မိဘမေတ္တာတရား

အားလုံပဲမင်္ဂလာပါရှင်
အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက်ပေးနေကြအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။အမိကက်သလစ်သာသနာကနေဇူလိုင်လကိုမိဘများပွဲနေအဖြစ်ကျင်းပကြပါတယ်။ဒါကြောင့်ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “မိဘမေတ္တာတရား” ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
မိတ်ဆွေများရှင် ကျွန်မတို့တတွေလူရယ်လို့ဖြစ်လာပြီကြီးပြင်လာကြတာဆိုရင်ဖြင့် မိဘနှစ်ပါးရဲ့ရင်ခွင်တွေဆီကနေတဖြေးဖြေးနဲ့စတင်ဖြစ်ပေါ်ရလာတာဖြစ်ပါတယ်။ပထမဦးစွာ ကိုးလလွယ်ဆယ်လဖွားပြီးနောက်မိခင်နို့ချိုသောက်သုံးပြီးတော့ဖခင်ရဲ့ ကြင်နာယုယမှုနဲ့ဖခုံးထက်မှာမှီတွယ်ရင်နဲ့ကြီးပြင်လာခဲ့ကြရတာဖြစ်ပါတယ်။
ကျွန်မတို့လူသားတွေဟာလောကကြီးမှာမိမိတို့လိုချင်တဲ့အရာ၀တ္တုမှန်သမျှကိုမိမိစိတ်တိုင်းကျ၀ယ်ယူလိုရတယ်။လဲလှယ်လိုလဲရတယ်။ဒါအပြင်သူတပါးတို့ကိုလဲပေးကမ်းလိုရတယ်။လှုဒါန်းလိုလဲရတယ်။မိမိရဲ့သဘောအတိုင်းချဲလှလိုရကြတယ်။အစားထိုးလိုရတယ်။အဲဒါတော့အရာ၀တ္တုတွေဖြစ်လိုပေါ။
ဒါပေမဲ့မိဘတွေရဲ့ ဖြစ်တည်မှုနှင့်မေတ္တာတရားဟာပြောင်းရွှေ့၊ရွှေ့ချယ်လိုမရနိုင်ပါဘူး။မိဘဟာဆိုရင် ကျွန်မတို့ကိုယ်စီနှလုံးသားထဲမှာ၊အစားထိုးလိုမရ၊မေ့လိုမရနိုင်တဲ့အရာ၊လဲလှယ်လိုမရနိုင်တဲ့အရာတစ်ခုပါ။ဒါအပြင်တန်ဖိုးအကြီးဆုံးနဲ့ မခမဲ့ရတာကတော့မိဘရဲ့ မေတ္တာနှင့် စေတနာတွေပါပဲ။၊
သော်တရှင်များရှင် မိဘဆိုတာ ဘယ်လိုပုံစံပဲဖြစ်ဖြစ်၊ဘယ်လိုအခြေနေမျိုးပဲရောက်နေပါစေ၊ရုပ်ကြီးပဲဆိုးဆိုး၊ပညာမဲ့၊ဂုဏ်ရည်နိမ့်အဆုံးစွန်ဆုံးပြောရမယ်ဆိုရင်အကျင့်ဆိုး၊အကျင့်မကောင်း၊ကျန်းမာရေးချုးချာနေပါစေ၊ဘာကြီးပဲဖြစ်နေပါစေမိဘဟာမိဘပါပဲ။မိဘနေရာမှာဘာနဲ့မှအစားထိုးလိုမရပါဘူး။အစားထိုးမခံပါဘူး။ဘာကြောင့်လဲဆိုရင်သားသမီးတွေအပေါ်မှာကြီးမားတဲ့မေတ္တာနဲ့ကျေးဇူးတရားတွေကြောင့်ပေါ့။မိဘနှစ်ပါးရဲ့ ပြုစု၊ပျိုးထောင်သွန်သင်လမ်းပြပေးလို့ကျွန်မတို့တတွေဟာလူလားမြောက်လာခဲ့ကြတာဖြစ်ပါတယ်။ကျွန်မတို့တတွေလူတော်၊လူကောင်း၊လူရည်ချွန်၊ပညာတက်၊ပညာရှိ၊ရာထူးတွေရရှိလာရခြင်း၊ဒါအပြင်အကောင်း၊အဆိုး၊အမှား၊အမှန်ခွဲခြားတက်အောင်၊အရာရာတိုင်း၊အဖြစ်ဖြစ်တိုင်းမှာအသိတရား၊သတိတရားရှိဖို့ရန်စသဖြင့်သင်ကြားပေးခဲ့တာဆုံးမပေးခဲ့တာတွေမိဘတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့မိဘနှစ်ပါးစလုံးဟာသားသမီးတို့ရဲ့လက်ဦးဆရာဖြစ်ပါတယ်။မိဘဆိုတာသူတို့အငတ်ခံပြီးမစားရရင်နေပါစေသားသမီးတွေစားရရင်ကျေနပ်နေသူတွေပေါ့။မိဘဆိုတာသူတို့ကိုယ်တိုင်မပြည့်စုံရင်နေမယ်သားသမီးတွေအတွက်ဆိုလိုလေသေးမရှိအောင်ပြည့်ပြည့်စုံစုံလေးဖြစ်အောင်လုပ်ပေးသူတွေပေါ့။သားသမီးတွေစိတ်ချမ်းသာ၊ပျော်ရွှင်နေရင်မိဘတွေကလည်းပျော်ရွှင်နေကြတယ်။သားသမီးတွေရဲဒုက္ခကိုသူတို့ဒုက္ခအဖြစ်လွှဲပြောင်းယူတက်တာလဲမိဘတွေပါပဲ။
စောစောကကျွန်မပြောခဲ့တဲ့လူဘ၀စတင်လာရတာလူတစ်လုံး၊သူတလုံးဖြစ်အောင်အသက်၊သွေး၊ချွေး၊တွေနဲ့ရင်ပြီးတော့သားသမီးတွေမရွယ်ရောက်လာအောင်ပြုစုကျွေးမွေးစောင့်ရှောက်ပေးခဲ့ကြတာ ဟာမိဘနှစ်ပါးပါပဲ။
သော်တရှင်မိတ်ဆွေများရှင် -ဒါတွေမကားသေးပါဘူး။သားသမီးတို့ကျန်းကျန်းမာမာနဲ့မွေးဖွားကြီးပြင်လာဖို့ရန်အတွက်ဆောင်ရန်၊
ရှောင်ရန်တွေကိုသတိထားရှောင်ကြဥ်ရရှာတဲ့မေမေ။ဒါအပြင်မိခင်ရဲ့နို့ရည်ချိုချိုသောက်သုံးပြီးနွဲ့ဆိုးဆိုးတဲ့သားသမီးတို့ကိုစိတ်ရှည်ရှည်နဲ့ထမင်းခွံကျွေးတာမေမေရဲ့မေတ္တာပါ။ဖေဖေကတော့သားသမီးတွေရဲ့
နောင်ရေးအတွက်ရုန်းကန်စီးပွားရှာနေရပါတယ်။သားသမီးတွေအတွက်ကျန်းမာရေး၊ပညာရေး၊လုံခြုံ
အေးချမ်းစွာနေထိုင်နိုင်ဖို့ရန်အတွက်နှာဖူးကနေခြေမထိချွေးထွက်အောင်နေပူမရှောင်၊မိုးရွာမရှောင်၊ရာသီသုံးခုစလုံးမှာပင်ပင်ပန်းပန်းနဲ့အလုပ်ကိုကြိုစားလုပ်ပေးနေရတာဖေဖေပဲဖြစ်ပါတယ်။ဖေဖေဟာဆို
ရင်မိသားစုအတွက်သားသမီးတွေအတွက်ခြံ၀န်းကြီးပမာ၊မဟာတံတိုင်းပမာခိုင်မာစွာရပ်တည်လျက်ရှိ
နေပါတယ်။ဒါအပြင်မိဘနှစ်ပါးရဲ့ဆုံးမစကားဟာသားသမီးတွေအတွက်အားဆေးသွယ်ဖြစ်သလို၊သားသမီးတို့ရဲ့အပြုံမျက်နှာတစ်ချက်မြင်လိုက်ရတဲ့မိဘနှစ်ပါးရဲ့ပင်ပန်းမှုတွေပျောက်ပျက်သွားပါတယ်။ကျွန်မတို့ကြားဖူးကြတဲ့စကားလုံးကတော့တောင်စုတ်ပလုပ်စုတ်ဆိုရင်စွန့်ပစ်ကြတယ်၊သားသမီးဆိုး
တွေကိုဘယ်မိဘကမှာစွန်ပစ်သွားလေ့မရှိပါဘူး။ဆိုးပေမိုက်မဲ့တဲ့သားသမီးတွေဆိုရင်သမိဘတွေကပို
ချစ်တယ်၊ဂရုစိုက်ကြတယ်၊စိတ်ပူစိုးရိမ်းတက်ကြတယ်။တစ်လောကလုံးကလူတွေမိမိကိုမုန်းနေရင်
တောင်မိဘတွေကတော့မမုန်းပါဘူး။ကျွန်မတို့ဘ၀တွေမှာခက်ခဲတဲ့အရာတွေဆိုရင်ဘယ်တော့မှာလွယ်လွယ်နဲ့မရခဲ့ဘူးသလို အလကားလဲမရခဲ့ပါဘူး။ဒါပင့်မဲ့တစ်ခုတော့ရှိတယ်အလွယ်တကူရခဲ့တာဆိုလို့ မိဘနှစ်ပါးရဲ့မေတ္တာပဲရှိတာပါ၊အချိန်မရွေးရတဲ့မိဘရဲ့မေတ္တာတွေပေါ့။နောက်ဆုံးပြောရမယ်ဆိုရင်မိဘတွေကအသက်ကြီးလာတာနဲ့အအမျှသားသမီးတွေဆီကနေမျှော်လင့်တဲ့အရာတွေကတော့ (၁)သိတက်မှု(၂)ဂရုစိုက်မှု(၃)မေတ္တာတရားရယ်ဆိုတာကိုတော့မမေ့ကြပါနဲ့လိုအသိပေးတိုက်တွန်းလိုက်ပါတယ်။
မိတ်ဆွေလူငယ်မောင်မယ်တို့ရှင် မိဘနှစ်ပါးကိုရိုသေပါ၊လေးစားပါ၊သိတက်ပါ၊ပြုစုပါ၊သတိရပါ၊အမြဲရှိခိုးပါလို့အသိပေးပါရစေ။မိဘတွေအတွက်အားကိုးရတဲ့သားသမီးများဖြစ်ကြပါစေ။မိဘတွေအတွက်ထီးလိုအရိပ်မိုးတဲ့သမီးများဖြစ်ကြပါစေ၊မီးပမာအပူပေးတဲ့သမီးမျိုးမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်။ မိဘများအားလုံး၊အကြီးအကဲများအားလုံး၊ကျေးဇူးရှင်များအားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။လိုအင်ဆန္ဒအကြံအစည်များအောင်မြင်ပါစေ။ကျန်းမာြခင်းများလည်းရရှိပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မက စစ္စတာရ် မေရီဒိမ် ပါရှင်။

Add new comment

16 + 2 =