မည်မျှခက်ခဲသောအခြေအနေမျိုးဖြစ်နေစေကာမူ လက်မြောက်အရှုံးမပေး ရန်သင် ကြားပေးခဲ့သူ မော်နီကား

မည်မျှခက်ခဲသောအခြေအနေမျိုးဖြစ်နေစေကာမူ လက်မြောက်အရှုံးမပေး ရန်သင် ကြားပေးခဲ့သူ မော်နီကား

            လူသားဖြစ်လာလျှင် အခက်အခဲများကြုံတွေ့ရဖန်များလာလျှင် စိတ်ဓာတ်မည်မျှ ကြံ့ခိုင် သည်ဆိုသော်လည်း ပြန်ကုန်းကောက်မရလောက်သည်အထိ စိတ်ဓာတ်လုံး၀ကျသွားသည်မဟုတ် သော်လည်း အနည်းနှင့်အများစိတ် ဓာတ် ကိုရိုက်ခတ်မှု ဖြစ်စေပါသည်။ အချို့အလွန်ရင့်ကျက်သူများ သည် မသိသာသော်လည်း စိတ်ဓာတ်ပျော့ညံ့သူများ သည် ချက်ချင်းသိသာသည်။   

            ကျွန်မအလွန်စိတ်ဓာတ်ကျနေချိန်၌ စိန့်မော်နီကားအကြောင်းကိုသိရှိခွင့်ရလိုက်သည်။ ထို အချိန်မှစ၍ ကျွန်မဘ၀၌အခက်အခဲများကြောင့် စိတ်အားလျော့နည်းလာတိုင်း သူသည်ကျွန်မ အတွက် တွန်းအားတစ်ခုကဲ့သို့ဖြစ်လာ စေခဲ့သည်။

            ကလေးတိုင်းသည် အော်ဟစ်နေကြသည်။ ထို့အတူကျွန်မ၏သားကြီးသည်လည်း မူကြို ကျောင်း၌ တစ်နေ ကုန်နေနေခဲ့ရ၍ ညှီးငွေ့နေပေပြီ။ အဆာပြေအတွက်သူသည် အသီးအနှံစားခြင်း ထက်မုန့်ကိုစားချင်နေသည်။ သား အလတ်သည် သူသောက်နေသည့်နိုများကိုထိုင်ခုံပေါ်သို့ လောင်းချ ခွင့်မပြုသောကြောင့်  စိတ်ဆိုးမာန်ဆိုးပြနေသည်။ အငယ်ဆုံးသည် အိပ်ပျော်နေစဉ် အစ်ကိုဖြစ်သူမှ သီချင်းကျယ်လောင်စွာဖွင့်၍လန့်နိုးလာပြီး အော်ဟစ်ပါတော့ သည်။ ထိုသို့စိတ်ရှုပ်ထွေးမှုကို ကြုံရ သောအခါ ကျွန်မဘာလုပ်ရမှန်းမသိတော့။ စိတ်ထွက်ပေါက်အနေဖြင့် မျက်ရည် ပူများသည်တာ ကျိုး ၍တိုး‌ဝှေ့ဆီးဆင်းလာပါတော့သည်။    

            အမှန်ဆိုသော် ရင်သွေးများသည် ဘုရားသခင်၏ကောင်းကြီးလက်ဆောင်များ ဖြစ်ကြသည်။ စိန်ခေါ်မှု ကြီး လည်းဖြစ်နေတတ်သည်။ အသက်ငယ်ငယ်နှင့်ကလေးသုံးယောက်မိခင် ဖြစ်နေသော ကျွန်မအတွက် ၀န်ပိနေသည်ဟုခံ စားလိုက်ရသည်။ တစ်ခါတစ်ရံ၌ ဤအခြေအနေကိုနိုင်နင်းအောင် အဘယ်သို့ကိုင်တွယ်ရမည်ကိုမသိအောင်ခက်ခဲနေ တတ်သည်။ မကြာခဏ ဤကလေးများနှင့်ရုန်းကန် ဖြတ်သန်းနေရမှု ကြောင့် စိတ်ပျက်လက်ပျက်ခံစားမိသည်။ ကလေးများကြောင့်စိတ်ဖိစီးမှု ဖြစ်နေရချိန် ၌ လေတပ်သားဖြစ်သောကျွန်မ၏လင်ယောကျ်ား သည်လည်း မကြာခဏခရီး ထွက်ရသည်။ အော်ကဲ၊ ငိုကဲသောကလေးတစ်အုပ်တစ်မခြံရံလျှက် အသက်ခပ်ပြင်းပြင်းရှုလိုက်သည်။ ထို့နောက်အမေတို့လမ်း ထွက်လျှောက်ကြမယ်’ ဟုပြောလိုက်၏။ ထိုအခါ ဆူညံပွတ်လောရိုက်နေသောကလေးများသည် လုံး၀ ငြိမ်သက်ပြီးတိတ်ဆိတ်သွားသည်။

လမ်းလျှောက်အပြီး အပြန်လမ်း၌ စာကိုသေချာကိုင်၍ အိမ်သို့ပြန်လာခဲ့ကြသည်။ အားလုံးပြန် ရောက်ကြပြီးနောက် ကျွန်မသည်စာအိတ်တစ်ကိုဖွင့်လိုက်၏။ ထိုစာသည်အဘယ်ကရောက်လာသည်မ သိ။ သို့သော်ရဟန္တာများအကြောင်းရေးချထားသော ကဒ်များကိုတွေ့ရှိလိုက်သည်။ကျွန်မသားများသည် တိတ်ဆိတ် နေသောကြောင့်စာအိတ်ထဲမှထွက်ကျလာသောကဒ်များပေါ်ရေးထားသောစာများကိုလိုက် ဖတ်လိုက်သည်။ ထိုစာ စောင်ထဲ၌ပင် စိန့်မော် နီကားကိုရှာဖွေတွေ့ရှိခဲ့သည်။     

 မော်နီကား

              မော်နီကားအား (၃၂၂) ခု၊ အာဖရိကတိုက်မြောက်ပိုင်း၌ မွေးဖွားခဲ့သည်။ သူသည်အလွန်ဘုရား တရားကြည် ညိုသော ခရစ္စယာန်ဘာသာတူတစ်ဦး ဖြစ်သည်။ Patricius  ဟုခေါ်သော အမျိုးသားနှင့် အိမ်ထောင်ပြုခဲ့ပြီး၊ သားသ မီး (၃) ဦးထွန်းကားခဲ့သည်။ အမျိုးသားဖြစ်သူသည် ရင်သွေး များကိုဆေး ကြောခြင်းပေးခွင့်မပြုခဲ့ပေ။  မော်နီကား သည် ဤမျှစိတ်ထိခိုက်စိတ်ပျက်စရာကောင်းသောအမိန့် ဖြစ် စေကာမူ သူ့အမျိုးသား၏ပိတ်ပင်ချက်ကိုမချိုး ဖောက် ခဲ့ပေ။

             မော်နီကား သည် အလွန်စရိုက်ဆိုးသောယောက္ခမ၊ လင်ဆိုးနှင့်အတို့အထောင်လုပ်တတ်သော ကျွန်များ (ထို ခေတ်ကကျွန်စနစ်ရှိသည်။) ကြောင့် မတရားအမျိုးမျိုးခံရသော်လည်း မော်နီကာသည် မိသားစုအပေါ် အိမ်ထောင်ရှင်မကောင်း၊ ချွေးမကောင်း၊ မိခင်အကောင်းပီသစွာစောင့်ရှောက်ပေးသည်။ သူ၏စိတ်ရှည်သီးခံလွန်းအားကြီးပြီး၊  ကျိုး နွံနာခံတတ်သောကြောင့် နောက်ဆုံး၌အလွန်ခက်ထန်မာ ကြောသော ယောက္ခမဖြစ်သူပင်လျှင် ခရစ်ယာန်ဖြစ်လာခဲ့ သည်။ နောက်ပိုင်း၌ယောက္ခမနှင့်လည်း ဆက်ဆံရေး အလွန်အဆင်ပြေသွားခဲ့သည်။ လင်ယောကျာ်း ဖြစ်သူသည်လည်း နောက်ပိုင်း၌ ခရစ် ယာန် ဖြစ်လာခဲ့သည်။ ထို့အတူ  မော်နီကား  ၏အိမ်၌ရှိသောကျွန်များလည်းနောက်ဆုံး၌ ခရစ်ယာန် များဖြစ်လာခဲ့ကြသည်။

ဩဂုတ်စတင်း

            သို့သော် ဩဂုတ်စတင်းမူကား လမ်းလွှဲချော် မိုက်ကန်းနေဆဲပင်။ အထူးသဖြင့် မိခင်ဖြစ်သူသင် ကြားပေးခဲ့ သောခရစ်ယာန်တစ်ဦး၏ ယုံကြည်ခြင်းနှင့်သွေဖီသောလမ်းစဉ်ကိုလျှောက်လှမ်းနေခဲ့သည်။ ဩဂုတ်စတင်းသည်လောက၏သွေးဆောင်ဖြားယောင်းမှုနောက်သို့ငမ်းငမ်းပါနေခဲ့သည်။ဩဂုတ်စတင်း သည် ကိုယ်ကျင့်တရားဖောက် ပြား၍ အပျော်အပါးခံစားနစ်မြှုပ်နေခဲ့သည်။ ထိုသို့ ဖောက် ပြားခဲ့ရာမှ အမှတ်မထင်ကလေးတစ်ယောက်တင်ကျန်ခဲ့ သည်။ မိခင်ဖြစ်သူသည် ဘာသာရေးရိုသေကိုင်းရှိုင်းသ လောက် သားဖြစ်သူ၏အရိုင်အစိုင်းဆန်လှ သော ကြောင့် လွန် စွာစိတ်ထိခိုက်ခံစားခဲ့ရသည်။ သို့သော် တစ်နေ့ကောင်းလာနိုးဖြင့်သားမိုက်အတွက်ဆုတောင်းမပြတ်ခဲ့ပေ။ အလွန်ရိုးသားသောအိမ်ထောင်ရှင်မ ဟုဆိုသော်လည်း သားမိုက်အတွက်အရဲစွန့်ပြီး ရောမမြို့တော်ကြီးအထိပင်စွန့်စားခန်းဖွင့်၍ အရောက် သွားခဲ့သည်။ ထို့နောက်သူ၏သားတော်မောင်ကျက်စား ရာ မီလန်မြို့သို့ရောက်ရှိခဲ့ သည်။ ရောက်လေ ရာရာ၌ သားမိုက်ဖြစ်သူအတွက်ဆုတောင်းမပြတ်ခဲ့သကဲ့သို့ မျက်ရည်များလည်းစီးဆင်းမပြတ်ခဲ့ပေ။ သူသည် (၁၇)နှစ်ကြာ သားမိုက်ဩဂုတ်စတင်း၏နောင်တအတွက်အားတင်းဆုတောင်းခဲ့သည်။ ဆရာ တော်တစ်ပါးက ‘မျက်ရည်ကျ၍ ဆုတောင်းနေသောသားသမီးသည် ဘယ်တော့မှပျက်စီးခြင်းသို့ မရောက်’ ဟုသူ့ကိုအားပေးခဲ့ဖူးသည်။        

            ဩဂုတ်စတင်းသည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် နောက်ဆုံး၌ မီလန်တွင်အကျင့် ပြောင်းလဲကာဆေး ကြောခြင်းမင်္ဂလာကိုခံယူခဲ့သည်။ ဩဂုတ်စတင်းသည် မိန်းမရှုပ်ထွေးပွေလီရာမှ ရသောသူ၏သားနှင့်အတူ စိန့်အမ်ဘရို့စ်ထံ‌ဆေးကြောခြင် မင်္ဂလာ  ကိုခံယူခဲ့ကြသည်။ ထိုအခြေအနေ သည် ဆေးကြောခြင်းပေးသော စိန့်အမ်ဘရိုစ့်ကို လည်းကောင်း၊ မိခင်ဖြစ်သူကိုလည်းကောင်း ကြီးမား သောပျော်ရွှင်မူကိုယူဆောင်လာပေးခဲ့သည်။

အဘယ်ကြောင့်ဆို သော် ၄င်းတို့နှစ်ဦးလုံးသည် ဤနေ့ရက်သို့ရောက်ရှိလာစေရန် မမောမပန်းနိုင်အောင် ကြိုးစားခဲ့ရသည်။ ဩဂုတ်စ တင်းသည် မိခင်အိုအား အဘယ်သို့လှည့်ပတ်၍ဉာဏ်နီဉာဏ်နက်သုံးစေ ကာမူ မိခင်ဖြစ်သူသည် စိတ်ဓာတ်ကျ ကောင်းကျခဲ့မည်ဖြစ်သော်လည်း လုံး၀စိတ်မပျက်ခဲ့။ သူမ၏ သားသွားလေရာရာသို့ ထပ်ကြပ်မခွာလိုက်သွားခဲ့သည်။ လူချင်းဆုံမိတိုင်း ယေဇူးသခင်ဆီသို့ဦးတည် လျှောက်လှမ်းရန်နှုတ်မှ မချပြောကြားပြီး၊ ဆုတောင်းခြင်းကိုလည်းမပြတ် ပြုခဲ့သည်’ဟုရေးသားထား သည်။

             မော်နီကား  မှသားဖြစ်သူအကျင့်ပြောင်းလဲရန် အဘယ်မျှအနွံအတာခံခဲ့သည့်အကြောင်း ကို ဖတ်ရူပြီးသောအခါ  ကျွန်မ၌ မျှော်လင့်ချက်ရောင်ခြည်သစ်ထွန်းလင်းလာခဲ့ပါသည်။ ကျွန်မ၏မျက်ရည် ကို ဘုရားသခင်မြင်တွေ့သွားပြီး မော်နီကား အဘယ်မျှပေးဆက်ခဲ့ရသည်ကိုသိအောင်၊ ကျွန်မအတွက် ဆုတောင်းပေးရန်၊ ကျွန်မကိုအားပေးနေသည်ကို သိစေရန်သူ၏အကြောင်းပါသောစာ စောင်ကိုပေးပို့ လိုက်လေသလား ဟုလည်းခံစားခဲ့ရပါသည်။

ဤစာစောင်ဖတ်အ ပြီး ကျွန်မသိလိုက်သည်မှာ ကျွန်မဆက်လက်သီးခံပြီးရှေ့ဆက်ရမည်။ မိဘ တစ်ဦးအနေဖြင့် သားသမီးအတွက် အ ကောင်းဆုံး၊ လုပ်ပေးနိုင်သည့်အတိုင်းအတာအထိမလုပ် ပေးဘဲ လက်မြောက်အရှုံးပေးခြင်းသည် လုံး၀မဖြစ်သင့်ဟုလည်းအသိ၀င်လာပါသည်။ သားသမီးကိုအမှန်တ ကယ် ချစ်သောမိဘသည် သားသမီးများကိုလုပ်ပေးရသည်မှာများလွန်းလှပြီဟုတွက်လေ့မရှိ။ ထို့ကြောင့် သားသမီးများအတွက် အမြဲလုပ်ပေးရမည်။ ဆုတောင်းပေးရမည်။ ပေးဆပ်ရ မည်ဖြစ်သည်။  

            ထိုနေ့မှစ၍ နှစ်ပေါင်းများစွာတိုင်အောင် ဘုရားသခင်သည် နောက်ထပ်ရင်သွေး (၆) ဦးကို ပေး သနားခဲ့သည်။ ကလေးမမယ်အရွယ်ကိုပြုစုရသော စိန်ခေါ်ချက်များသည် တစ်စတစ်စဖြင့်အရွယ် ရောက် လာသောကလေးများအား ထိန်းကြောင်းရာ၌တွေ့ကြုံရသောစိန်ခေါ်ချက်များ အဖြစ်သို့ပြောင်း လဲလာခဲ့သည်။ အခက်အခဲနှင့်စိန့်ခေါ်မူမှာ လူမ မယ်အရွယ်ဖြစ်၍ပင်ပန်းရသကဲ့သို့၊ အရွယ်ရောက် လာ သောအခါ၌လည်း အရွယ်ရောက်လာ၍ကြုံတွေ့ရသောစိန်ခေါ် ချက်များရှိလာပါသည်။

လက်မြောက်အရှုံးပေးခြင်းသည် မှန်ကန်သောရွေးချယ်မှုမဟုတ်ပေ။ထို့ကြောင့် ကျွန်မသား သမီး များအဖို့စဉ်ဆက်မပြတ်ဆုတောင်းခြင်းကိုပြုခဲ့သည်။ သားသမီးများအနက် တစ်ယောက်ယောက် က ယုံကြည် ခြင်းအသက်တာနှင့်လမ်း ချော်လျှောက်လှမ်းရန်ခြေလှမ်းစနေပါလျှင် ခေါ်၍ဆွေးနွေးပြော ဆိုပါသည်။ ညှင်သာစွာပြန် လည်တွဲခေါ်ပါသည်။ ဤသို့ပြုလုပ်ရန်မှာ နှစ်ချီကြာနိုင်ပေသည်။ သို့သော် လက်မြောက်အရှုံးမပေးရ။

            ထိုနေ့မှစ၍ ရလိုက်သောအသိကား လောက၌ ခေါင်းမာတတ်သော၊ အပိုးမကျိုးသောသား သမီးများမွေးထား သည်မှာ ကျွန်မတစ်ဦးတည်းမဟုတ်။ ဤသို့သောသားသမီးမျိုးကို ပြုစုပျိုးထောင် နေရသောမိဘမှာ ကျွန်မတစ်ဦးမ ဟုတ်။ ယခုကျွန်၏ကိုယ်တွေ့မှရလိုက်သောအ အတွေ့အကြုံဖြင့် သူတို့ကိုအဘယ်သို့ကူညီနိုင်မည်နည်း။ ဘာဆက် လုပ်မည်နည်းဆိုသည်ကိုသိရန်လိုသည်။

စိန့်မော်နီကားသည် ကျွန်မတို့ထက်၍ ဤခက်ခဲပင်ပန်းနွမ်းလျှစေသော လမ်းကိုလျှောက် ခဲ့သည်။ လွန်ခဲ့သော (၁၄) နှစ်ကတည်းက သူကျွန်မအားတွေ့ဆုံစေခဲ့၍ ကျေးဇူးတင်မိပါသည်။ ထို အချိန်မှစ၍ သူသည်ကျွန်မအတွက်သူငယ်ချင်းကောင်း၊ အားပေးဖော်ဖြစ်လာခဲ့ပါသည်။    

စိန့် မော်နီကား၊ ကျွန်ုပ်တို့အဖို့ဌာဆု‌တောင်းပေးတော်မူပါ။ 

ဘာသာပြန် ဖာသာကလေးမင်း အားသယ်

Credit: https://bit.ly/38JsSq6

Add new comment

2 + 16 =