တန်ဆေးလွန်ဘေး

အာလုံးဘဲမင်္ဂလာပါ

အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့”တန်ဆေးလွန်ဘေး”  ဆိုတဲ့ခေါင်းစဥ်လေးဘဲဖြစ်ပါတယ်ရှင်။

သော်တရှင်များရှင် -တန်ဆေးလွန်ဘေး ဆိုတဲ့စကားပုံမှာ ရှေးလူကြီးပညာရှိများ၏အမြော်အမြင်ကြီးစွာနဲ့ထားရှိခဲ့တဲ့ဆိုရိုးစကားတစ်ရပ်ဖြစ်ပါတယ်။လူလောကကြီးမှာလူတိုင်းသူတိုင်းဘေးအန္တရာယ်တို့နဲ့၀ိုင်ရံလျှက်ရှိကြပါတယ်။ဒါကြောင့်မို့အရာရာတိုင်းကိုနှိုင်းနှိုင်းချိန်ချိန်သုခမိန်ဆိုတဲ့သောစကားအရဘေးအန္တရာယ်မကျရောက်မီနှင့်မတွေ့ရှိရအောင်လုံလ၀ိရိယဖြင့်ရှောင်ရှားနိုင်စွမ်းရှိရမှာဖြစ်

ပါတယ်။ဒါပေမဲ့တချို့လူတွေကတော့နှိုင်းဆတွေဆတဲ့ဥာဏ်ကိုမသုံးဘဲအရာရာမှာတဖက်စွန်းရောက်ပြုလုပ်

တက်လိုဆင်းရဲဒုက္ခရောက်တက်သူတွေရှိသလို၊အရာရာကို‌‌‌‌ေ၀ဖန်ပိုင်းခြားသုံးသပ်ပြီးတော့နေထိုင်တဲ့သူတွေ

လည်းရှိကြပါတယ်။

သော်တရှင်များရှင် -ဥပမာပြောရမယ်ဆိုရင် ပစ္စည်းဥစ္စာရှာဖွေခြင်း၊ အလှအပကိုရှေ့တန်းတင်ခြင်း၊အရက်သေစာသောက်သုံးခြင်း၊ စီကရက်သောက်သုံးခြင်း၊ကွမ်း၊ဆေးလိပ်၊ခိုင်နီတွေစသည့် မူးယစ်စေတဲ့အရာတွေဟာလူတွေရဲ့စိတ်မကောင်းရာဘက်သို့ယိမ်းယိုင် စေတဲ့အရာတွေပေါ့။ဒါအပြင် မိသားစုတိုင်းမှာလည်းစာ၀တ်နေရေးအဆင်ပြေစေရန်အတွက်ဥစ္စာရှာဖွေရတယ်၊နေစရာအိမ်မြေရာရှိဖို့၊ရန်နှင့်

သန့်ရှင်းသပ်ရပ်စွာအခွင့်အခါကိုလိုက်ပြီး၀တ်ဖို့အ၀တ်အထည့်၊လက်၀တ်ရတနာရရှိဖို့၊အာဟာရပြည့်ပြည့်၀၀မှန်မှန်ကန်ကန်စားသောက်နိုင်ဖို့စသည့်တို့ရရှိဖို့ရန်အတွက်စုဆောင်းရ၊ရှာဖွေရပါတယ်။အထက်ဖေါ်ပြခဲ့တဲ့အရာ

တွေရရှိဖို့ရန်အတွက်မိမိတို့ဟာရိုသားဖြောင့်မတ်ခြင်းစိတ်နဲ့ပစ္စည်းဥစ္စာများကိုရှာဖွေဖို့လိုပါတယ်။မိမိစုဆောင်း

ထားတာ‌တွေပြည့်စုံလုံလောက်ပြီးဆိုရင် မိမိတို့ပြုလုပ်မဲ့စီးပွားရှာဖွေရေးကို မှန်ကန်စွာနဲ့တိုးတက်အောင် လုပ်တက်ဖို့ကအရေးကြီးလှပါတယ်။ တချို့ကျတော့လည်းပိုရလေ၊လိုလေ၊ပို၍လောဘက်တက်ပြီးတော့ ရိုသားတာ၊မရိုသားတာ၊တရားဥပဒေနဲ့ငြိစွန်တာ၊မငြိစွန်တာတွေမရွေးချယ်နိုင်၊မနှိုင်းချိန်တော့ပဲ နောက်ဆုံးမှာဥစ္စာကြေးငွေနောက်တကောက်ကောက်ပြေးလိုက်ရင်နဲ့သိက္ခာကျဆုံးခြင်းတွေ၊အသက်ဆုံးရခြင်း

တွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေလည်းရှိနေကြတာအမှန်ပါ။အသောမတက်နိုင်တဲ့လောဘကြောင့် ပျက်စီးကြရတာဖြစ်ပါတယ်။

သော်တရှင်များတို့   -ဒါတွေမကသေးပါဘူး အရက်သေစာသောက်သုံးခြင်း ၊စသည့်လူကိုမူးယစ်ဆေးတဲ့မူးယစ်ဆေး၀ါသုံးစွဲခြးင်း ကလည်းလူကိုဘာအကျိုးမှာမပေးတဲ့အပြင် ကျန်းမာရေးတွေပါထိခိုက်စေပါတယ်။၊နောက်ဆက်တွဲဖြစ်တဲ့၊စီးပွားရေးပါထိခိုက်လာရုံမက ဘဲ၊နောက်ဆုံးရောဂါရအသက်ပါဆုံးရှုံးကြရတာဖြစ်ပါတယ်။ဒါတွေဟာလူကိုဒုက္ခပေးမှန်သိရက်နဲ့လူတွေဟာမဆင်မခြေမပြုပြင်ဘဲဆက်ပြီးမိုက်ရူးရဲဆန့်စွာဖြင့်ဆက်လုပ်နေကြတယ်။မကောင်းဒုစရိုက်နွံထဲမှာဘဲပျော်နေကြတယ်။ရုန်းမထွက်ကြဘူး။သူတို့အတွက်တော့သနားစရာပေါ့။တန်ဆေးလွန်ဘေးဆိုတာမသိ၊သတိမရှိကြသူတွေ

ပေါ့။ခု‌ခတ်လူငယ်အမျိုးသမီးတွေလည်း-အလှအပကိုဦးစားပေးတက်ကြတာတွေ့ရတယ်။မိမိနဲ့လိုက်ဖက်မှန်မသိ

ဆင်မြန်းကြတယ်။လိုတာထက်ပိုတာတွေတွေ့ရတယ်။တခါတလေမှာပြင်လွန်တော့နဂိုမူလရှိတဲ့အလှတွေတောင်ပျောက်ကွယ်သွားတက်ပါတယ်။ပြင်ဆင်ရာမှာလည်းဘောင်မလွန်ဖို့အရေးကြီးပြန်ပါတယ်။နဂိုရှိမှနကိုင်းထွက်ဆိုတဲ့စကားပုံအတိုင်းနဂိုရှိတဲ့အလှကိုပြင်ဆင်တက်မှာသာလျှင်ပိုမို၍လှပတင့်တယ်တဲ့လူငယ်လေးတွေဖြစ်လာမှာ

ဖြစ်ပါတယ်။လူတွေရဲ့အလှအပဟာ စိတ်ဓာတ်စာရိတ္တရေးရာနှင့်လဲ ဆိုင်ပါတယ်။ မေတ္တာ၊ကရုဏာနဲ့ပြည့်လျှံတဲ့မျက်နှာဟာချိုသာ၊ရွှင်ပြုံး၊နှလုံးမွေ့လျှော်ဖွယ်ဖြစ်ပါတယ်။ဒေါသ၊မောဟ၊မာနလွှမ်းနေတဲ့မျက်နှာဟာ ခက်ထန်ကြမ်းကြုတ်မျက်မှောင်ကုပ်နဲ့ရှုချင်စဖွယ်မရှိလှပါဘူး။

သော်တရှင်များရှင်- လူဘ၀မှာနေရတဲ့ခဏတာအတောအတွင်းမှာမိမိဘ၀အေးချမ်းသာယာဖို့အသက်ရှည်ရှည်သိက္ခာရှိရှိနေထိုင်ဖို့၊ ဘယ်ကိစ္စမဆိုတန်ဆေးလွန်ဘေးဆိုတဲ့စကားကိုလက်ကိုင်ပြုပြီးတော့အသိတရားရှိရှိ၊ဉာဏ်ပညာရှိရှိနဲ့လုပ်သမျှ

စည်းကမ်းထား၊နယ်နိမိတ်သတ်မှတ်ပြီးနှိုင်းနှိုင်းဆဆပြုလုပ်မယ်ဆိုရင်ပျော်ရွှင်ဖွယ်ရာတွေ့နဲ့ပြည့်နေမှာအမှန်ပါ။ဘယ်အရာမဆိုပြုလုပ်တော့မယ်ဆိုရင်ရှေ့လူကြီးတွေရဲ့စကားကိုအမှတ်ရကြရအောင်နော်။”တန်ဆေးလွန်ဘေး”တဲ့။ဒီတစ်ပတ်အတွက်ဒီလောက်နဲ့ဘဲရပ်နားပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မက စစ္စတာရ် မေရီဒိမ် ပါရှင်။

Add new comment

2 + 8 =