ဖခင်မေတ္တာ

Father’s Love
ဒီနေ့မှာ ဖခင်မေတ္တာဆိုတဲ့ အကြောင်းအရာကို ကျွန်မရဲ့ ရင်တွင်းခံစားခဲ့ရတဲ့ ဖခင်မေတ္တာ တွေနဲ့အတူ မျှဝေပေးချင်ပါတယ်။
ဖခင်တစ်ယောက်ဟာ သားသမီးအပေါ် အမျိုးစုံသော နည်းတွေနဲ့ မေတ္တာတွေ အများကြီး ပေးနိုင်သလို၊ တခါတလေ မေတ္တာပေးတာ လစ်ဟာသွားတဲ့အခါ သားသမီးက ဒီမေတ္တာကို နားမလည်နိုင်ဘဲ ဖခင်နဲ့ သားသမီးကြား မေတ္တာတွေ ချစ်ခြင်းတရားတွေ ပျက်စီးသွားစေတဲ့ အကြောင်းအရာတွေလည်း အများကြီး ရှိပါတယ်ဆိုတာ မိဘတိုင်း ခံစားဖူးမှာပါ။
ဒီဖခင်က သူအစွမ်းကုန်ပေးတဲ့ မေတ္တာကို သားသမီးတွေကို သိစေချင်တယ်။ ခံစားတတ်စေ ချင်တယ်။ ပြီးပြည့်စုံတဲ့ ဖခင်တစ်ယောက် မဟုတ်ပေမယ့်လို့ အတတ်နိုင်ဆုံး စွန့်လွှတ်အနစ်နာခံ မယ်။ စိတ်ရှည်သည်းခံပေးမယ်။ ခွင့်လွှတ်ပေးမယ်။ သစ္စာရှိပေးမယ်။ တကိုယ်ကောင်း မဆန်ဘူး။ ဒါတွေကို တသက်လုံး အပြောင်းအလဲမရှိ လုပ်ပေးနိုင်မယ်လို့ သူ့ဖာသာ ပြန် သူတွေးရင်း ဒါတွေက တော့ သူ့ရဲ့ ဆန္ဒမဲကို ဆိုပါတယ်။
ကျွန်မ အခု ဖခင်က သူ့ရင်ထဲမှာ တွေးပြီး ခံစားချက်ကို တိုက်ရိုက်ပဲ တင်ပြသွားပါမယ်။
ဒီဖခင်က အခုလို ရင်ထဲမှာ ပြောနေပါတယ်။ ငါ့သားသမီးတွေက ဖခင်ရဲ့ မေတ္တာကို နားလည် ရဲ့လား? စည်းကမ်းတွေချပေးတာဟာ ဖခင်က ချစ်လို့ ဆိုတာ သူတို့ နားလည်ရဲ့လား?
ဒီစည်းမျဉ်းစည်းကမ်းတွေကို သူတို့က မကြိုက်ပေမယ့်လို့ လူတစ်ယောက်က စည်းကမ်း ဘောင်ဆိုတာ လိုအပ်တယ်။ အရေးကြီးတယ်။ စည်းကမ်းဆိုတာ လူတယောက်ကို သူ့ပတ်ဝန်းကျင် မှာ ရင့်ကျက်လာအောင်နဲ့ ကောင်းတဲ့ လမ်းကို ရောက်အောင် လုပ်ပေးတာဖြစ်တယ်။ ဒီလိုမှ မလုပ် ပေးခဲ့ရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ တဝဲလည်လည် ဖြစ်ပြီး၊ ဖခင်ကို ပုန်ကန်တတ်တဲ့သူ တစ်ယောက် ဖြစ်သွားနိုင်တယ်။ မေတ္တာအရင်းခံတဲ့ စည်းကမ်းကတော့ ဒေါသကို ထိန်းချုပ်ပြီး ညင် ညင်သာသာနဲ့ ပြုမူရင်းတော့ အဆုံးမှာတော့ ခွင့်လွှတ်မှုတွေရဲ့ နှစ်ဦးနှစ်ဖက် ပြေလည်ပြီး ဘဝကို ကျော်ဖြတ်ရမှာပါပဲ။
ဖခင်က နာကျင်ခံစားရအောင် လုပ်တာဟာ သူတို့ကို ချစ်လို့ဆိုတာကော သိရဲ့လား?
နာကျင်မှုတွေ ခံစားနေရတဲ့ သားသမီးတယောက်ကို ကြည့်ရှုစောင့်ရှောက်ရတာ ဖခင် တစ် ယောက်အနေနဲ့ အင်မတန် ခက်ခဲပါတယ်။ ကြမ်းကြမ်းတမ်းတမ်းနဲ့ ကျော်ဖြတ်ဖို့ လွယ်ပေမယ့် သူတို့နဲ့အတူ ခံစားရတာ ကို့ယို့ကားယားဖြစ်စေတယ်။ ဒီအကောင်းဆုံးကတော့ သူတို့နဲ့ အတူ မျှဝေ ခံစားပေးပြီး သူတစ်ယောက်ထဲ ခံစားနေရတာ မဟုတ်ဘူး။ ဘေးနားမှာ အဖေရှိတယ်။ ဘယ်တော့မှ လည်း တစ်ယောက်ထဲ မခံစားစေဘူး။ အဖေ အမြဲ အနားမှာရှိမယ်ဆိုပြီး မျှဝေခံစားပေးတာဟာ communicate ပိုပြီးတော့ ဖြစ်သွားစေတယ်။
သားသမီးရဲ့ အမြင်ကတမျိုး ဖခင်ရဲ့ အမြင်ကတမျိုး ဖြစ်နေတဲ့အချိန်မှာလည်း သူတို့ကို ချစ်လို့ဆိုတာ သိရဲ့လား?
ဖခင်တွေဟာ အရာရာတိုင်း အချိန်တိုင်း သူတို့ကို focus လုပ်ဖို့မသင့်ပါဘူး။ အဲဒီလို focus မလုပ်တဲ့အတွက် သူတို့အကျိုးရှိစေတယ်ဆိုတာ သိရဲ့လား။ ငါဟာ သူတို့အတွက် အဝေးကိုသွားပြီး ဝင်ငွေရှာနေရတယ်။ အဖေက ဘာကြောင့် အဝေးရောက်နေတာလဲ သိရဲ့လား။ သားသမီးအတွက် ဝင်ငွေရဖို့ နာရီပေါင်းများစွာ အလုပ်လုပ်ရတဲ့အခါ ကိုယ့်ရဲ့ အလုပ် (လုပ်ငန်း)မှာ အဖေက focus ထားရမှာလေ။ ဒါမှ ဝင်ငွေရမှ ကိုယ့်မိသားစုအတွက် နေစရာအိမ် ဝတ်ဖို့ စားဖို့အတွက် အဖေက အဝေးကို ရောက်နေတာလေ။ အိမ်ကို လွမ်းသလို ကိုယ့်ရင်သွေးတွေကိုလည်း သတိရတာပေါ့။ I miss them.
ကိုယ့်သားသမီးက စိတ်ရှုပ်ထွေးပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အခါ ဖခင်က ဘေးကနေ ချစ်လျက် ငါပဲဆိုတာတော့ သိရဲ့လား?
ခလေးဘဝကနေ ကြီးကောင်ဝင်ချိန် ကမ္ဘာလောကကြီးကို ရင်ဆိုင်ရတဲ့ခါမှာ သင်ယူစရာတွေ သင်ယူရတဲ့ခါမှာ စိတ်ရှုပ်ထွေးနေတဲ့ချိန်မှာ အဖေက စိတ်ရှည်စွာနဲ့ နားလည်ပေးနေပါတယ်။ ကိုယ့်သားသမီးကို စိတ်မချတာရယ်။ သားသမီးတွေ မရေမရာ ဖြစ်နေတာတွေက တချိန်မှာ ဒါတွေက သင်ယူစရာတွေ ဘဝပေးအသိတွေဆိုတာ သိလာလိမ့်မယ်။ အဲဒီအချိန်မှာ အဖေ့ရဲ့ ချစ်မေတ္တာက အတူပါဝင်ပတ်သက်နေပါတယ်ဆိုတာသိရဲ့လား။ အဖေ့အတွက်လည်း စိတ်ရှုပ် စေပေမဲ့ အဖေ့မေတ္တာနဲ့ လေးလေးနက်နက် စီစဉ်ပေးမှာပါ။
သားသမီးက ကျရှုံးတဲ့ခါမှာတော့ အဖေ့ရဲ့ မေတ္တာက မပျက်ဖူးဆိုတာ သိရဲ့လား?
ဥပမာ - ဘောလုံးပွဲတပွဲမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အသင်းလဲဖြစ်တယ်။ ဘောသမားကိုလည်း ကစားပုံကြိုက်တယ်။ ဂိုးတွေလည်း အများကြီးသွင်းနိုင်တယ်။ ဒါဆိုရင် ဒီဘောလုံးသမားကို ကြိုက်ကြတဲ့သူတွေချည်းပဲ။ ဒါပေမဲ့ဘောပွဲမှာ ဒီဘောလုံးသမားက ဂိုးလည်း မသွင်းနိုင်ပဲ ခြေပျက်နေရင် ကြာလာရင် မကြိုက်ကြတော့ဘူး။ အဖေကတော့ ဒီလိုမဟုတ်ပါဘူး။ သားသမီးရဲ့ အောင်မြင်မှု၊ ကျရှုံးမှုကို အလေးအနက်အဓိပ္ပါယ်ဖွင့်မနေပါဘူး။ မဝေဖန်ဘူး။ ဒါကြောင့် သေချာပေါက် မေတ္တာမပျက်ဘူးဆိုတာ သိစေချင်တယ်။ အချိန်တွေက အောင်မြင်မှုနဲ့ ကျရှုံးမှုတွေ ဟာ တစ်နေ့မှာ အခွင့်အရေးပဲဆိုတာ သိလာလိမ့်မယ်ဆိုတဲ့ message လို့ အဖြေက ပေးချင်တာပါ။
အဖေက ထပ်ပြီး ပြောချင်သေးတယ်။ ကိုယ့်ရဲ့ဘဝကို ချစ်ပါ။ သားတို့ရဲ့ ပျော်ရွှင်မှုရဲ့ နိမိတ် လက္ခဏာက မိဘနဲ့အတူ ပျော်ရွှင်မှုပါပဲ။ ဒါက အဖေလည်း လောကကြီးကို ဘယ်လိုချစ်ရမယ်။ ကိုယ့်ဘဝကို ဘယ်လိုချစ်ရမယ်ဆိုတာ သင်ယူခဲ့ရသလို ကိုယ့်သားသမီးကိုလည်း ဒီလိုအချစ်မေတ္တာ တွေနဲ့ အဖေက ပြင်ဆင်ပြီး လောကကြီးကို ကျေနပ်စေချင်တယ်ဆိုတာ အဖေ့ရဲ့ ဆန္ဒပါပဲ ဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါရစေ။

Add new comment

3 + 3 =