မိခင် (သို့) ဖခင် တစ်ဦးတည်းက သားသမီးကို ထိန်းကျောင်းရတဲ့ခါမှာ ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲ

Deal

ဒီနေ့မှာ မိခင် (သို့) ဖခင် တစ်ဦးတည်းက သားသမီးကို ထိန်းကျောင်းရတဲ့ခါမှာ ကိုင်တွယ် ဖြေရှင်းရတဲ့နည်းလေး မျှဝေပေးရင်း ပြောပြပေးချင်ပါတယ်။

ဒီနေ့ခေတ်မှာ Single Family Home  လို့ခါ်တဲ့  မိခင်(သို့)ဖခင်တစ်ဦးတည်းက သားသမီးကို ထိန်းကျောင်းတဲ့ခါမှာ အပေးအယူတွေလုပ်ရတယ်။ သဘောတူညီမှုတွေ ရယူရတယ်ဆိုတာတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြားနေ မြင်နေရပါတယ်။

အိမ်ထောင်စုတစ်စုမှာ မိခင်မရှိတော့လို့ ဖခင်မရှိတော့လို့ မိဘနှစ်ပါးစလုံး ရှိပေမယ့် တစ် ယောက်က အရက်မူးယစ်ဆေးစွဲနေလို့ တစ်ဦးဦးက ရပ်ဝေးမှာ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နေ ရလို့ အဲဒီလို အကြောင်းတွေနဲ့ တစ်ဦးတစ်ယောက်ထဲက သားသမီးကို ပြုစုပျိုးထောင်နေတာတွေ တွေ့နေရပါတယ်။

အဲဒီလို single family home မှာ သားသမီးက ငယ်သေးတယ်ဆိုရင်တော့ ပြုစုပျိုးထောင်ရ တာ လွယ်ပေမယ့် ၁၄၊ ၁၅ နှစ် အရွယ်ရောက်လာရင်တော့ တော်တော် ခက်ခဲလာပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သားသမီးက သူ့ဘဝမှာ သူ့ဖာသာ ရပ်တည်နိုင်ဖို့ အပြင်လောကကြီး ထဲကို ထက်လာကြတယ်။ သူတို့ဘဝအတွက် နည်းလမ်းတွေရှာမယ်။ စွမ်းဆောင်မယ်ဆိုပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရွေးချယ်လာကြတယ်။

မိခင်တစ်ဦးထဲရှိတဲ့ family မှာဆိုရင် မိခင်က အိမ်ထောင်ကို ထိန်းသိမ်းတတ်တယ်။ ဉာဏ် ပညာရှိတဲ့ မိခင်ဆိုရင် သား(ဝါ)သမီး ဘာဖြစ်ချင်လဲ။ ဘာလုပ်ချင်လဲ။ မိခင်တစ်ယောက်အနေနဲ့ ခက်ခဲပေမယ့် ဂရုဏာရှေ့ထားပြီး အတတ်နိုင်ဆုံး စီစဉ်လာတတ်ကြတယ်။

            ဖခင်မရှိတဲ့ family မှာ သားယောကျ်ားလေးက ၁၄ နှစ် ၁၅ နှစ် ရှိလာပြီ။ ယောကျ်ားပီသတဲ့ ဖိုသဘာဝ ဖိုဟော်မုန်းဓာတ်က နိုးထလာပြီး နှိိုးဆွလာတဲ့အချိန်မှာ အပြင်လောကအကြောင်း ဘာမှ မသိပေမယ့် မိခင်ကို ထားခဲ့ပြီး၊ အပြင်လောကကို ထွက်သွားတတ်တယ်။ ဒီလိုချိန်မှာ မိခင်က သား ယောကျ်ားလေးကို ထိန်းတတ်မယ်ဆိုရင် စာအုပ်စာပေ တို့ရုပ်ရှင်တို့ အားကစားတို့ အဲဒါတွေဆီ စိတ်ပါသွားအောင် ဆွဲခေါ်သွားလို့ ရနိုင်ပါတယ်။ မိခင်အတွက် အင်မတန်မှ ခက်ခဲစေတယ်။ စိတ်ပျက် စေတဲ့ ကာလပါပဲ။

            တချို့ family ကျတော့ ဖခင်တစ်ဦးတည်းက သမီးကို ကြီးပြင်းလာအောင် raised လုပ်ရတဲ့ ခါမှာ သိသိသာသာကြီး မပြည့်စုံတော့ဘူး။ ဖခင်နဲ့သမီးဆိုတော့ ဆက်နွယ်မှု relationship က နဲနဲ ဝေးကွာသွားတဲ့သဘောဖြစ်လာတယ်။ ဒါပေမယ့် ဖခင်နဲ့ သမီး ယုံကြည်မှုတွေ အပြည့်ရှိမယ်ဆိုရင် လုံလောက်တဲ့ အင်အားတွေ ရှိတဲ့အတွက် deal လုပ်ရတာ အခြေအနေကောင်းနိုင်ပါတယ်။

            ဒီလိုပါပဲ။ မိခင်နဲ့ သမီးဆိုရင်လည်း အင်မတန်မှ အဆင်ပြေပါတယ်။

            ဒါပေမယ့် သားနဲ့ ဖခင်တို့ရဲ့ family မှာ ဆိုရင်တော့ သားနဲ့ ဖခင် ဘယ်လို relationship ဆက်နွယ်မှုတွေ ရှိနေသလဲ။ အရွယ်ရောက်လာတဲ့ ၁၄ ၁၅ နှစ်သားအတွက် ဖခင်ဆီကနေ သားတစ် ယောက် မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဖခင်ဖြစ်နေလား။ ဖခင်မှာ လိုအပ်ချက်တွေ ရှိနေသလား။ သားတစ်ယောက်အတွက် ခွန်အားတွေ မပေးနိုင်ဘူးလား။ သားတစ်ယောက်ရဲ့ ရင်ထဲမှာ ခွန်အားရှိ တဲ့ ဖခင်တစ်ယောက်ဖြစ်စေတယ်။ မဖြစ်လာခဲ့ရင် ဒီသားက အင်မတန်မှ စိတ်ဓာတ်ကျတဲ့ ကလေး တစ်ယောက်ဖြစ်သွားနိုင်တယ်။ ဖခင်အနေနဲ့ အားပေးတိုက်တွန်းပေးမယ် ခွန်အားတွေ ပေးနိုင်မယ် ဆိုရင်တော့ သားတစ်ယောက်အတွက် အားရှိစရာတွေကြီး ဖြစ်လာမှာပါ။

            ဒါပေမယ့် ဖခင်ဆိုတာက စည်းကမ်းနဲ့ အုပ်ချုပ်တတ်ကြတယ်။ နိုင်လိုမင်းထက် မလုပ်မိဖို့ လိုတယ်။ သားတစ်ယောက်ကို ပြစ်ဒဏ်ပေးတာမျိုး မလုပ်မိစေဖို့ မျှမျှတတနဲ့ဆိုရင် သားကလည်း ကျေနပ်မယ်။ ဖခင်အနေနဲ့ ရည်ရွယ်ချက်တွေကို အကောင်းဆုံးရနိုင်ဖို့ ဆင်ခြင်ရပါ့မယ်။ ဖခင်ဆိုတာ က သူ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ရှာကြံပြီး ပြုစုပျိုးထောင်မှာပါ။

            တချို့ သားကို ပြုစုပျိုးထောင်ရတဲ့ မိခင်တချို့ကျ over protected လိုအပ်တာထက်ပိုပြီး ဖြည့်ဆည်းပေးမယ်။ ကာကွယ်ပေးမယ်။ သားရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးမယ်။

            ဖခင်ဆိုရင်တော့ သား မင်းလုပ်ချင်တာလုပ်။ သားဘေးမှာ အဖေရှိတယ်။ ဖခင်တစ်ယောက် အနေနဲ့ အဲဒီလို ပြုစုတာ ကြမ်းတမ်းချင် ကြမ်းတမ်းမယ်။ သားကို ဖျက်ဆီးတာတော့ မဟုတ်ဘူး။ ဖခင်တစ်ယောက် လိုချင်တာက သားဆီမှာရှိတဲ့ အရည်အသွေးတွေပေါ်ထွက်လာဖို့ ထုတ်ဖော်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ stand up do something difficult.

            လူတိုင်းမှာ အခွင့်အရေးရှိပါတယ်။ သားကိုလည်း အဖေက အထူးအခွင့်အရေးပေးထားမယ်။ မိမိကိုယ်မိမိ ထိန်းသိမ်းတတ်မှ မိမိဂုဏ်သိက္ခာတက်မယ်။ တန်ဘိုးရှိတဲ့ အလုပ်မျိုးလုပ်မှ မိမိဘဝ တန်ဖိုးရှိမယ်လို့ လမ်းညွှန်ပေးထားရမယ်။

            ဒါမှသာ ဘယ်လို ဆက်နွယ်မှုမျိုးမှာမဆို အုပ်ထိန်းရမယ့်သူက ကြိုးစားပြီး တာဝန်ယူ အပေး အယူလုပ်ပေးနိုင်မယ်ဆိုရင် ကျရှုံးမှုတွေလည်း မရှိနိုင်သလို၊ မကောင်းတဲ့ မအောင်မြင်တဲ့ မိဘတွေ အဖြစ်လည်း ထင်ကျန်ရစ် အသက်ရှင်ကျန်ရစ်မှာ မဟုတ်ပါဘူးဆိုတာ message ပေးရင်း နိဂုံးချုပ် ပါရစေ။

Add new comment

17 + 0 =