ဒေါသဖြစ်လာရင်ဘာလုပ်ကြမလဲ

အားလုံးပဲမင်္ဂလာပါရှင်  (၂.၁၂.၂၀၂၀)

အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေရဲခေါင်းစဥ်လေးကတော့  “ဒေါသဖြစ်လာရင်ဘာလုပ်ကြမလဲ” ဆိုတဲ့အကြောင်းကိုသော်တရှင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဤဆောင်းပါးကိုစာရေးဆရာသုတေသီဘုန်းမြင့်သွေးရဲ့ စာအုပ်ထဲကနေကောက်နုတ်ဖော်ပြပေးထားတာဖြစ်ပါတယ်ရှင်။

သော်တရှင်များရှင် ကျွန်မတို့တတွေဒေါသဖြစ်လာရင်ဘာလုပ်တက်ကြလည်းရှင်။ကျွန်မတို့တတွေဒေါသဖြစ်လာပြီးဆိုရင်အကောင်းအဆိုးကို‌ေ၀ဖန်ပိုင်းခြားမရတော့ပဲဒေါသမောဟတွေနဲ့ပဲပြည့်နှက်နေပြီးတော့ဒေါသနောက်ကိုလိုက်မိတက်ကြပါတယ်။ဒေါသရဲ့ခေါ်ရာနောက်လိုက်မိသွားပြီးဆိုရင်တော့ဘာတွေဆက်ဖြစ်လာမလဲကြည့်ကြပါစို့။အမှားတွေဖြစ်လာမယ်၊မကောင်းတဲ့လက်ကိုယိမ်းယိုင်းလာတက်ပါတယ်။ဒီအခါမှာဆုံးရှုံးကြေကွဲရမယ်၊ပူလောင်၊တောက်လောင်တဲ့နောင်တတွေစသည့်ကြုံတွေစရာ၊ရင်ဆိုင်စရာတွေများစွာရှိလာမှာဧကန်ပါပဲ။ပြီးတဲ့လမှာ ဒေါသရဲ့သဘောသဘာ၀အကြောင်းကိုသော်တရှင်တွေနားဆင်ပြီးလိမ့်မယ်လိုမျှော်လင့်ပါတယ်။ဒါဆိုရင်ကျွန်မတို့တတွေဒေါသနောက်မလိုက်မီအောင်ပုံစံအမျိုးမျိုးနဲ့ဒေါသကို ထိန်းနည်းတွေရှိတဲ့အပြင်ဒေါသရှောင်နည်းတွေလည်းရှိပါတယ်။အနည်းငယ်‌ေ၀မျှပေးပါမယ်ရှင်။ဥပမာ မိမိ(သို့)အိမ်ကတစ်ယောက်ယောက်ကအကြောင်းတခုခုကြောင်း ဒေါသပြင်းထန်စွာဖြစ်နေရင်ဒေါသဖြစ်သူမိမိ(သို့)တဦးဦးက အိမ်ထဲကနေခဏထွက်သွားပါ။ခဏထွက်သွားလိုဒေါသမပြေသေးရင်တစ်ရက်၊နှစ်ရက်လောက်ထွက်သွားလိုက်ပါ။အချိန်ကြာလာတာနဲ့အမျှဒေါသဟာနည်းနည်းလျှော့လာမှာဖြစ်ပါတယ်။တချို့ကျတော့လုံး၀လျှော့သွားတာလည်းရှိပါတယ်။ဒါဟာလည်းဒေါသကိုထိန်းနည်းတစ်မျိုးပါပဲ။ဒေါသဖြစ်လာရင် ထိုနည်းလမ်းနဲ့လည်းထိန်းလိုရပါတယ်။တချို့ကျတော့လည်းဒေါသဖြစ်တာတစ်ယောက်ထဲဘာမှာမ‌

ပြောဘဲဒေါသဖြစ်နေတာမျိုးလည်းရှိတက်ပါတယ်။တွေးလည်းဒေါသဖြစ်လေနဲ့လည်းကြုံတွေ့တက်ပါတယ်။ဒါဟာမိမိကိုယ်ကိုအားမလိုအားမရတာလိုဖြစ်တက်ကြပါတယ်။သူတပါးကို ပြန့်မတုန်ပြန်ရလို၊ပြန်မပြောလိုက်ရလိုတဲ့စကားတွေကြောင့်ဒေါသဖြစ်တက်ပါတယ်။အဲလိုဖြစ်တက်ရင် အရင်ဆုံးမိမိဟာခေါင်းပေါ်ကလောင်းပြီးရေချိုးလိုက်ပါ။ပြီးတော့စိတ်၀◌င်းစားမဲ့စာအုပ်ကိုဖတ်လိုက်ပါ။အခြားလူတစ်ယောက်ကို စကားသွားပြောလိုက်ပါ၊ပြီးတော့ ရုပ်ရှင်၊တီဗွီ၊ဘောလုံးပွဲစသည့်တခုခုကိုသွားကြည့်လိုက်ပါ။စိတ်ပုတီးစိပ်လိုက်ပါ။ဒါတွေမကသေးဘူး အိမ်ရှေ့မြက်ရှင်းရင်ရှင်းလိုက်ပါ။စိတ်ပြေလက်ပျောက်ခရီးထွက်ချင်ထွက်ပါ။ဒါတွေဟာတွေးရင်ခံစားရတဲ့ဒေါသခက်နည်းနည်းကိုပြေစေတဲ့နည်းတွေပါ။ပုံစံအမျိုးမျိုးနဲ့ဒေါသထိန်းနည်းတွေပေါ့။နောက်လူတွေဖြစ်တက်ကြတဲ့ဒေါသတခုဟာ မခံမရပ်နိုင်အောင်ဖြစ်တက်တဲ့သဘောလည်းရှိပြန်ပါတယ်။

Add new comment

8 + 1 =