ဆယ်ကျော်သက်ရွယ်တွေ အချင်းချင်းဆက်နွယ်မှုတွေမှာ ကောင်းမွန်တဲ့ ဆက်နွယ်မှုတွေဖြစ်ဖို့

Advice

            ဒီနေ့မှာ ဆယ်ကျော်သက်ရွယ်တွေ အချင်းချင်းဆက်နွယ်မှုတွေမှာ ကောင်းမွန်တဲ့ ဆက်နွယ်မှုတွေဖြစ်ဖို့အတွက် အကြံလေးတွေ ပေးပြီး တင်ပြပေးသွားချင်ပါတယ်။

            ဆယ်ကျော်သက်အရွယ်ဆိုတော့ teenagers တွေကို ဆိုလိုတယ်။ ကျွန်မလည်း teenage ကို ဖြတ်သန်းခဲ့တုန်းက ဒီဆယ်ကျော်သက်တွေအတွက် စာအုပ်စာပေ သီးသန့်မရှိခဲ့ဘူး။ သူ့ခေတ် သူ့အခါနဲ့ ‘‘တိုင်းရင်းမေ’’ဂျာနယ်ဆိုတာကိုပဲ ၁၅ ရက်တစ်ခါ ထွက်တဲ့ အမျိုးသမီးသီးသန့်ဂျာနယ်ပဲ ဖတ်ခဲ့ရတယ်။ အဲဒီမှာ ကဗျာကော ၀တ္ထုတိုလေးတေွ အဓိကကတော့ အိမ်ထောင်ရှင်တွေအတွက် အမျိုးသမီးကြီးတွေအတွက်ပါ။ ဒါပေမယ့် ကျွန်မတို့က ဒီဂျာနယ်ပဲရှိတော့ ဒါကိုပဲ ဖတ်ခဲ့ရ မှတ်ခဲ့ရပါ တယ်။

            ဒီနေ့ခေတ်မှာတော့ မိမိကိုယ်တိုင် ဖတ်ချင်ရင် စိတ်ကြိုက် online ကပဲ ဖတ်မလား။ စာအုပ် ဆိုင်တွေမှာ စိတ်ကြိုက်ဝယ်ဖတ်လို့ရပြီ။ စာအုပ်စာပေဖတ်တယ်ဆိုတာ မိမိကိုယ်တိုင် ဖတ်ချင်တဲ့ ဆန္ဒရှှိမှ ဖြစ်တာပါ။ စာအုပ်စာပေကဗျာမှာက မှတ်စရာ ဗဟုသုတရစရာ အတုယူစရာ အားကျစရာ တွေ အစုံပါတာပါ။ ဒီဗဟုသုတ စုံလင်စွာနဲ့ လက်တွေ့ဘဝမှာ အသုံးချနိုင်မှာ မဟုတ်ပါလား။

            teenage ဆိုတော့ ကျောင်းတက်တဲ့အရွယ် မိဘရဲ့ အရိပ်က မလွတ်သေးဘူး။ ဒါပေမယ့် အရွယ်လေးရောက်လာပြီဆိုတော့ မိမိရဲ့ အတန်းဖော် တကျောင်းထဲက သူတွေ အချင်းချင်း ချစ်သူ ရည်းစားရလာပြီ။ ကျောင်းစာကတစ်ဖက်၊ နောက်တစ်ဘက်က ချစ်သူရည်းစား ဒွန်တွဲစွာ ရှိနေပြီ။ အရွယ်ကလည်း ငယ်သေးတယ်။ အတွေးကလည်း နုသေးတယ်။ ဒီတော့ သူငယ်ချင်း ချစ်သူအဖြစ် ဘယ်လို ပြုမူဆက်ဆံကြမလဲ။

            teenage ဖြစ်တဲ့အတွက် ဒီချစ်သူက first love လည်း ဖြစ်နိုင်တယ်။ အတွေ့အကြုံကလည်း မရှိသေးဘူး။ မရိုးသားစွာနဲ့ ပြောဆို ဆက်ဆံတာက ပျော်ရွှင်အောင်မြင်တဲ့ ဆက်နွယ်မှုကို မရနိုင်ပါ ဘူး။ ပွင့်ပွင့်လင်းလင်းပဲ ရှိဖို့လိုတယ်။ တခါတလေ မိမိရဲ့ အတွေးမှာ ဖြစ်စေချင်တာက တမျိုး တစ်ဘက် က ပြုမူဆက်ဆံတာက တမျိုး အဲဒီတော့ စိတ်အနှောက်အယှက်တွေ ဖြစ်လာတယ်။ ဒီချစ်သူကို ရပ်တန်းက ရပ်ချင်တဲ့ စိတ် ပေါ်မိတယ်။ တခါတလေကျပြန်တော့ မိမိကို care လုပ်ပေး တဲ့အတွက် မိမိကို အသိအမှတ်ပြုတယ်ဆိုပြီး သဘောကျစွာနဲ့ စိတ်ခံစားချက်တွေ ပေါ်လာပြန်ရော။ သဘောထားကွဲလွဲမှုတွေရှိလာရင် မိမိက အထိတ်တလန့်မဖြစ်ဖို့ အရေးကြီးပါတယ်။

            ကျွန်မ teenage တုန်းက Summer Holiday ဆိုတဲ့ အင်္ဂလိပ်စိတ်ကူးယဉ်ရုပ်ရှင်ကား ကြည့်ခဲ့ဖူးတယ်။ မင်းသားကော မင်းသမီးကော အသက်က ငယ်ငယ်လေးတွေ၊ ချောလည်း ချောကြ တော့။ ဇာတ်လမ်းထဲမှာ သူတို့က ချစ်သူ ရည်းစားတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အသက်ပေး မတတ် ချစ်ကြတယ်။ ရာသက်ပန် ပေါင်းသင်းသွားကြတယ်။ သူတို့ချစ်သူဘဝကနေ အသက်ကြီးတဲ့ အထိ အစဉ်ပြေချောမွေ့တယ်လို့ မှတ်ခဲ့ဖူးပါတယ်။

            ဒါပေမယ့် ဒီစုံတွဲက ဘယ်လိုပဋိပက္ခတွေ ဖြစ်ကြတယ်။ သဘောထားတွေ ကွဲလွဲမှုရှိခဲ့မယ် ဆိုတာတွေက ဇာတ်လမ်းမှာ ပါချင်မှ ပါမှာ။ ဒါက ရုပ်ရှင်ထဲမှာပါ။ ပြင်ပလောကမှာ ဒီလိုတွေသာ ဖြစ်ခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ။ ခြေဦးတည့်ရာ ထွက်ပြေးမှာလား။ relationship ကို ဖြတ်ပစ်လိုက် မှာလား။ သဘောထားကွဲလွဲမှုတွေ ဆိုတာ ရှိမှာပဲ။ ဒါကို တည်တည်ငြိမ်ငြိမ်နဲ့ ကျော်လွှားနိုင်ဖို့ ကြိုးစားရမှာပါ။ ဒီအချက် ဇာတ်လမ်းလို ပယ်ဖျက်လို့ဖို့ မိမိက စိတ်ရှုပ်တာတွေကို အလိုမကျလို့ဆို ပြီး စိတ်လိုက်မာန်ပါ မပြုမူဘဲ အခြေခံကျကျ တွေးတတ်ဖို့ လိုပါတယ်။

            မိမိက teenage ပဲ ရှိသေးတော့ တဏှာကင်းတဲ့ အချစ်ဖြစ်ဖို့ တည်ဆောက်ရမှာပါ။ တဏှာနဲ့ အချစ်စစ် ခွဲခြားတတ်ရမယ်။ သူငယ်ချင်းအချစ်ဆိုတာ အဲဒီအရွယ်မှာ အင်မတန်မှ စိတ်ကူးယဉ်လို့ ကောင်းပါတယ်။ စိတ်အလိုမကျဖြစ်လို့ လက်လွတ်စပါယ် လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ချက် မချသင့်ပါ ဘူး။ သူလည်း ကိုယ့်လိုပဲ teenager သူ ဘယ်လိုခံစားရမလဲ စဉ်းစားရပါမယ်။

            ဒါ့အပြင် ကျောင်းတက်နေတဲ့အရွယ်ဆိုတော့ ကျောင်းစာကို ပထမ ထားပြီး ဦးစားပေးရဦး မယ်။ မိမိရည်မှန်းချက် မပျောက်သွားအောင် နှစ်ယောက်စလုံး ကြိုးစားရပါဦးမယ်။ ဒါမှ နှစ်ယောက် ရဲ့ relationship  ကော အတန်းပညာကော နှစ်မျိုးစလုံး အောင်မြင်မှုရမှာပါ။

            မိမိတို့က teenage ပဲရှိသေးတဲ့အတွက် ကလေးသဘာဝ social media မှာ အချိန်မဖြုန်းဖို့ လိုပါတယ်။ မိမိချစ်သူရည်းစားနဲ့ အချိန်ရှိတိုင်း texting messenging တွေ ဓာတ်ပုံ အချိန်ကုန်နေ မယ်ဆိုရင် မိမိရဲ့ ကိုယ်ရည်ကိုယ်သွေး personality ကို ထိခိုက်စေတယ်။ မိမိက တန်ဖိုးရှိတဲ့သူတစ် ယောက်ဖြစ်ဖို့ မိမိကို အမြဲအမှတ်ရနေဖို့ လိုတာပါ။ မိမိက ရေရှည်အတွက် အောင်မြင်တဲ့ ချစ်သူဘဝ ကို ရောက်ဖို့ဆိုရင် social media မှာ အချိန်တွေ မကုန်လွန်ဖို့ပဲ လိုတာပါ။

            တခါတလေကျတော့လည်း ဒီချစ်သူရည်းစားရဲ့ မိဘတွေနဲ့ တွေ့ဆုံရတဲ့အခါမှာ မိဘတွေမျိုး တွေကို ဂရုမစိုက် အရိုအသေမပေးတဲ့သဘောတွေ အပြုအမူတွေကို ရှောင်ရမယ်။ အစဦဆုံး relationship မှာ နှစ်ယောက်စလုံး ပါဝင်ပတ်သက်နေတဲ့အတွက် ရှောင်လွှဲလို့ မရပါဘူး။ မဆင်မခြင် ပြုမိရင် အလွယ်တကူ relationship က ပျက်ပြယ်သွားနိုင်ပါသေးတယ်။

            အဲဒီလို တွေ့ဆုံတဲ့အခါမှာ လူကြီးမိဘတွေနဲ့ ကောင်းမွန်တဲ့ relationship ဖြစ်ဖို့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်တဲ့ စွမ်းပကားရှိရမယ်။ သူတို့နဲ့အတူ တနေ့နေ့မှာ မိသားစုဘဝကို တည်ဆောက်ရမှာမို့ အတူတကွ အခြေခံကျကျ လုပ်ဆောင်ကြရမှာပါ။ နှစ်ဖက်မိဘတွေရဲ့ boundry နယ်နိမိတ်ကို အရိုအသေပေးရမယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်အတွေး လိုအင်ဆန္ဒတွေကို ပြောဆိုတင်ပြပေး မယ်ဆိုရင် နှစ်ဦးစလုံးအတွက် ဘဝတလျှောက် ကောင်းကျိုးတွေ ဖြစ်ထွန်းနိုင်မှာပါ။

            no one is perfect ပါ။ ကိုယ်တွေကြုံရတာတွေက ကိုယ့်ဘဝကို ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်တဲ့ပုံသွင်းပုံဖော်ပေးလိုက်တာပါ ဆိုတာလို့ အကြံလေးတွေပေးရင်း နိဂုံးချုပ်ပါရစေ။

Add new comment

6 + 7 =