ဆယ်ကျော်သက် သားသမီးလေးတွေ မရိုမသေဆက်ဆံပုံတွေကနေ သိတတ် ရိုသေတတ်လာအောင် ဘယ်လိုသွန်သင်ပေးရင် ကောင်းမလဲ

Coach
ဒီနေ့မှာ မိဘတွေက ဆယ်ကျော်သက် သားသမီးလေးတွေ မရိုမသေဆက်ဆံပုံတွေကနေ သိတတ်နားလည်ရိုသေတတ်လာအောင် ဘယ်လိုသွန်သင်ပေးရင် ကောင်းမလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။
ဆယ်ကျော်သက် သားသမီးတွေရှိတဲ့ မိဘတိုင်း ဘယ်လိုဆက်ဆံပြောဆိုရမယ်ဆိုတာ မိဘ တွေကို အင်မတန်မှ စိတ်ရှုပ်ထွေးစေပါတယ်။
မိဘက ဒါလေးလုပ်ပေးပါအုံးဆိုရင်လည်း ဘာမှပြန်မပြောပေမယ့် မျက်လုံးကလည်ပြီး ပြန်ကြည့်နေတတ်တယ်။ မိဘနဲ့ ဒီသားသမီး နေ့စဉ်နေ့တိုင်း ရန်ပွဲတစ်ခုလိုပဲ ဆင်နွှဲရတယ်။ တခါတလေ သူတို့ရဲ့ အသံကျယ်ကျယ်နဲ့ မဆင်မခြင်ပြောတာကိုလည်း ခံနေရတယ်။
မိဘအနေနဲ့ပြန်စဉ်းစားကြည့်တယ် နေ့စဉ် ဒီလိုပဲ ဖြစ်နေမှာလား။ ပထမဆုံးမိဘအနေနဲ့ သိနေရမှာက ဒီ disrespect မရိုမသေပြုမူတာက ဘယ်ကနေ ရောက်လာလို့ ဒီလိုပြုမူနေတာလဲ။
ကျွန်မဖတ်ဖူးတဲ့ စာတွေထဲမှာ disrespect equal disconnection မရိုမသေဆက်ဆံမှု - ညီမျှခြင်း - ထိတွေ့ဆက်ဆံမှုနည်းခြင်းလို့ဆိုထားပါတယ်။
သားသမီးနဲ့ မိဘ ထိတွေ့ဆက်ဆံမှုနည်းတဲ့အခါမှာ ထိတွေ့ဆက်ဆံမှုကောင်းအောင် ပြန်လုပ်ရတော့မယ်။
အဲ့ဒီတော့ ထိတွေ့ဆက်ဆံမှုကောင်းအောင် great connection ဖြစ်အောင် အရင်ဆုံး သားသမီးရဲ့ စိတ်ခံစားချက်ကို မျှဝေခံစားတတ်အောင် ကိုယ်ချင်းစာနာစိတ်ရှိအောင် ကြိုးစားရတော့ မယ်။ သားသမီးရဲ့ သိလိုတဲ့ စိတ်ဆန္ဒကို သိအောင် လုပ်ယူရတော့မယ်။ နောက်ပြီး ကိုယ့်သားသမီးကို ထိခိုက်နာကျင်စေမဲ့အပြောအဆို အပြုအမူကို ရှောင်ကြဉ်ရတော့မယ်။
ဒီမိဘက အရင်ဆုံး မိမိကိုယ်မိမိပြန်မေးကြည့်တယ်။ ငါနဲ့ဒီဆယ်ကျော်သက် သားသမီးက ဘယ်လိုထိတွေ့ဆက်ဆံမှုရှိနေသလဲ? Heart to heart connection လား၊ ကိုယ့်နှလုံးသားနဲ့ သူ့ နှလုံးသားထိတွေ့မှုရှိရဲ့လား ငါထိတွေ့ဆက်ဆံမှုကောင်းအောင် ဘယ်လိုနေ့စဉ်တည်ဆောက်ယူနိုင် မလဲ ဘယ်လို ကျွေးမွေးသုတ်သင်ပေးရမယ်။ သူ့သူငယ်ချင်းတွေ အိမ်လည်လာဖို့လက်ခံပေးရမယ်။ Shopping mall ခေါ်သွားပေးမယ်။ တတ်နိုင်သလောက် လိုခင်တာတွေ ဝယ်ပေးမယ်။ သူသွားချင်တဲ့ လေ့ကျင့်ချင်တဲ့ အရာတွေဆီ လိုက်ပို့ပေးမယ်။ ငါနဲ့ heart to heart connection ဖြစ်ရဲ့လား ငါက ဖြစ်ချင်တဲ့ ဆန္ဒကြောင့် ချဉ်ခြင်းတပ်၊ ဖြစ်လို့လုပ်ပေးနေတာလား မိဘကို မရိုမသေ ဆက်ဆံတယ် ဆိုတာ သူ့စိတ်ထဲမှာ မိဘကို အဲ့ဒီလိုဆက်ဆံဖို့ဖြစ်နေတာလား heart to heart connection က ရှင်သန်မနေ ကျွေးမွေးသုတ်သင်ပေးခြင်းမရှိလို့လား။
ဒီတော့ မိဘကပိုပြီး တိုးတက်အောင် ကြိုးစားလုပ်ရတော့မယ်။ ဒီအဓိပ္ပါယ်က ဒီဆယ်ကျော် သက် သားသမီးရဲ့ ခံစားချက်ကို ကြားမယ်။ မြင်မယ်ဆိုရင် မိဘက သိသွားပြီ။ ဒီတော့ မရိုမသေ ဆက်ဆံတာက ပျောက်ကွယ်သွားတော့မှာပါ။ ရှိတော့မှာ မဟုတ်ပါဘူးလို့ထင်တာပဲ မိဘဆိုတာက အိမ်မှာ peace ငြိမ်ချမ်းရေးလိုချင်တယ်။ ဒီဆယ်ကျော်သက်သားသမီးနဲ့ ပိုမိုခိုင်မြဲတဲ့ ပိုမိုလေးနက် တဲ့ ပိုမိုပျော်ရွှင်ဖွယ်ကောင်းတဲ့ relationship ကို ရချင်တယ်။
အဲ့ဒီလိုဖြစ်ချင်ရင်တော့ မိမိနှလုံးသားနဲ့ ထိစပ်အောင် သားသမီးကို ထိခိုက်နာကြင်စေမှု မရှိအောင် လုပ်ရတော့မယ်။ ဒီဆယ်ကျော်သက် သားသမီးနဲ့ စကားပြောရတာ။ challenge တစ်ခုပဲ အဲ့ဒီလိုစကားပြောရတဲ့အခါမှာ မိမိရဲ့ စိတ်ခံစားချက်ကို အရင်ဆုံး အဆင်ပြေအောင် တိုးတက်အောင် ပြုလုပ်ရမယ်။ ဒီလိုပြင်ဆင်တာက relationship ပျက်စီးမှာကို လျော့ချပေးရာရောက်ပါတယ်။ ထိတွေ့ဆက်ဆံမှုဟာ နောက်ဆုံးသော ပန်းတိုင်ပဲဖြစ်တယ်။ ဒါမှသာ သားသမီးရဲ့ အရိုအသေမပေး တာကို အမြစ်ပြတ်စေမှာဖြစ်တယ်။ ဒါကို မိဘက ရုပ်လုံးပေါ်လာအောင်ကြိုတင်စဉ်းစားရတော့မယ် တည်ဆောက်ရတော့မယ်။ ဒါကတော့ ခဏခဏ အမြဲမပြတ် ပြုလုပ်တည်ဆောက်ရတော့မယ့် အဓိကအချက်ပါပဲ ဒါက teenage ကနေ adult အရွယ်ရောက်တဲ့အထိ တိုးတက်အောင်လုပ်ရတော့ မယ် ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်တဲ့မိဘနဲ့ သားသမီးဆက်ဆံမှုဖြစ်နေရမှာကို မိဘတိုင်းသိပါ တယ်။
မိဘအနေနဲ့ နှလုံးသားကလာတဲ့ မိဘမေတ္တာနဲ့ ပြောဆိုမယ်။ ဆုံးမမယ်ဆိုရင် သူတို့က မိဘ ကို ရိုသေမှာအမှန်ပါပဲ မိဘက ပြောစရာမလိုလောက်အောင် သူတို့က သိပြီးသားပါ။
အခုလို မရိုမသေပြုမူတဲ့ သားသမီးကို မိဘက ကိုင်တွယ်ရတာ ခက်ခဲလှပါတယ်။ အရင်က တော့ ဘာပဲလုပ်လုပ်ခွင့်ပြုထားတယ်။ အခုတစ်ကြိမ်လောက်ခွင့်မပြုလိုက်တာနဲ့ မရိုသေတဲ့ အမူ အကျင့်က ပေါ်ထွက်လာပါတယ်။ အကယ်၍ (ဒီမိဘ)သင့်ကို ဘာပဲလုပ်လုပ် အမြဲသဘောတူခဲ့ပြီး ရုတ်တရက်သဘောမူတော့ရင် သင်ဘာဖြစ်မလဲ upset ဖြစ်မှာမဟုတ်လားခန့်မှန်းကြည့်ပါ။ ဒါကြောင့်ဘောင်တစ်ခုတော့ထားရမယ်။ ကိုယ့်လုပ်ပေးနိုင်တဲ့ အတိုင်းအတာ ကိုယ်မလုပ်ပေးနိုင်တဲ့ အတိုင်းအတာရှိမရမှာပါ။ ဒီဆယ်ကျော်သက် သားသမီးကိုလည်း သိအောင်ပြောထားရမှာပါ။
လူကြီးမိဘတစ်ယောက်လို ဒီဆယ်ကျော်သက်က နားလည်မှာမဟုတ်ဘူး မိဘက သားသမီး ကို တစ်ခုခုလုပ်ပေးရင် သားသမီးဆီက ရိုသေမှုကို ရချင်တယ်။ သားသမီးကလည်း မိဘကို တစ်ခုခု လုပ်ပေးရင် မိဘဆီက အလေးထားဂရုပြုတာကို သူတို့ရင်ထဲမှာရချင်တယ်။ ဒါဟာအမှန်တရားပဲ သူတို့ရဲ့ လိုအပ်ချက်ကို care လုပ်ပေးတာဟာ အင်မတန်အရေးကြီးသလို သူတို့ကို ညွှန်ပြပေးတာ ထက် လုပ်ပိုင်ခွင့်ပေးရင်းနဲ့ ထိန်းပေးတာက Guide လုပ်ပေးတာက ပိုပြီးထိရောက်ပါတယ်။ သားသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး လုပ်နေတာကို ဘေးကနေပြီး ပြဿနာဖြေရှင်း ပေးတဲ့သူအဖြစ် နေတာပိုပြီးသင့်လျော်ပါတယ်။ သူတို့တွေးနေတဲ့အရာကို မိဘက ဘေးကနေ ဆုံးဖြတ်ချက်ချပေးတာကလည်း အကျိုးတရားကောင်းတွေရရှိနိုင်ပါတယ်။ ဒါဆိုရင် ဒီဆယ်ကျော် သက်ရဲ့စိတ်ထဲမှာ မိဘကို အရိုအသေပေးလာတော့မယ်။ မိဘရဲ့ လိုအပ်ချက်တွေကို ပြောပြရင် သူတို့ကလည်း ကူညီပေးလာတော့မှာဖြစ်ပါတယ်။ ဆယ်ကျော်သက် လုပ်ချင်တာတွေ ဘယ်အချိန် ဘယ်အခါပဲဖြစ်ဖြစ် ခွင့်ပြုလိုက်ပါ။ သူတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးနဲ့ အကျိုးတရားကောင်းတွေ ရလာအောင် လုပ်လာတော့မှာဖြစ်တယ်။
ဒါကြောင့် မိဘက ခြေလှမ်းတလှမ်းမှ မဝင်ပဲ ဒိုင်းတစ်ခုလို ကာမထားပဲ ငါးမျှားချိတ်ကို ချိတ် မထားပဲ ထိန်းချုပ်မထားပဲ ဘေးကနေ လိုအပ်တာတွေကို ညွှန်ပြပေးရင်း parenting လုပ်အားပေး မယ်ဆိုရင် ဒါတွေက သူတို့ကို နည်းပြပေးတဲ့ သဘောတွေသက်ရောက်ပြီး ဆယ်ကျော်သက် သားသမီးနဲ့ မိဘအဆင်ပြေသွားမှာပါဆိုတာ တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

Add new comment

1 + 1 =