'' ဒေါသရဲ့ သဘောတရား ''

'' ဒေါသရဲ့ သဘောတရား ''

သီရိဂေဟာ အစီအစဉ်

ဒီတစ်ပတ် သီရိဂေဟာ အစီအစဉ်မှာတော့ '' ဒေါသရဲ့ သဘောတရား '' ခေါင်းစဉ်ဖြင့် Sr. Mary Dim (SFX) ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ။

တင်ဆက် - Sr. Mary Dim (SFX)

တည်းဖြတ် - Paul

Video Credit : Google

အားလုံးဘဲမင်္ဂလာပါ

အာဗီအေမြန်မာဘာသာအစီအစဥ်ကနေတဖန်ကြိုဆိုပါတယ်ရှင်။ ဒီတစ်ပတ်တင်ဆက်ပေမဲ့အကြောင်းအရာလေးကတော့ “ ဒေါသရဲ့သဘောတရား” ဆိုတဲ့ခေါင်းစဥ်လေး နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

သော်တရှင်များရှင်-ပုထုဇဥ်လူသားတွေမှန်သမျှဟာဒေါသ၊မောဟတွေရှိကြအပြင်အနည်းနဲ့အများဆိုသလိုဒေါသနဲ့မကင်းကြတဲ့ သူတွေပါ။ဒေါသမရှိသူ၊ဒေါသမထွက်တက်သူဆိုတာလဲရှိမှာမဟုတ်လောက်ပါဘူး။

ဒေါသထွက်ပုံထွက်နည်းတော့ကွာခြားမှာဖြစ်ပါတယ်။ဒေါသတွေ၊မောဟတွေဟာလူကိုကောင်းကျိုးပေးတဲ့အရာတွေမဟုတ်ပါဘူးဆိုတာလိုလဲကျွန်မတို့တတွေသိရှိလက်ခံကြပါတယ်။ဒေါသကြောင့် စိတ်ပင်ပန်းရ၊လူပင်ပန်းရ။ဒါအပြင်အလုပ်အကိုင်တွေပါထိခိုက်လာပြီအနှောက်အယှက်ဖြစ်လာပါတယ်။

ဒါအပြင်မိမိနီးစပ်သူတွေကိုရောစိတ်သောကဖြစ်စေပါတယ်။

တချို့သူတွေဒေါသဖြစ်ရင်မျက်နှာနီလာတက်လိုဒေါသကိုအနီရောင်လိုအကြမ်းအားဖြင့်လူတွေကသတ်မှတ်ကြပါတယ်။ဒေါသရဲ့သဘောဟာ အများအားဖြင့် ဒေါသစိတ်ဟာ နားနဲ့ကြား၊မျက်လုံးနဲ့မြင်ပြီး၊ပြောကြဆိုကြရင်နဲ့ဖြစ်ကြတာများပါတယ်။လူဟာဒေါသစိတ်၀င်လာပြီးဆိုရင်အမှားအမှန်ခွဲခြားလိုမရအောင်ဖြစ်တက်ပါတယ်။။မိမိပြောလိုက်တဲ့စကားလဲဒေါသစကားဖြစ်ပြီး၊မိမိပြန်လုပ်လိုက်တဲ့အလုပ်ဟာလည်းဒေါသအလုပ်ဖြစ်တက်ပါတယ်။ဒေါသစိတ်ဟာတဖြည်းဖြည်းချင်းပူးလာသလိုတခါတလေကျပြန်တော့ဒိုင်းခနဲ့၀င်ပူးတက်ပါတယ်။လူတွေဒေါသတွေဖြစ်ရတာဘာကြောင့်လဲဆိုရင်မိမိမကြိုက်တဲ့စကား၊မိမိကိုစော်ကားတဲ့စကား၊ဆဲဆိုတဲ့စကား၊နှိမ့်တဲ့စကား၊ကဲ့ရဲတဲ့စကား၊ကုန်းချောတဲ့စကား၊မကောင်းတဲ့စကားမှန်သမျှဟာဒေါသကိုဖြစ်စေတဲ့စကားတွေပေါ့။အဲဒီစကားသံတွေဟာလူကိုဒေါသဖြစ်စေတဲ့စကားတွေပေါ့။လက်တီးနဲ့ထိုးတာခဏတာနာပြီးစကားနဲ့စော်ကားခံ၊အပြောခံရတာလောက်နာတာမရှိဘူးလိုပြောတက်ကြပါတယ်။ဒါကြောင့်တချို့ကတသက်လုံးနာကြီးခံစားနေရတက်သူတွေလည်းရှိကြပါတယ်။လူငယ်တွေရဲ့ဒေါသစိတ်ဟာလူကြီးတွေထက်မြန်တယ်။ရှူးခနဲ့၊ဒိုင်းခနဲ့ပါဘဲ။ဘာကြောင်းလဲဆို

ရင်လူငယ်သဘာ၀အရစိတ်မြန်၊စိတ်စပ်ပြီးမဟုတ်မခံစိတ်နဲ့သည်းခံစိတ်ရှည်တဲ့နေရာမှာအားနည်းတဲ့အတွက်ရှေ့မကြည့်နောက်မကြည့်ဘဲဒေါသကို၀ုန်းခနဲ့ထွက်တက်ကြပါတယ်။ကျွန်မတို့လူသားတွေဟာဒေါသထွက်တဲ့အချိန်မှာအရှက်၊အကြောက်တရားတွေမရှိကြဘူး။ဒေါသဟာလူကိုရုပ်ဆိုး၊ရုပ်ရင့်စေပါတယ်။မိမိဘယ်လောက်ချောမွေ့လှပသူဖြစ်နေပါစေဒေါသထွက်လာတဲ့အခါမှာအလှတရားတွေပျက်ပြယ်သွားပြီးတော့ဘီးလူးနဲ့သာတူနေပါတယ်။မိမိမသိလိုက်ပေမဲ့အနီးနားရှိမိတ်ဆွေတွေကမိမိကိုကြောက်လန့်သွားတက်လာပါတယ်။မခေါ်မပြောရဲ့ဖြစ်လာတက်ပါတယ်။ဥပမာတံခါးကိုလုံအောင်ပိတ်လိုရတယ်။ဒေါသစိတ်ကိုလုံအောင်ပိတ်ဖို့တော်တော်ခက်ပါတယ်။ ဒါကြောင့်တံခါးပိတ်ပြီးအိပ်နေပင်မဲ့လဲဒေါသစိတ်ကိုပိတ်လိုမရဖြစ်နေပါတယ်။ဒါကြောင့်ကျွန်မတို့ရဲစိတ်ဟာအရေးကြီးဆုံးပါ။ဒေါသဆိုတဲ့အရာဟာသဘာ၀ကဖြစ်လာတာမဟုတ်ပါဘူး။လူတွေရဲ့စိတ်ခံစားမှုကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။စိတ်ထဲမှာဒေါသစိတ်နဲ့သူတပါးကိုပျက်စီးစေလိုတဲ့

စိတ်ဓာတ်ဟာအယုတ်မာဆုံးပါဘဲ။လူတွေပြောတက်ကြပါတယ်။ဒေါသဆောင်မှုနဲ့အသိတရားခေါင်းပါးမှုဟာလူကိုတနေ့မဟုတ်တနေ့ဒုက္ခပေးနိုင်ပါတယ်တဲ့။ဒါကြောင့်သော်တရှင်များလဲဒေါသ သဘောကိုသိနားလည်းအောင်ကြိုးစားပါ။ဒေါသသဘောကိုသိရင်ဒေါသထိန်းနည်းကိုလည်းသိလာပါလိမ့်မယ်။တဖြေးဖြေးဒေါသရဲ့အဖြစ်အခြအနေကနေနည်းလာပြီးတော့အလိုလိုကင်း‌‌ေ၀မှာဖြစ်ပါတယ်။လူ့လောကကြီးမှာမိမိဖြစ်ချင်သလိုမဖြစ်လာတဲ့အရာများလည်းရှိမှာပါ။ဒါအပြင်မိမိမတက်နိုင်တဲ့ကိစ္စများလည်းရှိမှာပါ။မိမိကိုယ်တိုင်ကဒေါသကိုအစိုးမရလျှင်အခြားသူတွေရဲ့ဒေါသကိုလည်းမည်သို့အစိုးရပါမည့်လဲ။

ဒေါသသဘော၊စစ်ကြောသိမှာ၊အမှန်ရလိမ့်--ဘ၀အောင်ရာအမှန်တည်း။ဒေါသစိတ်ကြောင့် အမုန်းတရားတွေဖြစ်၊အာဂါတာတွေဖြစ်၊စစ်ပွဲတွေဖြစ်၊ရန်ပွဲတွေဖြစ်၊ရိုက်ပွဲတွေဖြစ်နောက်ဆက်တွဲရလဒ်ကတော့ လူဆိုး၊လူမိုက်ဖြစ်၊ထောင်ကျတဲ့အခြေအနေအထိဖြစ်တက်ပါတယ်။ ဒါကြောင့်မို့ ဒေါသစိတ်ဟာကြောက်စရာကောင်းလှပါတယ်ကွယ်။ဒေါသက-လူမုန်းများစေတယ်။မာနက-အထီးကျန်စေတယ်။လောဘကပူလောင်မှု ကိုဖြစ်စေပါတယ်။(အရှင်ကောသိယ)ကဤသို့ဆိုထားပါတယ်။ဒီတပတ်အတွက်တင်ဆက်ပေးတဲ့ဆောင်းပါးလေးကတော့စာရေးဆရာသုတေသီဘုန်းမြင့်သွေးရဲ ဆောင်းပါးလေးထဲကနေကိုးကားထားတာဖြစ်ပါတယ်။သော်တရှင်များတွက်အကျိုးရှိလိမ့်မယ်လိုလဲမျှော်လင့်ပါတယ်။နားဆင်ကြည်ရှုအားပေးကြတဲ့ညီအစ်ကိုမောင်နှမများဒေါသအမျိုးမျိုးမှာကင်း‌ေနိုင်ကြပါစေလိုဆုမွန်ချွေလျှက်။ဘုရားရှင်ကောင်းကြီးပေးပါစေ။ကျွန်မကတော့စစ္စတာရ်မေရီဒိမ် ပါရှင်။

Add new comment

6 + 8 =