မနက်ဖြန် ကမ႓ာကြီးအတွက် ဒီနေ့လူငယ်တွေကို ပြင်ဆင်ပေးရအောင်

Prepare

သီရိဂေဟာ ( ရုပ် / သံ )အစီအစဉ်

ဒီတပတ် သီရိဂေဟာ အစီအစဉ်မှာတော့ '' မနက်ဖြန် ကမ္ဘာကြီးအတွက် ဒီနေ့လူငယ်တွေကို ပြင်ဆင်ပေးကြရအောင်ပါဆိုတဲ့ " အကြောင်းအရာကို ဒေါ်ဂျူလီယာ ကြူကြူခင်ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီနေ့မှာ မနက်ဖြန် ကမ႓ာကြီးအတွက်  ဒီနေ့လူငယ်တွေကို ပြင်ဆင်ပေးရအောင် ပါဆိုတဲ့အကြောင်းအရာအား မျှဝေပေးချင်ပါတယ်။

        လူငယ်ဆိုတာက ငယ်ရွယ်တဲ့ ဘဝတစ်သက်တာ တစ်ခုရဲ့ ဘဝအပိုင်းအခြား တစ်ခုဖြစ်ပြီး ကလေး ဘဝ Childhood နဲ့ ရင့်ကျက်ကြီးပြင်းလာလာတဲ့ဘဝ Adulthwood တို့ရဲ့ကြားကာလ ဘဝအပိုင်းကို ဆိုလို တာပါ။

        လူငယ်တွေရဲ့အသွင်အပြင်ကိုကြည့်လိုက်ရင်လန်းဆန်းတက်ကြွ လို့နေတယ်။ အားအင်ပြည့်ပြီးသန်စွမ်းတယ်။ စိတ်ထားဖြူစင်တယ်။ ပေါ့ပေါ့ပါးပါးရှိကြပြီး တစ်မူ ထူးခြားနေတဲ့ ပုံတွေတွေ့ရပါတယ်။ ကျောင်းတတ်ရတဲ့ အရွယ်ဖြစ်ပြီး မိဘရဲ့ ရင်ခွင်မှာ နေနေရတုန်း မိဘရဲ့ ထောက်ပံ့မှုတွေကို ရယူနေရတဲ့ အရွယ်ပါ။

        မိဘတွေအနေနဲ့ လူငယ်ဘဝ မရောက်ခင် ကလေးဘဝမှာကတည်းက အဓိက လိုအပ်တဲ့ အကျင့် စာရိတ္တ စရိုက်သရုပ်အမျိုးမျိုး တို့ကို သွန်သင် ပေးထား ခဲ့ရင် သူတို့ဆက်ပြီး လူငယ်ဘဝရောက်သွားတဲ့ အခါမှာ သူတို့ဘာသာ ဆက်ပြီး တိုးတက်အောင် လုပ်ဆောင်သွားနိုင်တော့မှာပါ။

        ဒါကြောင့် ကလေးဘဝမှာကတည်းက မိဘတွေဘာကို သင်ပေးကြမှာလဲလို့?

        သူတို့သိလိုတဲ့ဆန္ဒတွေကိုဖော်ထုတ်ခွင့်ပေးပါ။ရိုးသားသန့်စင်တဲ့စိတ်နေ စိတ်ထားရှိအောင်သွန်သင်ပေးပါ။တွေ့ကြုံလာရတဲ့အခက်အခဲလေးတွေကိုပြေလည်စေမယ့် နည်းလမ်းလေးတွေသင်ပြပေးပါ။ ဥပမာ - ကိုယ့်ဖိနပ်ကြိုး၊ ကိုယ့်ဘာသာ ချည်တတ်အောင် အကျီ င်္ကြယ်သီး ကိုယ့်ဘာသာ တပ်တတ်အောင် တီထွင် ဖန်တီးတတ်တဲ့ စိတ်ရှိအောင် ဖန်တီးပေးပါ။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ရှိတဲ့ စိတ်ဓာတ်မျိုးဖြစ်အောင် လုပ်ပေးရမယ်။

        အပြောအဆိုမှာလည်း ယတိပြတ်ပြောဆိုတတ်အောင်ဝေ့လည်ကြောင်ပတ် မဖြစ်အောင် သင်ပေးရမယ်။မိမိရဲ့ ပတ်ဝန်းကျင်မှာ လူမှုရေးကျွမ်းကျင်အောင် ပေါင်းသင်းဆက်ဆံတတ်အောင် သင်ပေး ရပါအုံးမယ်။

        ကိုယ့်ကိုကိုယ် ယုံကြည်မှု Confidence ရှိအောင် ဖန်တီးပေးပါ။ ဒီနေ့ခေတ်မှာတော့ နံရံကို တတ်တဲ့ ကစားနည်းလမ်းတွေ မျိုးစုံရှိပါတယ်။ ဒါတွေက အင်မတန် ငယ်တဲ့ ဘဝမှာစလို့ သင်ပေးရမှာပါ။

        ဒီလိုကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ သူ့ရဲ့ အစွမ်းအစတွေ မြင့်တတ်လာမယ့်။ အခုလို ကလေးတစ်ယောက် မရှိ မဖြစ်တဲ့ Skills ကျွမ်းကျင် မှုတွေ ရှိလာတဲ့ အတွက် သူကြီးပြင်းလာတဲ့ လူငယ်ဘဝ မှာ အများသူငှာကို ကူညီပေးတတ်တဲ့သူ၊သူရဲ့အနာဂတ်ဘဝမှာလည်းသူဘာသာရင်းနှီးမြှုပ်နှံတတ် လာမယ်။ လူသားကောင်းကျိုးတွေကိုလည်း စိတ်ပါဝင်စားစွာ လုပ်ဆောင်တတ်တဲ့သူ ဖြစ်လာပါလိမ့်မယ်။

        ဒီအရွယ်တွေမှာပညာရေးကလည်းအရေးကြီးပါတယ်။လူတစ်ယောက်အ သက်ရှင်ဖို့ O2 လိုအပ် သလို ကလေးတစ်ယောက် သူ့ဘဝရပ်တည်နိုင်ဖို့ ပညာရေး Education က အရေးကြီးတယ်။ ဒါမှ သူရဲ့ Knowledge တွေ့ Skills တွေက အတန်းပညာတတ်မှရတာပါ။ ဒီတော့ ဒီအကြားအမြင်ဗဟုသုတတွေ သင်ယူရတဲ့ အတွက် သူအရွယ်ရောက်လာတဲ့ အခါမှာ လူသားတွေကောင်းကျိုးအတွက် အကျိုးရှိအောင် လုပ်လာနိုင်မယ်။

        သူ့ရဲ့ Goal ရည်မှန်းချက်တွေကိုလည်း လုပ်လာတတ်မယ်။ လူငယ်တစ်ယောက်ဆိုတာ ပါဝါတွေ အများကြီးရှိတဲ့အတွက် သူ့ဘဝ အောင်မြင်ဖို့ အတွက် ဗဟုသုတတွေ Tools တွေ လက်နက်တွေ Skills တွေ ကျွမ်းကျင်မှုတွေရဲ့ သူ့ဘဝခရီးကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်တာဝန်ကိုလည်း တန်ဘိုးထားပြီး လုံ့လစိုက်ထုတ် လုပ်ကိုင်တတ်လာမယ်။ သူ့ထက်ငယ်တဲ့ သူတွေကိုလည်း အကြံဉာဏ်ကောင်း တွေပေးတတ် သင်ပြတတ်တဲ့ လူငယ် လေးဖြစ်လာပါလိမ့်မယ်။

        တချို့လူငယ်လေးတွေကျပြန်တော့ပညာဆက်မသင်တော့ဘဲကျောင်း ထွက်လိုက်ကြတယ်။ တချို့ကျတော့ ဆေးသုံးတဲ့ လူငယ်လေးတွေဖြစ်သွားတယ်။

        တချို့လူငယ်ပိုင်းကနေ သက်လတ်ပိုင်း ကျော်လာတဲ့ အခါ မမောနိုင်၊ မပန်းနိုင် ကြိုးစားလာခဲ့ရတဲ့ အတွက် ဒီနေ့ လောကကြီးရဲ့ ကောင်းကျိုးတွေကို လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

        လူငယ်ဆိုတာ အနာဂတ်အတွက်ဖြစ်သလို့ အနာဂတ်ဆိုတာကလဲ လူငယ် တွေ လက်ထဲ ရောက်လာမှာပါ။

        အနာဂတ်ကို အစားထိုးဝင်ရောက်လာမဲ့၊ အနာဂတ်ကို ချိတ်ဆက်နေတဲ့ လူငယ်လေးတွေကို အခုလို ကြိုတင်ပြင်ဆင်ပေးကြရရင် ကောင်းမှာပဲလို့ ကျွန်မ တွေးမိရင်း ရပ်နားခွင့်ပြုပါ။

Camrea & Edit - Paul

Add new comment

1 + 14 =