ဆယ်ကျော်သက်ရွယ်တွေကို မိဘတွေ ဘယ်လိုကိုင်တွယ်ကြမလဲ

Handle Teenager

            ဒီနေ့မှာ ဆယ်ကျော်သက်ရွယ်တွေကို မိဘတွေ ဘယ်လိုကိုင်တွယ်ကြမလဲဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

            သားသမီးက ဆယ်ကျော်သက် ၁၄ နှစ်၊ ၁၅ နှစ်၊ ၁၆ နှစ်လောက်ရောက်နေရင် မိဘက အနည်းဆုံး ၃၄ နှစ်၊ ၃၅ နှစ်ဆိုတဲ့ လူလတ်ပိုင်းတော့ ရောက်လောက်ပြီလို့ ထင်ပါတယ်။ deal လုပ်ရတာ အသက်နဲနဲကြီးလာပြီ။ ခေတ်အဆက်ဆက် ကျောက်ခေတ် ကြေးခေတ် စသဖြင့် ခေတ် အဆက်တွေမှာ ပြဿနာတွေ ရှိခဲ့မှာ ဖြစ်သလို ဒီနေ့ခေတ် Computer ago မှာဆို ပြင်းထန်တဲ့ အသည်းအသန်ပြဿနာတွေ ရှိနေတာပါပဲ။

            ရင်ခွင်ပိုက်ဘဝ ကဘေးဘဝ ကြီးကောင်ဝင်ဘဝ အရွယ်ရောက်လာတဲ့ဘဝ ဘာပဲဖြစ်ဖြစ် အားလုံးက ကွဲပြားခြားနားသလို အခြေခံအားဖြင့် ခွဲခြမ်းစိတ်ဖြာပြီး Physical journery of a body ဆိုတာ မိဘက ကြိုးစားသိနေရမှာပါ။

            ဘဝတစ်ခုရဲ့ ပြောင်းလဲမှုတိုင်း ရင်ခွင်ပိုက်ကလေးပြဿနာ တွားသွားတတ်လာတဲ့ အရွယ် ပြဿနာ ကလေးငယ်ဘဝပြဿနာ ဆယ်ကျော်သက်ပြဿနာ ဒါတွေအားလုံး ဘဝရဲ့ ပြောင်းလဲမှု တွေကြောင့် အခြေအနေအရပ်ရပ်တွေမှာ ကိုင်တွယ်ဖြေရှင်းနိုင်တာရှိသလို မဖြေရှင်းနိုင်ရင်တော့ ဒါက ပြဿနာဆိုပြီး ပြောလာကြတာပါ။ ဒါတွေကို အားလုံး ကျော်ဖြတ်သွားကြရတာပါ။

            မိမိသားသမီးက အလျင်အမြန် အရွယ်ရောက်လာပြီး ဆယ်ကျော်သက်အရွယ်ရောက်ပြီ။ သူ့ ခြေထောက်ပေါ် သူရပ်ချင်လာပြီး တာစူနေပြီ။ မိဘက ကလေးလို့ပဲ မြင်နေတုန်းလား။ အရုပ်ကလေး တွေနဲ့ ဆော့နေတာကို မြင်နေတုန်းလား။ အသက်အရွယ်ကို ဆုပ်ကိုင်ထားလို့ မရပါဘူး။

            ဆယ်ကျော်သက်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေက ဖွံ့ဖြိုးတိုးတက်လာပြီး အတွေး အခေါ်ကအစ ငယ်ငယ်ကနဲ့ မတူတော့ဘူး။ မိဘက ကလေးလို့ပဲ မြင်နေတုန်းလား။

            မိဘကလည်း အတွေး မပြောင်းလဲဘူး။ သားသမီးကလည်း မိမိဖာသာ ရပ်တည်ချင်တဲ့ အတွေးမပြောင်းလဲဘူး။ ဒီတော့ ကွန်ခရိတုံး နှစ်တုံးလို ထိပ်တိုက်တွေ့ကြတော့ ဒီကွန်ခရိတုံးတွေက ကွဲအက်ကုန်ပါလေရော။

            နောက်ပြီး မိဘတွေအနေနဲ့ အရာရာတိုင်း မိမိမှာ တာဝန်ရှိတယ်လို့ သတ်မှတ်ခံယူထားကြ တယ်။ ဖဲချပ်ဝေသလို သူတို့ဖာသာ တာဝန်ယူခိုင်းလိုက်ပါ။ ဒါဆိုရင် သားသမီးက ဟန်ပါပါနဲ့ ပြောင်း လဲလာတာကို တွေ့ရမယ်။ မိဘနဲ့ သားသမီး အပေးအယူသဘောမျိုးတွေလည်း မလုပ်သင့်ပါဘူး။

            မိဘနဲ့ သားသမီး အဆက်အသွယ်ပြတ်လို့ မဖြစ်ပါဘူး။ အဝေးရောက်နေလည်း ဖုန်းနဲ့ အဆက်အသွယ်လုပ်။ ထိတွေ့လို့ရပါတယ်။

            ဒီဆယ်ကျော်သက်ရွယ်ရောက်လာတဲ့ သားသမီးကို ဝင်ငွေတချို့ကို အပ်ထားပြီး သူ့စိတ် ကြိုက် အိမ်သုံးစရိတ် လိုအပ်တာတွေ ဝယ်ဖို့ အသုံးစရိတ်ပေးထားပြီး သူ့ဖာသာ manage လုပ်ပါစေ။ ၁ဝ ခါမှာ ၅ ခါတော့ မှန်လာမှာပါ။ သူ့ဖာသာ သိလာမှာပါ။ ခန့်မှန်းတတ်လာပါမယ်။ မိဘအများစုက အခုလို အခွင့်အရေးမျိုးကို မပေးတဲ့အတွက် သားသမီးရဲ့ intelligent က မြုပ်နေပါလိမ့်မယ်။ မိဘ က သူတို့ လုပ်ပိုင်ခွင့်ကို ဖြန့်ကျက်ပေးထားမှသာ သူတို့ကိုယ်တိုင် အတွေးနဲ့ လုပ်ရင်းနဲ့ တဖြည်းဖြည်း ကိုင်တွယ်တတ်လာမှာပါ။ အဲဒီလိုမှ မတွေးပေးဘဲ ခွင့်မပြုနိုင်ရင် သူတို့အတွေးကို ပိတ်လှောင်ကန့်သတ်ထားမယ်ဆိုရင် မိဘနဲ့ သားသမီး ပြဿနာ အကြီးအကျယ် တက်လာမှာပါ။ သူတို့ကိုယ်တိုင် တာဝန်ယူနိုင်ခြင်း တာဝန်ရှိခြင်းကို သိမြင်လာအောင် ခွင့်ပြုပေးလိုက်ပါ။ သူတို့ကိုယ် သူတို့ controlling life လုပ်တတ်လာမယ်။ မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်တတ်လာပါမယ်။

            တချို့မိဘတွေက ငါ့သားသမီးကို ငါတို့က ကြည့်ရမယ်။ စောင့်ရှောက်ရမယ်။ အရာရာ မိဘ သဘောအတိုင်း ဖြစ်ရမယ်။ ငါ့သားသမီးကို ငါတို့က ပိုင်တယ်။ အဲဒီလိုသဘောထားတွေ ရှိခဲ့ရင် သား သမီးကလည်း ငါ့ဘဝငါပိုင်တယ်ဆိုတဲ့ အနေအထားတွေ ရှိလာနိုင်ပါတယ်။

            ဆယ်ကျော်သက်ရွယ်တွေဆိုတာ intelligent အသိဉာဏ်ဖွံ့ဖြိုးမှုနဲ့ ဟော်မုန်းကြီးထွားလာမှု တို့က တပြိုင်နက် ဖွံ့ဖြိုးလာတာကို သိနေရမှာပါ။

            အကယ်၍ မိဘက အဲဒီလိုတွေ မပြုမူဘဲ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပေးမယ်ဆိုရင် သူတို့မှာ ဘာပြဿနာပဲရှိရှိ မိဘကို သူငယ်ချင်းလိုပဲ တိုင်ပင်မယ်။

            မိဘက သူနဲ့ သက်တူရွယ်တူ သူငယ်ချင်းကို အိမ်က ပြဿနာတွေကို ဖွင့်ဟတိုင်ပင်ခဲ့ရင် အဲ့ဒီ သူငယ်ချင်းမှာလည်း ပြဿနာတွေ ရှိကောင်းရှိမှာပဲ။ ဒါဆိုရင် မဖြစ်စလောက်တဲ့ အကြံဉာဏ်တွေ ရခဲ့ရင် ဘာအကျိုးမှ ရလာမှာ မဟုတ်ပါဘူး။

            တချို့မိဘတွေက သားသမီးကို ငါပိုင်တယ်။ ငါလုပ်ချင်သလို လုပ်မယ်ဆိုရင် သားသမီးက မိဘနားကို လာရဲမှာ မဟုတ်ပါဘူး။ ကြောက်စရာကောင်းတဲ့ မိဘတွေပဲလို့မှတ်ပြီး ဝေးဝေးကနေ ရှောင်နေကြမှာပါ။

            လူ့သဘာဝအရ ပြဿနာတစ်ခုဖြစ်လာရင် ကိုယ့်သူငယ်ချင်းကို အရင်ဆုံး တိုင်ပင်ကြတာပါ။ ဒီလိုပါပဲ။ သားသမီးရဲ့ သူငယ်ချင်းအဖြစ် အဖေတို့ အမေတို့က ငယ်စဉ်ကလေးဘဝကနေ ၁၈ နှစ် ၁၉ နှစ် လောက်ထိ သူငယ်ချင်းကို ဆက်ဆံပေးခဲ့မယ်ဆိုရင် အတော်ဆုံး အဖေ အတော်ဆုံးအမေ အဖြစ် သူတို့ရဲ့ ရင်ထဲမှာ တည်ရှိနေမှာပါ။

            ဒီလိုအဖြေမျိုးရအောင် မိဘတွေက စိတ်ရှည်ပြီး ပြုတ်ကျမသွားအောင် သားသမီးကို ဖြန့်ခဲ့ ပေးရမှာပါ။ သားသမီးနဲ့ မိဘ အပြုအမူကတော့ သူငယ်ချင်းလို ဆက်ဆံခဲ့ရင် ငါတို့အဖေ ငါတို့အမေ ဆိုပြီး ပါးစပ်ဖျားက မချသလို ရင်ထဲကနေလည်း အားရကျေနပ်နေကြမှာပါဆိုတာ မျှဝေပေးရင်း နိဂုံးချုပ်ပါရစေ။

Add new comment

8 + 0 =