ဆယ်ကျော်သက်သမီးက အမေနဲ့ စိတ်အလိုမကျဖြစ်နေတာကို ပြန် စေ့စပ်နိုင်ဖို့ အမေတစ်ယောက် အနေနဲ့ဘယ်လိုလုပ်ရမလဲ

Connecting
ဒီနေ့မှာ ဆယ်ကျော်သက်ရွယ်သမီးက သူ့အမေနဲ့ စိတ်အလိုမကျဖြစ်နေလို့ သမီးနဲ့ မိခင် ပြန်လည် စေ့စပ်နိုင်ဖို့ အမေတစ်ယောက် ရုန်းကန်ရတာကို Sharing ပေးချင်ပါတယ်။

မိခင်တစ်ယောက် အခုလို အခြေအနေဖြစ်နေလို့ အမေက စိတ်ဆင်းရဲနေရတယ်။ ပြီးတော့ လည်း ရုန်းကန် နေရပါတယ်။ အဲ့ဒီလိုဖြစ်ရင် မိခင်တစ်ယောက်အနေနဲ့ ဒီဆယ်ကျော်သက်ရွယ်သမီးကို အင်မတန်မရှိမဖြစ်လိုအပ်လို့
ဘယ်လိုပြန် Connect ဖြစ်အောင် လုပ်မလဲ? ဆယ်ကျော်သက်ကျောင်းတတ်နေတဲ့ ကလေးတစ်ယောက်ဆိုတော့
အမေက အခုလိုတွေး တယ်။ သမီးကျောင်းဆင်းရင် ခါတိုင်းလို ကြိုနေကြ အတိုင်းသွားကြိုမယ်။ ဒီအချိန်မှာ သမီးနဲ့ အမေ နှစ်ယောက်ထဲရှိတဲ့ အချိန်မယ်။ ဒီအချိန်မှာ သမီးနဲ့အမေ နှစ်ယောက်ထဲရှိတဲ့အချိန် အမေက အခုလို မေးမယ်။

ဒီနေ့ကျောင်းမှာ ဘယ်လိုလဲသမီး၊ ဒီတော့ ပြန်ဖြေချင် ဖြေမှာပဲ ၊ သမီးက အမေကို ပြန်ပြီး လမ်းညွှန် Guide လုပ်တတ်တယ်။ ပြီးရင် ဘယ်လိုစကား၊ ဆက်ပြောရမလဲ၊ သမီးက မပြောပဲ ငြိမ်နေ မှာလား၊ အမေကပဲ ငြိမ်နေရမှာလား။ သူ့စကားပြန်ဖြေနိုင်ဖို့ဟ ပေးထားရမှာပဲ။ သမီးအတွက် ဖိအား တွေ လျော့စေဖို့ ဒီနေ့အတွက် အချိန်နဲနဲ ပေးရမယ်။ သားသမီးကို အလွန်အကျွံ စောင့်ရှောက်တာကို ကျိုးကြောင်းဆင်ခြင်ရတော့မယ်။အမေက
အဲ့ဒီလိုတွေးရင် ခံစားနေရတယ်။ ဒီတော့ နောက်ထပ်မေးခွန်းတစ်ခုမေးလို့ရပြီး စကားပြောတာကို ဖွင့်ပေးလိုက် တော့မယ်လို့ တွေးရင်း ဆက်မေးဖြစ်တယ်။ သမီးဒီလို့တော့ ကျောင်းမှာ ကောင်းတာတွေ ဘာတွေဖြစ်ခဲ့လဲ ဟာသလေးတွေရှိရင် အမေ့ကို ပြောပြပါအုံး၊ ဒါကတော့ နဲနဲကွဲပြားခြားနားတဲ့ မေးခွန်းတစ်ခုဖြစ်သွားပြီပေါ့နော်။

တစ်ခါတစ်လေကျရင်လည်း ဒီလိုမေးတာကို ပြန်မဖြေတဲ့အခါ အမေ့မှာ နာကျင်ရတာတွေ လည်း ရှိတတ် တယ်။ သမီးကအခုလို ပြန်ပြောတယ်။ သမီးက သူငယ်ချင်းတွေနဲ့ ပြဿနာဖြစ်နေတာ၊ သမီးကို မကောင်းတဲ့ စကားတွေပြောတယ်။ အမေက သမီးသူငယ်ချင်းက သမီးကို ဆက်ပြောနေတုန်းပဲလား၊ အဲ့ဒီလို ဦးဆောင်သလို ဖြစ်သွားပြီး မေးလိုက်တဲ့အခါ သမီးက အကုန်ဖွင့်ချပြီး ပြောလာပါတယ်။ အမေ သမီးဘယ်လို ဆက်လုပ်ရမလဲ၊ ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ အဲ့ဒီလို မေးရင်း သမီးရဲ့ သက်ပြင်းချသံကို အမေက ကြားနေရပါတယ်။

ဒါဆိုရင် အမေ့ဆီက အကူအညီလိုအပ်နေပြီဆိုတာ အမေက သိလိုက်ပြီး သိသာနေပြီး၊ အမေက သမီးကို ဘယ်လိုဖြစ်ချင်တာလဲ၊ အမေပြောပြပေးမယ်လေလို့ မေးလိုက်တယ်။ မိခင်ဆိုတာက သမီးရဲ့ စိတ်ထဲမှာ ဖြစ်ချင်တာ တွေကိုထိုးထွင်းသိမြင်နေပြီးသား၊ အရင်က မေးခွန်းမေးဖို့နေသာသာ စကားတခွန်းတောင်ဟလို့ မရခဲ့ဘူး။ အခုတော့
သမီးနဲ့ ပြန် Connect ဖြစ်သွားပြီ ဆိုတာ မိခင်က သိပြီး Okay ပေါ့။ ဆယ်ကျော်သက်ရွယ်တွေိဆိုတာ သူတို့နဲ့ အတန်းတူ အရည်အချင်းအတူတူ၊ ရွယ်တူတွေက သူတို့အတွက် မယုံနိုင်လောက်အောင် အရေးကြီးတဲ့သူတွေလို့
သတ်မှတ်ထားတယ်။ သမီးစိတ် ဆင်းရဲနေတာကို အမေကသိပြီး အဖြေရှာရပြီး၊ သမီးဘာလိုချင်နေတယ်။ ဘာဖြစ်ချင်နေတယ်ဆိုတာ အမေခံစားလို့ရပြီ၊ အမေ့အမြင့်မှာတော့ သူငယ်ချင်းတွေက သမီးကို ချစ်ကြပါတယ်။ သမီးနဲ့လည်း ပြန်ဆက်သွယ်ချင်နေကြတာပါ။ ဒီဆယ်ကျော်သက်အရွယ် teenage ကနေ adulthood အရွယ် ရောက်ဖို့ တာဆူနေတာဖြစ်လို့၊ အခုလိုဖြစ်စမြဲပါ။ ဒီလိုကွဲကွာနေပေမယ့် သမီးကို အလိုရှိနေတုန်းပါ။ သမီးကို လိုအပ် တယ်ဆိုတာကို မဖော်ပြတတ်လို့ပါလို့ အမေက ပြောလိုက်ပါတယ်။

ဒါဆိုရင် အမေက သမီးရဲ့ ဒီလိုအဖြစ်အပျက် အစစ်အမှန်ကို သိပြီ၊ ဒီတော့ ကိုင်တွယ်လို့ရပြီ ပေါ့၊ အမေက ခုလို သမီးကို ပြောလိုက်တယ်။ သမီးနဲ့အမေ အရင်တုန်းကလို အတူတူရှိဖို့ အတူစကားတွေပြောနိုင်ဖို့ အချိန် ယူရမယ်။ အမေ လည်းအချိန်ပိုပေးမယ်။ အမေ ကမ္ဘာကြီးက ဘာတွေဖြစ်နေတယ်ဆိုတာတွေ သမီးပြောတာကို ကြားချင်တယ်။ အမေစိတ်၀င်စားတယ်လို့ ပြောလိုက်ပါတယ်။ မိခင်က သမီးဘာတွေတွေးနေလဲ သိချင်တယ်။
သမီးအတွက် ဘာက အရေးကြီးသလဲ သမီး သူငယ်ချင်းတွေက ဘယ်သူတွေလဲ။

သမီးမှာ ပုဂ္ဂလိက ကိုယ်ပိုင်အကြောင်းတွေရှိတယ်ဆိုတာ နားလည်တယ်။ သမီးအတွက် Privacy လိုအပ်တယ်။ အမေ သမီးအရွယ်တုန်းက ခုလိုပဲဖြစ်ခဲ့တယ်။ သမီးဆီက ဖွင့်ပြောတာကို နားထောင်ပေးမယ်။ ဒီအဖြစ်အတွက် သမီးဘယ်လိုတွေးထားလဲ၊ ဒီအဖြစ်ကို အမေနဲ့ သမီးပေါင်းပြီး ဖြေရှင်းရင် ရနိုင်တာပဲ၊ သမီးအတွက် ထိခိုက်နာကျင်စေတယ်ဆိုတာ၊ သမီးဘယ်လို ခံစားနေရတယ် ဆိုတာ အမေနားလည်တယ်။ အဲ့ဒီတော့ အမေနဲ့သမီး လက်တွဲပြီး ရင်ဆိုင်မယ်။ အမေက အကုန်ဖွင့် ပြောဖို့ မျှော်လင့်တယ်။ အမေ့အပေါ်မှာ ရိုးရိုးသားသားပြောနိုင်တယ်။ အမေသိတယ်။ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါမှာ ဒါတွေက သမီးအတွက် Private and personal affairs တွေပဲဖြစ် တယ်။ အမေက ချောင်းမြောင်းမကြည့်ဘူး၊ သမီးစိတ်သက်တောင့်သက်သာမရှိမှာကို အမေမလုပ်ဖူး၊ ဒါတွေသမီးသိဖို့ ဆိုပြီး ပြောလိုက်ပါတယ်။

သမီး ဒါဆိုရင် အခုဖြစ်စဉ်ကို ဘယ်လိုမြင်လဲ၊ ဘာကိုဆိုလိုတာလဲ၊ သမီးနဲ့ အမေ တစ်ပါတ် တစ်ခါလောက် အပြင်ထွက်လည်မယ်။ ပြောစရာစကားတွေ နှစ်ယောက်ထဲပြောမယ်။ သမီးဘာလို ချင်လဲ၊ သမီးဘာလိုလဲ၊ အမေနားထောင်ပေးမယ်။ အဲ့ဒီလိုအမေက ပြောလိုက်ပါတယ်။

ဒါတွေက သားအမိအချင်းချင်း အပြန်အလှန် respect ပေးတာပဲမဟုတ်လား၊ တစ်ယောက်နဲ့ တစ်ယောက် အတင်းအဓမ္မတိုက်တွန်းတာ ရသင့်ရထိုက်တာကို တောင်းဆိုတာတွေမရှိပဲ တကယ့်ရင် ထဲကလာတဲ့ မေတ္တာနဲ့ သမီးကို affair လုပ်တဲ့ သဘောပါပဲ အဲဒီတော့သမီးကလည်း လိုလိုလားလား လက်ခံတယ်။ သောတရှင်များရှင် သား
အမိကြားမှာ အခုလိုကြိုးစားကြည့်ပါ။ လက်တွေ့လုပ်ကြည့်ပါ၊ ခက်ခဲမှာတော့ အမှန်ပါပဲ၊ မိခင်နဲ့သမီးကြား၊ အမှန် တကယ်လိုအပ်တဲ့ connection ပါ။ အမေလည်း လိုအပ်တယ်။ သမီးလည်း လိုအပ်ပါတယ်။ ဒါတွေဟာ သမီးအတွက် သူ့ဘဝမှာ အပြုသဘောဆောင် တဲ့ ရိုသေမှုရှိတဲ့ အခြေခံရွေးချယ်မှုတစ်ခုပါ။ မိခင်နဲ့သမီး relationship မှာ အခြေခံကျတဲ့ ဖြည့်သွင်း လိုကက်တဲ့ စိတ်ခံစားချက်ကောင်း တစ်ခုပါ ဆိုတာတင်ပြရင်း ရပ်နားလိုက်ပါတယ်။

Add new comment

1 + 15 =