ဘုရားရှင်ကိုဗဟိုပြုသောလင်နဲ့မယား

အားလုံးပဲမင်္ဂလာပါရှင်
အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်နေတဲ့သီရိဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပါပြီ။ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “ဘုရားရှင်ကိုဗဟိုပြုသောလင်နဲ့မယား “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဤအကြောင်းအရာလေးဟာစာရေးဆရာ-နီလာရိုင်းရဲ့(သက်ဆုံးတိုင်) စာအုပ်မှာကိုးကားဖော်ပြထားတာဖြစ်ပါတယ်ရှင်။
သော်တရှင်များရှင်- လင်နဲ့မယားနှစ်ဦးစလုံးဟာမေတ္တာနှောင်ကြိုးနဲ့ရစ်ပတ်ထားတာဖြစ်ပါတယ်။သစ္စာနှောင်ကြိုးဖြင်းလည်းပေါင်းဖက်ထားတာဖြစ်ပါတယ်။ဒါကြောင့်လင်နဲ့မယားဆိုတာအတူနေမှာပြည့်စုံတာ။တနည်းအားဖြင့်
ရွှေငွေစည်းစိမ်းတွေဘယ်လောက်ဘဲပြည့်စုံချမ်သားနေပါစေခင်ပွန်းမရှိတဲ့ဇနီးတစ်ယောက်နဲ့ဘ၀ဟာလုံခြုံမှုမရှိသလိုဇနီးမရှိတဲ့ခင်ပွန်းဘ၀ဟာလည်းအလားတူပါပဲ။မပြည့်စုံပါဘူး။ဒါအပြင် မိမိတို့ရဲ့ရင်သွေးငယ်တွေကိုမိတကွဲ၊ဖတကွဲဖြစ်အောင်မလုပ်မိဖို့ကလင်နဲ့မယားတို့မှာတာ၀န်ရှိပါတယ်ဆိုတာသိရှိကြပါ။လင်နဲ့မယားတို့-ရင်သွေးငယ်တွေအတွက်ဦးစားပေး၊စဥ်စားပေးကြပါ။မိဘရဲ့ချစ်ခြင်းမေတ္တာအပြည့်အ၀ပေးကြပါ။ဒါပြင်ပြုစုဖြိုးထောင်ပေးရမှာဖြစ်ပါတယ်။အချိန်နဲ့အသက်အရွယ်ရောက်လာရင်ပညာသင်ကြားပေးရမယ်။လူလောကထဲရောက်လာချိန်ကစပြီးရဲ့၀ံစွာလျှောက်လှမ်းနိုင်ဖို့ရန်အတွက်နှင့်ကြုံဆုံလာတဲ့ကိစ္စမှန်သမျှကိုမှန်ကန်စွာဆုံးဖြတ်နိုင်ဖို့၊ဘ၀ရပ်တည်မှုများကိုမှန်ကန်စွာလုပ်နိုင်ဖို့နှင့်ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့အရာတွေကိုလည်းသင်ကြားပေးခြင်းအားဖြင့်နောင်တချိန်မှာသူတို့လေးတွေလူတော်၊လူကောင်းလူရည်ချွန်လေးတွေဖြစ်လာမှာဖြစ်ပါတယ်။ဒါကြောင့်သားသမီးတွေရဲ့လက်ဦးဆရာဟာလင်နဲ့မယားတို့ဖြစ်ပါတယ်။မိမိတို့ကိုယ်၌ကဘုရားရှင်ကိုဗဟိုပြုတဲ့စံပြလင်မယားတွေဖြစ်လာပါလိမ့်မယ်။လင်နဲ့မယားလျှာနဲ့
သွားဆိုရိုးစကားရှိတဲ့တိုင်းနေ့စဥ်မြင်တွေ့၊နေထိုင်သွားလာနေရတဲ့လင်နဲ့မယားတို့ဟာတစ်ခုမဟုတ်တစ်ခုတော့စိတ်သဘောချင်းတိုက်ဆိုင်ပြေပြစ်မှုရရှိဖို့ရန်တွက်ခဲယဥ်းနေမှာဖြစ်ပါတယ်။အကြိုက်မတူ၊စရိုက်ချင်းခြားနား၊အယူအဆတွေကွဲပြားတာယဥ်ကျေးမှုအဆင့်အတန်းစသည့်တို့ကွပြားခြားနားခြင်းတွေကြောင်းတခါတရံအဆင်မပြေမှုတွေဖြစ်တက်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်အလိုမကျလိုရှောင်
နေမယ်ဆိုရင်မိမိတို့အချင်းချင်းလည်းအဆင်ပြေဖို့ပိုမို့ခက်သွားပါလိမ်မယ်။အလိုမကျမှုတွေကိုမျက်နှာချင်းဆိုင်ဖြေရှင်းလိုက်မယ်ဆိုရင်အဆင်ပြေသွားမှာပါ။နားလည်မှုတွေရရှိလာမှာဖြစ်ပါတယ်။အိမ်ထောင်စုတစ်စုသာယာဖို့၊တည်မြဲဖို့ဆိုတာလင်နဲ့မယားပေါ်မှာတာ၀န်ရှိပါတယ်။ဒါကြောင့်လင်နဲ့မယားကွဲကြတာ၊အိမ်ထောင်စုပြိုကွဲတာဆိုတာတွေဟာရင်သွေးငယ်တွေအတွက်လည်းစိတ်ဒဏ်ရာတွေရရှိပြီးသူတို့ဘ၀ရှေ့ဆက်ဖို့ရန်အတွက်လည်းအားငယ်သိမ်ငယ်နေမှာအမှန်ပါ။ဒါကြောင့်မို့လင်နဲ့မယားနှစ်ဦးစလုံးဟာမေတ္တာနှောင်ကြိုးနဲ့ရစ်ပတ်ထားတာဖြစ်တယ်။သစ္စာနှောင်ကြိုးနဲ့လဲပေါင်းဖက်ထားတာလည်းဖြစ်ပါတယ်။လင်နဲ့မယားတို့မှာလည်းလူသားဖြစ်တဲ့အတွက်ကြောင်းအားနည်းချက်ကိုယ်စီရှိကြပါတယ်။အားနည်းချက်တွေကိုတစ်ယောက်နဲ့တစ်ယောက်နားလည်ပေးကြပါ။အားနည်းချက်တွေကိုပုံကြီးမချဲမိပါစေနဲ့။။ရေနဲ့ငါးကိုခွဲထား၍မရသလို၊အပင်နှင့်အမြစ်တို့ယာလည်းကင်းကွာ၍မရပါ။ထိုအတူပျော်ရွှင်အောင်မြင်တဲ့အိမ်ထောင်ရေးတည်ဆောက်ရန်ဘုရားနဲ့အဆက်ပြတ်၍မရပါ။ဘုရားနဲ့ကင်းရင်လူတွေနဲ့လဲကင်းလာမယ်။မေတ္တာတရားတွေနဲ့လည်းကင်းလာပြီတော့ကြောက်မက်ဖွယ်သတ္တ၀ါများလိုပဲဖြစ်တက်ပါတယ်။ဒါကြောင့်ဘာသာတရားတွေရဲ့သွန်သင်မှု၊လမ်းပြမှုတွေကို အတုယူလိုက်ကျင့်အသက်ရှင်နေထိုင်ကြပါနော်။လင်နဲ့မယားတို့၊မိမိတို့အိမ်ထောင်ရေးမှာ အတ္တကိုဗဟိုမပြုပါနဲ့။အတ္တကိုဗဟိုပြုမိရင် တော့ အိမ်ထောင်ရေးပြိုကွဲလွယ်လိုပါ။ဒါအပြင် မာနမီးတွေ၊ဒေါသမီးတွေလောင်ကျွမ်းလွယ်တက်ပါတယ်။ ဘာသာတရားတွေရဲ့သွန်သင်ဆုံးမမှုတွေကိုနာခံ၊လိုက်နာမယ်ဆိုရင်သည်းခံစိတ်တွေ၊အနစ်နာခံတက်တဲ့စိတ်ထားတွေ၊ရှိလာမှာဖြစ်ပါတယ်။သစ္စာတရား၊မေတ္တာတရားတွေလည်းထားတက်လာမှာဖြစ်ပါတယ်။ဒါကြောင့်မို့မိဘတွေကလည်းသားသမီးအိမ်ထောင်သည်တွေကိုနားလည်းအောင်ရှင်းပြပေးသင့်ပါတယ်။အရာရာတိုင်းကိုအဖက်ဖက်မှတွေးတောပြီးပြုလုပ်ဆောင်ရွက်ကြပါ။စာရေးဆရာတစ်ဦးကအောက်ပါအတိုင်းပြောခဲ့တာလေးကိုပြောပြချင်ပါတယ်။၀မ်းမြောက်ရာများကိုမျှေေ၀ကြပါ။၀မ်းနည်းကြေကွဲစရာတွေကိုလျှော့နည်းလာအောင်လုပ်တဲ့အိမ်ထောင်စုဟာမင်္ဂလာရှိပါတယ်လို့ဆိုထားပါတယ်။ဒါကြောင်းမို့အိမ်ထောင်ရေးဘ၀မှာသာယာဖို့၊ပျှော်ရွှင်ဖို့ရန်နှင့်အဆင်ပြေဖို့ရန်မိမိတို့မိသားစု၌မိမိတို့ယုံကြည်တဲ့ဘုရားရှင်ကိုအရာရာတိုင်းမှာဗဟိုပြုရှင်သန်တဲ့မိသားစု၊ဘာသာရေးလိုက်စားတဲ့ဘုရားတရားရှိတဲ့မိသားစုများ၊သာယာပျှော်ရွှင်တဲ့မိသားစုဘ၀လေးပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုမွန်ချွေလျှက်။ဒီတစ်ပတ်အတွက်ဒီလောက်နဲ့ရပ်နားပါရစေ။နောက်အပတ်တွေမှာလည်းအားပေးနားဆင်လှဲပါအုံးလို ဖိတ်ခေါ်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မက စစ္စတာရ် မေရီဒိမ် ပါရှင်။

Add new comment

7 + 7 =