မိခင်တွေ သားသမီးများအားသင်ပေးရန် ဖို၊ မ လက္ခဏာ အသိပညာပေးသင်ပြခြင်း

Mother's Deception

          မိခင်တွေ ဖို၊ မ လက္ခဏာတွေအကြောင်း အသိပညာသိမြင်နားလည်ပြီး သားသမီးတွေကို သင်ပြ ပေးနိုင်ဖို့ဆိုတဲ့ အကြောင်းအရာပါ။

          ဖို၊ မ လက္ခဏာ အသိပညာဆိုတာ သားငယ်၊ သမီးငယ်လေးတွေ ငယ်ရာကနေ တဖြည်းဖြည်း ကြီးလာပြီး (သဘာဝလမ်းစဉ်အတိုင်း) မိမိရဲ့ ဖို၊ မ လက္ခဏာတွေ ဖွံံ့ဖြိုးကတယ် အရွယ်ရောက်လာတဲ့ အခါမှာ သားသမီးရဲ့ relationship အဆက်အသွယ်တွေ ကာမစပ်ယှက်တဲ့ အကြောင်းအရာတွေ ဒီသဘောထားတွေကို နားလည်သဘောပေါက်အောင် မိခင်အနေနဲ့ Sex အကြောင်း သားသမီးကို သဘော ပေါက်နားလည်ပြီး ပုံသွင်းနိုင်အောင်လို့ သိထားရမဲ့ အကြောင်းအချက်တွေပါ။

          မိခင်ဆိုတာက မွေးကင်းစက စလို့ ကြီးပြင်းလာတဲ့အထိ အနီးကပ် ပြုစုစောင့်ရှောက်ရတဲ့ သူဆိုတော့ Sexuality issues ဖို၊ မလက္ခဏာအချက်တွေကို မိခင်ကိုယ်တိုင် သေသေချာချာ သိထားမှ သားသမီးကို သင်ပြပေးနိုင်မှာပါ။

          ကမ႓ာပေါ်မှာ မိခင်တွေကို စစ်တမ်းကောက်ယူကြည့်တဲ့အခါ 80% သော မိခင်တွေက Sex education သင်ပေးရမယ်ဆိုတာ သိပေမဲ့ ဘယ်လိုသင်ပေးရမှန်း မသိဘူးလို့ ဆိုပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အဲ့ဒီလိုပါပဲ နည်းတူတယ်လို့ ကျွန်မထင်မိပါတယ်။

          ကျွန်မကို အရင်တစ်ပါတ်က sex education အကြောင်းတင်ပြခဲ့ပြီး ဒီနေ့တော့ မိခင်တွေအတွက်ပါ

          ဒါကြောင့် (၆.၁၀.၂၀၁၉) ခုနှစ်ဆိုရင် စပြီး သင်ပေးရတော့မယ်။

          Sexuality education ဆိုတာ ကလေးဘဝကနေ တဖြည်းဖြည်း လူငယ်ဖြစ်တာတဲ့အခါ Sexual growth ဖွဲ့ဖြိုးတိုးတကမှုကြီးထွားလာလာပြီး ဒီတော့ လူငယ်အနေနဲ့ ခန္ဓာကိုယ်မှာ အထူးလုံခြုံသိမ်းထားရမဲ့ နေရာ၊ အများရိုသေခံရဖို့ အမူအကျင့်တွေ စကားပြောပုံဆိုပုံတွေ ပြောတတ်ဖို့ နေတတ်ထိုင်တတ်ဖို့ ဒီအကြောင်းအရာတွေ သင်ပေးဖို့ အင်မတန် ခက်ခဲတယ်လို့ သုတေသနပြုတဲ့ သူတွေက ပြောပါတယ်။

          ကိုယ်ရဲ့သားသမိးကို မိခင်တွေက ဒီတိုးတက်ပြောင်းလဲ ဖွဲ့ဖြိုးလာတဲ့ ဖို၊ မ လက္ခဏာကို ဘယ်က စလို့ ပြင်ဆင်ကာလွယ်ရမယ်ဆိုတာ မိခင်ကိုယ်တိုင် ပြောပြထားမှ ရပါမယ်။

          မိခင်က မပြောပြခဲ့ရင် တစ်ယောက်ယောက်ဆီက နေသိမှာပါပဲ၊ ဥပမာ ရုပ်ရှင်ဇာတ်ကားက Media က ဒီအပြုအမူတွေ သင်ယူမှာပဲ တစ်ခါတစ်လေ ကိုယ်ရဲ့တန်းတူ သူငယ်ချင်းဆီကလည်း အတုယူနိုင်တယ် ကောင်းတဲ့ အတုယူမျိုးဆိုရင် အဆင်ပြေပေမယ့်၊ မကောင်းခဲ့ရင်တော့ ရင်လေးစရာပါ။ သူတို့ကို အတုမယူ နိုင်ရအောင် သူတို့ရဲ့ ဘဝအမြင်တွေကို နည်းမှန်လမ်းမှန်မြင်နိုင်အောင် မိခင်က သင်ပေးရတော့မယ်။ ဒါကြောင့် မိခင်အနေနဲ့ စောနိုင်သမျှ စောပြီးသင်ပေးရမှာပါ။

          မိခင်အနေနဲ့ ရှောင်သင့်တာက သူတို့ရဲ့ သိလိုတဲ့ ဆန္ဒနဲ့ အသိ ဉာဏ်ကို နိမ့်ချ ပြောဆိုတာ မလုပ်ဖို့ပါ။ အထူးသတိထားရပါတယ်။ သူတို့ကို အခွင့်အရေးပေးပါ။ လုပ်ပိုင်ခွင့်တစ်ခုကို ဟပေး ထားရမယ်။ သူတို့လေးတွေရဲ့ Sexual thoughts အတွေးနဲ့ feeling ခံစားချက်တွေသူတို့ဖာသာ နားလည်လာအောင်၊ တွေကြုံရမဲ့ အရာတွေအတွက် ကြိုတင်ပြင်ဆင်ရအောင် အခွင့်အရေးတစ်ခုလုပ် ပေးတာနဲ့ အတူတူပါပဲ။

          လူသား ကျား/မ မှာ ခေါင်းစဉ်တွေ အများကြီးပါဝင်တယ်။ ခန္ဓာကိုယ်တည်ဆောက်ပုံ အများမသိ အောင် ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ထားရမဲ့ အရာတွေ Sex နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချပုံတွေ အများသူငါရှေ့မှာ လေးစားမှုကို ပြတဲ့ အမူအယာ အပြုအမူတွေနဲ့ လူ့ဘဝတစ်သက်တာမှာ Place of Sex ဆိုတဲ့  Sex ရဲ့ အခန်းကဏ္ဍ ဒါတွေကို သိထားဖို့ မလိုဘူးလား။

          မိဘတွေက အောင်မြင်တဲ့ မိသားစု Successful communication ဆိုရင် မိသားစုဝင်ငွေကလည်း ပွင့်ပွင်လင်းလင်းဆွေးနွေးလို့ရမယ်။ sexual issues ကို အချင်းချင်း Share လုပ်နိုင်မယ်။

          အထူးသဖြင့် မိခင်က သားသမီးနဲ့ အချိန်ပေးပြီး စကားပြောရမယ်။ Take them. talk them ပေါ့။ စကားပြောတာက အရေးကြီးဆုံးပဲ။

          ကိုယ့်သားသမီးကို ဒီအကြောင်းအရာတွေ သင်ပေးတာရှက်စရာမဟုတ်ဘူး။ ဒီလို တွေကြုံရရင် ဒီလို တွန်းလှန်ရမယ်။ ကြောက်ရမယ့် ရှက်ရမယ်ဆိုရင် ဒီကလေးဟာ လူမှုရေးပါ ကိုယ်ရည်ကိုယ်သွေး စိတ်က စံလွှဲသွားရော -

                ကိုယ်သားသမီးကို သင်ပေးတာ စောတယ်ဆိုတာမရှိ နောက်ကျသွားရင် တစ်စုံတစ်ရာဖြစ်သွား တော့မှ ကိုယ့်သားသမီးက မသိလို့ဖြစ်သွားပါလားဆိုရင်တော့ အချိန်တွေ လွန်သွားပါပြီ။

          မိဘနဲ့ သားသမီးလမ်းကြောင်း ဖွင့်ထားပါ။ ဒါကအရေးကြီးဆုံးပါပဲ။

          ကြီးကောင်ဝင်ချိန်၊ အပျိုဖော်ဝင်ချိ်န်ဆိုရင် ငယ်စဉ်က မိဘက မိခင်က သင်ကြားပေးခဲ့တော့ ဒီအခန်းမှာ သူတို့က ဘယ်အရာက မှန်သလဲ တွေးတတ်လာပြီး ဆုံးဖြတ်တတ်လာပြီး အထူးသဖြင့် Between a crush and a real love ဆိုတာ ခွဲခြားတတ်လာပြီ။ သားသမီးက မှားခဲ့တာတွေရှိရင်လည်း အဲ့ဒါတွေကို ထောက်ပြပြီး သင်ခန်းစာယူဖို့ ဒါတွေက ယေဘုယျဖြစ်တတ်တာတွေပဲလို့ ပြောပြပေးထား ရပါမယ်။

          မိခင်ရဲ့ Goal ပန်းတိုင်ကဘာလဲ၊ ဒီအကြောင်းအရာတွေကို သင်ပေးဖို့ ခန္ဓာကို်ယ် ဖွံ့ဖြိုးလာတာ ကို လက်ခံနိုုင်ဖို့ ဒီအသိပညာတွေတတ်ပြီး တိုးတက်ဖို့ ကိုယ့်ရဲ့သားသမီး  ပြင်းထန်တဲ့ ကာယက ထိခိုက်မှု ပြင်းထန်တဲ့ ခံစားမှုတွေ မရှိဖို့၊ မဖြစ်ဖို့ပဲ မဟုတ်ဘူးလား၊ ဘာမဆို မိဘနဲ့ သားသမီး ညှိနှိုင်းနိုင်ပါတယ်။ ညှိနှိုင်းနိုင်တာဟာ သားသမီးရဲ့ ဘဝလုံခြုံဖို့ပဲ မဟုတ်ပါလား။

          သားသမီးကို မိခင် မိဘက မှာရမှာက ဒီလို လိင်ကိစ္စနဲ့ ပတ်သက်လို့ ပြဿနာ ဖြစ်လာရင် ကြုံတွေ ရရင် သားသမီးက တတ်နိုင််သမျှ အသံ အကျယ်ဆုံးနဲ့၊ အကူအညီ ပတ်ဝန်းကျင်ကို တောင်းရမယ်။ ပတ်ဝန်းကျင် မကြားမချင်း ပေါ့နော်၊ ဥပဒေမှာ အကြားသက်သေ အမြင်သက်သေဆိုတာတွေရှိမယ် ဆိုတာ သင်ပြပေးထားပါ။ ဒါဆိုရင် တရားရုံးကနေလည်း ဒီသက်သေတွေနဲ့ပဲ အရေးယူလို့ရပါတယ်။

          ဒီနေ့ခေတ်မှာ မိန်းကလေးကော ယောက်ျားလေးကော မိခင်က ပြောပြထားမှ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်မှာပါ။

          ဒါကြောင့် မိခင်တွေ ကို်ယ့်သားသမီးရဲ့ ဘဝကို ကာကွယ်နိုင်ဖို့ ဒီလိုအသိအမြင်တွေရှိမှ ရမှာပါ ဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါတယ်။

 

 

Add new comment

5 + 0 =