မိမိချစ်သူ လက်တွဲဖော်က မိမိကို မချစ်တော့ဘူးဆိုရင် ဘယ်လိုအပြုအမူတွေနဲ့ မိမိကို ဆက်ဆံသလဲ

Doesn't love you anymore
ဒီနေ့မှာ မိမိချစ်သူ လက်တွဲဖော်က မိမိကို မချစ်တော့ဘူးဆိုရင် ဘယ်လိုအပြုအမူတွေနဲ့ မိမိကို ဆက်ဆံသလဲဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။
Relationship တစ်ခုမှာ မချစ်တော့ဘူးဆိုတဲ့ အခြေအနေမျိုး လူတိုင်းမဟုတ်ပေမဲ့ များသော အားဖြင့်တော့ ကြုံတွေ့ခဲ့ကြတာပါ။ ချစ်သူဘဝမှာ ရှေ့ဘာဖြစ်မလဲဆိုတာ မသေချာပေမဲ့ အဖြေ တခုကိုတော့ ရှာကြရတာပါပဲ။
ကိုယ့်ချစ်တဲ့ ချစ်သူက I doesn't love you anymore လို့တော့ ကိုယ့်ကိုပြောမှာ မဟုတ်ဘူး။
ဒါကြောင့် မိမိကို မချစ်တော့တဲ့ သူတယောက်ရဲ့ အပြုအမူတွေကို သိထားရင် relationship ကို အချိန်မနှောင်းသေးခင်မှာ ကြိုတင်ပြီး action ယူလို့ရတာပေါ့နော်။
အရင်ဦးဆုံးကတော့ လက်တွဲဖော်က မိမိနဲ့အတူ အချိန်ဖြုန်းဖို့ လုံ့လမစိုက်တော့တာပါပဲ။ မိမိက တွေ့ဆုံပြီး ရှေ့ဆက်ရမဲ့ ဘဝခရီးအတွက် စိတ်ဝင်စားဖွယ်ရာတွေနဲ့အတူ တိုင်ပင်ဖို့ တွေ့ဆုံဖို့ ချိန်းတယ်။ ဒါပေမယ့် ဖုန်းခေါ်ရင်လည်းမကိုင်ဘူး။ ခေါ်လို့ရရင်လည်း နောက်ဆုံးချိန်မှ ဖျက်လိုက် တာတို့ ရှိလာတယ်။ နှစ်ယောက်တွေ့ဆုံပြီး မေးဖို့ ပြောဖို့ ဆီကိုမရောက်တော့ဘူး တွေ့ဆုံဖို့ ခဲယဉ်းသွားပြီး သူ့ဖာသာရပ်တည်တော့မယ့် သဘောဖြစ်နေပြီး relationship မှာ communication is the key လို့ ဆိုထားပါတယ်။ လက်တွဲဖော်နဲ့ ခံစားချက်တွေပြောဖို့ အခွင့်အရေးမရှိတော့ဘူး။ အဲဒီတော့ relationship က ကြာရှည်ခိုင်မြဲတော့မှာ မဟုတ်ဘူးဆိုတာ သိသာနေပါပြီ။
နောက်ပြုမူပုံက လက်တွဲဖော်လို သူ့ဘဝမှာ ပါဝင်မပတ်သက်ဖို့ ပြုမူလာပြီး။ ဒါက လက်တွဲဖော်လို လက်ခံဖို့ ခက်ခဲလာတဲ့ သဘောပြနေပြီ။ နှစ်ယောက်အတူ အချိန်တခုထိ မျှဝေခံစား ခဲ့တာ။ ပါဝင်ပတ်သက်ခဲ့တာ အများပတ်ဝန်းကျင်က သိကြပေမဲ့ လူဆိုတာ ပြောင်းလဲတတ်ပါတယ်။ အခုတော့ တွန်းထုတ်လိုက်ပြီ လက်မခံတော့ဘူးဆိုတာ ပြနေပြီ။ လက်တွဲဖော်တယောက်ရဲ့ ခံစားချက်တွေ အတွေးတွေ သူ့မှာ လုံးဝမရှိတော့ဘူး။ အခြားသူတွေနဲ့ပဲ အချိန်ဖြုန်းနေမယ်။ အဲဒီလို ဖြစ်နေရင် တွေ့ဆုံပြီး စကားပြောကြည့်ပါ။ မဟုတ်ရင်တော့ ဝေးကွာသွားတော့မှာပါ။
အခုကျပြန်တော့ လက်တွဲဖော်က သူ့ချစ်သူနဲ့ တွေ့ဖို့အချိန်မရှိဖြစ်နေတယ်။ တချိန်တုန်းက တော့ မိမိကို လိုအပ်ခဲ့တယ်။ အချိန်ဖြုန်းခဲ့ကြတယ်။ နှစ်ယောက်စလုံး ပျော်ခဲ့ကြတယ်။ ဒါကြောင့် ခုအချိန်မှာ လက်တွဲဖော်ကို မေးဖို့ မကြောက်ပါနဲ့။ ပွင့်ပွင့်လင်းလင်းမေးပြီး ပြတ်ပြတ်သားသား အဖြေရဖို့ မေးလိုက်ပါ။
ဒီလက်တွဲဖော်က သူ့အတွက်ကိုပဲ အမြဲပြောနေမယ်ဆိုရင် ချစ်သူကို ဂရုမစိုက်တော့ဘူး ဆိုတာ သိသာနေပြီ။ ဒါက မိမိကို အချိန်ဖြုန်းသလို ဖြစ်စေတယ်။ နာကြင်စေတယ် ဘယ်လိုပဲဖြစ်ဖြစ် မိမိဘယ်လိုခံစားနေရတယ်ဆိုတာ ကြိုးစားပြီး ပြောကြည့်ဖို့ ဆွေးနွေးပါ။ မိမိက လက်တွဲဖော်ရဲ့ဘဝ အတွက် စိတ်ဝင်စားပေးတယ်ဆိုတာ ပြပေးပါ။ မျှခြေရှိတဲ့ စကားအသုံးအနှုန်းတွေနဲ့ ဆွေးနွေး ကြည့်ပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ညှိနှိုင်းဖို့ အချိန်တန်ပါပြီ။
မိမိလက်တွဲဖော်က မိမိကို relationship အကြောင်း မပြောတာကြာပြီ။ သူ့ရဲ့ခံစားချက်တွေ လည်း မပြောဘူး။ နှစ်ဦး relationship ဖြစ်နေပေမဲ့ ဝေးကွာနေတယ်ဆိုရင် ကြိုးစားပြီး အဖြေရှာ လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆက်နွယ်မှုက ကင်းကွာနေပြီး လစ်ဟာနေပြီ မိမိကို မချစ်တော့ဘူး ဆိုတာသိသာနေပြီ။ ဒီတော့ မိမိက ကြိမ်းမောင်းချောက်လှန့်တာတွေ မလုပ်ပဲ တည်ငြိမ်အေးဆေး စွာနဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြပေးပါ။ Relationship ကို အဆုံးသတ်ဖို့ (ဝါ) ပြန်လည် တည်ဆောက်ဖို့ မျှော်လင့်ချက်ရှိပါသေးတယ်။
တချို့သော စုံတွဲတွေမှာ စကားများ ရန်ဖြစ်ရင်း လက်တွဲဖော်ကို ဘယ်တော့မှ မတောင်းပန် ဘူး။ ဒါက လက်တွဲဖော်ကို တောင်းပန်ဖို့ငြင်းဆန်တဲ့ သဘောပြနေတယ်။ ဒါဆိုရင် ညီတူညီမျှရှိတဲ့ စုံတွဲမဟုတ်တော့ဘူး သိသာနေပြီဆိုတာ မိမိကပဲ မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ် တောင်းပန် နေရမယ်ဆိုရင် ဒီ relationship အတွက် သေချာဆွေးနွေးရတော့မယ်။ မိမိက ခံစားရတာမှန်ပေမဲ့ အခြေအနေမကောင်းတော့ဘူးဆိုတာ သိသာနေပါပြီ။
မိမိနဲ့ လက်တွဲဖော်နဲ့က ရင်းနှီးမှုမျိုးစုံက တဖြည်းဖြည်းဝေးကွာနေပြီ။ ဒါက မိမိကို လုံးဝ မချစ်တော့တာ သိသာနေပါပြီ။ နှစ်ယောက်ပြန်လည်နီးစပ်ဖို့ connection ဖြစ်ဖို့ ကြိုးစားပြီး ဆွေးနွေးရတော့မယ်။ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရတော့မှာပါ။ ဒါကိုမှ မိမိလက်တွဲဖော်က စိတ်မဝင်စားတော့ဘူးဆိုရင် မိမိရဲ့အနာဂတ်ဘဝအတွက် ပြန်လည်စဉ်းစားသင့်ပြီမဟုတ်လား။
လက်တွဲဖော်က မိမိကို စိတ်မဝင်စားပဲ လစ်လျှူရှုခံနေရပြီး တခြားသူကို စိတ်ဝင်စားနေရင် မိမိက စိတ်မကျေနပ်ဖြစ်မှာပဲ။ ဒါပေမဲ့ လက်တွဲဖော်နဲ့ ပြန်လည်ဆက်သွယ်ပြီး မိမိရဲ့ ခံစားချက်က ဘယ်ကဲ့သို့ ရှိတယ်ဆိုတာကို ပြောပါ။ ဒါပေမဲ့ လက်တွဲဖော်က အခြားသူကိုပဲ စိတ်ဝင်စားနေမယ် ဆိုရင် မိမိပြောတာကို လက်ခံမှာ မဟုတ်တော့ဘူး။ အဲဒီလိုဖြစ်နေရင် မိမိက စဉ်းစားဆင်ခြင်ပြီး မိမိမှာ ရွေးပိုင်ခွင့်တွေရှိပါတယ်။ မိမိကို တန်ဖိုးထားတဲ့ သူနဲ့ပဲ ထိုက်တန်ပါတယ်။
မိမိကို လက်တွဲဖော်ဆီက I love you ဆိုတဲ့ စကားဘယ်တုန်းကပြောခဲ့သလဲ။ မမှတ်မိတော့ဘူးဆိုရင်တော့၊ အချိန်ကြာသွားပြီလား။
လူတယောက်ဟာ အခြားသူတယောက်နဲ့ ချစ်ခွင့်ရတယ်။ အပြန်အလှန်ချစ်ကြတယ်ဆိုတာ မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတခုပါ။ ဆန်းကြယ်တဲ့အရာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွဲဖော်ဆီက ချစ်တယ်ဆိုတဲ့ စကားမကြားရတာကြာပြီဆိုရင် အချစ်တွေက မှေးမှိန်လာနေပြီ ဆိုတာ သိရတော့မယ်။ ကြိုးစားပြီး ဆက်သွယ်ကြည့်ပါ။ ကိုယ်ရေးကိုယ်တာအကြောင်းတွေကြောင့် relationship ကို နောက်ဆုတ်နေတာလား။ မိမိဆီက အချစ်ကို ဆက်ပြီး လက်မခံချင်တော့လို့လား။ ဘယ်လိုအကြောင်းတွေပဲရှိရှိ လက်တွဲဖော်နဲ့ ပြန်လည်ဆွေးနွေးကြည့်ပါ။ မီးဖိုမှာ မီးပြန်မွှေးသလို မီးထတောက်အောင် ကြိုးစားကြည့်ပါ။
ဒါတွေကို လက်မခံဘူးဆိုရင် အသိသာကြီးဖြစ်သွားပါပြီ။ နှစ်ဦးဆွေးနွေးဖို့လည်း ခဲယဉ်း သွားပြီဆိုရင် အဖြေက ပေါ်နေပါပြီ။ ဒါဆိုရင် အချိန်တခုအထိ စဉ်းစားပြီး moving on လို့ပဲ တွေးလိုက်ပါ။
ဒီလိုအဖြစ်မျိုးများစွာကို မိမိက သိထားရင်တော့ မိမိရဲ့ relationship ကို အချိန်မနှောင်းသေး ခင်မှာ saving လုပ်ယူရတော့မှာပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

19 + 1 =