ဒီနေ့မှာ မိသားစုဆိုတဲ့ စကားစုရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို ဒီနေ့ခေတ် အခြေအနေအတိုင်း တင်ပြပေးချင်ပါတယ်။

True meaning of family
ဒီနေ့မှာ မိသားစုဆိုတဲ့ စကားစုရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို ဒီနေ့ခေတ် အခြေအနေအတိုင်း တင်ပြပေးချင်ပါတယ်။
တချို့သောသူတွေက သွေးသားချင်းတူတယ်။ မျိုးရိုးဗီဇတူတဲ့ ဘိုးဘေးတို့ ဆွေမျိုးတော်စပ် ကြတဲ့သူတွေကို မိသားစုလို့ အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။
တချို့ကျတော့လည်း genes မျိုးရိုးဗီဇတူတာတွေနဲ့ မဆိုင်ဘဲ မေတ္တာစစ် မေတ္တာမှန်နဲ့ တစ်ဦးနဲ့တစ်ဦး တူညီထောက်ပံ့ကြတာတွေနဲ့ပဲ ဆိုင်တယ်လို့လဲ ဆိုကြပြန်တယ်။
လူတိုင်း ကိုယ့်ခံယူချက်နဲ့ ကိုယ့်မိသားစုဆိုတဲ့ စကားစုကို အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။
ဘိုးဘေးတွေကနေ ဆင်းသက်မွေးဖွားလာကြတဲ့ မိဘရဲ့ သားသမီးတွေ သွေးသားတူတဲ့ ဆွေမျိုးသားချင်းတွေ အတူနေထိုင်တဲ့အခါ ပါဝင်တဲ့သူတွေကို မိသားစုလို့ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ ဒါကတော့ သမရိုးကျ သွေးသားတော်စပ်တဲ့ မိသားစုတွေမှန်ပေမယ့် တကယ်လိုအပ်တဲ့ ရင်ထဲက တည်မြဲတဲ့ ခိုင်ခံ့တဲ့ တည်ငြိမ်တဲ့ ယုံကြည်မှုတွေ ရှိတဲ့ အရေးကြီးတဲ့ အတွင်းပိုင်း အနှစ်သာရက ပိုအရေးမကြီးဘူးလား။
ကျွန်မ အစိုးရဝန်ထမ်းဘဝမှာ အနယ်နယ်အရပ်ရပ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ခါမှာ သူငယ်ချင်းများစွာ ဝန်ထမ်းဘဝတူချင်းများစွာနဲ့ relationship တွေ ဖြစ်ခဲ့ရတယ်။ တချို့သော မိတ်ဆွေတွေနဲ့ဆို ဘယ်တော့မှ ပြန်မတွေ့ရတော့တဲ့သူတွေလည်း ရှိခဲ့တယ်။ အဲဒီမိတ်ဆွေတွေနဲ့ တံဆိပ်ခပ်နှိပ်ထားလို့ ဆွေမျိုးတွေပါလို့ စာတကြောင်းကလေး ရေးခဲ့တာ မရှိခဲ့ပေမယ့်လို့ ဒီမိတ်ဆွေ တွေနဲ့ သွေးသားတော်စပ်တဲ့ ဆွေမျိုးရင်းချာတွေကို ခင်မင်ခဲ့ ကူညီခဲ့ ယုံယုံကြည်ကြည်ရှိခဲ့တဲ့ မိတ် ကောင်းဆွေကောင်းတွေနဲ့ ကြုံခဲ့ရဖူးပါတယ်။
ဒီတော့ ပရိသတ်ကြီးကို ကျွန်မရင်ထဲကနေ မေးချင်ပါတယ်။ မိသားစုဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ? အယောက်စီတိုင်း ကိုယ့်ခံစားချက်နဲ့ ကိုယ်စီရှိကြမှာပါ။
ကိုယ့်အိမ်ထောင်စု၊ ကိုယ့်သွေးသားမတူ၊ ကိုယ့်အိမ်သားတွေ မဟုတ်တဲ့သူတွေကိုကော ဘယ်လိုယူဆလို့ရမလဲ? ကိုယ်နဲ့အတူ ခါးသီးတဲ့အချိန် ဆိုးဝါးတဲ့ အချိန်တွေမှာ ကိုယ့်ဘေးမှာ ရိုးရိုး သားသား ဆက်ဆံတယ်။ လိုအပ်တာတွေ ထောက်ပံ့ပေးတယ်။ သဘောထားကြီးစွာနဲ့ ကိုယ့်ဘေးမှာ ရပ်တည်ပေးခဲ့တဲ့သူတွေ သွေးသားမတော်စပ်ပေမယ့် ကိုယ့်ဘဝ ကိုယ့်အနားမှာ ရှိခဲ့သူတွေကို မိသားစုလို့ ခေါ်လို့ရလား?
လူသားတိုင်းက ဘယ်မိသားစု ဘယ်ဆွေမျိုးမှာ မွေးဖွားမယ်လို့ ရွေးချယ်ခွင့် မရှိပါဘူး။ ဒီလိုပဲ ကိုယ်မွေးဖွားရာမှာ ကြီးပြင်းလာကြသူချည်းပါပဲ။
ဒီနေ့ ကမ္ဘာပေါ်မှာ မျိုးရိုးဗီဇတူတဲ့ မိသားစုတွေအပြင် ခေတ်သစ်မိသားစုတွေကို မြင်နေ ရပါပြီ။
တမိုးအောက်မှာ အတူနေထိုင်ကြတဲ့ single parent and their child မိဘတွေ မရှိလို့ အကြောင်းအမျိုးမျိုးကြောင့် ဘိုးဘွားတွေက မြေးတွေကို ကြည့်ရှုစောင့်ရှောက်ရတာ
Same Sex couple တွေက တခြားကလေးတွေကို အမွေစား အမွေခံ ကြည့်ရှုစောင့်ရှောက် ကြတာ။
ရောနှောနေတဲ့ မိသားစုတွေ ဖခင်ဘက်/မိခင်ဘက်ကနေ ပါလာတဲ့ မိသားစုတွေ စုံလို့ ကျွန်မတို့ မြင်တွေ့နေရပါတယ်။
ဒါကြောင့်မို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် မိသားစုဘဝကို တည်ဆောက်ကြတာပါ။ ဒီလိုအချက်တွေနဲ့ မိသားစုဘဝကို တည်ဆောက်ခဲ့သူတွေကို မှားတယ် မှန် တယ်လို့ ပြောလို့ရပါအုံးမလား။
အခုလို ၂၁ ရာစုမှာ types of family မျိုးစုံနဲ့ family ဆိုတဲ့ ထီးတစ်လက်ရဲ့ အောက်မှာ တည် ဆောက်နေကြတာပါ။
ဒါကြောင့်မို့
သူက ကိုယ့်ကို အလိုရှိလွန်းလို့ ကိုယ့်ဘဝထဲ ရောက်လာတဲ့သူ ကိုယ်က ဘာတွေဖြစ်ခဲ့ပါစေ။ ဘယ်လိုပဲဖြစ်ခဲ့ပါစေ အရာအားလုံးကို လက်ခံတဲ့သူ။
ကိုယ့်အပြုံးကို မြင်ချင်လို့ ဘာတွေပဲ လုပ်ဆောင်ပေးရပါစေ။ လုပ်ပေးချင်တဲ့သူ
ဒါတွေကတော့ ဒီနေ့ခေတ် လူသားတိုင်းရဲ့ ဘဝထဲမှာ သွေးသားမတော်စပ်ပေမယ့်လို့လည်း ကိုယ့်ကို အလိုရှိပြီး family တစ်ခုကို တည်ဆောက်ကြတဲ့သူတွေပါ။
ပရိသတ်ကြီးရှင့် ပုထုစဉ်လူသားတိုင်း တခြားသူတစ်ယောက်ရဲ့ ထောက်ပံ့ခံဘဝကို စွဲမြဲ နှစ် သက်ကြစမြဲပါ။
ဒါကြောင့် တမိုးအောက်မှာ မိသားစုဆိုတဲ့ ထီးရဲ့အောက်မှာ အဓိပ္ပာယ်ရှိတဲ့ မိသားစုဘဝတွေ တည်ဆောက်ကြရအောင်ပါလို့ ကျွန်မရဲ့ အတွေးတွေနဲ့ တင်ပြရင်း နိဂုံးချုပ်ပါရစေ။

Add new comment

2 + 2 =