဆိုရင် သူမအတွက် လုံခြုံမှုတွေ ပေးတာပဲ မဟုတ်လား။ အပြုသဘော ဆောင်တဲ့ အမြင်တွေနဲ့ ပျော်စရာတွေ ဟာသတွေနဲ့ မိမိရဲ့ friendship ကို တိုးတက်အောင် လုပ်ယူ ပြီး ပျော်ရွှင်တဲ့ ကမ္ဘာလေးကို တည်ဆောက်နိုင်ပါတယ်။

To serve each other တစ်ယောက်နဲ့ တစ်ယောက် လိုအပ်တာတွေကို ထောက်ပံ့ကူညီ ပေးမယ်။ ခင်ပွန်းတစ်ယောက်ရဲ့ မိမိအိမ်ထောင်ဖက် အပေါ် အကောင်းဆုံးဖြစ်အောင် ကိုယ်လုပ်ပေး နိုင်တာတွေကို အတိုင်းအတာတစ်ခုထိ လုပ်ပေးမယ်။ အချင်းချင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဖယ်ချ လိုက်မယ်။ ဇနီးကို စောင့်ကြပ်ကြည့်ရှုပေးမယ်။ ငါတို့က friendship တွေပဲဆိုပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကူညီပေးမယ်။ မိမိတို့ရဲ့ အမှားတွေကို မြင်ပြီး၊ ကောင်းမွန်တဲ့ အောင်မြင်တဲ့ မိသားစုဘဝကို ရလာမှာပါ။ ဒါတွေကို အိမ်ထောင်ရှင်တိုင်း လုပ်ဆောင်နိုင်ပါတယ်။
အခုလို friendship မျိုးတွေ တည်ဆောက်ရင်း မိမိတို့ရဲ့ လျှို့ဝှက်တဲ့ နိဗ္ဗာန်ဘုံ our secret paradise ကို ဘဝတစ်လျှောက် ရရှိသွားနိုင်မှာပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

4 + 3 =