'' ဘဝအတွက် (ခ) သုံးလုံး ''

အားလုံးဘဲမင်္ဂလာပါ

အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့”ဘ၀အတွက် (ခ)သုံးလုံးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဤအကြောင်းအရာလေးဟာအောင်မြင်မှုလမ်းကိုလျှောက်လှမ်းနေကြတဲ့မိတ်ဆွေများနှင့်လုပ်ငန်းခွင့်အသီးသီးမှာလုပ်ငန်း၀င်ကြမဲ့လူငယ်များအတွက်တင်ဆက်

ပေးလိုက်ခြင်းဖြစ်ပါတယ်။

နံပါတ်(၁)ခ(ခွေးကတော့)ခံနိုင်ရည်ရှိပါ။ ဘယ်လိုအခက်အခဲတွေနဲ့ကြုံနေရပါစေ၊ဘယ်လိုတိုက်ခိုက်မှုတွေပဲလာလာ၊ဘယ်လို‌‌‌၊‌‌ေ၀ဖန်မှုတွေစသည့်အ

ကြောင်းအရာတွေနဲ့ရင်ဆိုင်နေရလိုစိတ်ဓာတ်ကျပြီးလဲကျမသွာပါနဲ့။သင့်ဟာအဲဒီအရာတွေအပေါ်မှာခံနိုင်ရည်ရှိဖို့လိုအပ်ပါတယ်။  အဲဒါကြောင်းမို့-မိမိကိုယ်ကိုခံနိုင်ရည်ရှိအောင်၊ကြံခိုင်လာအောင်တည်ဆောက်ထားဖို့လိုပါတယ်နော်။အမြဲတမ်းစိတ်နှလုံးသားထဲမှာသိမ်းထားရမဲ့အရာကတော့ငါခံနိုင်ရည်ရှိရမယ်။ဘာအကြောင်းကြောင်းမှာပြိုလဲမသွားရဘူးလို၊မိမိကိုယ့်ကိုယုံကြည်ချက်ထားပြီးကြိုးစားပါ။ဥပမာ၊ဂျက်မားဟာငယ်စဥ်မှာဘယ်လိုအခက်အခဲတွေတွေ့ရှိပါစေ။ခံနိုင်ရည်ရှိလို

နောက်ဆုံးမှာအောင်မြင်ခဲ့တဲ့ဂျက်မားလိုပုဂ္ဂိုလ်မျိုးပေါ့။

၂။နောက်တစ်ခုကတော့-ခံစားချက်နောက်မလိုက်ပါနဲ့။         ။လူငယ်တွေအနေနဲ့မိမိတို့ရဲ့လုပ်ငန်းတွေမှာ အတားအဆီး၊စိတ်အနှောက်အယှက်တွေစသည့်တို့နဲ့လဲတွေ့ကြုံရမှာဧကန်ပါ။အဓိကတော့ခံစားချက်နောက်မ

လိုက်မိဖို့ပါဘဲ။ခံစားချက်ကိုဦးစားမပေးမိပါစေနဲ့နော်။ဘာကြောင်းလည်းဆိုရင်ကျွန်မတို့တတွေမှာခံစားချက်

ကိုယ်စီးရှိကြပါတယ်။ခံစားချက်နောက်လိုက်ရင်းခံစားချက်တွေများနေရင်ခံစားသွားတက်ကြပါတယ်။ခံစားချက်များနေတဲ့သူဟာအမြဲတမ်းခံစားနေရပြီးစိတ်ဆင်းရဲနေရပါတယ်။ကျွန်မတို့တတွေဟာတခုခုဆိုFeels,Emotionsတွေများပါတယ်။တချို့ခံစားချက်တွေကမိမိရဲ့ဘ၀ကိုပျက်စီးသွားနိုင်သလိုကောင်းတဲ့ခံစားချက်တွေလည်းရှိတက်ပါတယ်။အဲဒီအထဲမှာမှမကောင်းတဲ့ခံစားချက်နောက်မလိုက်မိပါစေနဲ့။ဘာကြောင်းလဲဆိုရင်ခံစားချက်နောက်

လိုက်ရင်အမှားတွေပိုများတက်လိုပါ။ခံစားလိုတော့ရပါတယ်။

နံပါတ်(၃) ခခွေ က (ခွင့်လွှတ်တက်ပါစေ)   ။  ။မိမိကိုယ်ကိုဘယ်သူ၊ဘယ်၀ါတွေက၊ဘယ်ပုံ၊ဘယ်နည်းတွေနဲ့

လှောင်ပြောင်၊ခနဲ၊မထီးလေးစားပြုနေပါစေ၊ပညာရှိရှိသူတော်ကောင်းဆန်ဆန်နဲ့ခွတ်လွှတ်ပေးလိုက်ပါ။သူတို့

အပေါ်မှာလည်းငြီးငြူးပြောဆိုအပြစ်မမြင်ပါနဲ့။ဘယ်တော့မှာလက်မြှောက်အရှုံးမပေးပါနဲ့။သူတို့ပြောတာတွေကိုအရေးစိုက်ပြီးခံစားနေမယ်ဆိုရင်မိမိပဲဒုက္ခရောက်ပါလိမ့်။ခွင့်လွှတ်ဖို့လိုပါတယ်။ခွင်လွှတ်ပေးလိုက်ပါ။သဘော

ထားပြည့်၀သူ၊သဘောထားကြီးသူတွေကခွင့်လွှတ်တက်ကြပါတယ်။ခွင့်မလွှတ်နိုင်တဲ့သူတို့ရဲ့ဘ၀ဟာပူလောင်း

နေမှာပါ။သင့်ဘ၀ကိုတိုက်ခိုက်သူတွေ၊မကျေနပ်သူတွေ၊သ၀န်တိုတဲ့သူတွေရှိမှာပါ။သူတို့ကိုခွင့်လွှတ်ပေးနိုင်ရင်

ခွင့်လွှတ်ပေးလိုက်ပါ။ခွင့်မလွှတ်နိုင်ရင်တော့စွန့်လွှတ်လိုက်ပါ။မေတ္တာထားလိုမရရင်လိုက်ခံစားမနေပါနဲ့။နောက်

ခွင့်လွှတ်ပြီးမှလဲခံစားမနေပါနဲ့တော့။

သော်တရှင်များရှင်  -   ကျွန်မတို့ဘ၀မှာဘယ်လိုလူတွေနဲ့ပဲတွေ့တွေ့၊ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ဖြေရှင်းနေရပါစေ၊အောင်မြင်မှုလမ်းကိုရှေ့ဆက်လျှောက်နိုင်ရန်သင့်ဘ၀အတွက်လိုအပ်မဲ့(ခ)ခွေးလုံးကိုဆောင်ထားကြရအောင်။ကျင့်ကြပပါစို့လိုတင်ဆက်ရင်း၊အကြောင်းအရာလေးကိုဒီလောက်နဲ့ဘဲရပ်နားပါရစေ။နားဆင်ကြည့်ရှုအားပေးကြတဲ့

ညီအစ်ကိုမောင်နှမများအားလုံးအသိတရားများရရှိပြီး၊ဗဟုသုတများလဲတိုးပွားကြပါစေ။

ကျွန်မကတော့စစ္စတာရ်မေရီဒိမ် ပါရှင်။

Add new comment

4 + 11 =