ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့

Good dad to a son
ဒီနေ့မှာ သားတစ်ယောက်အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတဲ့ အကြောင်းမျှဝေ ပေးသွားချင်ပါတယ်။
ကျွန်မတို့နေတဲ့ အာရှမှာပဲဖြစ်ဖြစ် မြန်မာမှာပဲဖြစ်ဖြစ် ဖခင်က အိမ်ထောင်ဦးစီးနေရာမှာရှိပြီး ဖခင်ရဲ့ အုပ်ချုပ်မှု အောက်မျာ မိသားစုဝင်အားလုံးက ရိုသေပြီး ဖခင်ရဲ့ ဆိုဆုံးမမှုကိုလည်း တလေးတစား လက်ခံလိုက်နာကြစမြဲပါ။
ဖခင်တစ်ယောက်ဟာ သူ့မိသားစု ပြိုင်ဘက်ကင်း စံပြဖြစ်အောင် သားသမီးတွေကို ပြုစု ပျိုးထောင် မြေတောင်မြှောက် စောင့်ရှောက်တဲ့သူပါ။
ဒါကြောင့် ဖခင်တယောက် သားတစ်ယောက်ကို စောင့်ရှောက်တဲ့ခါ လစ်ဟာသွားမှာစိုးလို့ အနည်းငယ်သော အပြုသဘောဆောင် ဆက်နွယ်နေတဲ့ နည်းလေးတွေကို အခုလိုပဲ တင်ပြပေးချင် ပါတယ်။
ဖခင်ဆိုတာ သူ့ရဲ့ အိမ်ထောင်စုမှာ စည်းကမ်းတွေကို ချမှတ်ပေးတဲ့သူ သားသမီးတိုင်းက အတည်ပြုလိုက်နာ ဆောင်ရွက်ကြရမယ့်သူတွေ ဖြစ်တယ်။ သားသမီးတွေဆိုတာ ဖခင်တစ်ယောက် ရဲ့ ထောက်ပံ့မှုနဲ့ ချမှတ်တဲ့ စည်းကမ်းဥပဒေ လိုအပ်ပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာရတော့ သားသမီးတိုင်းက ဖခင်ဆိုရင် tough မာကြောတယ်။ မိခင်ကတော့ နူးညံ့ပျော့ ပြောင်းတယ်လို့ သူတို့ရင်ထဲမှာ စွဲနေတယ်။ ဖခင်တစ်ယောက်အတွက် အဲဒီလို သားသမီးရဲ့ ထင်မြင် ယူဆချက်တွေမရှိအောင်လို့ သူချမှတ်ထားတဲ့ စည်းကမ်းချက်တွေက အခြားသူတွေရဲ့ သားသမီးတွေ ထက် ပိုကောင်းဖို့ ချမှတ်ထားတာဖြစ်တယ်ဆိုတာ သားတွေကို သိစေဖို့ လိုပါတယ်။ တခါတလေ ချမှတ်ထားတဲ့ စည်းကမ်းတွေ မလိုက်နာခဲ့ရင် ဆူပူကြိမ်းမောင်းတာ အော်တာငေါက်တာတွေ ပြုခဲ့ ရင် သားသမီးက အာဏာရှင်အဖြစ် မှတ်ယူသွားတတ်ပါသေးတယ်။ ခက်ထန်မာကြောတယ်လို့ လည်း မြင်တတ်ကြတယ်။ ဒါကြောင့် ဖခင်ရဲ့ ရင်ထဲမှာ နူးညံ့ပါတယ်။ ချစ်လည်းချစ်ပါတယ်ဆိုတာကို သားသမီးတိုင်း နားလည်အောင် သဘောပေါက်အောင် ပြုမူနေထိုင်ပြသသင့်ပါတယ်။
အခု ဖခင်ဖြစ်နေတဲ့သူက တချိန်တုန်းက သူသားတစ်ယောက်ဖြစ်ခဲ့စဉ်က သူ့ဖခင်ကို မာကျောတယ်လို့မြင်ခဲ့သူပါ။ ခုတော့ သူက ဖခင်နေရာရောက်နေပြီး သူ့ရဲ့ဖခင်ကို အခုမှ ပိုပြီး သဘောပေါက်နားလည်လာခဲ့ပါပြီ။ ဖခင်ဘဝမှာ သူ့ရဲ့သားအတွက် မှန်ကန်တဲ့ ပြုစုစောင့်ရှောက်မှု မှာ အထောက်အကူတွေ အများကြီးရသွားပါတယ်။ ဘယ်လိုအပြုအမူတွေက သားသမီးဆီက နာကျည်းခါးသီးမှုကို ရစေတယ်ဆိုတဲ့အချက်ကို ကိုယ်တိုင်မြင်လာပါလိမ့်မယ်။ နောက်ပြီး အခု သား တစ်ယောက်ရဲ့ ဖခင်က သူ့ရဲ့ဖခင်နဲ့ မကြာခဏ တွေ့ဆုံပြီး အကြံကောင်းတွေ ရယူမြင်တတ်အောင် လည်း သင်ယူရပါအုံးမယ်။
တခါတလေမှာ သားက အဖေ့ဆီကနေ အဖြေ solution ရှာဖို့ အကူအညီတောင်းတဲ့အခါမှာ သူ့ဖာသာ သူကိုယ်တိုင် အဖြေရှာစေပြီး ဖခင်အနေနဲ့ ဘေးကနေပဲ support နဲ့ guide ထောက်ပံ့ပေး လမ်းညွှန်ပေးပြီး အဖေကိုယ်တိုင် ဝင်လုပ်ပေးတာမျိုး မဖြစ်စေဖို့ကလည်း အရေးကြီးပါတယ်။
နောက်ပြီး ဖခင်တစ်ယောက်အနေနဲ့ သားနဲ့ အချိန်ဖြုန်းပေးပါ။ ဒါက ဖခင်တစ်ယောက်ပေး နိုင်တဲ့ မေတ္တာအစစ်အမှန်ပဲ ဖြစ်ပါတယ်။ TV ကြည့်တာတို့ game ဆော့တာတို့ သစ်ပင်ပန်းမာန် စိုက်ပျိုးတာတို့ ဖခင်နဲ့ သားအတူရှိနေတာဟာ သားက ဖခင်ဆီကနေ ဖခင်က သားရဲ့အတွင်းစိတ်ကို ဒီလိုအတူရှိချိန်မှာ ထိုးဖောက်ရှာဖွေတွေ့နိုင်ပါတယ်။ သားတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေမှာလဲ ဖခင်ကို လုံးဝဥဿုံယုံကြည် နားလည်လာမယ်။ ဖခင်နဲ့ သားကြား ဆက်ဆံမှုတွေ တိုးတာကို ဖခင်က မြင်တွေ့ရနိုင်ပါသေးတယ်။
သားတစ်ယောက် လူပျိုဖော်ဝင်တော့မယ်ဆိုရင် ဖခင်က ကြိုတင်ပြီး sexual အကြောင်း relationship အကြောင်းတွေ ရှင်းပြပေးရတော့မယ်။ ဖခင်ဆီကနေ ဒီလိုအသိမျိုးတွေမရရင် အခြားသူတွေဆီကနေ သူ့ဖာသာ သိလာမှာ ဖြစ်တယ်။ ဒါတွေက သားက လူကြီးတစ်ယောက် ဖြစ်ဖို့ ပြောင်းလဲလာနေပြီ အမျိုးသမီးတွေနဲ့ ဘယ်လို ပြုမူ behave လုပ်ရမယ် စတာတွေကို သင်ပေးရပါ အုံးမယ်။
ဖခင်တစ်ယောက်အနေနဲ့ မိမိလက်တွဲဖော်ကို respect ပေးပါ။ သားရှေ့မှာ ဖခင်တစ်ယောက် မှားသွားတဲ့ အခြေအနေကို တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ ဒါတွေကို သားက အတုယူပြီး သူ့ဘဝမှာ လည်း အဲဒီလို ပြုမူနေထိုင်တတ်သွားပါလိမ့်မယ်။ သားကလည်း ငါက ငါ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အမျိုးသမီးတွေကို အရိုအသေပေးရမယ်။ လေးစားရမယ်ဆိုတဲ့ အသိရလာပါလိမ့်မယ်။ ယောကျ်ား တစ်ယောက်ဖြစ်ပေမယ့် အမျိုးသမီးတွေကို မျှဝေခံစားဆက်ဆံတတ်လာပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဖခင်တစ်ယောက်ရဲ့ဘဝမှာ သမီးရှိခဲ့ရင်လည်း ပိုပြီး လုံ့လစိုက်ရမှာပေါ့ နော်။
ပရိသတ်ကြီးရှင့်။ တင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ ဖခင်တစ်ယောက်ဖြစ်ရတဲ့ မလွယ်ကူလှတဲ့ ဘဝတစိတ်တပိုင်းဆိုရင်လည်း မမှားပါဘူးဆိုတာ တင်ပြရင်း သားတစ်ယောက်ရဲ့ ဖခင်ကောင်းဖြစ်ဖို့ ကြိုးစားရအောင်ပါ။

Add new comment

6 + 3 =