မိမိကို ပျော်ရွှင်စေမဲ့ ကိုယ်ပိုင် နည်းလမ်းကို ပြောင်းနိုင်ရမယ်

Marriage Without Tears

ဒီနေ့မှာ အိမ်ထောင်တစ်ခုတည်ဆောက်ကြတဲ့ခါ ပျော်ရွှင်မှုတွေ ဆိတ်သုန်းပြီး ဝမ်းနည်း ပက်လက်နဲ့ ငိုကြွေးစရာတွေဖြစ်လာရတဲ့ အကြောင်းရင်းလေးတွေကို ကျွန်မသိထား၊ မြင်ထား၊ တွေ့ကြုံထားတာလေးတွေနဲ့ မျှဝေပေးသွားချင်ပါတယ်။

အိမ်ထောင်တစ်ခုတည်ဆောက်တဲ့ခါ တချို့က ကံတရားနဲ့လဲဆိုင်တယ်လို့ ဆိုကြပါတယ်။ အိမ်ထောင်များစွာအတွက် မတူတဲ့အကြောင်းရင်းခံတွေလည်း အများကြီးရှိတာပါ။ တချို့သော သူတွေအတွက် ဆိုးယုတ်တဲ့ အိမ်ထောင်ရေးဖြစ်လာသလို တချို့ကျတော့ အိမ်ထောင်ရှိတယ်ဆိုရုံ သက်သက်တွေလဲ မြင်တွေ့ရတယ်။

တချို့ကျတော့ အိမ်ထောင်တစ်ခုကို စာချုပ်စာတမ်းတွေနဲ့ အခိုင်အမာတည်ဆောက် ကြတယ်။ တချို့ကျတော့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ အယူသီးမှုတွေနဲ့ အိမ်ထောင်ကို တည်ဆောက်ကြတယ်။

ကျွန်မတွေ့ရှိတဲ့ အိမ်ထောင်တစ်ခုဆိုရင် အိမ်ထောင်သက် နှစ် ၄၀ လောက်ရှိပြီး ဇနီးက ဒီနေ့ထိ ရင်ထဲမှာ ငိုရတုန်း ဆိုတာမြင်နေရတယ်။ အိမ်ထောင်ရေးရလာဒ်မကောင်းတာတွေရှိနေ ပါတယ်။

ကမ္ဘာကြီးကတော့ အိမ်ထောင်ရေးကို ဥပဒေမျိုးစုံနဲ့ ထိန်းချုပ်ထားတယ်။

ဥပဒေဆိုတာက အကြွင်းမဲ့ မလွဲဘူး ဘက်မလိုက်ဘူး။

ဥပဒေဆိုတာ လူသားအားလုံးနဲ့ သက်ဆိုင်တယ်။

ဥပဒေဆိုတာ စိတ်ခံစားမှုကင်းတယ်။

အိမ်ထောင်ရှင်တိုင်းက စိတ်ပျော်ရွှင်မှုကို လိုချင်ကြတဲ့သူချည်းပါပဲ။

အိမ်ထောင်ရေးမှာ စိတ်မဆင်းရဲရအောင် မငိုရအောင် ဘယ်လိုပြုမှုနေထိုင်ရတဲ့ ပုံစံမျိုးတွေရှိ သလဲ။ ဥပဒေတွေက ထိန်းချုက်ထားပေမဲ့ မိမိက ဒီဥပဒေတွေထဲကနေ မိမိကို ပျော်ရွှင်စေမဲ့ ကိုယ်ပိုင် နည်းလမ်းကို ပြောင်းနိုင်ရမယ်။ ဒီတစ်နည်းရတဲ့အဖြစ်တွေကနေ မိမိအတွက် အိမ်ထောင်သက် ဘယ်လောက်ပဲရှိနေပါစေ။ ကြာချင်ကြာနေပါစေ မိမိအတွက် ပြန်သင်ယူနိုင်ရမယ်။ စိတ်မညစ် ရအောင် ပြန်လည်ရုန်းထွက်နိုင်ရမယ်။

တချို့သော တိုင်းပြည်တွေမှာ ယောကျ်ားတွေက အိမ်ထောင်ဦးစီးဖြစ်တယ်။ ဇနီးက ကလေးမီးဖွားရင် ဘာဖြစ်လိုပ မီးဖွားရတာစတဲ့ ညံ့ဖျင်းတဲ့စကားတွေပြောတတ်ကြတယ်။ ဒီလိုမိသားစုတွေမှာ ကြီးပြင်းလာတဲ့ သားယောကျ်ားလေးဟာလဲ သူ့ဖခင်က သူ့ရဲ့စံပြနမူနာဖြစ်တဲ့ အတွက် သူအိမ်ထောင်ကို တည်ထောင်ရင်လည်း သူ့ဇနီးကို သူ့အဖေလိုပဲ ပြုမူမှာပဲ အဲဒီတော့ ငိုကျွေးမှုတွေနဲ့ပဲ အိမ်ထောင်ကို စလာရတော့မှာပဲ။

            ဒီနေ့ခေတ် သူတို့ရဲ့ အဖွားတို့ အမေတို့ကနေ လက်ဆင့်ကမ်းပြီး သမီးကို သူတို့ဖြစ်ခဲ့တဲ့ အိမ်ထောင်ရေးမသာယာမှုတွေကနေ ဘယ်လိုရုန်းထွက်မလဲဖိနှိပ်ချုပ်ချယ်မှုကနေ ကင်းအောင် နည်းလမ်းရှာတတ်လာပြီ တဆင့်သင်ပေးတတ်ကြပြီ။

            ဘယ်ဇနီးမယားကမှ စိတ်ဆင်းရဲရတဲ့ ငိုနေရတဲ့ အိမ်ထောင်ရေးမှာ မနေချင်ကြပါဘူး။ ဒီတော့ မိမိခင်ပွန်းနဲ့ ဆွေးနွေးစရာ ရှိတာဆွေးနွေးပြီး အိမ်ထောင်ဦးစီးအလုပ်တွေ ဝင်ငွေရှာတဲ့ အလုပ်တွေ အပြင်ထွက်အလုပ်လုပ်လာကြပြီ။

            လက်ထပ်ထိမ်းမြှားတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ ဘုရားပေးတဲ့ လက်ဆောင်ပါ။ ငိုယိုစေတဲ့ အိမ်ထောင်ရေးကို မလိုလားပါဘူး။ အာဖရိကတိုက်မှာ ဇနီးမယားဆိုတာ ကြီးကျယ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ကျွန်လို သဘောထားကြပြီး။ အနောက်နိုင်ငံတွေမှာတော့ marriage is business လို့ ဆိုကြပါတယ်။  ရုပ်ရှင်တို့ social media တို့မှာ အိမ်ထောင်တွေကွဲကြတယ်။ အမျိုး တယောက်ဟာ အိမ်ထောင်ဆက်တွေ အများကြီးမြင်တွေ့ရတယ်။ ဒါတွေကတော့ အတုယူသင့် သလား။

            အိမ်ထောင်တစ်ခုတည်ထောင်တော့မယ်ဆိုရင် friendship မိသင်္ဂဟဖြစ်ခြင်းကနေစရင် အကောင်းဆုံးပါပဲ။

            ဥပမာ-ခင်ပွန်းက အိမ်ရှေ့ခန်းမှာ ဘောပွဲကို T.V က ကြည့်နေတယ်။ ဇနီးက ဝါသနာမပါပေမဲ့ အတူကြည့်နေပေးပါ။ မိမိနဲ့ ဦးနှောက်ထဲမှာ ဒီဘောပွဲအကြောင်း ဘာမှမသိပေမဲ့ friendship အနေနဲ့ ပြုမူပေးပါ။ မိမိက ခင်ပွန်းနားမှာမရှိရင် ခင်ပွန်းရဲ့ အတွေးထဲမှာလည်း မိမိအဝေးနားမှာ ပါပဲ။ အပြန်အလှန်ပေါ့နော်။ out of sight is out of mind ပါပဲ။

            ဒီအမျိုးသမီးက ခုလိုပြောဖူးတယ်။ သူ့ခင်ပွန်းက စားပွဲတင် တင်းနစ်။ Table Tennis ဝါသနာ ပါတယ်။ မိမိက မကစားတတ်ဘူး။ ဒါပေမဲ့ အဖော်ရအောင် servicing လုပ်ပေးတယ်။ ကစားဖော်ရှိလာတော့ ခင်ပွန်းကလည်း ကစားရတာ ပျော်လာတာပေါ့။ ဒီလိုနည်းလေးတွေနဲ့ အချိန်ပေးပြီး နေတာဟာ။ စိတ်ဆင်းရဲတဲ့ ငိုယိုနေရတဲ့ အိမ်ထောင်ဖြစ်မလာတော့ဘူးပေါ့။ ခင်ပွန်းရဲ့ စိတ်လဲ မပျံ့လွင့်တော့ဘူး။ မိမိက အနားမှာ သူ့ဝါသနာကို အတည်ပြုပေးတဲ့သဘော register လုပ်ပြီးသားဖြစ်သွားတာပေါ့လို့ ပြောဖူးပါတယ်။

            အိမ်ထောင်ရေးဆိုတာ ခက်ခဲတဲ့ အလုပ်တခုလိုပါပဲ။ အန္တရာယ်ရှိတဲ့ တံတားတခုကို ကျော်ဖြတ်ရသလိုပါပဲ။ မျက်ရည်နဲ့ ဝမ်းနည်းပက်လက်ဖြစ်ရတဲ့အိမ်ထောင်တွေလဲ မနည်းပါဘူး။ အိမ်ထောင်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့အားနည်းချက်ကို မီးထွန်းကြည့်သလို သေသေချာချာကြည့်ရင် မြင်နိုင်ပါတယ်။ မြင်လို့ရှိရင် ပြုပြင်ရပြီပေါ့နော်။

            ဒါဆိုရင် အိမ်ထောင်ရေးမှာ ဝမ်းနည်းရတာတွေ တဖြည်းဖြည်း လျော့လာမှာ ဖြစ်ပြီး မိမိယုံကြည်ကိုးကွယ်ရာ ဘုရားရှင်ထဲမှာလည်း ဆုတောင်းနိုင်ပါသေးတယ်။ ဒါဆိုရင် marriage without tears ဖြစ်လာမှာဖြစ်သလို။ Marriage is sweet ပါပဲလို့ တင်ပြရင်း ဒီတပတ်အတွက် နိဂုံးချုပ်ပါရစေ။

Add new comment

5 + 8 =