မိန်းကလေးတစ်ယောက်က သူချစ်တဲ့ယောကျာ်းလေးတစ်ယောက်ကို သူကချစ်တယ်ဆိုတဲ့ အပြုအမူတွေ၊ အမူအယာတွေက လုပ်ပြတယ်ဆိုတဲ့အကြောင်း

Shows behavior
ဒီနေ့မှာ မိန်းလေးတစ်ယောက်က သူချစ်တဲ့ယောကျ်ားလေးတစ်ယောက်ကို သူကချစ်တယ် ဆိုတဲ့ အပြုအမူတွေ အမူအယာတွေလုပ်ပြတယ်ဆိုတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။
ပရိသတ်ကြီးရှင့်။ လောကကြီးမှာ အချစ်စစ် အချစ်မှန်ဆိုတာ ဘုရားပေးထားတဲ့ ကောင်းတဲ့ မင်္ဂလာတစ်ခုပါ။ ဒါပေမယ့် လူတိုင်းတော့ ဒီကောင်းတဲ့ မင်္ဂလာကို မခံစားရဘူးလို့ ထင်ပါတယ်။ တခါတလေ ကိုယ်ကချစ်တာတစ်ယောက် ကိုယ့်ကို ချစ်လာတဲ့သူတစ်ယောက်နဲ့ လောကကြီးမှာ ကြုံတွေ့နေကြတာပါ။
လူတိုင်းကတော့ ဧကန်မလွဲ၊ အချစ်စစ်အချစ်မှန်နဲ့ ကြုံတွေ့ချင်ပေမယ့်လို့ တချို့သောသူ တွေကတော့ မိမိဘဝမှာ ကိုယ့်အတွက် special one ဆိုတဲ့သူနဲ့ အခွင့်အရေးမရနိုင်ခဲ့ပါဘူး။ တခါ တလေမှာ အကြောင်းအရာ အချို့ကြောင့် မနီးစပ်ခဲ့ကြဘူး။ ကွဲကွာသွားခဲ့တယ်။ တချို့သော သူတွေကျတော့လည်း ကိုယ့်ကိုချစ်တဲ့သူရှိတယ်ဆိုတာကို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေခဲ့ကြတယ်။ တချို့ ကျတော့လည်း တဘက်လူရဲ့ အချစ်ကို တန်ဖိုးမထားဘူး။ နောင်မှ အချစ်ကို နားလည်လာတဲ့အချိန် ကျမှ နောင်တတွေရတော့ အချိန်တွေ နှောင်းသွားပြီ။ တစ်သက်လုံး နောင်တရမဆုံးဖြစ်တဲ့သူတွေ လည်း ကျွန်မ တွေ့ဖူးပါတယ်။
တချို့သူတွေကျပြန်တော့ ကိုယ်ချစ်တဲ့သူကို ချစ်ကြောင်း ပြနိုင်ဖို့ အခြေအနေမပေးတာ ရှိသလို ချစ်တယ်ဆိုတာကို မဖော်ပြတတ်လို့ နောင်တတွေရဲ့ အဆုံးသတ်ကြတာတွေလည်း ရှိပါ တယ်။
မိန်းကလေးတစ်ယောက်ဟာ သူချစ်တဲ့သူရှိရင် ဒါမှမဟုတ် သူချစ်တဲ့သူဆီက မသေချာတဲ့ အချစ်လားလို့ ထင်နေခဲ့ရင် ဒီမိန်းကလေးက သူ့ကို တကယ်ချစ်ရဲ့လားဆိုတာ သိနိုင်အောင် အမူ အရာတွေ လုပ်ပြပါတယ်။
အဲဒီအမူအရာတွေက ဘယ်လိုအမူအရာတွေလဲ? ကြည့်ကြရအောင်။
ဒီကောင်မလေးက သူ့ကောင်လေး ဘာတွေပဲလုပ်လုပ်။ သူက ချစ်နေတော့ အကောင်းဘက် က တွေးပြီး အကောင်းပဲ မြင်နေတတ်တယ်။ သူ့ကောင်လေးရဲ့ life style  ကော အပြုအမူတွေကိုပါ တခြားသူတွေက အကျင့်ဆိုးတွေရှိတယ်လို့ သူ့ကောင်လေးကို ပြောဆိုပေမယ့် သူမကတော့ ဒီအကျင့်ဆိုးတွေိကို မကြိုက်ဘူးလို့ မပြောဘူး။ ထူးဆန်းတာက အပြစ်မရှိပါဘူးလို့ အခြားသူတွေက ပြောရင် ငြင်းတတ်တယ်။ သူချစ်တဲ့ကောင်လေးက ဘာတွေပဲ လုပ်နေပါစေ။ သူကတော့ crazy ဖြစ်နေတော့ သူ့ကောင်လေးရဲ့ အမူအကျင့်တွေကို အတုခိုးနည်းယူပြီး လျော်ညီအောင် သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲလာတတ်ပါတယ်။ အံ့အားသင့်ဖွယ်ကောင်းတဲ့ ဆန်းကျယ်တဲ့ အချစ်ရဲ့ စွမ်းအားတွေ ပါပဲ။
နောက်ပြီးတော့ jealous သဝန်တိုတတ်တယ်။ သူ့ကောင်လေးရဲ့ဘေးမှာ တခြား မိန်း ကလေးရှိနေတာကို မကြည့်နိုင် မမြင်နိုင်ဘူး။ သူ့ကောင်လေးနဲ့ စကားပြောရင်လည်း မကြေနပ်ဖူး။ အမြဲပဲ သူ့ကောင်လေးရဲ့ အနားမှာ ဘယ်သူရှိနေလဲ။ ရင်ထဲမှာကော ဘယ်သူရှိနေမလဲ။ မေးခွန်းတွေ မေးနေမယ်။ ဖုန်းထဲမှာ ဘာတွေရှိနေလဲ။ စုံစမ်းစပ်စုပြီး ကြည့်မယ်။ Social account ကိုလည်း အမှတ်တမဲ့ ကြည့်ပြီး မေးခွန်းတွေ မေးနေတတ်မယ်။
သူ့ကောင်လေးရဲ့ မွေးနေ့မဟုတ်လည်း ပွဲနေ့ တစ်ခုခု (ဝါ) အဖြစ်အပျက်တစ်ခုခု ဒီအခွင့် အရေးတစ်ခုခုကို အကြောင်းပြုပြီး လက်ဆောင်တွေ ပေးတတ်တယ်။ အထူးသဖြင့် သူ့ကောင်လေး က ဘာအသုံးအဆောင်တွေ လိုနေသလဲ။ သူ့ဆီကကို သေချာပေါက် အမြန်ဆုံး ပေးလိုက်ချင်တာ။
သူ့ကောင်လေးက သူ့ကို ကြည့်ရင် ရှင်နေတတ်တယ်။ တကယ်လို့ သူ့ကောင်လေးက သူ့ မျက်လုံးကို သေသေချာချာ ကြည့်ရင်တော့ သူ့အသည်းနှလုံးထဲက တကယ်ချစ်တယ်ဆိုတဲ့ ခံစားချက်ရှိတဲ့ မျက်လုံးအနေအထား ပေါ်လွင်နေပါလိမ့်မယ်။ ဒါပေမယ့်လို့ ကောင်မလေးကတော့ ဟန်ဆောင်ပြီး မျက်လွှာချထားတာ။ ကောင်လေးကြည့်နေတာကို သိရက်နဲ့ မသိဟန်ဆောင်နေတဲ့ အနေအထားတွေ တွေ့ရပါလိမ့်မယ်။
သူ့ကောင်လေးရဲ့ မိဘ ညီအကို မောင်နှမတွေကို စိတ်ဝင်တစားရှိတယ်ဆိုတာရယ်၊ အရမ်း အဆင်ပြေအောင်လည်း ကြိုးစားနေကြမယ်။ သူတို့နဲ့တွေ့ဆုံတဲ့အခါလည်း အကောင်းဆုံး ဆက်ဆံ ရေး အနေအထားဖြစ်အောင် ကြိုးစားကြမယ်။ ဒါမှသာ သူ့ကောင်လေးရဲ့ ချစ်လာမယ့် အသည်းနှလုံး ကို သူက ရမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။
သူ့ကောင်လေးကို ဆွဲဆောင်ဖို့ ထူးထူးဆန်းဆန်းတွေ လုပ်ပြမယ်။ ဥပမာ- ကလေးဆန်တဲ့ အပြုအမူတွေ မရင့်ကျက်သေးတဲ့ အပြုအမူတွေ ပြုလုပ်ပြနေမယ်။ သူ့ကောင်လေးက သတိပြု လောက်ရင်လည်း သူက ကျေနပ်နေလိမ့်မယ်။ သူ့ကောင်လေးက သူ့ကို နားမလည်စွာနဲ့ပဲ နင် ဘာတွေလုပ်နေတာလဲဆိုရင်ပဲ သူမက ဂရုမစိုက်ဘဲ ရင်ထဲမှာ ကျေနပ်နေမှာပါ။ နောက်ပြီးတော့ သူ့ကောင်လေးက သူ့အတွက် special ဖြစ်တယ်ဆိုတဲ့ တမူထူးခြားတဲ့ အပြုအမူတွေ ပြုလုပ်ပြနေ လိမ့်မယ်။
သူ့ကောင်လေးကနေ သူ့ကိုပိုပြီး စိတ်ဝင်စားအောင် သူ့ကိုယ်သူ ပိုလှအောင် ပိုထက်ထက် မြက်မြက်ရှိအောင် ပိုပြီး ကိုယ့်ကိုယ်ယုံကြည်မှုရှိတဲ့သူဖြစ်အောင် လုပ်ဆောင်ပြနေပါလိမ့်မယ်။
သူ့ကောင်လေးရဲ့ အပြုအမူတွေက မကြိုက်လို့ စိတ်ဆိုးဒေါသထွက်နေရင်လည်း ဘယ် လောက်ကြီး upset စိတ်တွေ ကပြောင်းကပြန်ဖြစ်နေပါစေ။ ဆန့်ကျင်ဘက်ပုံစံဖြစ်စေမယ့် အပြုအမူ တစ်စုံတစရာမပြဘဲ နေနေပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ You are her world သူ့ကောင်လေးက သူ့ရဲ့ ကမ္ဘာကြီးတစ်ခု ဖြစ် နေလို့ပါပဲ။
ကောင်လေးရဲ့ လိုအပ်ချက်တွေအားလုံးကိုလည်း တတ်နိုင်သမျှ လုပ်ဆောင်ပေးမယ်။ ဖြည့် ဆည်းပေးမယ်။ take care လုပ်ပေးမယ်။ တခြားဘာကိုမှ မစဉ်းစားတော့ဘူး။ ဒီလိုလုပ်ပေးရတဲ့ အတွက် သူ့ကိုယ်သူ ကျေနပ်နေပါလိမ့်မယ်။
ကောင်မလေးက တကယ်အချစ်စစ် အချစ်မှန်နဲ့ သူ့ကောင်လေးကို ချစ်တယ်။ တစ်သက်တာ ဘဝလက်တွဲဖော်အဖြစ်လည်း ရွေးချင်တယ်။ ဒီတော့ ပိုပိုကြိုးစားပြီး သူ့ကောင်လေးအကြောင်းကို သိချင်တယ်။ သိထားချင်တယ်။ သူနဲ့ မတွေ့ခင်က ဘာတွေဖြစ်ခဲ့တယ်။ အခုတော့ ဘယ်လိုနေထိုင် တယ်ဆိုတာတွေကို ပြင်းပျတဲ့ ဆန္ဒတွေ ရှိနေတတ်တယ်။
အချိန်မရွေး သူ့ကောင်လေးလိုအပ်တဲ့အချိန် အမြဲရှိနေချင်တဲ့ ဆန္ဒတွေ ရှိတယ်။ သူ့ဘဝ အသက်တာတလျှောက် သူ့ကောင်လေးနားမှာ အချိန်ဖြုန်းချင်တယ်ဆိုတဲ့ အရိပ်အမြွက်စကားတွေ အမူအယာတွေလည်း ပြောနေပြနေပါလိမ့်မယ်။
ဒါကြောင့်မို့ ကောင်လေးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဘဝအသက်တာမှာ ဒီလို ကိုယ့်ကိုချစ် တဲ့ ကောင်မလေးကို ရခဲ့ရင် တွေ့ခဲ့ရင် သူ့ကို အဝေးကို ထွက်မသွားပါစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ true love is not easily found အချစ်စစ် အချစ်မှန်ဆိုတာ လွယ်လွယ်ကူကူ တွေ့ဖို့ မလွယ်ကူ ပါဘူး။ မိန်းကလေးတယောက်ရဲ့ ဈေးဘန်းခင်းတတ်ပုံတို့ကို တင်ပြလိုက်ရပါတယ်။

 

Add new comment

6 + 1 =