ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ

သောတရှင်များရှင့်ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာကတော့ကျန်မာသန်စွမ်းတဲ့သစ်ပင်တစ်ပင်နှင်ခိုင်းနှိုင်းလို့ရပါတယ်။ ဒီသစ်ပင်အတွက်လိုအပ်တဲ့ရေလောင်းပေမယ်၊ ပေါင်းသင်ပေးမယ်သူလိုအပ်တဲ့ ရေနဲ့နေရောင်ခြည်ကိုရအောင်လုပ်ပေးနိုင်ရင်။ ဒီသစ်ပင်ကသူလိုအပ်တာတွေပြည့်စုံတဲ့အတွက်သန်စွမ်းပြီးတော့ ပန်းတွေဝေဆာသလိုပါပဲ။ အိမ်ထောင်ရေးတစ်ခုဟာလည်းဒီနည်းတူပါပဲ။ အိမ်ထောင်တစ်ခုမှာအဓိကလိုအပ်တဲ့အဟာရဖြစ်စေမဲညီမျှတဲ့ချစ်ခြင်းမေတ္တာကိုတစ်ဦးအပေါ်တစ်ဦးပေးဆပ်နိုင်ရင်ဒီချစ်ခြင်းမေတ္တာသစ်ပင်လေးကဖူးပွင့်ဝေစီနေမှာပဲမဟုပ်ပါလားရှင့်။ နှစ်ဦးနှစ်ဖတ်စလုံးအတူစပြီးတော့ပေါင်းသင်းပြီးတစ်အိုးတစ်အိမ်ထူထာင်တော့မယ်ဆိုရင်တော့။ တသက်တာပေါင်းသင်နေထိုင်နိုင်ဖို့အတွက်ရည်ရွယ်ချက်တွေချမှတ်ရမယ်။ ဆုံး ဖြတ်ချက်တွေပြတ်ပြတ်သားသားချပြီးမှနှစ်ဦးနှစ်ဖက်ဆက်နွယ်မှုကိုရေလောင်းပေါင်းသင်ရမှာဖြစ်ပါတယ်။ ဒါမှလည်းအိမ်ထောင်ရေးဆိုတဲ့အပင်ကရှင်သန်ကြီးထွားလာမှာဖြစ်ပါတယ်။ ပျော်ရွင်တဲ့အိမ်ထောင်ကိုဘယ်လိုတည်ဆာက်ကြမလည်း။ ခင်ပွန်းကဇနီးသည်ကိုပျော်ရွင်စေမဲ့အချက်ကလေးတွေရှိသလိုဇနီးသည်ကလည်းခင်ပွန်းအပေါ်မှာကျေနပ်ပျော်ရွင်စေမဲ့အချက်ကလေးတွေရှိပါတယ်။ ဒါတွေကသမားရိုးကျလေးတွေဖြစ်ပေမဲ့လို့ ခင်ပွန်းသည်ဘက်ကနေဇနီးသည်ကိုလုပ်ဆောင်ပေးရမှာဖြစ်သလို။  ဇနီးသည်ဘက်လည်းခင်ပွန်းသည်ကိုလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ အခုပထမဦးဆုံးခင်ပွန်းသည်ဘက်ကနေဇနီးသည်ကိုလုပ်ဆောင်ပေးရမဲ့သမားရိုးကျအ ချက်ကလေးတွေကိုတင်ပြပေးသွားခြင်ပါတယ်။ မိမိကအလုပ်ခွင်ရောက်နေပေမဲ့လို့အိမ်မှာနေတဲ့ဇနီးသည်ဒါမှမဟုတ်လုပ်ငန်းခွင်ဝင်နေတဲ့ဇနီးသည်ကိုMessages လေးသတိရတဲ့အကြောင်းလေးပို့ပေးပါ။ အပန်းမ ကြီးပါဘူးရှင်။ တခါတလေထမင်းစားပြီးရင်အိုးခွက်ပန်းကန်လေးတွေကူပြီးဆေးကြောပေးတာလုပ်ပေးပါရှင်။  ဇနီးသည်နှင့်အလာဘသလာပစကားပြေားနိုင်ဖို့အချိန်ပိုရအောင်ဒါတွေကိုပြုလုပ်ပြီးတော်မိမိချစ်တဲ့သူနဲ့အတူတူနေရမှာဖြစ်ပါတယ်ရှင်။ ဇနီးမယားကိုမိမိကချစ်စနိုးခေါ်တဲ့အမည်နာမလေးတစ်ခုသတ်မှတ်ခေါ်ပေးပါရှင်။ မိမိအိမ်ကနေလုပ်ငန်းခွင်ကိုခေတ္တခွဲခွာတဲ့အခါမှာ I Love You ပြောဖို့မမေ့ပါနဲ့ သားသ္မီးတွေရလာပြီးဆိုရင် လည်းဖခင်နှင့် သားသ္မီးအတူစာအုပ်ဖတ်ကြတာ၊ ပုံပြောကြတာ မိသားစုကမ္ဘာလေးကိုပျော်ရွှင်စေမဲ့အရာလေးတွေပဲဖြစ်ပါတယ်။ တခါတလေမှာလည်းဇနီးသည်ရဲ့ သူမရွေးဝတ်တာအစဉ်ပြေဆိုတာလေတွေကိုပြောဖို့ဝန်မလေးပါနဲ့ရှင်။တခါတလေမှာလည်းဇနီးသည်ကနေမကောင်းဖြစ်ရင်ပြုစုပေးပါ၊နိုပ်နယ်ပေးပါ၊ massageလုပ် ပေးပါ။ မိမိတတ်နိုင်သရွေပြုစုပေးပါအားလပ်တဲ့ရက်တွေမှာလည်းဇနီးမောင်နှံအချိန်ပေးပြီးတော်အတူနေပေးပါ။ ဒီအချက်ကလေးတွေဟာဖြင့်ခင်ပွန်းသည်အတွက်အပန်မကြီးပေမဲ့လို့ဇနီးသည်အပေါ်မှာလုပ်ပေးမယ်ဆိုင်ရင် တော့ဇနီးသည်ကပိုပြီးတော်ခင်ပွန်းသည်အပေါ်မှာတွယ်တာလာမှာဖြစ်ပါတယ်ရှင်။ သောတရှင်များရှင့်ဒါဆို ရင်ဇနီးသည်ကကောမိမိရဲ့ခင်ပွန်းကိုပျော်ရွှင်စေမဲ့လို့အပ်ချက်ကလေးတွေကိုဘာတွေလုပ်ဆောင်ပေးနိုင်မလည်းဒီခြေလမ်းလေးတွေကိုဘယ်လို လမ်းကြမလည်းရှင်။ ဇနီးသည်အနေနဲ့ကတော့ခင်ပွန်းကလည်းသူ သူငယ်ချင်း  မိတ်ဆွေတွေတခါတလေအိမ်အလည်ခေါ်ခဲ့ရင်ခွင့်ပြုပေးပါ။ လိုအပ်တဲ့ဧည်ခံမှုလေးတွေ၊ဇနီးသည်အနေနဲ့စိတ် ရှည်လက်ရှည်လုပ်ဆောင်ပေးပါရှင်။ ဒါတွေဟာဇနီးမယားရဲ့တာဝန်တွေပဲမဟုတ်ပါလားရှင်။တခါတလေမှာ လည်း ခင်ပွန်းရဲ့ကြင်နာမှုတွေကြောင့် မိမိဘယ်လောက်ပျော်ရွင်ကျနပ်ရတယ်ဆိုတာကိုခင်ပွန်းသည်ကိုပြောပြ  ပေးပါ။ တခါတလေဇနီးသည်အနေလည်းလုပ်ငန်းခွင်ကနေသတိရကြောင်းခင်ပွန်းကို message ပဲဖြစ်ဖြစ်ပို့ပေးပါရှင်။ ခင်ပွန်းကြိုက်နှစ်သက်တဲ့အစာအသောက်တွေကိုတတ်နိုင်သမျှစီမံချက် ပြုတ်ပြီးဖန်တီးပေးပါရှင်။ တခါတလေမှာခင်ပွန်းသည်ကပင်ပန်းနေမယ်ဆိုရင်လည်နိုပ်နယ်ပေးပါ၊massageလုပ်ပေးပါ။ RVAကိုနားစဉ်ပေးနေတဲ့သောတရှင်အိမ်ထောင်ရှင်များရှင့်။ အိမ်ထောင်ရေးဆိုတဲ့သစ်ပင်ကတော့သူ့အလိုအလျောက်ရှင်သန်ကြီးထွားပြီးပန်းတွေဝေစီနေတာကတော့ခဲရင်းလှပါတယ်။ ခင်ပွန်းသည်းပထမခြေလှမ်း၊ မိမိကဒုတိယခြေလှမ်းဆိုသလိုဒီလိုခြေလှမ်မျိုးတွေနဲ့မိမိတို့က အိမ်ထောင်ရေးဆိုတဲ့သစ်ပင်ကိုရေလောင်းပေါင်းသင်ပြုစုပျိုးထောင်ပေးမှာသာ အိမ်ထောင်ရေးသစ်ပင်က ရှင်သန်ကြီးထွားပြီးတော့ အပွင့်အခတ်ဝေဆာစွာနဲ့လှပတင့်တယ်နိုင်မှာပါ။                         

 

 

Add new comment

7 + 1 =