ဖခင်ဆီကနေ သားတိုင်းရဲ့ ရင်ထဲက ဖွင့်ပြောလို့မရတဲ့ လိုအပ်တဲ့ အကြောင်း အရာတွေ အများကြီးရှိပါတယ်

Every son needs

            ဒီနေ့မှာ ဖခင်ဆီကနေ သားတိုင်းရဲ့ ရင်ထဲက ဖွင့်ပြောလို့မရတဲ့ လိုအပ်တဲ့ အကြောင်း အရာတွေ အများကြီးရှိပါတယ်ဆိုတဲ့ အကြောင်း  sharing ပေးချင်ပါတယ်။

            ဒါဆိုရင် သားယောကျ်ားလေးတိုင်း ဖခင်ဆီကနေ ဘာတွေလိုချင်တာလဲ?  ဘာအကြောင်း အရာတွေ အလိုရှိသလဲ?

            ဖခင်နဲ့ သား သင့်တင့်ကောင်းမွန်တဲ့ ဆက်ဆံရေးရဖို့အတွက် ဖခင်က သားနဲ့အတူတူရှိဖို့ အချိန်ပေးနိုင်ရမယ်။ နောင်တချိန် ဒီသားအရွယ်ရောက်လာတဲ့အချိန်မှာ အပြုသဘောဆောင်တဲ့ အမှတ်တရအချိန်တွေ ပြန်တွေးမိမယ်။ တန်ဖိုးထားမိမယ်။ ဖခင်က သားရဲ့ ရင်ထဲကို ဘဝတစ်သက် စာ မေတ္တာတွေ ပြည့်သိပ်နေအောင် ထည့်ပေးလိုက်သလို  ခံစားရရှိသွားပါတယ်။ အတူရှိတယ်ဆိုတာ က မိမိတို့အိမ်မှာ ပျက်နေတဲ့ ပစ္စည်းလေးတွေ အတူပြင်လိုက်တာ။ ဥပမာ ရေပိုက်ခေါင်းတို့ လျှပ်စစ် မီးခလုတ်တို့ကို သားအဖနှစ်ယောက် အတူ ပြုပြင်လိုက်တာ။ (ဝါ) ကစားကွင်းထဲမှာ အတူ အားကစားတစ်ခုခု ကစားကြတာ။ (ဝါ) ခရီးတစ်ခုကို သားအဖနှစ်ယောက် အတူသွားကြတာ။ ဒါတွေက သားရဲ့ရင်ထဲမှာ အဖေက ငါ့အနားမှာ ရှိနေတာပဲ။ ငါ့နဲ့အတူရှိနေတာကို အဖေပျော်နေတာ ကို မြင်နေရတယ်။ အဖေက ငါ့ကို တကယ်ချစ်လို့ အတူရှိနေတာပဲ။ အဲဒီလို သားက အရွယ်ရောက် လာတဲ့အခါမှာ အဖေနဲ့ ငါနဲ့ အတူရှိခဲ့တဲ့အချိန်တွေက အမှန်အကန် ပျော်စရာအချိန်တွေပါလားလို့ ပြန်တွေးတတ်ပြန်ခံစားတတ်လာပါတယ်။

            သားတစ်ယောက်ကို ကျောင်းထားပေးတယ်။ အတန်းပညာသင်ယူစေတယ်ဆိုတာ ကျောင်း စာကနေ ဘဝအတွက် သင်ခန်းစာတွေ သင်ယူဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာ ကျွမ်းကျင်အောင် လက်တွေ့ကွင်းဆင်းတဲ့ သဘောတွေ ပြုလုပ်ဖို့ ဖခင်က ကူညီပေးရအုံးမှာပါ။

            ဥပမာ- မိမိတို့ဆီမှာ အိမ်စီးကားတစ်စီးရှိတယ်ဆိုပါစို့။ ဒီကားရဲ့ တာယာကို ဘယ်လို Check လုပ်ရမယ်။ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာတွေကို ဖခင်က သားကို တပါတည်းခေါ်ပြီး အတူတူ ပြုပြင်စစ်ဆေးကြရင် သားက သိလာမယ်။ သားအဖနှစ်ယောက် အပြင်ပတ်ဝန်းကျင်က လူတွေနဲ့ တွေ့ရင် ဘယ်လို ဆက်ဆံရမယ်။ နေရာအလိုက် အဝတ်အစား ဘယ်လိုဝတ်ရမယ်။ လူတစ်ဦးတစ် ယောက်ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားပြောတတ်ဖို့ မိတ်ဆွေသူငယ်ချင်းအချင်းချင်း စာတို လေးတွေ ရေးပြီး ပို့တတ်ဖို့ ဖခင်လုပ်တာကို သားက လောကဝတ်တွေကို တွေ့လာမယ်။ သိလာမယ်။ ဒီတော့ သားတစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ စမ်းတဝါးဝါးအဖြစ်သို့ မရောက်တော့ပါဘူး။

            ဖခင်ဆီကနေ သားယောကျ်ားလေးတိုင်း ဘဝဆိုတဲ့ဇာတ်ခုံက ဒဿနိက ဆန်တဲ့ အကြောင်း အရာတွေ ဘယ်အရာက အရေးကြီးတယ်။ ဘယ်အရာက ကြီးမြတ်တယ်။ ဂုဏ်သရေရှိတယ် စသဖြင့် စကားလက်ဆုံကျပြီး လေးနက်တဲ့ အကြောင်းအရာတွေကို သားနဲ့ သက်တောင့်သက်သာ ပြောဆို ဆွေးနွေးပြီး သားရဲ့ဘဝအတွက် direction  ဦးဆောင်လမ်းညွှန်မှုတွေ လုပ်ပေးနိုင်ရပါမ့ယ်။

            သားတစ်ယောက်ဆိုတာ ဖခင်ဆီကနေ ခိုင်မာတဲ့ လေးနက်တဲ့ အခြေခိုင်တဲ့ ဘဝက ထင်မြင် ယူဆချက်တွေနဲ့ ပုံတူသဖွယ် ရယူနိုင်ရပါ့မယ်။ ဦးနှောက်မှာပဲဖြစ်ဖြစ် စာအုပ်မှာပဲဖြစ်ဖြစ် မှတ်သား ထားရပါ့မယ်။ ဒါဟာ အရေးကြီးတဲ့ ဖြစ်ရပ်မှန်ဖြစ်တယ်။ သားအတွက် ချန်ခဲ့ရမှာဖြစ်တယ်။ You will leave your son what you loved in your home.

            ဖခင်ဟာ အပြောမဟုတ်။ လုပ်ရပ်တွေနဲ့ သက်သေပြေပြီး အခြေအနေအရပ်ရပ်ကို ထိရောက်မှုရှိရှိ တုန့်ပြန်တတ်ရမယ်။ ဒါတွေဟာ သားတစ်ယောက်အတွက် သူ့ဖခင်ရဲ့ စံပြနမူနာ အမူအကျင့်တွေနဲ့ ဘဝရဲ့ စိတ်ချရလောက်တဲ့ လုံခြုံမှုတွေနဲ့ ရှေ့ဆက်ရမယ့်ခရီးကို လျှောက်လှမ်းနိုင် မှာ ဖြစ်ပါတယ်။

            များသောအားဖြင့် သားတိုင်းက ဖခင်ရဲ့ ချစ်မေတ္တာ အပြည့်အဝ လိုအပ်ပါတယ်။ ဖခင်ရဲ့ အချစ်ကို ခံယူချင်ကြတယ်။ တည်ကြည်ဖြောင့်မတ်တဲ့ ဖခင်ရဲ့ ပြောစကားတွေ လိုအပ်တယ်။ ဖခင်ရဲ့ နှလုံးသားထဲက စူးစမ်းရှာဖွေမှုတွေနဲ့ သားကို ဘာတွေ ပေးခဲ့မလဲ။ သားရဲ့ အနာဂတ်အတွက် ပုံစံခွက်ထဲမှာ သူ့ရဲ့ အတွေးအမြင်တွေကို ထည့်ထားသလို သားကို အဲ့ဒီတန်ဖိုးရှိတဲ့ အတွေးအမြင် တွေကို လက်ဆင့်ကမ်းပေးရမှာ ဖြစ်ပါတယ်။

            နောက်ဆုံးမှာတော့ ဖခင်က သားရဲ့ ပုခုံးပေါ်ကို လက်တင်ပြီး သားကို အဖေချစ်တယ်။ သား အတွက် အဖေ ဂုဏ်ယူတယ်။ အဲဒီလိုစကားမျိုး သားတိုင်းရဲ့ ရင်ထဲမှာ ကြားချင်တဲ့ စကားဖြစ်ပါ တယ် ဆိုတာ တင်ပြရင်း sharing ပေးရင်း နိဂုံးချုပ်ပါရစေ။

 

Add new comment

1 + 14 =