ဇနီးသည် တစ်ယောက်ရဲ့ ရင်ထဲမှာရှိတဲ့အကြောင်းအရာလေးတွေကို ဖွင့်မပြောပေမဲ့ ခင်ပွန်းသည် သိရဲ့လား

What woman want

ဒီနေ့မှာ ဇနီးသည် တစ်ယောက်ရဲ့ ရင်ထဲမှာရှိတဲ့အကြောင်းအရာလေးတွေကို ဖွင့်မပြောပေမဲ့ ခင်ပွန်းသည် သိရဲ့လားဆိုတဲ့ အကြောင်းအရာကို ပြောပြမှာမို့ နားထောင်ပေးပါအုံး။

90% သော ဇနီးသည်တွေက ခင်ပွန်းဆီကနေ စစ်မှန်တဲ့ချစ်မေတ္တာကိုပဲ လိုချင်ကြတာပါ။ ဒီတော့ အချစ်ကိုရှာကြတာပေါ့။

ခင်ပွန်းသည်တွေကလည်း သူဇနီးဆီက မေတ္တာအစစ်အမှန်ပြန်ရပါ့မလား မျှော်လင့်တာပါပဲ။ အချစ်ခံချင်ကြတဲ့သူတွေပါ။

ဇနီးသည်တစ်ယောက်ရဲ့ love language လို့ဆိုလို့ရတဲ့ ချစ်တယ်ဆိုတဲ့ အမူအယာတို့၊ အထာတို့ကို ခင်ပွန်းကနားလည်ရဲ့လား သိရဲ့လားခန့်မှန်းလို့ရနိုင်ရဲ့လား?

            ခရစ်ယာန်သမ္မာကျန်းစာ  Amos-33 မှာ လူနှစ်ယောက် သဘောမတူလျှင် ပေါင်းဖော်၍ ခရီးသွားနိုင်သလော - လို့ ဆိုထားပါတယ်။

            ဒီစုံတွဲ တည်ဆောက်ထားတဲ့ အိမ်ထောင်က ဆုံးခန်းတိုင်အောင် ရောက်နိုင်မလား? အထာ ကျကျ ခရီးဆက်နိုင်မလား? 

            ဇနီးသည်ရဲ့ ရင်ထဲမှာအခုလိုမေးနေပါတယ်။ ငါတို့နှစ်ယောက် နောင်အနာဂါတ်အထိ စိတ်တူ ကိုယ်တူရှိနိုင်မလား? တည်ဆောက်ထားတဲ့ အိမ်ထောင်အတွက် ငါ့စိတ်ကိုဒုံးဒုံးချ ယုံကြည်ပြီး ထားနိုင်မလား။ Can I count on you?  ငါ့အပေါ် သစ္စာရှိရှိနဲ့ ရှိနေနိုင်မလား?

            တစ်ခါတစ်ရံ ဇနီးသည်က စိတ်အလိုမကျဖြစ်လို့ မြည်တွန်တောက်တီးနေမှာဆိုရင် ခင်ပွန်း အနေနဲ့ ငါရဲ့ဇနီးက ပြိုင်ဘက်တွေမှ မဟုတ်တာ။ ငါ့လက်တွဲဖော်လို့မှတ်ယူပြီး။ အတတ်နိုင်ဆုံး နားလည်ပေးဖို့ ကြိုးစားရအုံးမှာပါပဲ။

            ဇနီးသည်ကလည်း ဒီအိမ်တော်မှာ အတတ်နိုင်ဆုံးအားထုတ်ပြီး လိုအပ်ချက်တွေကို ထောက်ပံ့နေတယ် စိတ်ချလုံခြုံတဲ့ အိမ်ထောင်တစ်ခုဖြစ်ချင်တဲ့ ဆန္ဒရှိတယ်။

            အိမ်ထောင်တစ်ခုမှာ ခင်ပွန်းရောဇနီးပါ တာဝန်ယူရတာပါ။ ဒါက အက်ဥပဒေလို သတ်မှတ် ထားတာမဟုတ်ပေမဲ့ လက်တွေ့တာဝန်ယူကြရတာပါ။

            အခုလည်း ဇနီးရဲ့ အတွေးထဲမှာ ငါ့ခင်ပွန်းက အိမ်ထောင်ကို ခေါင်းဆောင်နိုင်ရဲ့လား? Are you a promise keeper? ပေးထားတဲ့ ကတိကိုတည်တံ့သူဖြစ်ရဲ့လား?

            ခင်ပွန်းသည်ရဲ့ စိတ်ထဲမှာလည်း ငါ့ဇနီးမယားက ရာသက်ပန်ငါ့အနားမှာ ကတိတည်စွာနဲ့ ရှိနေမှာလား?  အဲ့ဒီလို စိတ်ထဲမှာ ရှိနေမှာပါပဲ။

            ဇနီးက သူ့ကိုယ်သူ ပြန်မေးကြည့်တယ်။ ငါက သူရဲ့ တစ်ဦးတည်းသော အမျိုးသမီးလား?  လူတိုင်းရဲ့ စိတ်က ပြောင်းလွယ် ညွှတ်လွယ်တဲ့သဘောရှိတော့ ငါ့အပေါ်သစ္စာရှိပါ့မလား?

            ငါက ငွေရေးကြေးရေးကအစ လိမ်ညာခံရမှာလား? အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်ရမှာပဲလေ။ အဲ့ဒီလို ပြန်မေးကြည့်နေပါတယ်။

            ဇနီးသည်တိုင်းက ဘဝလုံခြုံမှုကိုရချင်ကြတယ်။ ခင်ပွန်းဆီက ယုံကြည်မှုတွေနဲ့ ပူပင် သောကကင်းကင်း နေချင်ကြတာချည်းပါပဲ။ ဇနီးသည်ဆိုတာ အပြုသဘောဆောင်တဲ့ ကြင်နာတဲ့ စကားမျိုး အသုံးအနှုန်းမျိုးတွေ ပြောဆိုတာကို လက်ခံချင်ကြတဲ့ သူတွေပါ။

            အခုတစ်ခါ ဇနီးသည်က သူ့ဘာသာပြန်မေးပြန်တယ်။ ဒီအိမ်ထောင်အတွက် ငါ့ရဲ့ ကိုယ်ရည် ကိုယ်သွေးတွေ တိုးတက်ရဲ့လား ဒီ  relationship မှာကော ငါက တိုးတက်အောင် လုပ်နိုင်နေပြီလား ငါက ခင်ပွန်းရဲ့ တန်ဖိုးထားတာကို ခံရရဲ့လား? 

            ခင်ပွန်းရဲ့ professional life  ကို တိုးတက်စေချင်ရင် ဇနီးကလည်း အဲ့ဒီအတိုင်း ကြိုးစား တည်ဆောက်ရမှာပါ။  ခင်ပွန်းအနေနဲ့ မိမိဇနီးရဲ့ စိတ်ကူးစိတ်သန်းတွေကို နားထောင်ပေးနားလည် ပေးတာဟာ မထိုက်တန်တဲ့ ယူဆချက်တွေလို့ မသတ်မှတ်ဖို့ မှတ်ချက်မချဖို့ လိုပါတယ်။ ဒါဟာ အိမ်ထောင်တစ်ခုရဲ့communication  ပါပဲ။ အခြေခံအုတ်မြစ်ပဲလို့ ဆိုရမှာပါ။

            ဇနီးသည်က ဒီအိမ်ထောင်မှာ တစ်ယောက်အပေါ်တစ်ယောက် အစစအရာရာမှာ ကျေနပ်မှု ရှိရဲ့လားလို့ မေးရအုံးမယ်။ ငါက အကျင့်စာရိတ္တပျက်ပြားတဲ့ အမျိုးသမီးမဟုတ်လို့ ခင်ပွန်းကတော့ ကျေနပ်မယ်လို့ ငါထင်ပါတယ်။

            ဇနီးသည် ထပ်ပြီးမေးနေပြန်တယ်။ ဒီအိမ်ထောင်ရေးမှာ ငါ့စိတ်က လွတ်လပ်ရဲ့လား? လွပ်လပ်မှုရှိရဲ့လား? တိရိစ္ဆာန်တစ်ကောင်လို ထောင်ချောက်ထဲမိနေသလို ဖြစ်နေသလား? ငါကို ကြင်နာရဲ့လား? ငါ့ကို ဘယ်လိုမြင်လဲ? ငါ့ကို အဖိုးတန်ရတနာပစ္စည်းလေးတွေ ဝယ်ပေးဖို့ စိတ်ကူးရှိ ရဲ့လား? ခင်ပွန်းက ငါကို အစစအရာရာ ကာကွယ်စောင့်ရှောက်နိုင်မလား? ငါက ဦးစားပေးခံရရဲ့ လား? အိမ်ထောင်အသုံးစရိတ်အတွက် မပျင်းမရိဘဲ အမှီအခိုကင်းကင်းနဲ့ ရှာဖွေနိုင်တာကို          ဇနီးသည်ကို ပြနိုင်ရဲ့လား။ အဲ့ဒီလို တွေးနေမိပြန်တယ်။

ပရိသတ်ကြီးရှင် -

            အမျိုးသမီးအများစုက ဟန်မဆောင်တတ်ကြဘူး။ ပျော်ရင်ပဲဖြစ်ဖြစ် ၀မ်းနည်းရင်ပဲဖြစ်ဖြစ် မျက်နှာမှာ ပေါ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့  the face is the mirror of what goes on in the sprit  လို့ဆိုထားပါတယ်။

            အဲ့ဒါကြောင့် ခင်ပွန်းတစ်ယောက်အနေနဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်တဲ့ youth ဘဝမှာ ဇနီးသည်နဲ့အတူ ပျော်ရွှင်တဲ့ ဘဝကို ထူထောင်ဖို့လိုအပ်ပါတယ်။ ဆိုတာကို ပြောပြရင် ကိုယ်က ပြုမူလိုက်တဲ့ အမူအကျင့်တွေ၊ အလေ့အထတွေ ကိုယ်ပြလိုက်တဲ့ တန်ဘိုးတွေက ဇနီးသည် ဆီကနေလည်း တန်ပြန်ရနိုင်ပါတယ်ဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါရစေ။

 

Add new comment

14 + 2 =