မိတ်ကောင်းဆွေကောင်း

အားလုံးပဲမင်္ဂလာပါရှင်
အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့မိတ်ကောင်းဆွေကောင်း ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
သော်တရှင်မိတ်ဆွေအပေါင်းတို့ရှင်
“ A Man is not an Irland “ ဆိုတဲ့အတိုင်းပဲ လူဆိုတာ ကျွန်းလေးတစ်ကျွန်းလိုမဟုတ်ပါဘူး။လူရယ်လိုဖြစ်လာရင်အဖွဲ့အစည်းတစ်ခုခု(သို့) ပတ်၀န်းကျင်အသိုင်းအ၀ိုင်းတစ်ခုခုမှာရပ်တည်နေထိုင်နေကြရစမြဲပါ။ဒါကြောင့်မိမိပတ်၀န်းကျင်မှာရှိနေတဲ့လူ
တွေအားလုံးနဲ့ဆက်ဆံရာမှာအဆင်ပြေသင့်မြတ်နိုင်ဖို့အတွက်မိမိဟာမိတ်ဆွေကောင်းတစ်ယောက်ဖြစ်နေဖို့အ
ရေးကြီးသလို မိမိကို ဖျက်ဆီနိုင်တဲ့မိတ်ဆွေတုမိတ်ဆွေအယာင်ဆောင်တို့ကိုလည်း လိမ်မာပါးနပ်စွာနဲ့ရှောင်ကြဥ်နိုင်အောင် “ မိတ်ကောင်းဆွေကောင်း “ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်လေးလိုက်ခြင်းဖြစ်ပါတယ်။
သော်တရှင်များရှင်-
မိမိတို့နေ့စဥ်ကြုံတွေ့နေရတဲ့အသိအကျွမ်းတွေ၊မိတ်ဆွေတွေ၊များကြီးရှိမှာပါ။ဒီလူတွေအားလုံးကို
မိမိတို့ကယဥ်ယဥ်ကျေးကျေး၊ကြင်ကြင်နာနာ၊ပြုမှုဆက်ဆံကူညီရိုင်းပင်ဖို့၊လိုအပ်ပါတယ်။ဒါမှာသာလျှင် မိမိနဲ့နီးစပ်တဲ့သူတွေအတွက်စစ်မှန်တဲ့မိတ်ဆွေတွေဖြစ်လာနိုင်မှာဖြစ်ပါတယ်။ကျွန်မတို့တတွေမှာအကျွမ်းတွေမိတ်ဆွေတွေသူငယ်ချင်းတွေများသလောက်မိတ်ဆွေကောင်းမိတ်ဆွေစစ်ဟာအလွန်နည်းပါးလှပါတယ်။ဒီလိုအ
ချိန်ခါမျိုးမှာမိတ်ကောင်းဆွေကောင်းတွေဟာနေရာတိုင်းလိုလိုရှာပါလာပါပြီ။မိတ်ဆွေကောင်းတစ်ယောက်ရရှိဖို့ရန်အတွက်အချိန်ယူပြီလေ့လာရမှာလည်းဖြစ်ပါတယ်။တချို့မိတ်ဆွေကျတော့အပြင်ပိုင်းကသဘောထားပြည့်၀တဲ့သူတွေလည်းရှိကြသလိုတချို့ကျပြန်တော့အတွင်းစိတ်ဓာတ်လေးတွေဟာမရိုးသားတဲ့သူတွေ၊ညာစားတဲ့သူ
တွေလည်းရှိပါတယ်။တကယ်တမ်းအနီးကပ်ပေါင်းသင်းကြည့်လိုက်မှာသာလျှင်အတွင်းစိတ်ဓာတ်လေးတွေကိုသိရှိလာတာဖြစ်ပါတယ်။လူတွေကဟန်ဆောင်နိုင်တာခဏပါ။ရွှေအကြောင်းဖယောင်းသိသလို ၊လူတွေအကြောင်းပေါင်းကြည့်မှာသိတာပါပဲ။ဂျပန်လူမျိုးစကားမှာမိတ်ဆွေတုကပေးတဲ့ပျားရည်ကိုသောက်သုံးအရသာခံခြင်းထက် မိတ်ဆွေစစ်ကမှားပေးတဲ့ အဆိပ်သောက်ရေကို သောက်သုံးအရသာခံခြင်းကပို ကောင်းပိုမြတ်တယ်လို့ဆိုထားပါတယ်။မိတ်ဆွေကောင်းတစ်ဦးရဲ့အစွမ်းအစတွေကိုမိမိအခက်အခဲ၊ဘေးဒုက္ခတွေတွေ့ကြုံရတဲ့အခါကျမှာ သိနိုင်၊မြင်နိုင်တာပါ။တချို့မိတ်ဆွေတွေကျတော့ သာတုန်းမှာနားကြပြီး၊တကယ်တမ်းဘေးဒုက္ခကြုံတွေကျရောက်တဲ့အချိန်၊ဆင်းရဲတဲ့အချိန်ကျရောကိုယ့်နားကခွာသွားကြရော။သာတုန်းနားကြတဲ့နားတော့ရှောင်တဲ့မိတ်ဆွေအယောင်ဆောင်တွေဘဲဖြစ်ပါတယ်။
မိတ်ဆွေကောင်းတစ်ယောက်ဟာအလွန်တန်းဖိုးရှိတဲ့ရတနာတစ်ခုပါဘဲ။မိတ်ဆွေကောင်းတွေကိုကျွန်မတို့ရွေးချယ်ရမှာမဟုတ်ပါဘူး။မိတ်ဆွေကောင်းတွေကကျွန်မတို့ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်မတို့ဟာ သူတပါးအတွက်မိတ်ဆွေကောင်းဖြစ်ရဲ့လားဆိုတာမိမိကိုယ့်ကိုပြန်မေးကြည့်သင့်ပါတယ်။မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ဖို့ရန်အတွက်မိမိတို့ဟာအမြဲတမ်းသစ္စာရှိရမယ်။ကူညီတဲ့အခါမှာလည်းအောင်မြင်သည်ဖြစ်စေ၊ကျဆုံးသည်ဖြစ်စေ၊ကျန်းမာသည်ဖြစ်စေ၊ဖျားနားသည်ဖြစ်စေ၀မ်းသာ၊၀မ်းနည်းသည်ဖြစ်စေ၊ဘယ်အခြေနေမျိုးမှာမဆိုအကူအညီပေးဖို့ရန်အမြဲအသင့်ရှိနေရမှာဖြစ်ပါတယ်။စစ်မှန်တဲ့မိတ်ဆွေဖွဲ့ခြင်းဆိုတာရိုသားမှုနဲ့အမှန်တရားအပေါ်မှာတည်ဆောက်ရမှာဖြစ်ပါတယ်။မာနကြီးတခွဲသားနဲ့မိမိကိုယ်ကိုအထင်ကြီးပြီးဘ၀င်မြင်နေမယ်ဆိုရင် မိမိတို့ဟာမိတ်ဆွေကောင်းဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ကျွန်မတို့တတွေမိတ်ဆွေကောင်းဖြစ်လာနိုင်ဖို့အတွက်အရည်အချင်းတွေသိဖို့လိုအပ်သလို ၊မိတ်ဆွေကောင်းဖွဲ့ခြင်းကိုလည်းဖျက်ဆီးနိုင်တဲ့မကောင်းမှုတွေကို သိထားဖို့လိုအပ်ပါတယ်။မိတ်ဆွေကောင်းဟာသူတပါးနဲ့အမှားကိုပြင်ဖို့ပြောသလို၊ကိုယ့်ရဲ့အမှားကိုထောက်ပြ
လာလျှင် လည်းပြင်ဖို့၀န်မလေးတက်တဲ့သူတွေဖြစ်ပါတယ်။
သော်တရှင်မိတ်ဆွေများရှင် - ကျွန်မတို့ရဲ့မိတ်ကောင်း၊ဆွေကောင်းတွေအပေါ်မှာမေတ္တာပို့ဆုတောင်းပေးဖို့လိုအပ်ပါတယ်နော်။ ဘာကြောင့်လဲဆိုရင်ကျွန်မတို့တတွေဟာလောကရဲ့ဘုရားဖူးခရီစဥ်အသက်တာမှာဘုရားရှင်ရဲ့မိတ်ဆွေကောင်း
များအားဖြင့်မိမိရဲ့နီးစပ်သူတွေအတွက်မိတ်ဆွေကောင်းများအဖြစ်နေ့စဥ်လျှောက်လှမ်းသွားနိုင်ဖို့လိုအပ်ပါတယ်။လျှောက်လှမ်းနိုင်ကြပါစေလို့လဲဆုတောင်းမေတ္တာပို့သအပ်ပါတယ်။နားဆင်ကြည့်ရှုသူအားလုံးဘုရားရှင်ကောင်ကြီးတော်များခံစားပါစေ။မိတ်ကောင်း၊ဆွေကောင်းများနဲ့တွေ့ဆုံကြပါစေလိုဆုမွန်ချွေလျက်ပါ။ကျေးဇူးတင်ပါ
တယ်ရှင်။ ကျွန်မက တော့စစ္စတာရ်မေရီဒိမ် ပါရှင်။

Add new comment

2 + 4 =