မင်္ဂလာဆောင်တော့မဲ့၊ သတို့သမီးလောင်းတစ်ယောက်က အိမ်ထောင်ရှင် အမျိုးသမီးကောင်းတယောက်ဖြစ်လာဖို့ ဘာတွေပြင်ဆင်ဖို့ လိုသလဲ

Prepare
    ဒီနေ့မှာ မင်္ဂလာဆောင်တော့မဲ့၊ သတို့သမီးလောင်းတစ်ယောက်က အိမ်ထောင်ရှင် အမျိုးသမီးကောင်းတယောက်ဖြစ်လာဖို့ ဘာတွေပြင်ဆင်ဖို့ လိုသလဲဆိုတဲ့ အကြောင်းအရာ လေးမျှဝေပေးချင်ပါတယ်။
    အခုခါမှာ ဝါလကင်းလွတ် သီတင်းကျွတ်ရာသီရောက်ပြီးဆိုတော့ မင်္ဂလာဆောင် တော့မယ် သတို့သမီးကောင်းတွေ အများကြီးရှိမှာပါ။ သူရဲ့ မင်္ဂလာဆောင်မဲနေ့မှာ ဘယ်လိုဧည့်ခံပွဲပါလုပ်မယ်။ ဘယ်လိုအဝတ်အစားတွေ ဝတ်မယ် ဘယ်သူတွေကို ဖိတ်မယ် စသဖြင့်ပေါ့။ အပျော်တွေထဲမှာ ရှိနေမှာပါ။ ဒါကလည်း တသက်မှတခါ ရတဲ့ special day အတွက် အမျိုးသမီး တစ်ယောက်ရဲ့ ဘဝအလည့်အပြောင်းဆိုတော့ ပျော်ရွှင်ရမဲ့ ဘဝတသက်စာအတွက် စိတ်လှုပ်ရှားနေမှပါ။
    အရေးကြီးတာက ကိုယ်ဖြစ်လာမဲ့ ဇနီးတယောက်ဖြစ်ဖို့ ဘယ်လို အချက်တွေကို ကြိုတင်ပြင်ဆင်ရမယ်လို့ဆိုတာကို သိပ်ပြီး နက်နက်နဲနဲတွေးတဲ့ သူနည်းနေမှာပါ။
    မင်္ဂလာဆောင်ပြီး လက်ထပ်ပွဲပြီးမှသာ ငါအခု ဇနီးတယောက်ဖြစ်လာပြီး မို့ ငါဘာတွေ ဘယ်လိုပြင်ဆင်ရမယ်ဆိုတဲ့ အတွေးက အဲဒီတော့မှ ဝင်လာတာ ပါ။
    ဒီတော့ ဘယ်လိုပြင်ဆင်ရင်ကောင်းမလဲ? အိမ်ထောင်တခုမှာ အိမ်ထောင်ထိန်းသိမ်း မှုဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဇနီးတယောက် ဖြစ်လာပြီဆိုရင် အရာအားလုံး စိတ်ရောကိုယ်ပါ ဘာမှ မချန်ပဲ ခင်ပွန်းသည်ကို ပေးနိုင်ရမယ်။ ဒါမှသာ တသက်စာ ပျော်ရွှင်မှုကို ရမှာပါ။
    ခင်ပွန်းနဲ့  ဇနီးအောင်မြင်တဲ့ ပဋိညာဉ်ရဖို့ဆိုတာ အင်မတန်ခဲ့ယဉ်း လှပါတယ်။ မိမိကိုးကွယ်ယုံကြည်ရာ ဘုရားထဲမှာ တိုင်တည်ဆုတောင်းပြီး ဘုရားရယ် ခင်ပွန်းရယ် ဇနီးရယ် ကတိကဝတ်တွေပေးပြီး တည်ဆောက်မှသာ ပျော်ရွှင်အောင်မြင်တဲ့ အိမ်ထောင် တခုကို ရရှိနိုင်မှာပါ။
    ဘယ်အိမ်ထောင်ရှင် အမျိုးသားက သစ္စာမရှိတဲ့ ကတိအတည်တဲ့ ဇနီးမျိုး မလိုချင်ပါဘူး။ ဒါကြောင့် ဇနီးသည်တယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ခင်ပွန်းကို ပေးထားတဲ့ ကတိအတိုင်း အသေအချာကတိတည်း လုပ်ဆောင်ပြပြီး ကိုယ့်ရဲ့ Relationship ကို ခိုင်မြဲအောင် လုပ်ရတော့မယ်။
    ဇနီးသည်ဆိုတာ ခင်ပွန်းသည်အတွက် ကြီးကျယ်တဲ့ လက်တွဲဖော် ဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့ စိတ်လှုပ်ရှားထိနိုက်လွယ်တာတွေကို ရှောင်ရမယ်။ မိမိရဲ့ ခွန်အားနဲ့ အိမ်ထောင်ကို ထိန်းသိမ်းနိုင်ရပါမယ့်။ မိမိအိမ်ထောင်ကို တတ်နိုင်သမျှ ငြိမ်းချမ်းအောင် ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ရပါ့မယ်။ ကြိုးစာပြီး စကားများတာ ရန်ဖြစ်တာတို့ကို ရှောင်နိုင်သမျှ ရှောင်ပြီး ခင်ပွန်းသည်အပြင် ဘေးပတ်ဝန်ကျင်က သူတွေနဲ့ လည်း နူးညံ့သိမ်မွေ့စွာနဲ့ ဆက်ဆံရပါမယ်။
    အိမ်ထောင်ရှင် ဇနီးတယောက်က ထမင်းဟင်းမချက်တက်ရင် အလှတရား မရှိဘူးလို့ ကျွန်မငယ်စဉ်တုန်းက ကြားခဲ့ဘူးပါတယ်။ လူသားအားလုံးက အစားအဟာရကို ကောင်းကောင်း စားဖို့မလိုဘူးလား။ ခင်ပွန်းသည် ယောင်္ကျားတွေဆိုတာ အစား အသောက်ကို ခုံမင်ကြတယ်။ ဇနီးသည်က မချက်တတ်လို့ အပြင်ကနေပဲ အမြဲဝယ်စား နေမယ်ဆိုရင် စရိတ်စကပိုကြီးမယ်။ လူတိုင်းက အိမ်ဟင်းထမင်းကို ကြိုက်နှစ်သက် ကြတာပါ။ ဒီတော့ ဇနီးကောင်းဖြစ်ချင်ရင် ချက်ပြုတ်တတ်ဖို့တော့ လိုမယ်ထင်ပါတယ်။
    အိမ်ထောင်တခုမှ ဝင်ငွေထွက်ငွေကို manage လုပ်နိုင်ရင် ကောင်းတဲ့ avility .
    အိမ်ထောင်ရှင် ခင်ပွန်းတွေက အသုံးအဖြုန်းကြီးတဲ့ ဇနီးသည်ကို မကြိုက်ကြပါဘူး။ စီးတဲ့ရေ ဆယ်တဲ့ကန်သင်ဆိုသလို ဇနီးကောင်းတယောက် ဖြစ်ဖို့ ဒီအရည်အသွေးမျိုးလဲ လိုပါလိမ့်မယ်။
    ဇနီးကောင်းတယောက်ဆိုတာ ကိုယ့်ရဲ့ ခင်ပွန်းက အိမ်မှာစိတ်သက်တောင့်သက်သာ ရှိအောင် အိမ်မှာ ပျော်ရွှင်အောင် ဇနီးသည်တယောက်အနေနဲ့ စီမံဖန်တည်းပါ့မယ် အခြား အိမ်ထောင်တွေကိုကြည့်ပြီး အဲဒီပုံစံမျိုးတပ်မက်လိုချင်တာတွွေမဖြစ်စေရပါဘူး။ မိမိ အိမ်ထောင်ကို မိမိကြိုက်နှစ်သက်တဲ့ ပုံစံမျိုးနဲ့ အိမ်ထောင်ကို ထိန်းသိမ်းရင်လည်း ပျော်ရွှင် တဲ့  အိမ်ထောင်တခုတည်ဆောက်နိုင်ပါတယ်။
    လက်ထပ်ထိမ်းမြားကြတယ်ဆိုတာ ခင်ပွန်းနဲ့ဇနီးက အပေးအယူရှိဘို့မလိုဘူးလား။ အိမ်ထောင်မကျခင်တုန်းကတော့ မိမိစိတ်ကြိုက် ဆုံးဖြတ်ချက်တွေချခဲ့ပေမယ့် အခုချိန်မှာ တော့ တခါတလေး ကိုယ်မဖြစ်ချင်တာတွေကိုလည်း လက်ခံရတော့မဲ့အချိန်ပါ။ ဇနီး တယောက်ဖြစ်လာရင်း အပေးအယူတွေအများကြီးလုပ်ရပါတယ်။ အပေးအယူလုပ်ရတာကို ဇနီးတယောက်အနေနဲ့ စောစောသိလေ အိမ်ထောင်ရေးက ပိုပြီး သာယာတယ်ဆိုတာသိလာ မှာပါ။ အရှုံးပေးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
    အရေးကြီးတာက ကိုယ့်ရဲ့ အိမ်ထောင်အတွက် goal ရည်ရွယ်ချက်ရှိရမယ်။ ကိုယ့် ခင်ပွန်းရဲ့ အိပ်ကမက်တွေ ရည်ရွယ်ချက်တွေကို ထောက်ပံ့ပေးရမယ်။ ကြိုးစားသင်ယူ အားထုတ်ပြီး မိသားစုအတွက် ထောက်ပံ့ပေးနိုင်တဲ့သူဖြစ်အောင် ကြိုးစားရမယ်။
    နောက်ပြီး ဇနီးသည်တစ်ယောက်အနေနဲ့ အလျော့ပေးတာဟာ ကိုယ်လျှောက်ရမယ့် လမ်းကို ဖြစ်တယ်ဆိုတာ သိထားရပါမယ်။ များသောအားဖြင့် အလျော့ပေးတယ်။ ဆွေးနွေး တယ်ဆိုတာကို ရှက်ကြတယ်။ အလျှော့ပေးလိုက်တာက ၂ ဘက်ကြည့်ရင် မျှတမှုမရှိဘူး ဆိုတာလည်း မြင်ရတယ်။ ချက်ချင်း တရားမှာ အလွယ်တကူ အလျှော့ပေးကြတာ မဆန်းပါ ဘူး။ ဒါဟာ ဇနီးသည်တစ်ယောက်ရဲ့ အိမ်ထောင်ကျပြီး ဒုတိယပုံစံသာ ဖြစ်ပါတယ်။
    အိမ်ထောင်ရှင် ဇနီးတယောက်ရဲ့ ပုံစံဟာ အိန္ဒြေရှိတဲ့ သိက္ခာရှိတဲ့ စိတ်နေစိတ်ထား အထက်တန်းကျကျ Confidence အပြည့်ရှိတဲ့ ပုံစံဖြစ်နေရမယ်။ ခင်ပွန်းသည်တွေဟာ  သူတို့ ဇနီးကို ဂုဏ်ယူချင်ကြတယ်။ မြင့်မြတ်တဲ့ သူတယောက်အဖြစ် တင့်တယ်စွာနဲ့ မိမိကိုယ်မိမိ ထိန်းသိမ်တတ်တဲ့ သူအဖြစ် ပတ်ဝန်းကျင်ကလည်း ရိုသေလေးစားတဲ့ သူအဖြစ် မြင်ချင်ကြတာပါ။
တင်ဆက် - ဒေါ်ဂျူလီယာ ကြူကြူခင်
တည်းဖြတ် - ပေါလ်

 

 

Add new comment

1 + 0 =