ဒီနေ့မှာ မွေးကင်းစကလေး ရက် ၁၀၀၀ အတွင်း မိခင်က ဘယ်လို train လေ့ကျင့်ပေးမလဲ

Trains

            ဒီနေ့မှာ မွေးကင်းစကလေး ရက် ၁၀၀၀ အတွင်း မိခင်က ဘယ်လို train လေ့ကျင့်ပေးမလဲ ဆိုတဲ့အကြောင်းအရာလေးမျှဝေပေးချင်ပါတယ်။ Train and play ဆိုရင် ပိုပြည့်စုံမယ်လို့ ထင်ပါတယ်။

            ဒီရက် ၁၀၀ အတွင်း (ခုနှစ်အတွင်း) ဘယ်လိုတိုးတက်တဲ့ ဉာဏ်ကောင်းတဲ့ ကလေး တယောက်ဖြစ်လာအောင် ဘယ်လိုလေ့ကျင့်ပေးမလဲ?

            မိခင်က ဒီမွေးကင်းစ baby လေးက အမြင်အာရုံမြင်နိုင်စွမ်းမကောင်းသေးတဲ့အချိန်မှာ မိခင်က ဒီbaby လေးကို နို့ချိုတိုက်ကျွေးတဲ့အချိန်မှာ ဒီကလေးရဲ့မျက်လုံးကို ကြည့်ပေးမယ်ဆိုရင် ဒီကလေးငယ်လေးက သူ့ကို နို့ချိုတိုက်ကျွေးတဲ့သူက ဘယ်သူလဲဆိုတာ အရင်ဦးဆုံးသိလာမယ်။ မှတ်မိလာမယ်။ တဖြည်းဖြည်းနဲ့ အသံကိုပါ မှတ်မိလာမှာပါ။ အမြင်အာရုံကို နှိုးဆွပေးတဲ့သဘော ပေါ့်နော်။

            ဒီလိုနဲ့ မွေးကင်းစကနေ တဖြည်းဖြည်း လသားအရွယ်လေးရောက်လာတဲ့အခါ မိခင်က နို့ချို တိုက်ကျွေးရင်း တခါတလေ မိခင်က ဒူးနှစ်ဖက်ကို ထောင်ပြီး ထိုင်တဲ့အနေအထားမှာ ဒီbabyလေးကို မတ်တပ်ရပ်ပေးရင် အညောင်းအညာတွေပြေသွားမယ်။ အကြောအချဉ်တွေဆန့် သွားမယ်။ မိခင်ရဲ့ ဒူးနဲ့ပေါင်ပေါ်မှောက်ရပ်ရပ်ပေးရင်သူ့နောက်ကြောက ကြွက်သားတွေကို ဆန့်ပေး လိုက်သလိုဖြစ်စေမယ်။ ဦးခေါင်းကိုလည်း ထောင်ထားပေးတဲ့အတွက် ဒီbaby က သူ့ဂုတ်ကို ထောင်တတ်လာမယ်။ တဖန် မိခင်ဘက်ကို လှည့်ပြီး မတ်တပ်အနေအထားမှာဆိုရင် မိခင်နဲ့ကလေး မျက်နှာချင်းဆိုင်အကြည့်ခြင်းဆုံပြီး စကားတွေကို အမေက ပြောပေးလို့ရတဲ့အချိန်ပါပဲ။ ဒီတော့ baby လေးက သူ့ရဲ့ဂုတ်နဲ့ ဦးခေါင်းကို ထိန်းတတ်လာမယ်။ Joint အရိုးအဆစ်တွေလည်း ပိုပြီး သန်မာလာ စေပါတယ်။

            နောက်ပြီး မိခင်က baby လေးရဲ့ လက်ဖဝါးလေးတွေ၊ ခြေဖဝါးလေးတွေကို ဆုတ်နယ် ပေးမယ်။ လက်သီးလေးဆုတ်လိုက် ဖြန့်လိုက်လုပ်ပေးတာ ကျောတို့ ရင်ဘတ်တို့ကို အသာလေး နှိပ်နယ်ပေးတာ massage လုပ်ပေးတာတို့က မိခင်နဲ့ကလေး နားလည်မှုတွေပိုရသွားစေတဲ့ ကွင်းဆက်ရသွားစေတယ်။ အဲဒီလိုပြုလုပ်ပေးရင် baby လေးက ညောင်းလာမယ်။ ပင်ပန်း လာမယ်။ သူ့ကို လေ့ကျင့်ခန်းလုပ်ပေးသလို ဖြစ်သွားစေတဲ့အတွက် အိပ်ချင်လာပြီး နှစ်နှစ်ချိုက်ချိုက် အိပ်ပျော် သွားစေပါတယ်။

            တဖြည်းဖြည်းနဲ့ baby လေးက ရက် ၁၀၀ - ၂၀၀ လောက်ရောက်လာတဲ့အခါ မိခင်ကထောင် ပြီးတော့ ချီလို့ရလာပြီ။ အဲဒီခါမှာ ကြည့်မှန်ကို သားအမိနှစ်ယောက်လုံးကြည့်ပြီး မိမိကလေးနဲ့ စကားပြောလေ့ကျင့်ပေးရပါ့မယ်။ baby က ကြည့်မှန်ကို ကြည့်လိုက် ချီထားတဲ့ မိခင်ကို ပြန်ကြည့် လိုက်နဲ့ သူ့အတွက် အသစ်အဆန်းတွေဖြစ်ပြီး မိခင်ကိုစကားတွေ ဝူးဝူးဝါးဝါးနဲ့ ပြောလာမယ်။ ပြုံးပြ တတ်လာမယ်။ မိခင်ကလည်း မှန်ထဲက ဘယ်သူလဲစသဖြင့် စကားပြောရင်းနဲ့ မိခင်ကို စကားပြန်ပြီး ပြောတတ်လာအောင် သင်ပေးရတာပါပဲ။

            နောက်တမျိုးကတော့ ရောင်စုံရုပ်ပုံတွေပါတဲ့ စာအုပ်ကို အသံနေ အသံထားနဲ့ ပီပီသသ ဖတ်ပြတဲ့ခါ ကလေးက စိတ်ဝင်စားလာမယ်။ သူ့ရဲ့ဦးနှောက်ကို လှုံ့ဆော်သလိုဖြစ်စေပြီး သူ့ရဲ့ မျက်လုံးတွေ အကြည့်တွေက စာအုပ်ကို အာရုံစိုက်လာမယ်။ သူတို့က Contrast colour ဆန့်ကျင်ဘက်အရောင် အဖြူအမည်းကို ပိုပြီး စိတ်ဝင်စားကြတယ်။ တခါတလေ မိခင်က အခြား အလုပ်တွေလုပ်နေရင်း သူ့ကို ပုခက်ထဲမှာထည့်ပြီး ပုခက်အပေါ်မှာ ဖဲပြား အဖြူ၊ အမည်းကို baby လေးကို မထိတထိ တန်းလန်းချထားတာက သူ့ကို စိတ်ဝင်စားစေပြီး ဆော့ရင်းထိရင်း သူ့ရဲ့စိတ်ကို အပန်းပြေစေပါတယ်။ အဖြူအမည်းရုပ်ပုံစာအုပ်ကို သူ့ဘေးနားမှာ ချထားပေးရင်လည်း သူ့ လက်နဲ့ ထိလိုက်နဲ့ သူ့စိတ်ကို လှုပ်ရှားစေပြီး အပြင်းပြေစေသလို အာရုံခံစားမှုနဲ့ ပတ်သက်တဲ့ feedback ကိုလည်း ရိုးရိုးလေးနဲ့ ရစေပါတယ်။

            သုတေသနပညာရှင်တွေက အခုလိုဆိုထားပါသေးတယ်။ မွေးကင်းစ baby လေးတွေရဲ့ ဦးနှောက်မှာ ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းနှစ်ခြမ်းရှိတဲ့အတွက် ဘယ်ဘက်ခြမ်းက ဖြေးဖြေး နှေးနှေးနဲ့ အလုပ်လုပ်တယ်။ ညာဘက်ခြမ်းက ဓာတ်ပုံရိုက်သလို လျှပ်တပျက်မှတ်ဉာဏ်အခြေခံ အလုပ်လုပ်တဲ့ အပိုင်းဆိုပြီးရှိတဲ့အတွက် မိခင်ကနေ အခြေခံအလုပ်လေးတွေ ပုံမှန်နှုန်းနဲ့ လုပ်မယ်ဆိုရင် ကလေးက ဘယ်ဘက်ဦးနှောက်ကိုပဲ သုံးပြီး ကလေးရဲ့မျက်စိရှေ့မှာ မြန်မြန်လေး ဥပမာ အရုပ်တရုပ်ကို မြန်မြန်လှုပ်ရှားပြရင် ကလေးက ညာဘက်ဦးနှောက်ကို သုံးတတ်လာမယ်။ အဲဒီလို training လုပ်ပေးရင် ဒီbaby လေးရဲ့ skills တွေက ပို၍ပို၍ မြင့်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီလို training ပေးခဲ့ရင် သင်ယူတဲ့ပညာတပန်းသာမှုကို ရလာတဲ့အတွက် ဦးနှောက်ကို အားပေး သလို ဖြစ်စေပြီး အသက်ကို မြန်မြန်ရှုလိုက်တဲ့အတွက် အဆုတ်ထဲကို  O2 ပိုဝင်လာသလို။ ဦးနှောက် ကိုလည်း O2 ကပိုပိုဝင်သွားပြီး သူကိုယ်တိုင်ဖန်တီးနိုင်စွမ်းတွေ ပိုပြီး မြင့်လာပြီး ကျောင်းနေတဲ့ အရွယ်ကျရင် မှတ်ဉာဏ်ကောင်းတဲ့ကလေး မိမိကိုယ်မိမိယုံကြည်မှု အပြည့်ရှိတဲ့ကလေးတယောက် ဖြစ်လာမှာမလွဲပါဘူးလို့ သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်တွေနဲ့ sharing ပေးရင်း နိဂုံးချုပ် ပါရစေ။

 

 

Add new comment

1 + 0 =