ဆယ်ကျော်သက်ရွယ်တွေရဲ့ အချစ်နဲ့ relationship ကို မိဘတွေက ဘယ်ကဲ့သို့ မျှော်လင့်ထားနိုင်မလဲ

Expect
ဒီနေ့မှာ ဆယ်ကျော်သက်ရွယ်တွေရဲ့ အချစ်နဲ့ relationship ကို မိဘတွေက ဘယ်ကဲ့သို့ မျှော်လင့်ထားနိုင်မလဲ ဆိုတဲ့ အကြောင်း message ပေးသွားချင်ပါတယ်။
ဘယ်အသက်အရွယ်မှာပဲဖြစ်ပါစေ၊ တစ်ဦးနဲ့တစ်ဦး မေတ္တာ သက်ဝင်ချစ်ခင်ကြတဲ့အခါမှာ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေနဲ့ အတွေ့အကြုံတွေနဲ့ ရှိကြစမြဲပါ။
အခုဆယ်ကျော်သက် relationship တွေက ကိုယ်ချင်းရင်းနှီးမှုတွေ ဆဲဆောင်မှုတွေ၊ Sex နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်တွေက သူတို့ စိတ်ထဲမှာ မကြာခဏပါဝင် ပတ်သက်လာနေတာပါ။
မိဘတွေအနေနဲပ မိမိသားသမီး preteen 9-12 နှစ် teenage 12-19 နှစ်မှာ ခန္ဓာကိုယ်ကော ဦးနှောက်ပိုင်းဆိုင်ရာကော Over all development ဖွံ့ဖြိုးတိုးတက်လာတာကို အပြစ်တင်ဝေဖန် တာတွေ မလုပ်ပဲ စိတ်ဓာတ်ခွန်အားတွေပေးပြီး အသိပညာဗဟုသုတတွေကို Sharing လုပ်ပေးရမှာပါ။
မိသားစုဝင်တွေအနေနဲ့ လမ်းညွှန်ပေးထားထောက်ပံ့ပေးတာတွေနဲ့ လက်ခံပေးမှုတွေနဲ့ ဆုံးဖြတ်ချက်မချပဲ မိဘကိုယ်တိုင် မိမိကိုယ်မိမိလက်ခံနိုင်မှုနဲ့မိသားစု ချမ်းမြေ့သာယာစွာနေနိုင်ဖို့က အရေးကြီးလှပါတယ်။
ဆယ်ကျော်သက်မရောက်ခင်ကာလ ဆယ်ကျော်သက်ကာလနောက် ကြီးကောင်ဝင်အရွယ် ရောက်လာဖို့ ဒါတွေက ကွင်းဆက်လိုပဲ ဆက်တိုက် Body image က စူးစမ်းရှာဖွေရင်း ဖြစ်ပေါ်လာ တာပါ။
ကြီးကောင်ဝင် အရွယ်ဝင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ လူလူချင်းပေါင်းသင်းဆက်ဆံလိုသော စိတ်ခံစားချက်တွေက အလိုအလျောက်ဖြစ်ပေါ်လာတာပါ။ ဒီအချိန်မှာ သူတို့ရဲ့ စိတ်ခံစားချက် ကလည်း တက်လိုက်ကျနဲ့ ဖြစ်နေတဲ့အချိန်မှာ မိဘတွေက care လုပ်ပေးရင်း share လုပ်ပေးရမှာပါ။ ဒီအချိန်က relationship စဖို့အရွယ် မရောက်သေးတဲ့အတွက် သူတို့ရဲ့ အနာဂတ်ဘဝပိုမိုတိုးတက်ဖို့ လိုအပ်တဲ့အချိန်ပါ။
၉ နှစ် - ၁၂ နှစ်အရွယ်မှာ လွတ်လပ်မှုကို လိုချင်လာတယ်။ သူငယ်ချင်းတွေနဲ့ အတူရှိနေရာ တာကို ပိုပြီးစိတ်ဝင်စားလာတယ်။ ဒီအရွယ်က crush ဖြစ်တာတွေရှိတယ်။ သူတို့စိတ်ထဲမှာ စံပြဖြစ်တဲ့ သူကို နှိုင်းယှဉ်ပြောတတ်လာတယ်။ ဒါဟာ ကလေးတစ်ယောက်က လူတွေကို စိတ်ပါဝင်စားတဲ့စိတ် ဆွဲဆောင်တဲ့စိတ်တွေ ဖြစ်လာပါပြီ။
ဆယ်ကျော်သက်ဟော်မုန်းနဲ့ အခြားခန္ဓာဗေဒဆိုင်ရာ စိတ်ခံစားချက်တွေက အရွယ်ရောက် လာတဲ့ သူတွေကို ပေါင်းဖော်နိုင်တဲ့ အဖော်ကို အလိုအလျောက် ရှာဖွေလာတာပဲဖြစ်ပါတယ်။
ဒီလိုဆယ်ကျော်သက် သားသမီးက ဖြစ်နေတာတွေကို မိဘအနေနဲ့ ဘေးကနေကြည့်နေမဲ့ အစား သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို မလွှမ်းမိုးပဲ dating advice ပေးရင်း ကူညီပေးရာရောက် ပါတယ်။
ဒီဆယ်ကျော်သက်အရွယ်တွေမှာ အခုလိုအပြုအမူလေးတွေ ရှိတတ်တာကို မိဘတွေက သတိ ထားရပါ့မယ်။
ဒီအရွယ်တွေက သူတို့စိတ်ဝင်စားတဲ့သူ crush ဖြစ်တဲ့သူကို အဝေးကနေ တစ်ယောက်နဲ့ တစ်ယောက် ချီးမွမ်းပြောဆိုကြတယ်။ သူ့အကြောင်းကိုပဲ တွေးနေမယ်။ စိတ်ကူးယဉ်နေမယ်။ သူ့ရဲ့ သူငယ်ချင်းကိုလည်း ဒီအကြောင်းပဲ ထပ်ခါထပ်ခါပြောဆိုမယ်။
အဲ့ဒီလိုစိတ်ခံစားချက်ဆွဲဆောင်မှုဖြစ်ရာကနေ ရှေ့တိုးပြီး စကားပြောမယ်။ connect လုပ်ယူ မယ်။ စကားပြောတဲ့အချိန်မှာ တစ်ဖက်လူကို သူဘယ်လောက် ကြိုက်တယ်ဆိုတာကို မြူပြီး ပြောနေ မယ်။ လွန်လွန်ကဲကဲ စိတ်ပျံ့လွင့်နေမယ်။ စိတ်တက်ကြွလွယ်နေမယ်။ ဒါကို မိဘတွေက သတိထားမိ မှာ အမှန်ပါပဲ။
အဲ့ဒီကနေတစ်ဆင့် နှစ်ယောက်က တစ်ယောက်ကနေ တစ်ယောက်သိအောင် တစ်ယောက်က ပြုမူရင်း romantic relationship ကို လိုချင်လာပြီး စပြီးချိန်းကြပြီး ဆယ်ကျော်သက်ရွယ် အထက်တန်းကျောင်းသားအရွယ်တွေဆိုတော့ သူတို့စိတ်ဝင်စားတဲ့ စားသောက်ဆိုင်၊ ဈေးဝယ် စင်တာဆီကို အတူသွားလာကြပြီး ဒီဖက်ကလည်း သူငယ်ချင်းနှစ်ယောက် ဟိုဖက်ကလည်း သူငယ်ချင်းနှစ်ယောက် သူငယ်ချင်း အထိမ်းအမှတ်အဖြစ် စတင်ပြုလုပ်လာကြပြီး အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သက်တောင့်သက်သာဖြစ်လာပြီး teenage relationship ဖြစ်လာပြီး ကျောင်းသားအရွယ်ဆိုတော့ နေ့တိုင်းလိုပဲ တွေ့ဖြစ်ပြီး teenage love က ပိုမိုခိုင်မြဲလာပါပြီ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ချရအောင် ပိုမိုခိုင်မြဲအောင် လုပ်ချင်လာကြတယ်။ မိမိသားသမီး အခု လို ဖြစ်တာကို မိဘက သိနေမှာပါ။
ဒီကာလမှာ teenage hormone ကလည်း နိုးကြားမြင့်တက်နေတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဆွဲဆောင်မှုနဲ့ real love ကြားမှာ အချိန်တိုအတွင်း ဖြစ်ပေါ်နေတာမို့ ခန့်မှန်းရခက်လှ ပါတယ်။
တစ်ခါတစ်လေ နှစ်ဦးမှာ တစ်ဦးက ပိုစိတ်ဝင်စားပြပြီး ကျန်တစ်ဦးက သူ့လောက် စိတ်မဝင် စားတာတွေလည်း ရှိတတ်တယ်။ ဒီတော့ relationship က အက်ကြောင်းဖြစ်လာပြီး ပြောင်းလဲတတ် တဲ့ စိတ်တွေနဲ့ ရုတ်တရက် breaking up ဖြစ်သွားပါတယ်။ texting လုပ်ပြီး ကွဲသွားကြတာပါ။
ဒီလိုဖြစ်နေချိန်မှာ မိမိသားသမီးက အိပ်ယာထဲမှာ တစ်နေကုန်နေချင်နေမယ်။ တချိန်လုံးငို နေမယ်။ ဒေါသတွေကြီးပြီး အံကြိတ်နေတာတွေလည်းရှိမယ်။
မိဘအနေနဲ့ မိမိသားသမီးကို ကြည့်ရှုစစ်ဆေးပြီး စိတ်တိုမယ်၊ ပူပင်သောကရောက်မယ်။ စိတ်မကောင်းဖြစ်နေပေမယ့် မိဘရဲ့ အခန်းကဏ္ဍအနေနဲ့ သားသမီးကို အတိုင်းအဆမရှိတဲ့ မေတ္တာ တွေနဲ့ အစကတည်းက မိဘက သိနေခဲ့ရင် မိမိသားသမီးကို ပြောရတာပိုလွယ်ပြီး ထောက်ပံ့ပေးနိုင် မှာပါ။ ကလေးရဲ့ စိတ်ခွန်အားကိုလည်း ပိုတိုးတက်လာအောင် လုပ်ပေးလို့ရလာနိုင်မှာပါ။
တကယ်တမ်းကြည့်မယ်ဆိုရင် ဆယ်ကျော်သက်ဟော်မုန်းက ဆယ်ကျော်သက်ရဲ့ အပြုအမူမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာပါ။ အမျိုးသားဟော်မုန်းဖြစ်တဲ့ တက်စတိုစရုန်းနဲ့ အမျိုးသမီး ဖြစ်တဲ့ အီစတျိုဂျင် ဟော်မုန်းတို့မြင့်တက်မှုကြောင့် အပျိုဖော်ဝင် လူပျိုဖော်ဝင် လာတဲ့အခါမှာ စိတ် ခံစားချက်တွေက ရှေ့သွားနောက်ပြန် လှုပ်ရှားနေတာ၊ အပြုသဘောမဆောင်တဲ့ စိတ်ခံစားချက်တွေ နဲ့ တွေဝေွမိန်းမောနေတာ၊ အာရုံစွဲလန်းတာတွေနဲ့ သူတို့ဘဝကို ချေမှုန်းနေတာပါ။
ဒါကြောင့် သုတေသနပြုသူတွေက အခုလို ဆိုထားပါတယ်။ ဆယ်ကျော်သက်ရွယ်မှာ ချစ်သူ ထားတာက စိတ်သောကတွေကို ပိုတိုးစေတယ်။ အချစ်ကို မျှော်မှန်းချက်အကြီးကြီးထားတဲ့အခါမှာ သူတို့ စိတ်ကို စိတ်ဓာတ်ကျစေတယ်။ ထိခိုက်နာကျင်စေတယ်။ အချိန်အကြာကြီး relationship ရှိဖို့လည်း ခက်ခဲတယ်။ ဒီလိုအားနည်းချက်တွေရှိတာကြောင့် စွန့်စားရတဲ့ အပြုအမှုတွေအဖြစ်နဲ့ သူတို့က ဦးဆောင်နေတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် မိဘတွေက သူတို့ရဲ့ အရိပ်အကဲကို ဘေးကနေကြည့်ပြီး သားသမီးက ရုန်းကန်နေ ရတယ်ဆိုရင် ယုံမှား သံသယမဖြစ်ပဲ တုန့်ဆိုင်းမနေပဲ ဘယ်လိုခံစားနေရတယ်ဆိုတာ မေးပြီး အဆုံး အစမရှိတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ပဲ အခွင့်အရေးမယူပဲ သိတတ်မြင်တတ် အာရုံစိုက်တတ်တဲ့အနေနဲ့ ဒီဆယ်ကျော်သက် သားသမီးနဲ့ အခွင့်အရေးရရင် ရသလိုပြောပြီး တူညီပေးရအောင်ပါဆိုတာ တင်ပြရင်း ဒီနေ့ ကဏ္ဍကို ရပ်နားခွင့်ပြုပါ။

Add new comment

6 + 2 =