မိဘကနေ သားသမီးဆီကို လွတ်လပ်မှုပေးခြင်း

Freedom for children
ဒီနေ့ တင်ပြပေးချင်တဲ့ အကြောင်းအရာကတော့ မိဘကနေ သားသမီးဆီကို လွတ်လပ်မှုပေးခြင်း ဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။
လွတ်လပ်မှုဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ ဥပဒေကို ဖီဆန်တာ မဟုတ်တဲ့ သူလုပ်ချင်တာ ဘာမဆို လုပ်ပိုင်ခွင့်ရှိတာကို ဆိုလိုတာပါ။
တချို့မိဘတွေက ကိုယ့်သားသမီးကို မယုံဘဲ သားသမီးရဲ့ လှုပ်ရှားမှုတွေကို အပြစ်တင် အရေးယူပြီး သားသမီးဘဝအတွက် ကောင်းစေချင်လို့ လုပ်ပေမယ့် အကောင်းဆုံး နည်းဖြစ်မလာဘဲ သားသမီးကို stress ရစေတယ်။ အဲဒီကနေတဆင့် ပြစ်မှုတွေ လက်သရမ်းဖျက်ဆီးတတ်တဲ့ အပြုအမူတွေဆီ ဦးတည်သွားတတ်ပါ တယ်။
ဒါကြောင့်မို့ ငယ်စဉ်ကလေးဘဝမှာ ကတည်းက သူလုပ်ချင်တာ သူအာသီသရှိတဲ့ဆန္ဒကို သူကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်တဲ့ လုပ်ပိုင်ခွင့် လွတ်လပ်မှုမျိုး အရင်ဦးဆုံး ပေးရမှာပါ။
အဲဒီလို လွတ်လပ်မှုမျိုး ပေးတာဟာဖြင့် သားသမီးက သူ့အရွယ်အလိုက် သူ့ဖာသာ manage ကိုင်တွယ် ဖြေရှင်းမယ်။ သူကိုယ်တိုင် ဖြေရှင်းရမယ်ဆိုတဲ့အသိ ငယ်စဉ်မှာကတည်းက သိလာမယ်။ နောင် အနာဂတ်ဘဝကိုလည်း သူကိုယ်တိုင်ပဲ ဖန်တီးလုပ်ယူနိုင်လာပါလိမ့်မယ်။
မိဘက ဘေးကနေ ထောက်ပံ့မှုလေးတွေပေးပြီး control လုပ်ပေးရင် negative ကလေး အပြု သဘော မဆောင်တဲ့ကလေးတစ်ယောက်ဖြစ်မလာတော့ပါဘူး။
တခါတလေ သားသမီးက လုပ်ဆောင်ရင်းမှားသွားခဲ့ရင် အဲဒီအမှားထဲကနေ ရုန်းထွက်နိုင်ဖို့ တစ်ခုခု လုပ်ပေးရတော့မယ်။ အဒီ အမှားကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးပေးရမယ်။ ထွက်ပေါက်တစ်ခုပေးရမယ်။ ဖြုတ်ချတာ၊ ပြစ်ဒဏ်ပေးတာတွေ မလုပ်မိဖို့ကလည်း မိဘတွေအတွက် အရေးကြီးပါသေးတယ်။
သားသမီးက သူဖြစ်ချင်တာကို သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်နဲ့ လုပ်နေတာကို မိဘအနေနဲ့ ငါ့ သားသမီးက မလုပ်နိုင်ပါဘူး။ ဖြစ်မှာ မဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူးဆိုတဲ့ အတွေးမျိုးတွေကို ရှောင်ပြီး သူ့ဘဝ သူကိုယ်တိုင် လျှောက်နိုင်ဖို့ သူဝါသနာပါရာကို သူ့ဖာသာ ဦးအောင်လုပ်သွားဖို့ အခွင့်အရေးပေးရမှာပါ။
လွတ်လပ်မှုပေးတဲ့ အကြောင်းအရာထဲမှာ သားသမီးရဲ့ သူငယ်ချင်းအပေါင်းအသင်းကအစ သူ့လွတ်လပ်ခွင့်နဲ့ သူ့လူမျိုးမတူ၊ ဘာသာမတူ၊ ကျားမ မတူပေမယ့်လည်း သူကိုယ်တိုင်တွေးပြီး communicate ပေါင်းသင်းဆက်ဆံရေး ပြေပြစ်အောင် ဖန်တီးယူတတ်လာပါလိမ့်မယ်။ မိဘအနေနဲ့ စောင့်ကြည့်ပေး၊ ရှောင်ရှားသင့်တာ ရှောင်ရအောင် သားသမီးရဲ့ ဘဝထဲကို အမှားတွေ မရောက်လာအောင် လုပ်ဆောင်ပေးရင် သူတို့ဘဝ အဟန့်အတားမဖြစ်ဖို့တော့ အရေးကြီးလှပါတယ်။
ဒီတော့ သားသမီးက အလိုအလျောက် သူ့မှာ ကိုယ်ပိုင်တည်ဆောက်ရမယ့်ဘဝရှိတယ်ဆိုတာ သိလာ တယ်။ မိဘက ဘေးကနေ ထောက်ပံ့ပေးရင်ရပြီဆိုတဲ့ ခံစားချက်ရှိလာတယ်။ အဲဒီတော့ မိဘနဲ့ သားသမီး သံယောဇဉ်တစ်စုံ ပိုပြီး ခိုင်မာလာပါတယ်။
အဲဒီလို လွတ်လပ်မှုရတဲ့ သားသမီးမျိုးတွေက မိဘကို ပြန်အာခံပြောတာ၊ ရိုင်းပျတဲ့ အပြုအမူတွေ၊ မိဘနဲ့ ဆန့်ကျင်ဘက်အရာတွေကို မလုပ်တော့ပါဘူး။
Success is not the key of happiness but happiness is the true key of success ကလေး တစ်ယောက်ရဲ့ အောင်မြင်မှု အဓိကသော့ချက်က ပျော်ရွှင်မှုလို့ ဆိုပါတယ်။
ဒါကြောင့်မို့ ကလေးတစ်ယောက်ရဲ့ လွတ်လပ်မှု Freedom ဆိုတာ ငယ်စဉ်တောင်ကျေး ကလေးဘဝ မှာကတည်းက practical လေ့ကျင့်ပေးရမယ်။ ဘဝရဲ့ အရေးကြီးတဲ့ skills of life ကျွမ်းကျင်မှုတွေကို သင်ပေးရမယ်။ ဒါမျိုးတွေက အတန်းပညာကျောင်းမှာ သင်ပေးရတဲ့ အရာ freedom မဟုတ်ပါဘူး။ ကလေး တစ်ယောက်ဟာ freedom ရမှာသာ သူ့ရဲ့ self confidence ကို တည်ဆောက်ယူလို့ရမယ်။ ဒါမှသာ သူ ကြီး ပြင်းလာမယ့် သူ့အနာဂတ်ဘဝကို မိဘတွေ စိတ်ချလက်ချနဲ့ စိတ်ချမ်းသာနိုင်မှာ ဖြစ်ပါတယ်ဆိုတာ တင်ပြ ရင်း နိဂုံးချုပ်ပါတယ်။

Add new comment

1 + 1 =