မိမိကိုယ့်ကိုချစ်ခြင်း

အားလုံးပဲမင်္ဂလာပါ
အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အားလုံးကိုပျော်ရွှင်သောနှစ်သစ်လေးဖြစ်ပါစေလိုနုတ်ဆက်လိုက်ပါတယ်။၂၀၂၁ခုနှစ်ရောက်လာပြီဆိုတော့ရည်မှန်းချက်အသစ်တွေ၊ပြောင်းလဲမှုအ
သစ်တွေ၊ချစ်ခြင်းမေတ္တာအသစ်တွေနဲ့နှစ်သစ်ကိုအစပြုကြရ
အောင်။ပြီးခဲ့တဲ့နှစ်မှာ မိမိကိုယ့်ကိုချစ်ဖို့၊ဂရုစိုက်ဖို့မေ့နေခဲ့မယ်ဆိုရင်လဲ အခုကစပြီးကျန်ရှိအချိန်ကာလေးကို
မိမိကိုယ့်ကိုပိုချစ်ကြစို့လားကွယ်။ဒီတစ်ပတ်အတွက်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကလည်း
“မိမိကိုယ့်ကိုချစ်ခြင်း” ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။
ဤဆောင်းပါးလေးကိုစာရေးဆရာမာကု(ဒဿန)ရေးသားခဲ့သော(လှုပ်ခတ်နေသောရှင်သန်ခွင့်လေးများ )စာအုပ်မှ ကိုးကားထားတာဖြစ်ပါတယ်ရှင်။
ချစ်ခြင်းကို အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေမှာ စွဲလန်းခြင်း၊ချစ်ကြိုက်ခြင်း၊တပ်မက်ခြင်း၊ချစ်ခြင်းစုံမက်ခြင်းစသဖြင့်အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုထားပါတယ်။ မိတ်ဆွေလူငယ်မောင်မယ်များတို့ -မိမိကိုယ့်ကိုချစ်လိုက်ပြီးဆိုရင်ကျန်းမာသန်စွမ်းလာမယ်၊တွေ့ကြုံရမယ့်အခက်အခဲပြဿနာတွေကို
လည်းရင်ဆိုင်နိုင်မယ်၊ရင့်ကျက်တဲ့လူငယ်တစ်ယောက်ဖြစ်လာမှာြဖစ်ပါတယ်။မိမိကိုယ့်ကိုနားလည်
လက်ခံနိုင်သူဖြစ်လာတဲ့အပြင်သူတစ်ပါး၊နီးစပ်သူတွေကိုလည်းနားလည်လက်ခံယုံကြည်လာမှာဖြစ်ပါတယ်။ဘ၀အတွေ့အကြုံကနေရင့်ကျက်မှုတွေ၊စိန်ခေါ်မှုတွေ၊ကောင်းမွန်တဲ့ရလဒ်တွေ၊ရရှိဖို့ရန်စွမ်း
ဆောင်နိုင်စွမ်းတွေ၊တိုးတက်မှုတွေရရှိဖို့မိမိကိုယ့်ကိုချစ်ခြင်းကများစွာအရေးပါ၊အရာရောက်ပါတယ်။
ချစ်ခြင်းမေတ္တာဆိုတာမြင့်မြတ်တဲ့စိတ်ထားနဲ့သူတပါးကောင်းကျိုးအတွက်ပြင်းပြတဲ့ခံစားချက်ဖြစ်ပါ
တယ်။သူတပါးကောင်းကျိုးအတွက်ဦးစားပေး၊စဥ်စားပေးခြင်းအသက်ရှင်ပေးခြင်းတွေဟာချစ်မှန်တဲ့
ချစ်ခြင်းမေတ္တာြဖစ်ပါတယ်။တနည်းအားဖြင့်သူတပါးပေါ်မှာစိတ်ထားမြင့်မြတ်ခြင်းဖြစ်ပါတယ်။ဒါ
ကြောင့်မို့မိမိကိုယ့်ကိုချစ်ခြင်းဟာအလွန်ကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ တချို့တွေပြောတက်ကြပါတယ်၊မိမိကိုယ့်ကိုချစ်တာ၊ဂရုစိုက်လွန်တာ၊အရေးတယူလုပ်တာတွေကိုမြင်တဲ့သူကနင့်ကတော်တော်အတ္တဆန်တာပဲလိုပြောတတ်ကြတာကိုကြားဖူးပါတယ်။ဥပမာပြောရမယ်ဆိုရင် ငါက သိပ်လှတာပဲဆိုပြီမှန်တင်ခုံရှေ့မှာတနေကုန်ထိုင်ပြီးတော့ မိမိကိုယ့်ကိုချီးမွမ်းနေတာ ၊၀ါကြွားနေတာမျိုးကိုပြောချင်တာမဟုတ်ပါဘူး။အဲလိုမျိုးကမိမိကိုယ့်ကိုချစ်ခြင်းမဟုတ်ပါဘူးနော်။မိမိကိုယ့်ကိုချစ်ခြင်းဟာအတ္တဆန်ခြင်းမဟုတ်သလို၊၀ါကြွားခြင်းလည်းမဟုတ်ပါဘူးဆိုတာသိထားဖို့လိုပါတယ်။မိမိကိုယ့်ကိုချစ်ခြင်းဆိုတာယုံကြည်ခြင်း၊လက်ခံခြင်း၊မိမိကိုယ့်ကိုအားထားခြင်းဖြစ်ပါတယ်။
ပြောချင်ဒါကတော့ မိမိကိုယ်ကိုပုတ်ခတ်ပြောဆိုပြစ်တင်မနေပဲမိမိရဲ့အားနည်းချက်အားသာချက်များကို လက်ခံနားလည်ပေးခြင်းဖြစ်ပါတယ်။ကျွန်မတို့တတွေဟာအနည်းနဲ့အများဆိုသလိုသူတပါးကိုမေတ္တာထား၊စေတနာထားနိုင်ဖို့ဆိုတာခက်ခဲတတ်ကြပါတယ်။ဒါကြောင့်သူတပါးကိုမေတ္တာထားချစ်နိုင်ဖို့ဆိုတာ မိမိကိုယ့်ကိုမချစ်ရင်မဖြစ်နိုင်ပါဘူး။ဒါကြောင့်မိမိမှာ မရှိတာကိုသူတပါးကို မပေးနိုင်သလိုပေါ့။
မိမိကိုယ့်ကိုချစ်ခြင်းဆိုတာတနည်းပြောရမယ့်ဆိုရင်မိမိကိုယ့်ကိုယုံကြည်ခြင်းဖြစ်ပါတယ်။မိမိကိုယ့်ကိုမချစ်တဲ့သူဟာဆိုရင် မိမိကိုယ့်ကိုမယုံကြည်လိုပဲဖြစ်ပါလိမ့်မယ်။
သော်တရှင်လူငယ်မောင်မယ်များတို့ - မိမိကိုယ့်ကိုချစ်ခြင်း၊ယုံကြည်ခြင်းတွေဟာဘ၀ရဲ့အခြေခံအုတ်မြစ်ဖြစ်သလို၀မ်းမြောက်၊ပျော်ရွှင်၊ကျေနပ်၊အားရခြင်း၊အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေဟာလည်းယုံကြည်ခြင်းဆိုတဲ့အုတ်မြစ်အပေါ်မှာ တည်ဆောက်ထားတာြဖစ်ပါတယ်။
ဒါကြောင့်မို့ ချစ်သောလူငယ်မောင်မယ်များတို့လည်း မိမိကိုယ့်ကိုချစ်ခြင်းဟာဆိုရင် ဖြတ်သန်းရမယ့်ဘ၀တစ်လျှောက်လုံးမှာ ကောင်းမွန်တဲ့အကျိုးရလဒ်တွေရစေတဲ့အပြင် -ရင့်ကျက်မှု၊ယုံကြည်မှုတွေကိုတိုးစေပါတယ်ဆိုတာမမေ့ကြပါနဲ့နော်။စစ်မှန်တဲ့ပျော်ရွှင်မှုတွေကိုလည်းခံစားရမှာြဖစ်ပါတယ်။ဒါကြောင့်မို့ ချစ်သောလူငယ်မောင်မယ်များတို့လည်း၂၀၂၁ မှာ မိမိကိုယ့်ကိုပိုချစ်နိုင်ကြတဲ့သူများဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်။ အားပေးနားဆင်ကြည့်ရှုသူအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ စစ္စတာရ် မေရီဒိမ် ပါရှင်။

Add new comment

10 + 2 =