တိုးတက်တဲ့ ကျောင်းသားဖြစ် အောင် ဘယ်လိုထိရောက်တဲ့ နည်းလမ်းလေးတွေနဲ့ သင်ပေးမလဲ။

Learning techniques

            ဒီနေ့မှာ ကလေးငယ်လေးတွေကို ဆရာတွေ မိဘတွေက တိုးတက်တဲ့ ကျောင်းသားဖြစ် အောင် ဘယ်လိုထိရောက်တဲ့ နည်းလမ်းလေးတွေနဲ့ သင်ပေးမလဲဆိုတဲ့ အကြောင်းအရာလေးကို တင်ပြပေးချင်ပါတယ်။

            ကလေးငယ်လေးတွေဆိုတော့ (၃) (၄)နှစ်အရွယ်ကတည်းကစပြီး သင်ပေးရမှာပေါ့နော်။ ဒီလို အင်မတန်မှ ငယ်သေးတဲ့ကလေးတွေကို ဘယ်လိုနည်းလမ်း၊ နည်းပညာလေးတွေနဲ့ သင်ပေးကြ မှာလဲ ? 

            မိဘတိုင်းကတော့ မိမိကလေးစာတော်တဲ့ သူအဖြစ်မြင်ချင်တယ်။ လူတော်တစ်ယောက် အဖြစ် ဂုဏ်ယူချင်တာချည်းပါပဲ။ ဒီတော့ နည်းပညာသုံးတဲ့နေရာမှာ အကြောင်းအရာတစ်ခုလို အကျယ်ချဲ့ပြီး ပြောပြပေးတာ (ဝါ)ရှင်းပြပေးတာ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြတာ ဥပမာလေး တွေနဲ့ ပိုသိလာအောင် မှတ်မိအောင် ပြောကြတာ၊ အဲ့ဒီလို ပြောပြ (ဝါ)သင်ပြပြီးရင်  ပြန်မေးကြည့် တာ ပြန်ပြောခိုင်းကြည့်တာတွေ စတဲ့ ဒီလိုနည်းလမ်းလေးတွေ စပြီးသုံးရတော့မှာပါ။ ဒါပြင့်၊ ဓာတ်ပုံ၊ ဗီဒီယိုတို့ကို chats တွေနဲ့ပြပြီး ကလေးတွေရဲ့ စက္ခုအာရုံမှာ မြင်ပြီး စွဲသွားအောင် မှတ်မိနေအောင် လုပ်ပေးမယ်ဆိုရင် ကလေးက သူ့ဦးနှောက်ထဲမှာ သိမ်းထားလိုက်ပြီး အမြဲမှတ်မိနေတော့မှာပါ။ ဒါတွေဟာ ထိရောက်တဲ့ နည်းဗျူဟာလေးတွေဆိုရင် မမှားပါဘူး။  သူတို့ (၃) နှစ်လောက်မို့ ငယ်သေး ပေမယ့် သူတို့ကို သင်တဲ့စာတွေ တွေ့ကြုံရတဲ့အဖြစ်အပျက်တွေကို အစဉ်တကျ ဦးနှောက်ထဲမှာ သိမ်းထားတာပါ။         

            သူတို့လေးတွေ အကောင်းဆုံးနဲ့ အထိရောက်ဆုံး စာကျတ်ချိန်ကတော့ မနက် (၅)နာရီကနေ (၁၀)နာရီအတွင်း ညနေပိုင်းဆိုင်ရင် ညနေ (၅)နာရီကနေ ညပိုင်း (၉)နာရီအထိ မနက်ဆိုရင် အိပ်ရာ ကနိုးလာလို့ လှုပ်ရှားမှုတွေ မရှိသေးတဲ့အချိန်ဆိုတော့ ပိုပြီးထိရောက်ပါတယ်။

            သင်ပေးလိုက်တဲ့ စာတွေကို မမေ့သွားအောင် မှတ်ဉာဏ်ကလည်း အရေးကြီးပါသေးတယ်။ အာရုံကြောကနေ မှတ်ဉာဏ်ကောင်းအောင် လုပ်ပေးတဲ့အတွက် ကလေးစာဖတ်တာ၊ စာကျက်တာ တို့ကို အသံနဲ့ စာကျက် စာဖတ်စေတဲ့အတွက် သူ့ရဲ့ မှတ်ဉာဏ်မှာ သိမ်းထားလိုက်ပါတယ်။ စက္ခုအာရုံကနေ မြင်တွေ့ရတဲ့ ဖတ်စာတို့ ပုံပြင်တို့ကိုလည်း အမြင်အာရုံနဲ့ မှတ်မိစေပြီး သူ့ဦးနှောက် မှာ သိမ်းထားလိုက်တာပါ။

            ဒါကြောင့် မှတ်ဉာဏ်မကောင်းတဲ့ ကလေးမဖြစ်စေဖို့ V B12 တို့ကို omega 3 fatty acids တို့လိုပါဝင်တဲ့ အသီးအရွက် (ဝါ) ဆေးဝါးတို့ကို ကျွေးပေးရပါမယ်။ မှတ်ဉာဏ်ကောင်းဖို့၊ မှတ်ဉာဏ်တိုးတက်လာဖို့ ဒိန်ချဉ်၊ ထောပတ်သီး၊ ဒိန်ခဲ၊ ကြက်ဥ၊ ပန်းသီး၊ ကွေကာအုပ်တို့ ပဲတောင့် တွေကျွေးပေးရပါမယ်။

            ဦးနှောက်အတွက် မကောင်းစေတဲ့ သကြားများတဲ့ ဖျော်ရည်တွေ  ကာဗွန်ဟိုက်ဒရိုက်ပါတဲ့ ဖျော်ရည်ဗူးတွေ processed food တွေ mercury များတဲ့ ငါးတွေကို များများမစားသင့်ပါဘူး။

            ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကလေးအချင်းချင်း ကစားစေတာပါပဲ။ ကစားတဲ့ အခါမှာ Game ဆော့တာ၊ အချင်းချင်းစကားပြောကြတာ၊ သီးချင်းဆိုကြတာ ဒါတွေက ဦးနှောက်ကို နိုးကြား active ဖြစ်စေပါတယ်။ ကလေးငယ်လေးတွေမှာလည်း လူကြီးတွေမသိနိုင်တဲ့ stress  စိတ်ဖိစည်းမှုဆိုတာရှိတတ်တဲ့အတွက် ကလေးစိတ်ကြိုက် သက်တောင့်သက်သာလေး သူစိတ်ပျော် သလိုထားပေးရပါမယ်။ နောက်ပြီး ကလေးကို နှုတ်နဲ့ အသံထွက်စာတို့ ကဗျာတို့ကို ဖတ်စေတာ ဟာလည်း ကလေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးလာစေပါတယ်။

 

            ကလေးဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့ကတော့ အခြေခံအားဖြင့် ကလေးဘဝအစပိုင်းမှာ မိမိ မိသားစုအိမ်ကနေ အခြေခံပါတယ်။ အတုန့်အပြန်အားပေး လှုံ့ဆော်ပေးရမယ်။ ကိုယ်ကာယအတွက် ထိရောက်မှုရှိတဲ့ ပြေးကစားလို့ရတဲ့ ကစားနည်းမျိုးလေးတွေကို  ကစားစေပါ။ သီချင်းဆိုပေးပါ အသံထွက် ကလေးကို စာဖတ်ပြပါ ကလေးရဲ့ တွေးတော ထင်မြင်နိုင်တဲ့ စွမ်းအားကို မြှင့်တင်ပေးပါ။ အေးချမ်းတည်ငြိမ်တဲ့ မိသားစုဘဝမှာ ကလေးကို ကြီးပြင်းစေပါ။   

            အခုလို (၃) (၁၄)နှစ်လောက် ကြီးကောင်ဝင်တဲ့အရွယ်အထိပြုစုပျိုးထောင်ပေးခဲ့မယ်ဆိုရင်  ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေက တိုးတက်လာမယ်၊ သင့်လျော်တဲ့ အရည်အချင်း ရှိလာမယ်။ လွတ်လပ်တဲ့ အတွေးအခေါ်ရှိလာမယ် မိမိကိုယ်မိမိ ထိန်းတတ်လာမယ်။ ဘဝမှာ နေရာယူတတ်လာမယ်ဆိုတာတွေကို တင်ပြရင်း နိဂုံးချုပ်ပါတယ်။

 

Add new comment

8 + 0 =