စိတ်ဖိစိးမှု

အားလုံးဘဲမင်္ဂလာပါရှင်

အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့” စိတ်ဖိစိးမှု “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။

သော်တရှင်များရှင် -ဖိစိးမှုဆိုတာလူတိုင်းမှာရှိသလိုလူတိုင်းလူတိုင်းကလည်းဖိစိးမှုဆိုတဲ့အရာကိုသူနည်းသူဟန်နဲ့လျော့ကျအောင်သူသူဌါဌါကြိုးစားနေကြတာဖြစ်ပါတယ်။ဘယ်သူမှာစိတ်ဖိစိးမှုဒဏ်ကိုမမွေးထားချင်းဘူး၊မထိန်းထားချင်ကြပါဘူး။ဒါပေမဲ့လည်းစိတ်ဖိစိးမှုဆိုတာတနေ့မဟုတ်တချိန်မှာတော့ရင်ဆိုင်တွေ့ကြုံ၊နေကြတာအမှန်ပါပဲ။အကြောင်းအရာအမျိုးမျိုးကြောင်းဒီခေတ်လူငယ်တွေမှာခေတ်နဲ့အညီစိတ်ဖိစိးမှုတွေဒုနဲ့ဒေးရှိနေတာအမှန်ပါပဲ။မိမိရဲ့လုပ်ငန်းတွေမှာအဆင်မပြေတာတွေ၊လူငယ်ဆက်ဆံရေးပြဿနာတွေ၊ချစ်တဲ့သူနဲ့ခွဲခွာရတဲ့အတွက်ခံစားရတဲ့ဖိစိးမှု၊ငွေရေးကြေးရေးဆုံရှုံးသွားရလို၊ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားလိုဖိစိးမှုတွေ၊မိသားစုအတွင်းအဆင်မပြေမှုတွေကြောင့်စိတ်ဖိစိးမှုတွေ၊ကျန်းမာရေးကိစ္စကြောင့်စိတ်ဖိစိးနေရတာ၊အလုပ်တွေဖိလိုအိပ်ရေးပျက်တာတွေနဲ့စိတ်ဖိစိးမှုစသည့်အခြားအကြောင်းအမျိုးမျိုးနဲ့ စိတ်ဖိစိးမှုတွေ၊ရင်ဆိုင်နေရတာသူသူဌါဌါပါဘဲ။ခုလောလောဆယ်ဖြစ်ပွားနေတဲ့ကမ္ဘာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်19 ရောဂါပိုးကူးစက်ခံရတဲ့သူတွေနဲ့အတူမိသားစုတွေပါ စိတ်သောကတွေရောက်၊စိတ်ပိုင်းဆိုင်ရာဖိစိးမှုတွေကိုခံစားနေရမှာအမှန်ပါပဲ။အိပ်မရ၊စားမ၀င်စသည့်အကြာင်းအရာအမျိုးမျိုးတွေတွေးပြီးတော့စိတ်ဖိစိးမှုတွေဖြစ်နေကြပါတယ်။တချို့ကျတော့သူတပါးရဲ့မတရားညှင်းပန်နှိပ်စက်မှုတွေမတရားပြောဆိုမှုတွေကြောင့်စိတ်ဖိစိးမှုတွေနဲ့တွေ့ကြုံနေရတာတွေရှိသလိုဖိနှိပ်ခြင်း၊မာနလိုခြင်း၊အတ္တဆန်တဲ့သူတွေကျပြန်တော့စိတ်ဖိစိးမှုတွေများတက်ပါတယ်။ယခုခေတ်

မှာရေပန်းစားနေတဲ့စိတ်ဖိစိးမှုခေါ်တဲ့ (stress ) ကို ပညာနည်းပါးသူ၊ပညာတက်သူ၊ဂုဏ်သရေရှိလူတန်းစား၊အခြေခံလူတန်းစားပါမကျန်ခေါ်‌‌‌ေ၀◌ါ်ပြောဆိုလာကြပြီးတော့အတော်လေးကိုအသုံးများလာတဲ့စကားလုံးဖြစ်ပါတယ်။အရင်ခေတ်ကဆိုစိတ်ညစ်တယ်လိုပြောမဲ့အစားခေတ်နဲ့အညီလူတိုင်းလိုလို အင်္ဂလိပ်စကားလုံးတွေကို အသုံးပြုတက်လာတဲ့အတွက်(stress)စိတ်ဖိစိးမှုလိုပြောတက်နေပါပြီ။ကျွန်မတို့တွေ့စိတ်ဖိစီးလာပြီးဆိုခေါင်းတွေရှုပ်ထွေးလာတယ်၊မွန်ကြပ်လာပြီးတော့ဘာလုပ်လိုဘာကိုင်းရမှန်မသိအောင်ဖြစ်လာပြီးပတ်၀န်းကျင်ကိုပါရှုပ်ထွေးစေ၊ဒေါသတွေလည်းဖြစ်ပေါ်လာတက်ပါတယ်။လောကမှာဘယ်လိုနေနေပျော်

ရွှင်မှုတွေမရှိ၊ပျော်ရွှင်မှုဆိုတာမခံစားရတော့ နောက်တော့ရောဂါတွေနဲ့၀ိုင်း၀ိုင်းလည်းနေတော့တာပေါ့။

နောက်ဆုံးတော့မိမိရဲ့အသက်ကိုပါရန်ရှာဖို့အထိစဥ်းစားလုပ်ကိုင်လာကြတော့တာပေါ့။လူငယ်သော်တရှင်များအနေနဲ့ဤသို့ကြုံရလျှင်စိတ်ဖိစိးမှုတွေလျော့နည်းလာအောင်မိမိကိုဖြေသိမ့်ပေးမဲ့၊စိတ်ခွန်းအား

ပေးမဲ့ရင်ဖွင့်စရာရင်ခွင့်တစ်စုံလိုအပ်နေပါပြီ။၁။မိမိရဲ့မိသားစု(သို့)မိခင်၊ဖခင်၊ညီအစ်ကိုမောင်နှမ၊အချစ်ဆုံးသူငယ်ချင်း၊မိမိယုံကြည့်ရတဲ့သူ့ကိုမိမိဘယ်လိုခံစားနေရတယ်ဆိုတာရင်ဖွင့်ပြောပြပါ။၂။တစ်ယောက်ထဲရှိတဲ့အချိန်တွေမှာအတွေးမများစေဖို့နှင့် မိမိ၀ါသနာပါတဲ့အလုပ်တွေကိုလုပ်နေပါ။၃။မိမိကိုယ်ကိုအရှိတိုင်းလက်ခံပေးပြီးချစ်ပေးပါ။လိုအပ်မယ်ဆိုရင်ကျွမ်းကျင်တဲ့ဆရာ၀န်တွေနဲ့တိုင်ပင်ဆွေးနွေးဖိုလည်းအကြုံပြုပါရစေ။အဲလိုမိမိလုပ်ဆောင်မယ်ဆိုရင် မိမိလည်းစိတ်ဖိစိးမှုရောဂါဆိုတာဖြစ်လာမှာမဟုတ်ပါ။ဒါကြောင်းမို့မိဘများလဲမိမိတို့ရဲသားသမီးခေတ်လူငယ်များကိုထိန်းသိမ်းစောင့်ရှာက်တဲ့အခါမတင်းလွန်း၊မလျော့လွန်တဲ့စောင့်ကြိုးများလိုဘဲခေတ်နဲ့အညီလိုက်လျောညီထွေးမှုရှိအောင်ထိန်ကျောင်းပေးသင့်ပါတယ်။လူငယ်မောင်မယ်များအနေနဲ့ခေတ်နဲ့အညီရင်ဘောင်တန်းပြီးအလုပ်လုပ်ရပင်မဲ့လည်းလူတိုင်းလူတိုင်းစိတ်ဖိစိးမှုနဲ့မကင်းနိုင်တွေ့ကြုံနေရမှာအမှန်ပါ။အဲလိုစိတ်ဖိစိးမှုတွေရှိနေတာငါတစ်ယောက်ထဲအဟုတ်ဘူးဆိုတဲ့ခံယူချက်ထားပြီးပညာရပ်တွေကိုသင်ယူပါ။အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်အောင်ကြိုးစားပါ။မိမိတို့ကိုးကွယ်ဆည်းကပ်တဲ့ဘုရားရှင်ထံအပ်နှံပူဇော်ပြီးကျေးဇူးခွန်းအား၊ဥာဏ်ပညာတွေတောင်းခံပြီးဘုရားရှင်ခြေတော်ရင်းမှာအပြည့်အ၀ခိုလှုံပြီး၊ယုံကြည်မှုနှင့်တောင်းခံပါ။ကြိုးစားပါ လိုတင်ပြရင် ချစ်သောလူငယ်မောင်မယ်များလည်းစိတ်ဖိစိးမှုများကို ဘုရားရှင်ရဲ့ ခွန်းအားနဲ့ချေဖျက်နိုင်တဲ့အနာဂတ်လူငယ်များဖြစ်ပါစေလိုဆန္ဒပြုရင်း ဒီတစ်ပတ်လူငယ်နှင့်စိတ်ဖိစိးမှုဆိုတဲ့ခေါင်းစဥ်လေးကိုဒီလောက်နဲ့ရပ်နားပါရစေ။နားဆင်ကြည်ရှုအားပေကြတဲ့ညီအစ်ကိုမောင်နှများအားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။ကျေးဇူးတင်ပါတယ်။ကျွန်မကစစ္စတာရ် မေရီဒိမ်ပါ ရှင်။

 

Add new comment

1 + 0 =